အသင့်စား ခေါက်ဆွဲတွေက အရသာ ကောင်းပေမယ့် ကျန်းမာရေးအတွက် မကောင်းပါ
ကိုရီးယားကားတွေကို ကြည့်လိုက်တိုင်း စားချင်မိတဲ့ ခေါက်ဆွဲပြုတ်၊ မြန်မြန်ဆန်ဆန် လွယ်လွယ်ကူကူဆိုပြီး ကလေးက လူကြီးတွေအထိ အလွယ်တကူ စားမိနေတဲ့ အသင့်စားခေါက်ဆွဲပြုတ်တွေက ပြင်ဆင်ရတာ လွယ်ကူသလို စားရတာ ပူပူနွေးနွေးနဲ့အရသာရှိပေမယ့် ကျန်းမာရေးအတွက်တော့ တကယ်ကို မသင့်တော်ပါဘူး။
တာရှည်ခံဆေးတွေ နဲ့ အသွင်အပြင်လှလှပပ အရသာပြည့်ပြည့်ဝဝ ပြင်ဆင်ထားတဲ့ ခေါက်ဆွဲတွေကို အချို့သော သားသားမီးမီးတွေက မပြုတ်ဘဲ ဒီအတိုင်းချိုးခြေ၊ အမှုန့်တွေနဲ့ နယ်ပြီး စာနေကြတာတွေရှိပါတယ်။ ဒါက ကလေးတွေမစားသင့်တဲ့ အစားအစားတစ်မျိုးပါ။ လတ်တလောတော့ ဘာမှ မဖြစ်လို့ သတိမထားမိပေမယ့် ရေရှည်မှာ ကျန်းမာရေးကို ဘယ်လိုတွေများ ထိခိုက်စေနိုင်လဲဆိုတာ ပြောပြပေးပါမယ်။
အသင့်စားခေါက်ဆွဲ တကယ်ပဲ ဆိုးသလား
အသင့်စားခေါက်ဆွဲတွေက အာဟာရမပြည့်ရုံတင် မဟုတ်ပါဘူး။ ခေါက်ဆွဲ အစားများတဲ့သူတွေမှာ ကင်ဆာလိုမျိုး ကျန်းမာရေး ပြဿနာ ကြီးကြီးမားမားတွေ ခံစားရနိုင်ပါတယ်၊ လို့ ဆေးဖက်ဆိုင်ရာ ကျွမ်းကျင်သူတွေက ဆိုပါတယ်။ အသင့်စားခေါက်ဆွဲမှာ ပါဝင်နေတဲ့ အချို့သော အရာတွေကြောင့် ကျန်းမာရေးကို ဘယ်လိုများ ထိခိုက်စေလဲ……….
အစာကြေ ရခက်တယ်
အသင့်စားခေါက်ဆွဲတွေက ခန္ဓာကိုယ်ရဲ့ အာဟာရစုပ်ယူမှုကို အဟန့်အတား ဖြစ်စေရုံတင် မဟုတ်ဘဲ။ အစာကြေချက်မှု လုပ်ငန်းစဉ်ကိုပါ အနှောင့်အယှက်ဖြစ်စေတာပါ။ ကောင်းမွန်တဲ့ အစာကြေချက်မှု လုပ်ငန်းစဉ် ဖြစ်စေဖို့ အာဟာရဓာတ် နဲ့ သတ္တုဓာတ်များစွာ လိုအပ်ပါတယ်။ အမျှင်ဓာတ် လုံးဝမပါတဲ့ အသင့်စားခေါက်ဆွဲတွေက ဝမ်းချုပ်တဲ့ပြဿနာကို ခံစားရစေနိုင်ပါတယ်။ အစာအိမ် နဲ့ အူကို ထိခိုက်စေနိုင်ပါသေးတယ်။
အသည်း ထိခိုက်ပျက်စီးစေနိုင်တယ်
အသင့်စားခေါက်ဆွဲမှာပါတဲ့ အဆိပ်ရှိတဲ့ ဓာတုပစ္စည်း တစ်မျိုးဖြစ်တဲ့ Propylene Glycol က အသည်းရဲ့ လုပ်ဆောင်မှုကို ထိခိုက်စေသလို အသည်း ပျက်စီးစေနိုင်ပါတယ်။
ကိုယ်ဝန် ပျက်ကျစေနိုင်ပါတယ်
ကိုယ်ဝန်ဆောင်တွေ အနေနဲ့ အသင့်စား ခေါက်ဆွဲတွေကို မစားသင့်ပါဘူး။ အကြောင်းကတော့ အသင့်စားခေါက်ဆွဲတွေမှာပါတဲ့ တာရှည်ခံ ပစ္စည်းတွေက ကိုယ်ဝန်ပျက်ကျစေနိုင်တာကြောင့်ပါ။
ကျောက်ကပ် ပျက်စီးစေနိုင်တယ်
Propylene Glycol ပါဝင်နေမှုက ခန္ဓာကိုယ်အတွက် အရေးပါတဲ့ အစိတ်အပိုင်းဖြစ်တဲ့ ကျောက်ကပ် ပျက်စီးစေနိုင်ပါတယ်။
ခေါင်းကိုက် စေနိုင်တယ်
အချိုမှုန့်လို့ သိကြတဲ့ MSG ပါဝင်တာကြောင့် ခေါင်းကိုက်စေနိုင်ပါတယ်။ MSG ကခန္ဓာကိုယ်အတွက်ရော ဦးနှောက်အတွက်ပါ မကောင်းပါဘူး။
ဆီးချို
အရသာရှိအောင် ပြုပြင်ထုတ်လုပ်ထားတဲ့ အသစ့်စားခေါက်ဆွဲမှာ အချိုဓာတ် ပါဝင်မှု မြင့်တာကြောင့် ဆီးချို ဖြစ်စေနိုင်ပါတယ်။
အမျိုးသမီးတွေမှာ ဟော်မုန်း ပြဿနာဖြစ်စေနိုင်တယ်
အမြဲလိုလို အသင့်စားခေါက်ဆွဲကို စားသုံးမယ်၊ အလွန်အကျွံစားသုံးမယ်ဆိုရင် ဆိုဒီယမ် ပါဝင်မှု များတာကြောင့် အမျိုးသမီးတွေမှာ ဟော်မုန်း ပြဿနာ ခံစားရနိုင်ပါတယ်။
အမျိုးသားတွေမှာ ကလေးရနိုင်စွမ်းကျစေတယ်
အသင့်စားခေါက်ဆွဲမှာ ဓာတုဗေဒ ပစ္စည်းတွေ များစွာပါဝင်နေပြီး အမျိုးသားတွေမှာ ကလေးရရှိနိုင်စွမ်း ကျဆင်းစေနိုင်ပါတယ်။
နှလုံးရောဂါ ခံစားရနိုင်တယ်
အသင့်စား ခေါက်ဆွဲမှာ ဗီတာမင် ပါဝင်မှုနည်းတာကြောင့် မကြာခဏ စားမယ်ဆိုရင် နှလုံးရောဂါ ဖြစ်စေဖို့ အားပေးရာရောက်ပါတယ်။
ကင်ဆာ ဖြစ်စေနိုင်တယ်
တာရှည်ခံစေဖို့ နဲ့ အရသာပြည့်ဝစေဖို့ အသင့်စားခေါက်ဆွဲမှာ ဖန်တီး ဖြည့်စွက်ထားတဲ့ ဓာတု ပစ္စည်းတွေကို အချိန်ကြာမြင့်စွာ စားသုံးမယ်ဆိုရင် ရေရှည်မှာ ကျန်းမာရေးကို ထိခိုက်စေပြီး ကင်ဆာရောဂါ ဖြစ်စေတာမျိုး အထိ ဖြစ်နိုင်ပါတယ်။
လူကြီးမင်းတို့ အသင့်စားခေါက်ဆွဲကို( ၁ )လမှာ အများဆုံး ( ၃ )ခါလောက်ပဲစားစေချင်ပါတယ်။အသင့်စားခေါက်ဆွဲတွေကို မကြာခဏစားခြင်းက သင့်ခန္ဓာကိုယ်အတွက်ဘေးဖြစ်စေပါတယ်။

imageimage

မြေငလျင်သတင်း
၂၀၂၅ ခုနှစ်၊ ‌ဇူလိုင်လ ၂၁ ရက်နေ့၊ မြန်မာစံတော်ချိန် (၁၂) နာရီ၊ (၄၄) မိနစ်၊ (၄၄) စက္ကန့် အချိန်တွင် ကျိုင်းတုံမြေငလျင်စခန်းမှ အနောက်မြောက်ဘက် (၅၂) မိုင်ခန့်အကွာ၊ မြန်မာနိုင်ငံ ပြည်တွင်း (မိုင်းခတ်မြို့၏ အနောက်ဘက် (၃၄) မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၂၁.၇၃) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၈.၉၃) ဒီဂရီ၊ အနက် (၁၀) ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာ စကေး (၄.၃) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။

image
15 w - Translate - Youtube

NEW Try Not To Laugh Challenge by Ayush More (Funny Shorts)🤣

15 w - Translate - Youtube

လမ်းအဆုံးကအိမ်

အားပေးကြမ်းးတယောက်တည်း4ခေါက်တောင်
မမဟုန်တော်တော်ကောင်းးပုံရတယ်

image
15 w - Translate

အချစ်တွေအများကြီး ပေးချင်တယ်။
အချစ်တွေအများကြီး ပြန်ရချင်တယ်။

image
15 w - Translate

သဘာဝမြေသြဇာပြုလုပ်သုံးစွဲပါ
🔰သဘာဝမြေသြဇာ ဖြစ်သော နွားချေး၊ ကြက်ချေး၊ မြေဆွေး ၊နုန်း၊ အမှိုက်သရိုက်များကို စနစ်တကျ စုဆောင်းပြီး မဖြစ်မနေ ချပေေးရမည်။
🔰တစ်ရာသီးပြီး တစ်ရာသီ သီးနှံစိုက်ပျိုးပြီး တစ်ရာသီကုန်သွားတိုင်း မြေကြီးထဲမှာ ရှိသော အာဟာရ ဓာတ်များကို နုတ်ယူစားသုံးသွားကြပါတယ်။
🔰ထုတ်ယူသွားသော အာဟာရဓာတ်များကို မြေကြီးထဲသို့ ပြန်လည်မထည့်ပေးပါက မြေကြီးမှာ ဘာမှ မကျန်ဘဲ အခွံသက်သက် ဖြစ်သွားပြီး မြေကန်းသွားရုံသာမက မြေဆီလွှာပျက်သုဉ်းသွားနိုင်ပါတယ်။
🔰 သီးနှံပင်များဟာ အသက်ရှင့်သန်ကြီးထွားဖွံ့ဖြိုးဖို့အတွက် မြေဆီလွှာထဲမှ အာဟာရဓာတ်များကို စုပ်ယူစားသုံးကြသည်။
🔰 ထို့ကြောင့် သီးနှံတစ်ရာသီမှာ သစ်ပင်တွေ ရိတ်သိမ်း ပြီးတိုင်း နောက်သီးနှံများ မစိုက်ပျိုးခင်ကတည်းက နွားချေး၊ ကြက်ချေး၊ မြေဆွေး၊ အမှိုက် သရိုက်များကို စနစ်တကျ စုဆောင်းပြီး လယ်မြေယာမြေ များတွင် ပြန်လည် ထည့်ပေးဖို့ များစွာလိုအပ်ပါသည်။
🔰 သဘာဝမြေသြဇာတွေကို စုဆောင်းသုံးစွဲသည့်အခါ မြေဆွေးပုံ စနစ်တကျ ပြုလုပ်သုံးစွဲခြင်းက အာဟာရဓာတ် ပိုများစေပါတယ်။
🔰 မြေဆွေးပုံ ပြုလုပ်မည်ဆိုပါက အရှည် ၁၀ ပေ၊ အကျယ် ၈ပေ၊ အနံ ၆ပေ ရှိသော မြေဆွေးကျင်းများကို တူးပြီး ရသမျှ တိရစ္ဆာန် အညစ်အကြေးများကို ၁၀လက်မလောက်တစ်လွှာထည့်ပြီး အမှိုက်သရိုက်များထည့်ခြင်း၊ တစ်လွှာချင်းတွင် ဆန်ကွဲ၊ ဖွဲနုတစ်ပြည်လောက် ဖြူးလိုက်၊ အပေါ်မှ မြေဆွေးနွားချေား အမှိုက် တစ်လွှာချင်းထည့်ပေးပြီး ကျင်းပြည့်မောက်လာပါက တာလပတ်နှင့် အုတ်ပေးထားရမည်။
🔰မြေဆွေးကျင်းပူပြီး အိကျသွားပါက အပေါ်မှ မြေဆွေး၊ နွားချေး၊ အမှိုက်များ ပြည့်သည်အထိ ထပ်ထည့်ပေးရပါမည်။ မြေဆွေးလာပါက မြေဆွေးအဖြစ် ဘယ်မြေယာမြေများအတွင်းပြန်လည် အသုံးပြုနိုင်ပါသည်။
credit ဆောင်ဆန်း (စိုက်ပျိုးရေး)

image

ယိုးဒယား ငပိထောင်း
လိုအပ်သောပစ္စည်းများ
ထိုင်းငါးပိ – ဟင်းချက်ဇွန်းကြီး ၁ ဇွန်းခန့်
ပုစွန်ခြောက် – ၁၀ ကောင်
ငရုတ်သီးစိမ်း သို့မဟုတ် အမှည့် – ခပ်များများ
ကြက်သွန်ဖြူ – ဥကြီး ၁ ဥ
ကြက်သွန်နီ – ဥသေး ၁ ဥ
ထန်းလျက် – ၁ ခဲ
ယိုးဒယားငံပြာရည် – ၂ ဇွန်း
ခရမ်းကစော့သီး – အနည်းငယ်
သံပုရာသီး – ၂လုံး
ပြုလုပ်နည်း
ငါးပိကို မီးးကင် ထားပါ (သို့မဟုတ်) ငှက်ပျော်ဖက်ဖြင့် ထုပ်ပြီး မီးအုံးပါ။ ပုစွန်ခြောက်ကို ရေဆေးပြီး ရေနွေးဖြင့် စိမ်ထားပါ။ ရေစိမ်ထားတဲ့ ပုစွန်ခြောက် ၊ ကြက်သွန်ဖြူ ၊ ကြက်သွန်နီ ၊ ငရုတ်သီးစိမ်းများကို ရောပြီး ညက်အောင် ထောင်းပါ။
ခရမ်းကစော့သီး ထည့်ထောင်းပါ။ မီး ကင်ထားတဲ့ ငါးပိကို ရောထောင်းပြီး ထန်းလျက် နှင့် ငံပြာရည် စသည့် အရသာများကို မိမိ စိတ်ကြိုက်ထည့်ပါ။ သံပြာရည် ညှစ်ထည့်ပါ။
ယိုးဒယားငါးပိ မရှိလည်း မြန်မာငါးပိထည့်သုံးလို့ ရပါတယ်။ ထန်းလျက်အစား သကြားသုံးလို့လည်း ရပါတယ်။ ခရမ်းကစော့သီး ကိုလည်း မထည့်ရင် ရပါတယ်။
Credit: Warr Tee
Credit Thai
Zawgyi
ယိုးဒယား ငပိထောင်း
လိုအပ်သောပစ္စည်းများ
ထိုင်းငါးပိ – ဟင်းချက်ဇွန်းကြီး ၁ ဇွန်းခန့်
ပုစွန်ခြောက် – ၁၀ ကောင်
ငရုတ်သီးစိမ်း သို့မဟုတ် အမှည့် – ခပ်များများ
ကြက်သွန်ဖြူ – ဥကြီး ၁ ဥ
ကြက်သွန်နီ – ဥသေး ၁ ဥ
ထန်းလျက် – ၁ ခဲ
ယိုးဒယားငံပြာရည် – ၂ ဇွန်း
ခရမ်းကစော့သီး – အနည်းငယ်
သံပုရာသီး – ၂လုံး
ပြုလုပ်နည်း
ငါးပိကို မီးးကင် ထားပါ (သို့မဟုတ်) ငှက်ပျော်ဖက်ဖြင့် ထုပ်ပြီး မီးအုံးပါ။ ပုစွန်ခြောက်ကို ရေဆေးပြီး ရေနွေးဖြင့် စိမ်ထားပါ။ ရေစိမ်ထားတဲ့ ပုစွန်ခြောက် ၊ ကြက်သွန်ဖြူ ၊ ကြက်သွန်နီ ၊ ငရုတ်သီးစိမ်းများကို ရောပြီး ညက်အောင် ထောင်းပါ။
ခရမ်းကစော့သီး ထည့်ထောင်းပါ။ မီး ကင်ထားတဲ့ ငါးပိကို ရောထောင်းပြီး ထန်းလျက် နှင့် ငံပြာရည် စသည့် အရသာများကို မိမိ စိတ်ကြိုက်ထည့်ပါ။ သံပြာရည် ညှစ်ထည့်ပါ။
ယိုးဒယားငါးပိ မရှိလည်း မြန်မာငါးပိထည့်သုံးလို့ ရပါတယ်။ ထန်းလျက်အစား သကြားသုံးလို့လည်း ရပါတယ်။ ခရမ်းကစော့သီး ကိုလည်း မထည့်ရင် ရပါတယ်။

image

ဘာကြောင့်ဒီခွေးမျိုးစိပ်တွေကိုနိုင်ငံတော်တော်များများက မွေးမြူခွင့်မရှိတာလဲ?

15 w - Translate - Youtube

ဆေးစပ်သမလေးမာအိုနှင့်နန်းတွင်းအမူများ season 2 part 1အစ/အဆုံး