အဲ့လောက်ကြီးကျ

image
37 w - Translate

သေဆုံးခဲ့ပြီးတဲ့နောက်မှာတောင် ချစ်သူဟောင်းအတွက် စုဆောင်းငွေတွေ ချန်ထားပေးခဲ့တဲ့ အမျိုးသား
အမျိုးသားတစ်ဦးဟာ သူ သေဆုံးခဲ့ပြီးတဲ့နောက် သူ့ချစ်သူဟောင်းအတွက် စုဆောင်းငွေတွေ ချန်ထားခဲ့တယ်ဆိုတဲ့ သတင်းတွေကြောင့် အဲ့ဒီစုံတွဲရဲ့အချစ်ဇာတ်လမ်းက လူမှုကွန်ယက်မှာ ပျံ့နှံ့လာခဲ့ပါတယ်။ အဲ့ဒီအမျိုးသားက စုဆောင်းငွေတွေအပြင် အဆုံးမရှိတဲ့ ချစ်ခြင်းမေတ္တာတွေကို ဖော်ညွှန်းထားတဲ့ စာတစ်စောင်ကိုလည်း ချန်ထားခဲ့တာပါ။
ရှောင်လို့ လူသိများတဲ့ အသက် ၂၆ နှစ်အရွယ် အဲ့ဒီအမျိုးသားနဲ့ အသက် ၂၂ နှစ်အရွယ် ဟူရှင်းယောင်တို့ဟာ သူငယ်ချင်းတွေကနေတဆင့် သိပြီး ချစ်သူတွေဖြစ်ခဲ့ကြတာပါ။ ဟူဟာ ကျောက်ကပ်ပျက်စီးခြင်းကို ဖြစ်စေနိုင်တဲ့ သွေးကြောဆိုင်ရာရောဂါကို ခံစားနေခဲ့ရတာ ၈ နှစ်ရှိပါပြီ။ သူတို့တွဲလာတာ ၂ လအကြာမှာ ဟူရဲ့အခြေအနေက ပိုမိုးဆိုးရွားလာကာ တစ်လကို ဆေးကုစရိတ် ယွမ် ၂၀၀၀၀ အထိ ရှိလာခဲ့ပါတယ်။
ရှောင်က သူ့ကောင်မလေး ဟူကို စိတ်နှစ်ပြီး ပြုစုစောင့်ရှောက်ပေးခဲ့ပေမဲ့ ဟူက သူနဲ့အတူတူရှိနေရင် ရှောင်ရဲ့တက်လမ်းနှောင့်နှေးမှာဆိုးလို့ သူတို့ရဲ့ဆက်ဆံရေးကို အဆုံးသတ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ရှောင်ရဲ့ပံ့ပိုးကူညီမှုမပါဘဲ ဟူက သူ့ရဲ့ဆေးကုသစရိတ်အတွက် လှူဒါန်းငွေနဲ့ ချေးငွေတွေအပေါ် အားကိုးခဲ့ပါတယ်။ သစ်သီးဖျော်ရည်လည်း ရောင်းပြီး အွန်လိုင်းပေါ်မှာ ဝတ္တုတွေလည်း ရေးခဲ့ပါတယ်။
သူတို့ လမ်းခွဲပြီးနောက် အချိန်အတန်ကြာတော့ ရှောင်က ပြင်းထန်တဲ့ပန်ကရိယရောင်ခြင်းကြောင့်သေဆုံးသွားခဲ့ပါတယ်။ ဟူအတွက် ရှောင်က စာတစ်စောင်နဲ့အတူ ယွမ် ၅၀၀၀၀ ချန်ထားခဲ့ပါတယ်။ စာထဲမှာ ရှောင်က သူတို့လမ်းခွဲပြီးတဲ့နောက် လတိုင်း ဆေးကုသစရိတ်အတွက် အမည်မဖော်ဘဲ ထောက်ပံ့ပေးနေခဲ့တယ်။ ချန်ထားခဲ့တဲ့ငွေတွေကလည်း လူနာတွေအတွက် အိမ်တိုင်ရာရောက် ကျန်းမာရေးစောင့်ရှောက်မှုပေးတဲ့ဝန်ဆောင်မှုဖန်တီးချင်တဲ့ ဟူရဲ့အိပ်မက်တွေဖြည့်ဆည်းဖို့ ပေးတဲ့ သူ့ရဲ့စုဆောင်းငွေတွေဖြစ်တယ်။ လူနာတွေကို ကူညီပြီး သူတို့ရဲ့အသက်တွေကို ကယ်တင်ပေးနိုင်ဖို့ မျှော်လင့်တယ်လို့ ရေးသားထားပါတယ်။
ရှောင်က သူတို့ရဲ့ ၂ လတာအချစ်ရေးဆက်ဆံရေးဟာ သူ့ဘဝမှာ တန်ဖိုးအထားရဆုံးနဲ့ အပျော်ရွှင်ရဆုံးအချိန်ဖြစ်ခဲ့တယ်။ သူ့အတွက် ဘဝအတွေ့အကြုံတွေကို ဆက်လက်ခံစားပြီး ရောဂါကိုလည်း ကြံကြံခိုင်ရင်ဆိုင်ကျော်လွှားဖို့ တိုက်တွန်းခဲ့ပါတယ်။ နောက်ဘဝရှိခဲ့ရင် သူတို့ထပ်ပြီး ဆုံတွေ့ချင်တယ်။ အဲ့ဒီအချိန်ကျ ဟူရဲ့အနားမှာ အချိန်အကြာကြီး ရှိနေပေးမယ်လို့ ရှောင်က အဆုံးသတ်ရေးသားသွားခဲ့ပါတယ်။
ဟူက ရှောင်ရဲ့စာကို ဖတ်ပြီး မျက်ရည်ကျခဲ့ရပြီး ချန်ထားခဲ့တဲ့ငွေတွေကို ရှောင်ရဲ့မိဘတွေကို ပြန်ပေးဖို့ ကြိုးစားခဲ့ပါတယ်။ ရှောင်ရဲ့မိဘတွေက ရှောင်ရဲ့ဆန္ဒကိုလေးစားတဲ့အနေနဲ့ လက်မခံခဲ့ပါဘူး။ ဟူကတော့ အခုဆို ရှောင်ရဲ့မိဘတွေက သူ့မိဘလိုပါပဲ။ သူ အသက်ရှင်နေသရွေ့ သူတက်နိုင်သမျှ ရှောင်ရဲ့မိဘတွေကို စောင့်ရှောက်သွားမှာပါတဲ့။
ဟူက ဝန်ဆောင်မှုကို လည်ပတ်နိုင်ဖို့ အငှားနေရာရှာနေခဲ့တဲ့အပြင် ဆေးဘက်ဆိုင်ရာပစ္စည်းတွေကိုလည်း ဝယ်ယူနေပါတယ်။ အခုနှစ်အောက်တိုဘာလမှာ ဖွင့်ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

image
37 w - Translate

➡️ ကြောင်လေးတွေကို မကြိုက်တဲ့အပြုအမူ ၃ခု
✅ အိပ်ရတာနှစ်သက်ကြတဲ့ ကြောင်လေးတွေဟာ သူတို့အိပ်မောကျနေတုန်း သွားဆွဲတာ၊ ပွေ့တာ၊ ဒါမှမဟုတ် အသံကျယ်ကျယ်နဲ့ အနှောင့်အယှက်ပေးတာမျိုးလုပ်ရင် မကြိုက်ကြပါဘူး။
✅ နောက်တစ်ခုကတော့ ခနခနကြမ်းကြမ်းတမ်းတမ်းပွေ့တာ၊ ဖျစ်ညှစ်တာတွေ၊ သူတို့ကိုကိုင်တာတွေ မကြိုက်ကြပါဘူး။
ဒါက ကြောင်လေးအများစုရဲ့ သဘာ၀ပါ။ လူတွေနဲ့ ငယ်ငယ်ထဲကနီးနီးကပ်နေခဲ့တဲ့ ကလေးအချို့ကတော့ သဘောကျတတ်ကြပါတယ်။
✅ ကြောင်လေးတွေဟာ အသန့်ကြိုက်တတ်ကြပြီး သူတို့အိပ်ယာနဲ့ အလေး၊ အပေါ့သွားတဲ့နေရာနဲ့ မခွဲထားပေးတာမျိုးတွေ၊ ညစ်ညစ်ပတ်ပတ်ပစ်ထားတာမျိုးတွေ မကြိုက်တတ်ကြပါဘူး။ ဒါကြောင့်လဲ သူတို့ကိုယ်သူတို့ ခနခနလျက်ပြီး သန့်ရှင်းရေးလုပ်တတ်ကြတာပါ။

image
37 w - Translate

🌊❄️ The North Water (2021) – When ice isn’t the coldest thing... ⚓🔥
Enter the harsh icy regions of the Arctic, where every breath is a challenge and every glance hides a secret. The North Water, based on the novel by Ian McGuire, takes the audience on a brutal and haunting journey, where the struggle between good and evil… and what the ice hides becomes an endless obsession.
🇬🇧 1859. Patrick Sumner (Jack O’Connell) – a former army doctor scarred by his past – boards a whaling ship in the hope of escaping the ghosts in his mind. But he soon realizes that the real danger lies not in the ice or the ocean, but in Henry Drax (Colin Farrell) – a ruthless whaler who turns the expedition into a terrifying nightmare.
✨ With a stellar cast of Jack O’Connell, Colin Farrell, Stephen Graham and Tom Courtenay, and stunning visuals, this miniseries is a gem in the historical-psychological genre.
🎬 Watch the teaser trailer and prepare for what the ice can’t hide.
📅 Premieres: 2021

image
37 w - Translate

ရနံ့မွှေးပြီး အပွင့်ဖြူဖြူလေးတွေနဲ့သိပ်ကိုလှတဲ့ #ယိုးဒယားဇွန် (ခေါ်) ထိုင်းဇွန်

image
37 w - Translate

ရနံ့မွှေးပြီး အပွင့်ဖြူဖြူလေးတွေနဲ့သိပ်ကိုလှတဲ့ #ယိုးဒယားဇွန် (ခေါ်) ထိုင်းဇွန်

image
37 w - Translate

ရနံ့မွှေးပြီး အပွင့်ဖြူဖြူလေးတွေနဲ့သိပ်ကိုလှတဲ့ #ယိုးဒယားဇွန် (ခေါ်) ထိုင်းဇွန်

image
37 w - Translate

ရနံ့မွှေးပြီး အပွင့်ဖြူဖြူလေးတွေနဲ့သိပ်ကိုလှတဲ့ #ယိုးဒယားဇွန် (ခေါ်) ထိုင်းဇွန်

image
image
image

❝AI နည်းပညာကို မှန်ကန်သည့် နယ်ပယ်များတွင် မျှတစွာ အသုံးပြုသွားရန် လိုအပ်ကြောင်း နိုင်ငံတော်ဝန်ကြီးချုပ်ပြောကြား❞
 
စက်တင်ဘာ ၁၈

AI နည်းပညာကို နယ်ပယ်ကဏ္ဍအသီးသီးတွင် ကျယ်ပြန့်စွာ အသုံးပြုလာသည်နှင့်အမျှ လွဲမှားစွာအသုံးချမှုနှင့် ဆိုက်ဘာလုံခြုံရေးကိုလည်း ထည့်သွင်းစဉ်းစားရန် လိုအပ်ပြီး မှန်ကန်သည့် နယ်ပယ်များတွင် မျှတစွာအသုံးပြုသွားရန် လိုအပ်ကြောင်း နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော က တရုတ်-အာဆီယံစီးပွားရေးခေါင်းဆောင်များဖိုရမ်ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်မိန့်ခွန်းပြောကြားစဥ် ထည့သွင်းပြောကြားခဲ့သည်။

အဆိုပါ အခမ်းအနားကို “အာဆီယံကို ဉာဏ်ရည်တုနည်းပညာဖြင့် ချိတ်ဆက်၍ ဒစ်ဂျစ်တယ်အသွင် ကူးပြောင်းခြင်းမှတစ်ဆင့် ဖွံ့ဖြိုးတိုးတက်မှု အနာဂတ်ကို မျှဝေခြင်း” ဆောင်ပုဒ်ဖြင့် စက်တင်ဘာ ၁၇ ရက်၊ မွန်းလွဲပိုင်းက နန်နင်းမြို့ရှိ Grand Metropark Hotel ၌ ကျင်းပခဲ့ခြင်းဖြစ်သည်။

ယင်းဖိုရမ်သည် တရုတ်နှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ စီးပွားရေးကဏ္ဍတွင် ဦးဆောင်နေကြသည် ကုန်သည်အသင်းအဖွဲ့များအကြား စီးပွားရေးဆိုင်ရာကိစ္စရပ်များကို အမြင်ချင်းဖလှယ် ဆွေးနွေးနိုင်သည့် အခွင့်အလမ်းများကို ရရှိနိုင်မည့် ပလက်ဖောင်းတစ်ခုဖြစ်ကြောင်းလည်း နိုင်ငံတော်ဝန်ကြီးချုပ်က ပြောကြားသည်။

ယခုအခါ အာဆီယံ-တရုတ် လွတ်လပ်သော ကုန်သွယ်မှုဒေသ (ASEAN-China Free Trade Area-ACFTA) ကို ACFTA (အက်ဖ်တာ) ဗားရှင်း ၃.၀ သို့ အဆင့်မြှင့် တင်နိုင်ခဲ့ပြီးဖြစ်သည့်အတွက် ဒစ်ဂျစ်တယ်စီးပွားရေး၊ အစိမ်းရောင်စီးပွားရေး၊ ထောက်ပံ့ရေးကွင်းဆက်ချိတ်ဆက်မှု၊ ယှဉ်ပြိုင်မှု၊ စားသုံးသူ ကာကွယ်ပေးရေးနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများစသည့် နယ်ပယ်သစ်များတွင် နက်နက်ရှိုင်းရှိုင်း ပူးပေါင်းဆောင်ရွက်
နိုင်မည်ဟု နိုင်ငံတော်ဝန်ကြီးချုပ်ကဆိုသည်။

ထို့ကြောင့်ပင် တရုတ်နိုင်ငံနှင့် အာဆီယံနိုင်ငံများအနေဖြင့် နယ်ပယ်သစ်များတွင် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ဖွံ့ဖြိုးတိုးတက်မှု အခွင့်အလမ်းများကို မျှဝေခံစား သွားနိုင်ကြမည်ဖြစ်ကြောင်းနှင့် တရုတ်-အာဆီယံ စီးပွားရေးခေါင်းဆောင်များဖိုရမ်မှတစ်ဆင့် တရုတ်နိုင်ငံနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား ကုန်သွယ်ရေး၊ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများ ပိုမိုမြှင့်တင် ဆောင်ရွက်သွားနိုင်မည်ဟု ယုံကြည်ကြောင်းဖြင့်လည်း ပြောကြားခဲ့သည်ဟု သိရသည်။
ယင်းအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ ဦးချစ်ဆွေ၊ ဒေါက်တာ သက်ခိုင်ဝင်း ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးတင်မောင်ဆွေ နှင့် တာဝန်ရှိသူများ ပါဝင်တက်ရောက်ခဲ့ကြသလို ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပြည်သူ့အတိုင်ပင်ကွန်ဖရင့် ဥက္ကဋ္ဌ မစ္စတာစွမ်းသဝေ၊ အာဆီယံအထွေထွေ အတွင်းရေးမှူးချုပ် Mr. Kao Kim Hourn တရုတ်အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုမြှင့်တင်ရေးကောင်စီ (CCPIT) မှ ဒုတိယအကြီးအကဲ၊ ASEAN- China Centre မှ အထွေထွေအတွင်းရေးမှူး ၊ တရုတ်အာဆီယံနိုင်ငံများမှ ကုန်သည်အသင်းဥက္ကဋ္ဌများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်ဟုလည်း သိရသည်။

#သတင်းဟင်းလေးအိုးကြီး

image
37 w - Translate

ထိုင်းမှာ လသားအရွယ် ကလေးငယ်ကို ခွေးဘီလူးက ကိုက်သတ်
စက်တင်ဘာ - ၁၇ ၊၂၀၂၅
ထိုင်းနိုင်ငံမှာ ကလေးတွန်းလှည်းထဲက မွေးကင်းစ ကလေးငယ်ကို ခွေးဘီလူး တစ်ကောင်က ကိုက်သတ်ခဲ့ကြောင်း သိရပါတယ်။
ရင်ထိတ်စရာ အဲဒီဖြစ်ရပ်ဆိုးဟာ စက်တင်ဘာ ၁၆ ရက်နေ့ နေ့လယ်ပိုင်းက ယူထိုင်ဌာနီမှာ ဖြစ်ပွားခဲ့တာပါ။ ၂ လသားအရွယ် မိန်းကလေးဟာ တွန်းလှည်းထဲမှာ ရှိနေတဲ့အချိန် အဲဒီ ခွေးက ကိုက်ချီယူသွားခဲ့တာလို့ ရဲတွေက ဆိုပါတယ်။
အခင်းဖြစ်ပွားရာ နေအိမ်နဲ့ ကလေးကို ကိုက်သတ်တဲ့ ခွေးရဲ့ ပိုင်ရှင်ဖြစ်သူကတော့ သူ့ခွေးဟာ ကလေးငယ်ကို ကစားစရာ အရုပ်နဲ့ မှားယွင်းယူဆပြီး တိုက်ခိုက်ခဲ့တာ ဖြစ်နိုင်တယ်လို့ ရဲတွေကို ပြောပါတယ်။
ကလေးရဲ့ မိဘတွေဟာ ပစ္စည်းအတိုအစ အဟောင်းအနွမ်း ရောင်းဝယ်သူတွေဖြစ်ပြီး ခွေးမွေးထားတဲ့ အိမ်ထဲ ကလေးကိုပါ ခေါ်ဆောင်လာခဲ့ပါတယ်။ သူတို့နှစ်ယောက်က ပစ္စည်း အတိုအစတွေကို စုစည်းယူနေတဲ့ အချိန် ကလေးကို သတိမထားမိခဲ့ရာက ဆိုးရွားလှတဲ့ တိုက်ခိုက်မှု ပေါ်ပေါက်လာခဲ့တာပါ။ ခွေးကြီးက ကလေးကို ကိုက်ချီပြီး တွန်းလှည်းထဲကနေ ဆွဲယူသွားခဲ့တာ ဖြစ်ပါတယ်။
ရဲတွေ ရောက်လာတဲ့ အချိန်မှာ ကလေးကို ခွေးက ရေမြောင်းတစ်ခုထဲ ဆွဲချသွားလို့ ၆ မီတာလောက် ရှည်လျားတဲ့ သွေးစွတ်ကြောင်းကြီး ထင်ကျန်နေတာကို တွေ့ခဲ့ရပါတယ်။
အနီးမှာ တွန်းလှည်းက ရှိနေပြီး သွေးစွန်းနေတဲ့ အရုပ်လေး သုံးခုလည်း ပြန့်ကြဲနေခဲ့ပါတယ်။ Bigလို့ နာမည်ပေးထားတဲ့ ၂ နှစ်သားအရွယ် ခွေးဘီလူးကလည်း ရဲတွေ ရောက်လာချိန်ထိ အဲဒီနေရာမှာ ရှိနေဆဲဖြစ်ပြီး ပိုင်ရှင်က လှောင်အိမ်ထဲ ပြန်ခေါ်ထည့်ထားခဲ့ရပါတယ်။
ကလေးရဲ့ နာနာကျင်ကျင် ငိုကြွေးသံကြောင့် ဖခင်ဖြစ်သူ ဒူဆစ် ဆာလီက ခွေးနောက်နေက ပြေးလိုက်ပြီး ခြောက်လှန့်မောင်းထုတ်ရင်း ကလေးကို ကယ်ဆယ်ခဲ့ရပါတယ်။ ကူရာကယ်ရာမဲ့ ကလေးမလေးဟာ အရွယ်နဲ့မမျှတဲ့ ဒဏ်ရာကြီးတွေ ရထားခဲ့ပြီး ဆေးရုံကို တင်ပို့ခဲ့ပေမယ့်လည်း သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။
ရဲတွေက နာမည်ဖော်မပြတဲ့ ခွေးပိုင်ရှင်ကတော့ Bigဟာ ကလေးအရုပ်လေးတွေကို သူ့အတွက် ဆော့စရာအဖြစ် သင်ယူ မှတ်သားထားတာလို့ စုံထောက်အရာရှိတွေဆီ ပြောကြားခဲ့ပါတယ်။ ရဲတွေက အခုဖြစ်စဉ်အတွက် သေမှုသေခင်း တရားစွဲဆိုမှုတွေ လုပ်ဆောင်မယ်လို့ အတည်ပြုခဲ့ပါတယ်။
လူသေတဲ့ထိ တိုက်ခိုက်ခဲ့တဲ့ ခွေးကိုတော့ လောလောဆယ်မှာ ထိန်းသိမ်း ချုပ်နှောင်ထားပြီး ဘယ်လို စီရင်ဆုံးဖြတ်မလဲဆိုတာ မသိရသေးပါဘူး။ ကလေးမလေးရဲ့ မိသားစုကတော့ ရုတ်တရက် ကျရောက်လာတဲ့ ကြမ္မာဆိုးကြီးကြောင့် ဖြေမဆည်နိုင် ဖြစ်နေဆဲလို့ သိရပါတယ်။

image