အလုပ်ရှင်ကို လေးစားသင့်တယ်လို့ စီးရီးအေအကြီးအကဲရဲ့ ပြောဆိုခြင်းခံလာရတဲ့ ရာဘီယော့

အောက်တိုဘာ ၉

နိုင်ငံခြားတွင် လိဂ်ပွဲကစားလာစေမှုအား ဝေဖန်ပြောဆိုခဲ့တဲ့ အေစီမီလန်အလယ်တန်းကစားသမားအက်ဒရီယန်ရာဘီယော့အနေဖြင့် အလုပ်ရှင်ကို လေးစားသင့်တယ်လို့ စီးရီးအေအမှုဆောင်ချုပ်လူဂီဒီဆီရာဗိုရဲ့ ပြောဆိုခြင်းခံလာရပါတယ်။

အေစီမီလန်ဟာ လာမယ့် ဖေဖော်ဝါရီလတွင် ကိုမိုနှင့် စီးရီးအေပွဲစဉ်အား ဩစတြေးလျနိုင်ငံ၊ ပတ်တွင် ကစားလာမှာ ဖြစ်ပြီး ဗီလာရီးရဲလ်နှင့် ဘာစီလိုနာတို့မှာလည်း ဒီဇင်ဘာလတွင် လာလီဂါပွဲအား မိုင်ယာမီတွင် ကစားလာပါမယ်။

ပြင်သစ်လက်ရွေးစင်ကစားသမားရာဘီယော့ဟာ ပြင်သစ်သတင်းစာ Le Figaro နှင့် အင်တာဗျူးတွင် ယင်းအစီအစဉ်မှာ ရူးကြောင်ကြောင်နိုင်လှကြောင်း ဝေဖန်သွားခဲ့ပါတယ်။

ယခုအခါ စီးရီးအေအကြီးအကဲက "သူ မှန်တယ်။ ဒါပေမယ့် ရာဘီယော့ဟာ ဘောလုံးသမားတွေ ငွေသန်းပေါင်းများစွာ ရနေတာကို မေ့နေတယ်။ သူတို့ ဘောလုံးကစားဖို့ ငွေပေးခံနေရတယ်ဆိုတာ မေ့နေတယ်။ သူ ရရှိတဲ့ ငွေအတွက် လေးစားသင့်တယ်။ သူ့အလုပ်ရှင်အေစီမီလန်ရဲ့ ဆန္ဒကို လေးစားသင့်တယ်။ သူ့အလုပ်ရှင်မီလန်က နိုင်ငံခြားမှာ ဒီပွဲကစားဖို့ လက်ခံထားတာပါ"လို့ ပြောကြားသွားပါတယ်။

ယူအီးအက်ဖ်အေဟာ စီးရီးအေနှင့် လာလီဂါပွဲတို့အား ပြည်ပသို့ ထွက်ကစားမှုအား ရပ်တန့်ရေး ဥပဒေပိုင်းဆိုင်ရာ လုပ်ပိုင်ခွင့် မရှိမှုနှင့်အတူ တစ်ကြိမ်တည်းအဖြစ် ခွင့်ပြုချက် ပေးထားပါတယ်။

#ဘောလုံးသတင်းစုံ

image