10 w - Translate

ငမိုးရိပ်ချောင်းဘေးကတဲအိမ်သာသာမှာသာနေဖူးတဲ့စက်ဝိုင်း၊မွေးစားမိဘတွေနဲ့နေသော်ငြားမိဘမဲ့သဖွယ်ဖြစ်နေတဲ့စက်ဝိုင်း၊တနေ့တော့မွေးစားမိဘတွေဒဏ်ကိုမခံနိုင်တော့ရန်ကုန်မြို့လယ်တောင်မရောက်ဖူးတဲ့စက်ဝိုင်းတစ်ယောက်ရဲတင်းပြီးထွက်လာခဲ့တော့တာပေါ့။ပုံမှန်နယ်ကတက်လာတဲ့သူတွေတောင်ဝေ့လည်လည်ဖြစ်တတ်တဲ့ရန်ကုန်မြို့လယ်ထဲစာမဖတ်တတ်၊အိပ်နေကျရုပ်ရှင်ရုံပလက်ဖောင်းတောင်မသိနားမလည်တဲ့အပျိုဖော်ဝင်ကောင်မလေးတစ်ယောက်.. ဘယ်လ်ိုတွေဖြစ်သွားမလဲ။စာအုပ်စဖ​တ်ဖတ်ချင်းစက်ဝိုင်းပြောပြနေပုံတွေ၊ဘဝအကြောင်းညည်းညူပုံတွေက ဆရာမြသန်းတင့်ဘာသာပြန်တဲ့ လေလွင့်သူထဲကဇာတ်ကောင်ကိုအမှတ်ရစေတာတော့အမှန်ပဲ။အဖြစ်အပျက်၊အခြေအနေကတော့သိပ်မတူဘူးပေါ့၊စာရေးသူကတော့အဲ့Vibeလေးအနည်းငယ်တော့ရမိတယ်။
ဒီလိုနဲ့စက်ဝိုင်းတစ်ယောက် သာတီးဒီတစ်ယောက်မဖြစ်ချင်ပဲဖြစ်ခဲ့ရတယ်။
ကျွန်တော်တို့တွေဒီဘက်ခေတ်မှာ အပြင်သွားတာဖြစ်ဖြစ်၊ရုပ်ရှင်ရုံသွားတာဖြစ်ဖြစ်၊Shopping centerတွေသွားရင်ပဲဖြစ်ဖြစ် သူဖုန်းစားတွေ၊အကြံအဖန်သမားတွေ၊နှစ်ဖက်ချွန်စီးပွားရေးသမားတွေကိုအမြဲတွေ့ရစမြဲပါ။ဒါကဘယ်ခေတ်ဖြစ်ဖြစ်ပေါ့။ဒီလိုလူတန်းစားတစ်ရပ်၊လောကတစ်ခုကပျက်သွားမှာလည်းမဟုတ်သလို အပြီးတိုင်ပျောက်သွားမဲ့အရာလည်းမဟုတ်ပါဘူး။ဒါပေမဲ့ ဘယ်လူတန်စားမှာမဆိုဘုံတူညီချက်တွေရှိစမြဲပါ။ကျွန်တော်တို့ဟာလူသားတွေပါ။ဘုရားဒကာ၊ကျောင်းဒကာမှကိုယ်ချင်းစာစိတ်တွေ၊စေတနာသဒ္ဒါတရားတွေရှိတာ၊ထက်သန်တာမဟုတ်ဘဲလူတိုင်းမှာဒီလိုစိတ်ခံစားချက်မျိူးတွေ၊လူသားဆန်မှုတွေရှိပါတယ်။အခြေအနေ၊အချိန်အခါတွေကြောင့်သာတစ်ယောက်နှင့်တစ်​ယောက်စိတ်ကောင်းရှိမှန်း၊မရှိမှန်းချပြခွင့်တွေမရကြတာပါ။ဒီဘက်ခေတ်အနေနဲ့ဆိုရုပ်ဝတ္ထုတွေရဲ့လွှမ်းမိုးမှုကြောင့်ရောပေါ့။
ဒီစာအုပ်ထဲမှာတော့သာတီးဒီလောကကလူတွေရဲ့လူသားဆန်မှုတွေ၊လူတန်းစားအမျိုးမျိုးရဲ့အခွင့်အလမ်းကွာပြားမှုတွေ၊ပညာရဲ့တိုက်ရိုက်ဖြစ်စေ၊သွယ်ဝိုက်ပြီးတော့ဖြစ်စေ အရေးပါပုံတွေကိုမြင်တွေ့ရနိုင်ပါတယ်။ရန်ကုန်မြို့လယ်ခေါင်ရုပ်ရှင်ရုံပလက်ဖောင်းတွေမှာရရာစားကျင်လည်ခဲ့သူတွေ၊မြေနိမ့်ရာလှေစိုက်ကျတာတွေသာမက လူတန်းစားတစ်ရပ်နဲ့တစ်ရပ်ခေါင်းပုံဖြတ်တာတွေကဒီဝတ္ထုရဲ့အနှစ်သာရတွေပေါ့။မြို့စီမံချက်ဆိုပြီး ဖမ်းတယ်၊ပြီးရင်ဘာလုပ်လဲ ရက်လည်းနည်းနည်းကြာရင်ပြန်လွှတ်တယ်၊ဒါတွေကလည်းသာတီးဒီတွေကိုသွယ်ဝိုက်ပြီးရှင်သန်အောင်လုပ်ပေးနေတဲ့ပရဟိတအဖွဲ့အစည်းသာသာပါပဲ။တချို့ဆိုအပြင်မှာငတ်လို့သေကိန်းစိုက်ရင်တောင် ထမင်းဝအောင်ကျွေးတဲ့...ကျွန်တော်တို့ရဲ့မြို့စီမံချက်ကြီးကိုတမ်းတကြသေးတယ်မလား....။ထမင်းနပ်မှန်အောင်စားချင်ရင်၊ဆေးလိပ်မှန်မှန်သောက်ချင်ရင် သာတီးဒီတွေကငယ်ငယ်ကသင်ဖူးတဲ့အလီဘာဘာနဲ့ခိုးသားငါးရာထဲကလိုပဲစကားလိုပဲစကားအနည်းငယ်ပလ္လင်ခံပြောလိုက်ရုံပဲ။စီမံချက်ဆိုတဲ့ပရဟိတအဖွဲ့အစည်းမိရင်ပြောရမှာကလွယ်လွယ်လေး "အမှတ်မရှိ၊လမ်းမရှိ၊ကီလီဗောတံတား"တဲ့။နောက်ပြီးဒီစာအုပ်ဖတ်ပြီးကိုယ့်ကိုကိုယ်မေးခွန်းထုတ်ရမှာတစ်ခုရှိသေးတယ်၊နေ့စဉ်မပြတ်ကျွန်တော်တို့ရှာနေတဲ့ဟာပေါ့..."ပျော်ရွှင်မှု" ။အမြင်တွေမတူရင် ပျော်ရွှင်မှုဆိုတဲ့ဟာကလည်း ဘာမှဟုတ်မနေပြန်ဘူး။သာမန်ပွဲစျေးတန်းလေးလုပ်တာကိုကျွန်တော်တို့လိုလူတန်းစားတွေအတွက်ပျော်ချင်မှပျော်မယ်၊စက်ဝိုင်းတို့လိုရရာအလုပ်လုပ်စား၊တွေ့ရာပလက်ဖောင်းကောက်နေ၊အိပ်ချိန်အနည်းငယ်သာရှိတဲ့လူတန်းစားတစ်ရပ်အဖို့တော့မီးရောင်တွေထိန်ထိန်ညီးနေတဲ့ကျိုက္ကဆံကွင်းကြီးထဲကလူတွေ၊စျေးဆိုင်တွေကတော့မဟာအခွင့်အလှမ်းတစ်ခု၊ခွေးရူးတွေမြူးတဲ့ပေါက်ပန်းပွင့်ချိန်ကာလတစ်ခုလိုဖြစ်နေတာပေါ့။ဒါကြောင့်လည်း မင်းရဲ့သာမန်နေ့ကတခြားတစ်ယောက်ရဲ့နေ့ထူးနေ့မြတ်လေးဖြစ်နိုင်တယ်လို့ လိုင်းပေါ်မှာပြောနေကြတာမလား။စာဖတ်သူတို့လည်းအပြင်မှာ အမှတ်မရှိ၊လမ်းမရှိတဲ့သူတွေနဲ့တွေ့ရင်ဘယ်လ်ိုတုံ့ပြန်ကြလဲ၊ကျွန်တော်ကတော့ပျော်စရာတွေရှားလာတဲ့ခေတ်မှာသူတို့အတွက်ကိုယ်တတ်နိုင်သလောက်ပျော်စရာလေးတွေနည်းနည်းမျှပေးပါတယ်။စာအုပ်ဖတ်ပြီးတဲ့သူတွေလည်းဘယ်လိုအတွေးအခေါ်တွေရကြလဲ၊ဘယ်လိုခံစားကြလဲဆိုတာ ကိုယ်တတ်နိုင်တဲ့ဘက်ကဝင်ရောက်ဆွေးနွေးမျှဝေသွားနိုင်ပါတယ်။

image