Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
နေ့စဉ်မိုးလေဝသသတင်း
=======================
(၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်နေ့ မွန်းလွဲ ၂:၀၀ နာရီအချိန် ထုတ်ပြန်ချက်)
---------------------------------------------------------------------------------
ယမန်နေ့နံနက် ၀၉:၃၀ နာရီအချိန်မှ ယနေ့နံနက် ၀၉:၃၀ နာရီအချိန်အထိ မိုးလေဝသတိုင်းထွာချက်အကျဉ်းချုပ်။ လွန်ခဲ့သော ၂၄ နာရီအတွင်းက စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနှင့် ကယားပြည်နယ်တို့တွင် နေရာကွက်ကျား၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ချင်း ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့် တောင်ပိုင်း)တို့တွင် နေရာကျဲကျဲ၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် ရှမ်း ပြည်နယ်(အရှေ့ပိုင်း)တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာခဲ့ပြီး၊ နေပြည်တော်တွင် ဒေသ အလိုက် မိုးကြီးခဲ့ပါသည်။ မှတ်သားဖွယ်ရာ မိုးရေချိန်များမှာ နေပြည်တော်(ဇေယျာသီရိမြို့နယ်)တွင် ၂.၉၁ လက်မ၊ နေပြည်တော်(ပုဗ္ဗသီရိမြို့နယ်)တွင် ၂.၇၂ လက်မ၊ စစ်တွေမြို့တွင် ၂.၆၀ လက်မ၊ နေပြည်တော်(ဥတ္တသီရိမြို့နယ်)တွင် ၂.၄၈ လက်မ၊ မချမ်းဘောမြို့တွင် ၂.၂၈ လက်မ၊ ခန္တီးမြို့တွင် ၂.၁၇ လက်မ၊ နေပြည်တော်(ဇမ္ဗူသီရိမြို့နယ်)တွင် ၂.၀၁ လက်မ၊ ပျဉ်းမနားမြို့တွင် ၁.၈၁ လက်မ၊ ထားဝယ်မြို့တွင် ၁.၆၅ လက်မနှင့် မြဝတီမြို့တွင် ၁.၄၉ လက်မတို့ ဖြစ်ကြပါသည်။
ဘင်္ဂလားပင်လယ်အော်အခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားအသင့်အတင့် ရှိနေပါသည်။
မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ ကယားပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် နေရာ ကျဲကျဲ၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနှင့် ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့် အရှေ့ပိုင်း)တို့တွင် နေရာ စိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင် ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။
မိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေ။ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် မိုးတိမ်တောင်များ ဖြစ်ထွန်းလျက်ရှိပြီး၊ အဆိုပါ မိုးတိမ်တောင်များ ရွေ့လျားရာနေရာတစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေ ခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြုနိုင်ပါရန် အကြံပြုအပ်ပါသည်။
မြန်မာ့ပင်လယ်ပြင်။ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်း အသင့်အတင့်မှ လှိုင်းကြီးနိုင်ပါသည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် ၂၅ မိုင်မှ မိုင် ၃၀အထိ တိုက်ခတ်နိုင်ပါ သည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၇ ပေမှ ၉ ပေခန့်ရှိနိုင်ပါသည်။
နောက် ၂ ရက်အတွက်ခန့်မှန်းချက်။ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနှင့် ကချင်ပြည်နယ်တို့တွင် မိုးပိုလာမည်။
နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ မိုးတစ်ကြိမ်၊ နှစ်ကြိမ် ထစ်ချုန်းရွာမည်။ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။
ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ မိုးတစ်ကြိမ်၊ နှစ်ကြိမ် ထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။
မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။

#ပုစွန်ထုပ်ဆီပြန်
ပုစွန်ထုပ်.............၂၅ကျပ်သား
ကြက်သွန်နီ....... ...၁လုံး
ကြက်သွန်ဖြူ..........၅တက်
ခရမ်းချဉ်သီး...........၃လုံး
နံနံပင်..................အနည်းငယ်
ပုစွန်ထုပ်တွေကိုရေဆေးသန့်စင်ပြီးအခွံခွာ၊ခေါင်းချိုးပါ။အရသာအနည်းငယ်နယ်ပြီးနှပ်ထားပါ။
ကြက်သွန်နီ၊ဖြူ ကိုညှက်အောင်ထောင်းပါ။
ခရမ်းချဉ်သီး ကိုပါးပါးလှီးပါ။နံနံပင်ကိုသန့်စင်ထားပါ။
ဒယ်အိုးတစ်လုံးမှာဆီအနည်းငယ်ကိုအပူပေးပြီးထောင်းထားသောကြက်သွန်အရောကိုနနွင်းမှုန့်၊ငရုတ်စိမ်းမှုန့်အနည်းငယ်တို့ဖြင့်ဆီသတ်ပါ။
အနည်းငယ်နွမ်းလာလျှင်ခရမ်းချဉ်သီးတွေထည့်ပါ။
ပုစွန်ငံပြာရည်၊ဟင်းခတ်မှုန့်တို့ဖြင့်အရသာဖြည့်စွက်ပါ။
ခေတ္တအဖုံးအုပ်ထားပါ။ ဆီပြန်ပြီးအနှစ်ကျလာလျှင်အရသာနယ်ထားတဲ့ပုစွန်တွေထည့်ပါ။
ရေခမ်းပြီးဆီပြန်သည်အထိချက်ပါ။နံနံပင်လေးဖြင့်အလှဆင်ပေးပါ။
ကိုယ်ပိုင်ရေငုတ်သင်္ဘော တည်ဆောက်နိုင်ခဲ့တဲ့ တရုတ်လယ်သမား
အသက် ၆၀ အရွယ်ရှိတဲ့ တရုတ်လယ်သမားကြီး ကျန်းရှန်းဝူဟာ သူ့ကိုယ်ပိုင်ငွေသုံးပြီး ၂၀၂၅ ဇူလိုင် ၂ ရက်မှာ ရေငုပ်သင်္ဘောတစ်စီးကို အောင်မြင်စွာ တည်ဆောက်နိုင်ခဲ့တယ်လို့ သိရပါတယ်။ အလေးချိန်အားဖြင့် ၅ တန်ရှိပြီး အလျား ၂၃ ပေရှိတဲ့ ဒီရေငုပ်သင်္ဘောကို သူကိုယ်တိုင် တည်ဆောက်ခဲ့တာဖြစ်ပြီး ရေအောက် ၈ မီတာအထိ ငုပ်နိုင်ပါတယ်။
သူဟာ အရင်က သင်္ဘောကျင်းမှာ လက်သမားအနေနဲ့ လုပ်ခဲ့ဖူးလို့ သင်္ဘောတွေနဲ့ မစိမ်းပေမဲ့ ရေငုပ်သင်္ဘောကိုတော့ အပြင်မှာ မမြင်ဖူးခဲ့ပါဘူး။ ဒါပေမဲ့ ဖြစ်ချင်တဲ့ဆန္ဒတစ်ခုနဲ့ပဲယွမ် ၅၀၀၀ (ဒေါ်လာ ၇၀၀) သုံးပြီး ပထမဆုံး ရေငုပ်သင်္ဘောကို ၂၀၁၆ မှာ တည်ဆောက်ခဲ့ပေမဲ့ ရေယိုစိမ့်မှုကြောင့် မအောင်မြင်ခဲ့ပါဘူး။
နောက်ပိုင်းမှာ ယွမ် ၄ သောင်း (ဒေါ်လာ ၅၆၀၀ ခန့်) သုံးပြီး ပိုမိုကြီးမားတဲ့ သံမဏိကိုယ်ထည်နဲ့ စတင်တည်ဆောက်ပါတယ်။ ရေငုပ်သင်္ဘောရဲ့ အောက်ခြေကို ၂ တန်လောက် အလေးချိန်ရှိတဲ့ ကွန်ကရစ်တွေ ထည့်လောင်းခဲ့ပါတယ်။
သူ့ရဲ့ ရေငုပ်သင်္ဘောဟာ ခေတ်မီရေငုပ်သင်္ဘောတွေလို အင်ဂျင်ပါဝါကြီးတွေ သုံးထားတာမဟုတ်လို့ ၁ နာရီကို ရေမိုင် ၄ မိုင်ခန့်သာ မောင်းနှင်နိုင်ပြီး နာရီဝက်တစ်ခါ ရေပေါ် ပြန်တက်ဖို့ လိုပါတယ်။ အခု ရေငုပ်သင်္ဘောကို ပင်လယ်ထဲမှာ စမ်းသပ်မောင်းနှင်ဖို့ စီစဥ်နေပြီး အနာဂတ်မှာလည်း ဒီထက် အရွယ်အစားကြီးမားတဲ့ ရေငုပ်သင်္ဘောတစ်စီး တည်ဆောက်ဖို့ အစီအစဥ်ရှိတယ်လို့ သူက ဆိုပါတယ်။
ဒါဟာ တရုတ်နိုင်ငံမှာ သာမန်အရပ်သားတစ်ဦးက ရေငုပ်သင်္ဘောတစ်စီး အောင်မြင်စွာ တည်ဆောက်နိုင်တာ ပထမဆုံးဖြစ်ပါတယ်။
🍐 ဂေါ်ရခါးသီး/ရွက်တို့ကို ပုံမှန်စားသုံးပေးတာက အသည်းအဆိပ်အတောက်များကို ဖယ်ရှားပေးခြင်း၊ အစာအိမ်နာများကို ကုသပေးခြင်း၊ ဆေးဝါးများနဲ့ ဓာတုပစ္စည်းများ အဆိပ်အတောက်များကြောင့် ကျောက်ကပ်ပျက်စီးခြင်းမှ ကာကွယ်ပေးကာ သွေးအားနည်းရောဂါ ဖြစ်ပွားခြင်းမှလည်း ဟန့်တားပေးပါတယ်။
ဂေါ်ရခါးရွက်မှာ အမျှင်ဓာတ်ပါဝင်မှု မြင့်မားလို့ သွေးတွင်းသကြားဓာတ် တည်ငြိမ်စေတာကြောင့် ဆီးချိုဝေဒနာရှင်များ အရွက်သတ္တုရည် တခါသောက် ရေနွေးကြမ်းပန်းကန်တဝက်ကို သွေးတွင်းသကြားဓာတ်ပမာဏ အနိမ့်အမြင့်ပေါ် မူတည်ပြီး တနေ့ ၂-၄ ကြိမ် သောက်ပေးနိုင်ပါတယ်။
Credit original writter