Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ကမ္ဘာပေါ်က လူနေထိုင်တဲ့ အသေးဆုံးကျွန်း - (Just
Room Enough Island)
˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚
Just Room Enough Island ဟာ အမေရိကန်ပြည် ထောင်စု၊ နယူးယောက်ပြည်နယ်၊ Alexandria Bay
အနီးက Thousand Islands ကျွန်းစုထဲမှာ ပါဝင်ပြီး၊
St. Lawrence မြစ်ထဲမှာ တည်ရှိတဲ့ ထူးခြားတဲ့ ကျွန်း
ငယ်လေးတစ်ကျွန်း ဖြစ်ပါတယ်။
မူလက Hub Island လို့ ခေါ်တွင်ခဲ့ပေမယ့်၊ 1950 ခုနှစ်ဝန်းကျင်မှာ Sizeland မိသားစုက ဝယ်ယူပြီးနောက်ပိုင်းမှာတော့ Just Room Enough Island လို့ နာမည်တွင်လာခဲ့တာဖြစ်ပါတယ်။
နာမည်အတိုင်းပဲ ဒီကျွန်းလေးဟာ အိမ်တစ်လုံးနဲ့ သစ်ပင်တစ်ပင် စိုက်ဖို့ နေရာလောက်ပဲ ကျယ်ဝန်းပြီး၊ ဧရိယာအားဖြင့် 3,300 စတုရန်းပေ (310 စတုရန်းမီတာ) ဝန်း ကျင်သာ ရှိပါတယ်။
ဒါကြောင့်လည်း ကမ္ဘာပေါ်မှာ လူနေထိုင်တဲ့ အသေးဆုံးကျွန်းအဖြစ် သတ်မှတ်ခံရလေ့ရှိပါတယ်။
Sizeland မိသားစုဟာ တိတ်ဆိတ်အေးချမ်းတဲ့ ပတ်ဝန်း ကျင်မှာ အပန်းဖြေဖို့ ရည်ရွယ်ချက်နဲ့ ဒီကျွန်းလေး ကို ဝယ်ယူခဲ့ပြီး၊ အိမ်လေးတစ်လုံးဆောက်လုပ်ကာ သစ်ပင်တစ်ပင် စိုက်ပျိုးခဲ့ကြပါတယ်။
ရေလှိုင်းတွေရဲ့ တိုက်စားမှုဒဏ်ကနေ ကာကွယ်ဖို့အတွက် အိမ်ရဲ့ ပတ်ပတ်လည်မှာ ကျောက်တုံးနံရံလေးတွေ ကာရံထားတာကိုလည်း မြင်တွေ့နိုင်ပါတယ်။
ဒါ့အပြင် ကျွန်းပေါ်မှာ သက်တောင့်သက်သာ နေထိုင်နိုင်ဖို့အတွက် လျှပ်စစ်နဲ့ ရေပိုက်လိုင်းတွေကိုလည်း သွယ် တန်းထားတာက ဒီကျွန်းလေးရဲ့ နေထိုင်မှု အဆင့်အတန်းကို ပြသနေပါတယ်။
Just Room Enough Island ဟာ သေးငယ်ပေမယ့် ထူးခြားတဲ့ တည်ရှိမှု နဲ့ အတူ Thousand Islands ဒေသကို လာရောက်လည်ပတ်သူတွေရဲ့ စိတ်ဝင်စားမှုကို ဖမ်း စားနိုင်တဲ့ နေရာလေးတစ်ခု ဆိုရင်လည်းမမှားပါဘူး။
ဒီကျွန်းလေးဟာ Sizeland မိသားစုရဲ့ ပုဂ္ဂလိက ပိုင်ဆိုင်မှုဖြစ်ပေမယ့်၊ သဘာဝအလှတရားတွေ ဝန်းရံထားပြီး တိတ်ဆိတ်အေးချမ်းတဲ့ နေရာမှာ အပန်းဖြေဖို့ ရှာဖွေနေသူတွေအတွက်တော့ Just Room Enough Island ကျွန်းလေးက အိပ်မက်တစ်ခုလို ဖြစ်နေမှာ အသေအချာပါပဲ။
လီဗာပူးလ်အသင်းရဲ့အဂ်လန်လက်ရွေးစင်ကွင်းလယ်ကစားသမားဟောင်းအဲလက်စ်အော့စလိတ်ချိန်ဘာလိန်ဟာအဂ်လန်ကိုနောက်တကြိမ်ပြန်လာဖွယ်ရှိနေတယ်လို့ အဂ်လန်သတင်းဌာန The Sun ကဖော်ပြခဲ့ပါတယ်။
အသက် ၃၁ နှစ်အရွယ်အဲလက်အော့စလိတ်ချိန်ဘာလိန်ဟာလက်ရှိကလပ်ဘက်ဆီတပ်စ်အသင်းမှာပွဲထွက်ကစားခွင့်သိပ်မရခဲ့ဘဲစိတ်ပျက်စရာရာသီကာလရှိခဲ့တာဖြစ်ပါတယ်။
ဘက်ဆီတပ်စ်အသင်းရဲ့နည်းပြသစ်ဖြစ်လာတဲ့အိုလေဂန်းနားဆိုးလ်ရှားဟာ အော့စလိတ်ချိန်ဘာလိန်ကိုပွဲနဲ့ထိတွေ့ကစားဖို့အတွက်ပွဲထွက်ကစားခွင့်ပိုပေးဖို့ရည်မှန်းထားပေမဲ့လည်း အဆိုပါကစားသမားအနေနဲ့ အဂ်လန်ပရီးမီးယားလိဂ်ကိုနောက်တကြိမ်ပြောင်းရွှေ့ကစားဖို့စိတ်ဝင်စားမှုရှိနေတယ်လို့ တူရကီသတင်းကဖော်ပြခဲ့ပါတယ်။
လက်ရှိမှာတော့ပရီးမီးယားလိဂ်ကလပ်အသင်း ၂ သင်းဖြစ်တဲ့၀ုဗ်ဗာဟမ်တန်အသင်းနဲ့လက်စတာစီးတီးအသင်းတို့ဟာ အဲလက်အော့စလိတ်ချိန်ဘာလိန်ရဲ့အခြေအနေကို ဒီဇန်နဝါရီလကစားသမားအပြောင်းအရွှေ့စျေးကွက်ကာလမပိတ်သိမ်းခင်မှာအသီးသီးစောင့်ကြည့်နေကြတာဖြစ်ပါတယ်။
ဒါ့အပြင်ချန်ပီယံရှစ်လိဂ်ကလပ်လိဒ်ယူနိုက်တက်အသင်းအနေနဲ့လည်း အဆိုပါကွင်းလယ်ကစားသမားအနေနဲ့အသင်းကနေပြောင်းရွှေ့ခွင့်ရမယ်ဆိုရင်တော့ အော့စလိတ်ချိန်ဘာလိန်ကိုခေါ်ယူဖို့စိတ်ဝင်စားမှုရှိနေတာဖြစ်ပါတယ်။
ဘက်ဆီတပ်စ်အသင်းအနေနဲ့ အဲလက်စ်အော့စလိတ်ချိန်ဘာလိန်ကို အသင်းကနေအငှားနဲ့လက်လွှတ်ဖွယ်ရှိနေတဲ့အရိပ်အယောင်ရှိနေပြီး တကယ်လို့ကစားသမားအနေနဲ့အပြောင်းအရွှေ့ကောင်းကောင်းဖြစ်လာမယ်ဆိုရင်တော့ကစားသမားကိုလက်လွှတ်ဖို့လက်ခံလာဖွယ်လည်းရှိနေပါတယ်။
#ဘောလုံးသတင်းစုံ
ဘိန်းစာရွက်ပြုတ်ရည်ကို အုပ်စုဖွဲ့သောက်နေကြသည့် မြန်မာ ၂၆ ဦးကို ထိုင်းဥပဒေအရ အရေးယူရန် ဖမ်းဆီးထား
ဇန်နဝါရီ ၃၁
ဘိန်းစားရွက်ပြုတ်ရည်ကို အုပ်စုဖွဲ့သောက်နေကြသည့် မြန်မာ ၂၆ ဦးကို ထိုင်းဥပဒေအရ အရေးယူရန် ဖမ်းဆီးထားကြောင်း ထိုင်းဒေသတွင်း သတင်းများအရ သိရသည်။
ယမန်နေ့ ဇန်နဝါရီလ ၂၉ ရက် ညနေ ၅ နာရီခွဲခန့်အချိန်တွင် စမွတ်စခွန်ခရိုင် လူဝင်မှုကြီးကြပ်ရေးအဖွဲ့ဦးဆောင်သော ပြည်သူ့ကျန်းမာရေး အုပ်ချုပ်ရေး ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့က လိုက်လံစစ်ဆေးမှုပြုလုပ်စဉ် ဘိန်းစာရွက်ပြုတ်ရည် သောက်နေကြသည့် မြန်မာနိုင်ငံသား အုပ်စုတစ်စုကို တွေ့ရှိသည့်အတွက် ဖမ်းဆီးလိုက်ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းတို့ကို ဘိန်းစားရွက်ပြုတ်ရည်ရောင်းချသူသော စမွတ်ဆာခွန်ခရိုင်၊ ကထုန့်ဘဲင်မြို့နယ်၊ အမှတ် (၆)၊ ခေါင်မဒူကျေး ရွာ၊ ထိုင်းနိုင်ငံသားတစ်ဦး၏တိုက်ခန်းအတွင်းဝင်ရောက် စစ်ဆေးစဉ်တွေ့ရှိခဲ့ခြင်းဖြစ်ပြီး လူ ၃၀ တွင် ၂၆ ဦးက ဘိန်းစာရွက်ပြုတ်ရည်သောက်နေကြကြောင်း သိရသည်။
ထို့ကြောင့် သောက်သုံးကြသည့် ၂၆ ဦးကို ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း၊ ယင်းမြန်မာနိုင်ငံသားလူငယ်များမှာ ထိုင်းနိုင်ငံသို့ တရားဝင်ရောက်ရှိနေသူများ ဖြစ်ကြောင်း၊ သို့သော်လည်း ထိုင်းနိုင်ငံ ဥပဒေကို ချိုးဖောက်သောကြောင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း စမွတ်ဆာခွန်ခရိုင်ပြန်ကြားရေးဌာန၏ ထုတ်ပြန်ချက်ကို ကိုးကား၍ ဒေသတွင်း သတင်းများက ရေးသားကြသည်။
လက်ရှိတွင် ကထုန့်ဘဲင်ရဲစခန်း၌ ဘိန်းစာရွက်ပြုတ်ရည်ရောင်းသော ထိုင်းနိုင်ငံသားနှင့် မြန်မာနိုင်ငံသားတို့ကို ထိန်းသိမ်းထားပြီး ဥပဒေအရ အရေးယူဆောင်ရွက်မည် ဖြစ်ကြောင်းလည်း သိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၁၉ ရက်ကလည်း စမွတ်ဆာခွန်ခရိုင်၊ ကထုန့်ဘဲင်မြို့နယ်၊ အမှတ် (၆)၊ အောင့်နွဲ့ကျေးရွာတွင် ဘိလိယက်ခုံဖြင့် တွဲပြီးဖွင့်ထားသည့် ဈေးဆိုင်တစ်ဆိုင်၌ ဘိန်းစာရွက်ပြုတ်ရည်တမြမြနှင့် ဘိလိယက် ထိုးနေကြသည့် မြန်မာနိုင်ငံသား ၃၀ ကျော် အဖမ်းခံခဲ့ရသေးသည်။
#centralnewsnaypyitaw
ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ
ဇန်နဝါရီ ၃၁
#ရွှေဈေး
-ကမ္ဘာ့ရွှေဈေး
တအောင်စ ၂၇၉၅ ဒေါ်လာ
ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း
- အကယ်ဒမီ မီးလင်းရွှေ တကျပ်သား
၅၄၅၀၀၀၀ ကျပ်
ပြင်ပ အရောင်းအဝယ်ဖြစ်တဲ့ ရွှေဈေးနှုန်း
-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၆၅၀၀၀၀၀ ကျပ်
ဝယ်ဈေး ၆၄၆၀၀၀၀ ကျပ်
-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၆၃၀၀၀၀၀ ကျပ်
ဝယ်ဈေး ၆၂၆၀၀၀၀ ကျပ်
“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”
(ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။)
#နိုင်ငံခြားငွေလဲလှယ်နှုန်း
-မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း
အမေရိကန် တဒေါ်လာ - ၃၅၉၃ ကျပ်
ပြင်ပပေါက်စျေး
-အမေရိကန်ဒေါ်လာ
ရောင်းဈေး - ၄၅၆၀ ကျပ်
ဝယ်ဈေး - ၄၄၆၀ ကျပ်
-စင်္ကာပူဒေါ်လာ
ရောင်းဈေး - ၃၃၇၀ ကျပ်
ဝယ်ဈေး - ၃၂၇၀ ကျပ်
-ယူရို
ရောင်းဈေး - ၄၇၅၅ ကျပ်
ဝယ်ဈေး - ၄၆၃၀ ကျပ်
-ထိုင်းဘတ်
ရောင်းဈေး - ၁၃၆.၀၅ ကျပ်
ဝယ်ဈေး - ၁၃၂.၄၅ ကျပ်
-မလေးရှားရင်းဂစ်
ရောင်းဈေး - ၁၀၃၆ ကျပ်
ဝယ်ဈေး - ၁၀၀၉ ကျပ်
-တရုတ်ယွမ်
ရောင်းဈေး - ၆၃၁ ကျပ်
ဝယ်ဈေး - ၆၁၄ ကျပ်
-ဂျပန်ယန်း
ရောင်းဈေး - ၂၉.၇၃ ကျပ်
ဝယ်ဈေး - ၂၈.၇၄ ကျပ်
-အိန္ဒိယရူပီး
ရောင်းဈေး - ၅၂.၈၀ ကျပ်
ဝယ်ဈေး - ၅၁.၄၀ ကျပ်
-ကိုရီးယားဝမ်
ရောင်းဈေး - ၃.၁၄ ကျပ်
ဝယ်ဈေး - ၃.၀၆ ကျပ်
-စတာလင်ပေါင်
ရောင်းဈေး - ၅၆၈၀ ကျပ်
ဝယ်ဈေး - ၅၅၃၀ ကျပ်
-ဩစတြေးလျဒေါ်လာ
ရောင်းဈေး - ၂၈၄၀ ကျပ်
ဝယ်ဈေး - ၂၇၆၅ ကျပ်
-ကနေဒါဒေါ်လာ
ရောင်းဈေး - ၃၁၆၀ ကျပ်
ဝယ်ဈေး - ၃၀၇၅ ကျပ်
-ဟောင်ကောင်ဒေါ်လာ
ရောင်းဈေး - ၅၈၆ ကျပ်
ဝယ်ဈေး - ၅၇၁ ကျပ်
-ယူအေအီး
ရောင်းဈေး - ၁၂၄၅ ကျပ်
ဝယ်ဈေး - ၁၂၁၂ ကျပ်
ငွေလဲနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။
***သတ်မှတ်ဈေးအတိုင်း အရောင်းအဝယ်မလုပ်ပါက အရေးယူခံရနိုင်သည်။
#သတင်းဟင်းလေးအိုးကြီး
YBS ပေါ်မှာ ဆံပင်ရှည်နဲ့ မိန်းကလေးတွေ အထူးဂရုပြုရမယ့် အဖြစ် (ဆံပင်စည်းထားတာတောင် မရ ရအောင် လုပ်သွားတာပါ)
YBS 129 နဲ့ YBS 33 စီးသည့် မိန်းကလေးများ ဂရုစိုက်ကြပါရှင်။ ဆံပင်ချထားပြီး စီးတာမဟုတ်ပါဘူးရှင်။ ပထမနေ့က သူငယ်ချင်းက ဆံပင်ပီကေကပ်ခံရလို့ သတိပေးပါတယ်။ ကျစ်ဆံမြီး ကျစ်ပြီး ဆံပင်ရှေ့မှာ ထားစီးတာပါ။ သာကေတ ရောက်ခါနီး လူကြပ်တော့ မှတ်တိုင်ဆင်းခါနီး လူတိုးရင်း ဆံပင်ကို ချောကလက်တွေ အရည်ဖျော်ပြီး အဆုပ်လိုက် ကပ်လိုက်တာပါ။
ကိုယ်က ချောကလက်ဆိုတော့ ခေါင်းလျှော်လိုက်လို့ရပါတယ်။ သူငယ်ချင်းက ပီကေကပ်ခံရတော့ ဆံပင်ညှပ်လိုက်ရပါတယ်။ မျက်စိဆံပင်မွှေး စူးအောင်လဲ အသံကျယ်ကျယ် ဆံပင်ဖားလျား ချစီးတာ မဟုတ်ပါဘူးရှင့်။ မေတ္တာပဲ ပို့ပေးလိုက်ပါတယ်။ မိန်းကလေးများ သတိထားကြပါ။
#ရွှေဖရုံသီးမုန့်လုံးကြော်နည်း♡
Chinese Deep Fried Pumpkin Cake
ရွှေဖရုံသီးမုန့်လုံးကိုပဲယိုအစာသွပ်ပြီးကြော်ထားတဲ့ချိုမွေးကြွပ်ရွအရသာရှိလှတဲ့ရွှေဖရုံသီးမုန့်လုံးကြော်လေးဖြစ်ပါတယ်။
ပြုလုပ်ရလွယ်ကူပြီးရွှေဖရုံနဲ့ကောက်ညင်းနှစ်သက်သူများအတွက်လုပ်နည်းလေးမျှဝေပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်း (၁၇ခု)
*********
ရွှေဖရုံသီး - ၅၀၀.ဂရမ်
ကောက်ညင်းမုန့် - ၃၀၀ဂရမ်
ပဲယို - တစ်ပန်းကန်
ပေါင်မုန့် ခြောက် - တစ်ပန်းကန်
ဆီ - ကြော်ရန်
ပြင်ဆင်ပြုလုပ်ပုံ
***********
(၁)ရွှေဖရုံသီးကိုအခွံသင်ပြီးအတုံးသေးသေးတုံးကာနူးအိအောင်ပေါင်းပါ။သို့မဟုတ် မိုက်ခရိုဝေ့တွင်၅မိနစ်ခန့်ထည့်ပါ။
(၂)ရွေဖရုံသီးနူးအိပါကထွက်လာသောရေများကိုသွန်ပစ်ပြီးဇွန်းဖြင့်ကြေအောင်ဖိချေပေးပါ။
(၃)ချေပြီးသားရွှေဖရုံအနှစ်ထဲသို့ကောက်
ညင်းမုန့်ကိုဖြည်းဖြည်းဆီထည့်ပြီးမုန့်လုံးလုံးနိုင်သောအနေထိရအောင်ထည့်နယ်ပါ။
(၄)မုန့်လုံးလုံးနိုင်သောအနေရပါက၁၇လုံးအညီလုံးထားပါ။ပဲယိုကိုလည်းအသင့့်လုံး ထားပါ။
(၅)အားလုံးအသင့်ဖြစ်ပါကကောက်ညင်းလုံးကိုဖိပြားပြီးပဲယိုထည့်လုံးကာသာသာဖိပြားပြီးပေါင်မုန့်ခြောက်ကပ်ပါ။
(၆)မုန့်လုံးအားလုံးအစာသွပ်ပြီးပါကဆီပူအိုးတွင်နှစ်မိနစ်မှသုံးမိနစ်ထိရွှေရာင်ရအောင်ကြော်ပေးပြီးဆယ်ယူဆီစစ်ကပူပူနွေးနွေးတည်ခင်းသုံးဆောင်နိုင်ပါပြီ။
ပဲယိုပြုလုပ်နည်း
*********
ပဲလွန်း - ၂၅ကျပ်သား
ထန်းလျက် ၂၅ကျပ်သား
ဆီ - ၁၅ ကျပ်သား
ဆား - အနည်းငယ်
(၁)ပဲလွန်းကိုရေတညစိမ်ပြီးဆော်ဒါလ္ဘက်ဇွန်းတစ်ဇွန်းထည့်ပြီးပြုတ်ပါ။
(၂)ပဲနူးပါကရေစစ်ထားပြီးကြိတ်စက်ဖြင့်ကြေအောင်ကြိတ်ပါ။
(၃)ထန်းလျက်ကိုရေအနည်းငယ်ဖြင့်ကျိုပြီးအမှိုက်များစစ်ထုတ်ပါ။ပြီးလျှင်ညောင်စေးကျအောင်ပြန်ကျိုထားပါ။
(၄)ပဲယိုထိုးမည့်ဒယ်အိုးတွင်ဆီထည့်ပြီးထန်းလျက်ထည့်ကြော်ပါ။
(၅)မွှေးပြီးထန်းလျက်ပွလာပါကပဲကြိတ်ထားသည်ကိုထည့်ပါ။ဆားအနည်းငယ်ထည့်ပြီးရေခမ်းဆီပြန်လာသည်ထိမွေပေးပါ။
ပဲတွင်ရေကျန်ပါကထန်းလျက်တွင်ရေကျန်ပါကကျိုနေစဉ်တွင်အပူများစင်တတ်ပါတယ်။
(၆)အထားခံရန်ဆီပြန်ပြီးလုံးလာသည်ထိကျိုပေးပါ။ပြီးလျှင်အအေးခံထားကာလိုသလိုအသုံးပြုနိုင်ပါပြီ။
**ပဲယ်ိုကိုစူပါမားကတ်များတွင်အသင့်သုံးအထုပ်များလည်းဝယ်ယူအသုံးပြုနိုင်ပါတယ်။
Crd.ဆိုဖီယာ