◼ ယူကရိန်းတွင် မြောက်ကိုရီးယားတပ်ဖွဲ့များ ပါဝင်တိုက်ခိုက်ပေးမှုကို ကျေးဇူးတင်ကြောင်း ပူတင်က ကင်ဂျုံအန်အားပြောကြား
ယူကရိန်းတွင် ရုရှားဖက်မှ တိုက်ခိုက်ပေးနေသော မြောက်ကိုရီးယားတပ်ဖွဲ့များ၏ ရဲရင့်သတ္တိရှိမှုအတွက် ရုရှားသမ္မတဗလာဒီမာပူတင်က ကင်ဂျုံအန်အား ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်ဟု ဘီဘီစီသတင်းက ဖော်ပြသည်။
ခေါင်း‌ဆောင်နှစ်ဦးသည် တရုတ်နိုင်ငံ ပေကျင်းမြို့တွင် ကျင်းပသည့် ဒုတိယကမ္ဘာစစ် ပြီးဆုံးခြင်း အနှစ် (၈၀) မြောက် စစ်‌ရေးပြ အခမ်းအနားသို့ တက်ရောက်ရင်း တွေ့ဆုံကြခြင်းဖြစ်သည်။
ယင်းမှာ မြောက်ကိုရီးယားခေါင်း‌ဆောင်အတွက် နိုင်ငံတကာမှ ခေါင်းဆောင်များနှင့်အတူ နိုင်ငံတကာအခမ်းအနားတစ်ခုကို တက်ရောက်သည့် ပထမဆုံးအကြိမ်လည်း ဖြစ်သည်။ မြောက်ကိုရီးယားမှ တစ်ခါတစ်ရံသာ ခရီးထွက်လေ့ရှိသော ကင်ဂျုံအန်သည် ခေါင်းဆောင်များအား တစ်ဦးချင်းသာ တွေ့ဆုံလေ့ရှိသည်။
ရုရှားနှင့် မြောက်ကိုရီးယားတို့၏ ဆက်ဆံ‌ရေးမှာ မိတ်ဆွေဆက်ဆံ‌ရေး ဖြစ်ကြောင်း နှင့် ပြုံယမ်းစစ်တပ်က ကာ့ချ်ဒေသလွတ်မြောက်အောင် ကူညီပေးခဲ့ကြောင်း ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလက ယူကရိန်းကို အပြည့်အဝ ကျူးကျော်ခဲ့သည့် ပူတင်က ပြောသည်။
“ သင့်ရဲ့ စစ်သားတွေက ရဲစွမ်းသတ္တိအပြည့် နဲ့ သူရဲကောင်းတွေလို တိုက်ပွဲဝင်ခဲ့ကြပါတယ်” ဟု ယနေ့ တွေ့ဆုံချိန်တွင် ပူတင်က ကင်ဂျုံအန်အား ပြောကြားသည်။
ထို့နောက် မြောက်ကိုရီးယားတပ်ဖွဲ့များနှင့် မိသားစုဝင်များ၏ စွန့်လွှတ်အနစ်နာခံမှု များကို မိမိတို့ မည်သည့်အခါတွင်မှ မေ့‌ပျောက်သွားမည် မဟုတ်ကြောင်း ပူတင်က ဆက်လက်ပြောကြားသည်။
မြောက်ကိုရီးယားတပ်ဖွဲ့များ ပါဝင်တိုက်ခိုက်မှုအား အသိအမှတ်ပြုခြင်းအတွက် ကျေးဇူးတင်ကြောင်း ကင်ဂျုံအန် က ပူတင်အား ပြန်လည်ပြောကြားပြီး နှစ်နိုင်ငံကြား ဆက်ဆံရေးသည် နယ်ပယ်တိုင်းတွင် တိုးတက်မှုများ ရရှိနေကြောင်း ပြောကြားခဲ့သည်။ ရုရှားအားကူညီပေးနိုင်တာ ရှိပါက ညီအစ်ကိုတစ်ဦးတာဝန်ကဲ့သို့ လုပ်ဆောင်ပေးသွားမည် ဖြစ်ကြောင်း ကင်ဂျုံအန် က ပူတင်အား ဆက်လက်ပြောကြားသည်။
ရုရှားအားကူညီရန် မြောက်ကိုရီးယားက တပ်ဖွဲ့ဝင် ၁၅၀၀၀ ခန့် နှင့် ဒုံးကျည်များ တာဝေးပစ်လက်နက်ခဲယမ်းများ ပို့ဆောင်ခဲ့ကြောင်း တောင်ကိုရီးယား၏ ပြောကြားမှု များအရ သိရသည်။ အပြန်အလှန်အားဖြင့် မြောက်ကိုရီးယားက ရုရှားတို့ထံမှ စားနပ်ရိက္ခာများ၊ ငွေကြေးအကူအညီ ၊နည်းပညာအကူအညီများ ရရှိခဲ့ကြောင်း သိရသည်။
ကိုးကား - BBC
#နိုင်ငံတကာသတင်း

image
42 w - Translate

#ယနေ့ထုတ်သတင်းစာ_သတင်း
◼ မလေးရှားတွင် အထောက်အထားမဲ့ ရွှေ့ပြောင်းနေထိုင်သူ ၇၀၀ ကျော် ဖမ်းဆီးခံရ
မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ Bukit Bintang တွင် အထောက်အထားမဲ့ ရွှေ့ပြောင်းနေထိုင်သူ ၇၇ဝ ကို လူဝင်မှု ကြီးကြပ်ရေးဌာန (JIM) ကဖမ်းဆီးခဲ့ရာ မြန်မာနိုင်ငံသား ၂၃၅ ဦးပါဝင်ကြောင်း မလေးရှားလူဝင်မှုကြီးကြပ်ရေးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
အော်ပရာစီ Belanja ဟုအမည်ပေးထားသည့် အရာရှိ ၁ဝ၆ ဦး ပါဝင်သည့် စစ်ဆင်ရေးကို စက်တင်ဘာ ၂ ရက်ည ၇ နာရီခွဲမှစ၍ နှစ်နာရီကြာ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ထိုစစ်ဆင်ရေးတွင် နိုင်ငံခြားသား ၁၆ဝဝ နှင့် ဒေသခံ ၈၄၅ ဦး အပါအဝင် စုစုပေါင်း ၂၄၄၅ ဦးကို စစ်ဆေးခဲ့ပြီး ထိုသူများအနက် အသက်(၂၁) နှစ်မှ (၆၅)နှစ် အကြားရှိရွှေ့ပြောင်းနေထိုင်သူ ၇၇ဝ ဦးမှာ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာပြစ်မှုများ ကျူးလွန်ထားသည်ဟု စစ်ဆေး တွေ့ရှိရကြောင်း၊ ဖမ်းဆီးခံရသူများထဲမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၃၇၇ ဦး၊ မြန်မာနိုင်ငံသား ၂၃၅ ဦး၊ နီပေါနိုင်ငံသား ၇၂ ဦး၊ အိန္ဒိယနိုင်ငံသား ၅၈ ဦး၊ အင်ဒိုနီးရှားနိုင်ငံသား ၁၉ ဦးနှင့်အခြားနိုင်ငံသားအချို့ ပါဝင်ကြောင်း သိရသည်။
၎င်းတို့ကို JIM ဌာနချုပ်ရှိရုံးများသို့ ပို့ဆောင်ကာ စစ်ဆေး မေးမြန်းမှုများ ပြုလုပ်ပြီးနောက် ဘီရာနန်း (Beranang) နှင့် လန်းဂန်း (Lenggeng) ရှိ ထိန်းသိမ်းရေးစခန်း များသို့ လွှဲပြောင်းပေးမည် ဖြစ်ကာ ၁၉၅၉/၆၃ လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေပုဒ်မ - ၆(၃)၊ ပုဒ်မ - ၁၅ (၄) နှင့် နည်းဥပဒေ ၃၉(ခ) တို့အရ စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။

image

image

မင်္ဂလာနံနက်ခင်းပါ
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ၄-၉-၂၀၂၅ ရက်နေ့ ၀၇:၃၀နာရီအချိန်တွင် ရေကြီးမှုအခြေအနေသတင်းကို အောက်ပါအတိုင်း ထုတ်ပြန်ထားပါတယ်...

ခရီးသွားများကိုဆွဲ​ဆောင်နည်း
ကမ္ဘာလှည့်ခရီးသွားများကိုအံ့သြမှင်သက်သွား​အောင် ကွန်ကရစ်​တော​တွေကပဲလုပ်နိုင်တာမဟုတ်ပါဘူး။ သဘာဝ​တော​တောင်​ရေ​မြေ ​တွေကမှ ​အေးမြခြင်း​တွေ နဲ့ လတ်ဆတ်မှု​တွေ စွမ်းအင်​တွေပြန်ဖြည့်​ပေးနိုင်တယ်ဆိုတာကို ခံစားသိနဲ့ သိ​နေကြပါပြီ။
ရှိတာ​လေးနဲ့ တန်ဖိုးရှိတဲ့ ဆွဲ​ဆောင်မှုဖြစ်​အောင် လုပ်နိုင်တဲ့အထဲ ဗီယက်နမ်လည်းပါဝင်သည်။ဓနိ​တောတ​လျှောက် ​လှော်တက်ဖြင့်လှေ​လေးများ​လှော်ဖို့စီစဥ်တာကခက်သည်မဟုတ်၊လယ်ကွင်းထဲကျွဲစီးတာကိုပါ ခရီးသွားဆွဲ​ဆောင်မှုလုပ်ပစ်တဲ့စိတ်ကူးက အတုယူစရာ။
ရိုးရာမီးပုံး​တွေက ချစ်စရာလည်း​ကောင်း ​၊ စျေးလည်းသင့်​အောင်လုပ်​ပေးလို့ ဝယ်ဖြစ်ရင်း ဗီယက်နမ်မှန်း၊ဒါနန်းမှန်း မ​မေ့စေ​လောက်​အောင် လုပ်​ပေးထားသည်။
သဘာဝတရားကို တန်ဖိုးထားသူ​တွေ၊တန်ဖိုးထားတတ်လာ​အောင်​တွေကို ဗီယက်နမ်က ပုံသွင်း​ပေးတတ်သူလို့ညွှန်းလည်းမမှား​ပေ။
ဂူ​​ပေါလှသည့် နယ်​မြေများမို့ စစ်​ဘေးသင့်ခဲ့စဥ်က ဂူတွင်း​ဆေးရုံပင်လုပ်ခဲ့ကြရသည်။ စစ်၏အမှတ်တရများကိုပါ ခရီးသွားများ ​လေ့လာသံ​ဝေဂယူဖွယ် ပြင်ဆင်ထားသည်။
ဗီယက်နာမ်၏ ငြိမ်းချမ်းရိုးရှင်း​သော အလှတရားတို့ကိုအမြည်းခံစားနိုင်ရန် ခရီးသွားကုမ္မဏီတစ်ခု၏ ပုံများဖြင့်တင်ဆက်လိုက်ပါသည်။