Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
အန်တီအတွေ့အကြုံလေး ပြောပြမယ်နော်။
အရင်တုန်းက အန်တီ မနက်စောစော အိပ်ယာထရင် မောပန်းသလို ခံစားရပြီး ကိုယ်ခန္ဓာလည်း မလန်းဆန်းဘူး။ ဗိုက်လည်း မကြာခဏ နာတာနဲ့ လေပွတာ အစာမကြေတာတွေ ခံစားရတယ်။ အဲဒီအချိန်မှာ ရပ်ကွက်ထဲက လူကြီးတွေက “မနက်စောစော ပျားရည်စိမ် သံပုရာရည်သောက်ရင် ကျန်းမာရေးအတွက် အရမ်းကောင်းတယ်” လို့ ပြောတာကြားတော့ အန်တီလည်း နေ့တိုင်း လုပ်သောက်ကြည့်တယ်။ တကယ်ပဲ ကိုယ့်ကိုယ်ကိုယ် ပြောင်းလဲသွားတယ်လို့ ခံစားရတယ်။ အိပ်ယာနိုးရင်လည်း တက်ကြွလာပြီး ကိုယ်ခန္ဓာက လန်းဆန်းလာတယ်။ အစာခြေစနစ်လည်း ပိုကောင်းလာတယ်။
🍋 အန်တီကိုယ်တိုင် ခံစားခဲ့ရတဲ့ အကျိုးကျေးဇူးတွေတော့...
* ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးပြီး
အညစ်အကြေးတွေကိုလည်း ဖယ်ရှားပေးတယ်။
* လေပွတာနဲ့ ဗိုက်အောင့်တာတွေကို သက်သာစေပြီး အစာ
အိမ်ထဲက လေတွေကို ကောင်းကောင်းဖယ်ရှားပေးတယ်။
* ပျားရည်က နှလုံးနဲ့ သွေးကြောတွေကို အားဖြည့်ပေးပြီး
ခန္ဓာကိုယ်ထဲက ရောင်ရမ်းတာတွေကို လျှော့ချပေးတယ်။
* သံပရာသီးမှာ ဗီတာမင်စီ ကြွယ်ဝတာကြောင့် ကိုယ်ခံအား
ကို ကောင်းမွန်စေပြီး အလွယ်တကူ မဖျားမနာအောင် ကာ
ကွယ်ပေးတယ်။
🍃 ပုံမှန်သောက်ပေးရင် အသားအရေကိုလည်း စိုပြေဝင်းပစေတယ်။
🍯 သံပရာသီး ပျားရည်စိမ် ပြုလုပ်နည်း
၁။ သံပရာသီးကို ရေသေချာဆေးပြီး အခွံပါးပါးလှီးပါ။ (အခွံပါးတဲ့သံပရာသီးကို ရွေးချယ်သင့်ပါတယ်)
၂။ ဖန်ပုလင်းသန့်သန့်ထဲကို လှီးထားတဲ့ သံပရာသီးတွေထည့်ပြီး အပေါ်ကနေ ပျားရည်စစ်စစ်ကို သံပရာသီးတွေမြုပ်သည်အထိ လောင်းထည့်ပါ။
၃။ အဖုံးကို လုံအောင်ပိတ်ပြီး ၇ ရက်လောက်ထားပါ။ ၇ ရက်ကြာရင် သံပရာသီးတွေပျော့လာပြီး ပျားရည်ကလည်း အရည်ကြည်ဖြစ်လာတဲ့အတွက် မွှေးပြီး စားလို့ကောင်းလာပါလိမ့်မယ်။
🥤 မနက်ခင်းသောက်သုံးနည်း.....
သံပရာသီး ပျားရည်စိမ်ကို ၁-၂ ဇွန်းယူပြီး ရေနွေးနွေး ၁ ဖန်ခွက်နဲ့ဖျော်ကာ မနက်အိပ်ယာနိုးနိုးချင်း (မနက်စာမစားမီ) ချက်ချင်းသောက်ပေးရပါမယ်။ ဒီလိုသောက်ပေးခြင်းဖြင့် အစာခြေစနစ်ကို ကောင်းမွန်စေပြီး တစ်နေ့လုံး လန်းဆန်းနေစေပါလိမ့်မယ်။
🌺 အဒေါ်ကတော့ ဒီလိုပဲ နေ့တိုင်းသောက်နေတာကြောင့် အတွင်းပိုင်းကနေ ကျန်းမာလာတယ်လို့ ခံစားရပါတယ်။ ကျန်းမာရေးအတွက်လည်း ကောင်းပြီး အရသာလည်းရှိတဲ့ ဒီနည်းလမ်းလေးကို တူမတွေထဲက စမ်းလုပ်ကြည့်ချင်တယ်ဆိုရင် လုပ်ကြည့်လို့ရပါတယ်နော်။ မခက်ပါဘူး💛🍋
ခံရတဲ့အပေါ်မှာ ဉာဏ်ရအောင်လုပ်
ကိလေသာတရားဆိုတာ လောကကြီးမှာ ကျော်တက်ရတာ ကျော်ဖြတ်ရတာ အခက်ခဲဆုံးပဲ။ အဲ့တော့ အသုဘကမ္မဌာန်းအထိရောက်အောင်သွား၊ အသုဘကမ္မဌာန်းအထိရောက်ဖို့က အရှူဈာန်ကောင်းအောင် ကျင့်ရတယ်။အရှူစျာန်ကောင်းရင် အသုဘမြင်မယ်၊ အသုဘမြင်လာရင် တရားဖြုတ်တာနဲ့ ၀စီပိတ်ကမ္မဌာန်းနဲ့ သွားရမယ်။စကားမပြောရဘူး ကိုယ်မြင်ထားတဲ့အသုဘနိမိတ်ကို တဒင်္ဂကနေ ဝိခမ္ဘန ဝိခမ္ဘနကနေသမုစ္ဆေဒဖြစ်သွားတဲ့အထိ ပွားနေရမယ်။
ဘယ်သူ့ကိုမှမကြောက်နဲ့၊ ကိုယ့်ကိလေသာကိုပဲ ကိုယ်ကြောက်၊ ကိုယ့်ကိလေသာကို ကိုယ်ကြောက်ပြီး ကိလေသာကိုနိုင်ချင်ရင် ဘာလုပ်ရမလဲ၊ တရားမှန်မှန်တက်ပြီး တရားကို သေချာကြိုးစား၊ ဘုန်းကြီးတရားကျင့်တုန်းကလဲ ဘယ်သူကိုမှမနိုင်ချင်ဘူး ကိလေသာကိုပဲနိုင်ချင်တာ၊ ကိလေသာကိုနိုင်ချင်တဲ့အခါကြတော့ ဘာလုပ်လဲ၊ တရားကြိုးစားတယ်။ တရားကို နည်းလမ်းမှန်အောင်ကျင့်တယ်။
တရားကျင့်တဲ့အခါမှာ နည်းလမ်းမှန်အောင်ကျင့်ရတယ်၊ ဥပမာ ဝေဒနာခဏ်းထိုင်တယ်၊ ဝေဒနာခဏ်းထိုင်တဲ့အခါမှာ ဣရိယာပုတ်ကို တိတိကျကျထိုင် သည်းခံပြီးဉာဏ်ဖြစ်အောင်ရှူရတယ်၊ ဝေဒနာရှူတဲ့အခါမှာ ဣရိယာပုတ်ကို တိတိကျကျထိုင်ရတယ်၊ လှုပ်လို့မရဘူး၊ပြင်လို့မရဘူး၊ လှုပ်နေပြင်နေရင် ဉာဏ်နဲ့ဝေးသွားမယ်။တိတိကျကျထိုင်ပြီးရှုရင်တော့ ဉာဏ်ဆိုတာ တစ်ချိန်မဟုတ်တစ်ချိန် ပေါ်လာမှာပဲ။
သူ့အချိန်တန်ရင် ဉာဏ်ကပေါ်လာမှာပဲ၊ ဒါပေမယ့် ထိုင်တဲ့အခါ နည်းစနစ်မှန်အောင် ထိုင်ရတယ်၊ နည်းစနစ်ဆိုတာ သိအောင်ပြင်တာရှိတယ် မသိအောင်ပြင်တာရှိတယ်၊ သိအောင်ပြင်တာကတော့ သူများမြင်တယ်၊ မသိအောင်မြင်တာကြတော့ သူများမသိဘူး၊ အဲ့ဒါက တော်တော်သတိထားရမယ့်အချက်ပဲ။ ဉာဏ်ကို ဘာက တားထားလဲဆိုတော့ ဣရိယာပုတ်က တားထားတယ်၊ ဘယ်အချိန်တားလဲဆိုတော့ ပြင်လိုက်တဲ့အချိန်တားသွားတယ်၊ ဉာဏ်မပေါ်နိုင်တော့ဘူး။ ဒါကြောင့် စိတ်ရှည်ရှည်ရှည်နဲ့ ကိုယ့်ဝေဒနာအပေါ်မှာ ဉာဏ်ဖြစ်အောင်ရှု။ ကြိုးစား အသုဘတွေ။ သေချာကြိုးစား၊ သေချာအားထုတ်၊ စပြီးထိုင်ကတည်းကနေ နာရီပြည့်တဲ့အထိ အာနာပါနကိုအားကိုးပြီးထိုင်။
တရားက လျော့တိလျော့ရဲလုပ်လိုမရဘူး၊ တိတိကျကျနဲ့သေချာအားထုတ်။ ဝေဒနာတွေတက်လာရင် သည်းခံပြီးတော့ ဉာဏ်ရအောင် နှလုံးသွင်း။ တကယ်ဆင်းရဲတဲ့ခန္ဓာကြီးပါလား၊ တကယ်ဒုက္ခခန္ဓာကြီးပါလား၊ နောက်ကိုလဲ ဒီခန္ဓာပြန်ရရင် ဒုက္ခတွေပဲပြန်ရမှာပါလားလို့ ပစ္စုပ္ပန်ခံစားနေရတဲ့ဝေဒနာပေါ်ကနေ အမှန်မြင်အမှန်သိပြီးတော့ နောက်ကို ဒီလိုဒုက္ခမျိုးတွေ မလိုချင်အောင် မဖြစ်ချင်အောင် ကြိုးစား။
ဒီလို ဒုက္ခခန္ဓာမျိုးကနေ လွတ်မြောက်ဖို့ဆိုတာ တရားတစ်ခုပဲရှိတယ်။ သတိပဌာန်တရားလေးပါးက လွဲလို့ နိဗ္ဗာန်ရောက်ကြောင်း မရှိဘူးတဲ့။ တရားဆိုတာ အားထုတ်ရင်း သိလာတယ်၊ သိလာလေလေ ပိုပြီးအားထုတ်လေလေပဲ။ အားထုတ်မှသိမယ့်တရားမို့ ကျန်းမာတုန်းမှာ ကြိုးစား။ မကျန်းမာတဲ့ခန္ဓာကိုယ်မျိုးဆိုတာ အချိန်တန်ရင်ဖြစ်လာမှာ အဲ့ဒီအခါကြတော့ တရားအားထုတ်လို့ မရတော့ဘူး။
ဒါကြောင့်မို့ ကျန်းမာတုန်း၊ အဖော်ကောင်းတွေရှိတုန်း၊ပြပေးမယ့်ဆရာသမားရှိတုန်း၊ တရားစခန်းနဲ့လည်းကြုံတုန်း သေသေချာချာ တိတိကျကျနဲ့ ကြိုးစားအားထုတ်ထားကြ။ အရေးကြီးတာက တရားထိုင်တဲ့အချိန်မှာ ကိုယ့်အာနပါနကိုအားကိုး၊ အရှူနဲ့ ဝေဒနာလိုက်၊ အရှူနဲ့ အသုဘနှလုံးသွင်း....။
📌 တွံတေးသဲအင်းဂူဆရာတော်ဘဒ္ဒန္တဝေပုလ္လ
✍️ အရှင်ဝိသုဒ္ဓ(ကျောက်လုံးကြီးတောရ)
#ဓမ္မအသိဖြင့်အကျိုးရှိရှိနေမည်
A hiker who had been missing for nearly a month has been found dead in a Wyoming forest, authorities said.
Grant Gardner, a Minnesota man who had planned on a three-day hike within Bighorn National Forest, was last heard from on July 29, when he contacted his wife saying he reached the summit at Cloud Peak — which is the highest peak within the forest — the sheriff's office said.
Gardner's body was recovered earlier this week. Prior to the discovery of his body, officials had suspended search efforts for the hiker, saying that his "most optimistic survival odds have run out."
Read more: https://abcnews.visitlink.me/2rX8EK
◼ ထိုင်းအခြေခံဥပဒေခုံရုံးကဝန်ကြီးချုပ်ပေထုန်တန်အားရာထူးမှအပြီးဖယ်ရှား
ထိုင်းဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံးက ဝန်ကြီးချုပ် ပေထုန်တန်ရှင်နာဝပ်အား ထုတ်ပယ်ရန်ဆုံးဖြတ်လိုက်သည်။
အိမ်နီးချင်း ကမ္ဘောဒီးယားနှင့် နယ်စပ်အငြင်းပွားမှုများအား ကိုင်တွယ်ရာတွင် ပေထုန်တန် က ကျင့်ဝတ်စံနှုန်းများကို ချိုးဖောက်ခဲ့ကြောင်း တရားရုံးက တွေ့ရှိခဲ့သည်။
ယင်းနှင့်အတူ ကမ္ဘောဒီးယားနှင့်တင်းမာမှုများ ဆက်ရှိနေစဉ် ဝန်ကြီးချုပ်သစ်တစ်ဦးအား ရွေးချယ်ရန် ထိုင်းအောက် လွှတ်တော်က လုပ်ဆောင်သွားမည်ဖြစ်သည်။
ဇွန်လက ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း နှင့် လက်ရှိအထက်လွှတ်တော်ဥက္ကဌ ဟွန်ဆန်နှင့် ဖုန်းခေါ်ဆိုဆွေးနွေးမှု ပေါက်ကြားသွားခဲ့ပြီးနောက် ပေထုန်တန်သည် ရာထူးမှ ဆိုင်းငံ့ခံခဲ့ရကာ ယခုအခါ ထုတ်ပယ်ခံခဲ့ရခြင်းဖြစ်သည်။
အဆိုပါ ဖုန်းခေါ်ဆိုမှုတွင် ၎င်းက ဟွန်ဆန်အားအောက်ကျို့
လွန်းပုံရခဲ့ပြီး ထိုင်းစစ်ဘက်အကြီးအကဲတစ်ဦးကိုလည်း ဂုဏ်သိက္ခာညှိုးနွမ်းအောင် ပြောဆိုခဲ့ပုံပေါ်ရသည်။
ထိုင်းနိုင်ငံ၏အသက်အငယ်ဆုံး ဝန်ကြီးချုပ်အဖြစ် မှတ်တမ်းဝင်သော ပေထုန်တန်သည် ရာထူးရယူပြီးတစ်နှစ်အကြာမှာပင် ထုတ်ပယ်ခံရခြင်းဖြစ်ကာ ဘီလျံနာသူဌေးကြီး သက်ဆင်ရှင်နာဝပ်မိသားစုထံမှ ဆင်းသက်သူ( သို့မဟုတ်) ထောက်ခံခဲ့သူများထဲမှ စစ်ဘက် သို့မဟုတ် တရားရေးစနစ်ဖြင့် ဖယ်ရှားခံရသည့် ဆဌမမြောက် ဝန်ကြီးချုပ်ဖြစ်လာခဲ့ကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြသည်။
ထောက်ခံမဲ ခြောက်မဲ ၊ ကန့်ကွက်မဲ သုံးမဲ ဖြင့် ဆုံးဖြတ်ခဲ့သော တရားရုံးဆုံးဖြတ်ချက်တွင် ပေထုန်တန်သည် နိုင် ငံ၏အကျိုးစီးပွားထက် ၎င်း၏ကိုယ်ကျိုးကို ဦးစားပေးခဲ့ပြီး ပြည်သူလူထု၏ယုံကြည်မှု ဆုံးရှုံးခြင်း ဖြစ်စေခဲ့ကြောင်း တရားရုံးက ပြောကြားသည်။
အောက်လွှတ်တော် က ဝန်ကြီးချုပ်သစ် တစ်ဦးအား ရွေးချယ်ပြီးသည့်အချိန်အထိ ဒုတိယဝန်ကြီးချုပ် ဝီချာယာချိုင်း က အစိုးရအဖွဲ့အား ယာယီတာဝန်ယူထားမည်ဖြစ်သည်။
သတင်း-ရဲမင်း
ကိုးကား- Agencies
#နိုင်ငံတကာသတင်း
တရုတ်သိပ္ပံပညာရှင်များ 6G ဆက်သွယ်ရေးနည်းပညာတွင် တိုးတက်မှုများ ပြုလုပ်နိုင်ခဲ့
တရုတ်နိုင်ငံမှ သိပ္ပံပညာရှင်များသည် 6G ဆက်သွယ်ရေးနည်းပညာတွင် သိသိသာသာ တိုးတက်မှုများ ပြုလုပ်နိုင်ခဲ့ကြောင်း ပီကင်းတက္ကသိုလ် (Peking University - PKU)၏ ထုတ်ပြန်ချက်အရ သိရသည်။
ပီကင်းတက္ကသိုလ်နှင့် ဟောင်ကောင်မြို့တော်တက္ကသိုလ် (City University of Hong Kong) တို့မှ ပူးပေါင်းသုတေသနအဖွဲ့သည် photonic-electronic hybrid integration ဟုခေါ်သော နည်းပညာကို အသုံးချ၍ မြန်နှုန်းမြင့်ပြီး လှိုင်းကြိမ်နှုန်း(frequency)ကိုပါ စိတ်ကြိုက်ပြောင်းလဲနိုင်သည့် ultra-wideband ဝိုင်ဖိုင်ဆက်သွယ်ရေးစနစ်ကို အောင်မြင်စွာ တီထွင်နိုင်ခဲ့သည်။
ယင်းသည် ကမ္ဘာပေါ်တွင် ပထမဆုံး အောင်မြင်မှုဖြစ်ပြီး အနာဂတ် 6G ကွန်ရက်များ၏ ယုံကြည်စိတ်ချရမှုနှင့် စွမ်းဆောင်ရည်ကို မြှင့်တင်ပေးနိုင်မည်ဟု မျှော်လင့်ရသည်။ အဆိုပါ သုတေသနတွေ့ရှိချက်များကို Nature သိပ္ပံဂျာနယ်က အွန်လိုင်းမှ ထုတ်ပြန်ခဲ့သည်။
6G သည် မျိုးဆက်သစ် ဝိုင်ဖိုင်ဆက်သွယ်ရေးဖြစ်သောကြောင့် အခြေအနေအမျိုးမျိုးတွင် မတူညီသည့် လှိုင်းနှုန်းများတစ်လျှောက် မြန်နှုန်းမြင့်စွာ ပို့လွှတ်နိုင်ရန် လိုအပ်သည်။ သို့သော် သမားရိုးကျ အီလက်ထရွန်နစ် ဟာ့ဒ်ဝဲများသည် ဒီဇိုင်း၊ တည်ဆောက်ပုံနှင့် ပစ္စည်းများ ကွဲပြားမှုကြောင့် သတ်မှတ်ထားသော လှိုင်းနှုန်းအကွာအဝေးအတွင်း၌သာ အလုပ်လုပ်နိုင်သည်။ ထို့ကြောင့် ကြိမ်နှုန်းများစွာကို ဖြတ်ကျော်၍ သို့မဟုတ် လှိုင်းစဉ်အပြည့်အဝ လုပ်ဆောင်နိုင်ရန် ခက်ခဲသည်။
ဤစိန်ခေါ်မှုကို ဖြေရှင်းရန်အတွက် အဆိုပါအဖွဲ့သည် လေးနှစ်ကြာ သုတေသနပြုပြီးနောက် ultra-wideband photonic-electronic ပေါင်းစပ်စနစ်ကို တီထွင်ခဲ့ခြင်းဖြစ်သည်။ ဤစနစ်သည် 0.5 GHz မှ 115 GHz ကြားရှိ မည်သည့် ကြိမ်နှုန်းတွင်မဆို မြန်နှုန်းမြင့် ပို့လွှတ်မှုကို အထောက်အကူပြုသည်။ ၎င်းသည် ကမ္ဘာ့ပထမဆုံး လှိုင်းစဉ်အပြည့်အဝ သုံးနိုင်သော စွမ်းရည်ဖြစ်သည်။ ထို့အပြင် ၎င်းတွင် အလိုက်သင့် ပြောင်းလဲနိုင်သည့်စွမ်းရည် (flexible tunability) လည်း ပါရှိသည်။ ထို့ကြောင့် ဆက်သွယ်ရေးတွင် နှောင့်ယှက်မှုများ ဖြစ်ပေါ်ပါက လုံခြုံသည့်လှိုင်းနှုန်းသို့ အလိုအလျောက် ပြောင်းလဲနိုင်ပြီး ဆက်သွယ်ရေး၏ ယုံကြည်စိတ်ချရမှုနှင့် လှိုင်းစဉ်စွမ်းဆောင်ရည်ကို တိုးတက်စေသည်။
ပီကင်းတက္ကသိုလ် အီလက်ထရောနစ်ဌာန၏ ဒုတိယအကြီးအကဲဖြစ်သူ ဝမ်ရှင်းကျွန်း(Wang Xingjun)က ဤနည်းပညာကို ရှင်းပြရာတွင် အီလက်ထရွန်နစ်အချက်ပြမှုများကို ယာဉ်များအဖြစ်လည်းကောင်း၊ လှိုင်းကြိမ်နှုန်းများကို ကားလမ်းများအဖြစ်လည်းကောင်း ဥပမာပေး၍ ရှင်းပြသည်။ ယခင်က အချက်ပြမှုများသည် ကားလမ်းတစ်လမ်း သို့မဟုတ် နှစ်လမ်းတွင်သာ ပြွတ်သိပ်နေခဲ့သော်လည်း ယခုအခါ လမ်းများစွာ ရရှိလာပြီဖြစ်သည်။ လမ်းတစ်လမ်း ပိတ်ဆို့သွားပါက အချက်ပြမှုများသည် အခြားလမ်းသို့ လွယ်ကူစွာ ပြောင်းလဲနိုင်သဖြင့် ပိုမိုမြန်ဆန်ချောမွေ့သော ဆက်သွယ်မှုကို အာမခံနိုင်ကြောင်း သူက ရှင်းပြသည်။
စမ်းသပ်မှုများအရ ဤစနစ်သည် 100 Gbps (တစ်စက္ကန့်လျှင် ဂစ်ဂါဘစ် ၁၀၀) ထက်ကျော်လွန်သည့် ကြိုးမဲ့ပို့လွှတ်မှုနှုန်းကို ရရှိနိုင်ကြောင်း ပြသခဲ့သည်။ ဤနှုန်းသည် တစ်ပြိုင်နက်တည်း 8K ultra-high-definition အရည်အသွေးရှိ ဗီဒီယို ၁,၀၀၀ ကို ကြည့်ရှုနိုင်လောက်အောင် လုံလောက်ပြီး 6G ၏ အမြင့်ဆုံးနှုန်း လိုအပ်ချက်များကို ပြည့်မီကာ လှိုင်းကြိမါနှုန်းအပြည့်အဝတွင်လည်း တသမတ်တည်းသော စွမ်းဆောင်ရည်ကို ထိန်းသိမ်းထားနိုင်ခြင်းဖြစ်လေသည်။
ယခုအခါ သုတေသနအဖွဲ့သည် အရွယ်အစား၊ အလေးချိန်နှင့် ပါဝါသုံးစွဲမှုကို အနည်းဆုံးဖြစ်အောင် လျှော့ချရန်အတွက် ၎င်းတို့၏ စနစ်တွင် ပေါင်းစည်းမှုအဆင့်ကို မြှင့်တင်ရန် ဆောင်ရွက်နေသည်။ ယင်းစနစ်ကို အခြားစနစ်အမျိုးမျိုးနှင့် လိုက်လျောညီထွေဖြစ်အောင် အသုံးပြုနိုင်မည့် photonic-electronic modules များကို တီထွင်ရန် ရည်ရွယ်ထားသည်။
ဝမ်ရှင်းကျွန်း၏ ပြောကြားချက်အရ အနာဂတ် 6G ကွန်ရက်ကြောင့် နေရာတိုင်းတွင် ဝိုင်ဖိုင်ဆက်သွယ်မှုများဖြင့် ပြည့်နှက်နေမည်ဖြစ်သည်။ အေအိုင်ဉာဏ်ရည်တု အယ်လ်ဂိုရီသမ်များဖြင့် အဆင့်မြှင့်ထားသည့် ဤစနစ်သစ်သည် အချက်အလက်များကို အချိန်နှင့်တစ်ပြေးညီ ပို့လွှတ်နိုင်ခြင်း၊ ပတ်ဝန်းကျင်ကို တိကျစွာ အာရုံခံနိုင်ခြင်းနှင့် အနှောင့်အယှက်များကို အလိုအလျောက် ရှောင်ရှားနိုင်ခြင်း စသည့် စွမ်းဆောင်ရည်များပါရှိသော ပိုမိုစမတ်ကျပြီး ပိုမိုပြောင်းလွယ်ပြင်လွယ်ရှိသည့် ကွန်ရက်များကို ဖန်တီးပေးနိုင်သည်။ ထို့ကြောင့် ရှုပ်ထွေးသော အခြေအနေများတွင်ပင် ပိုမိုလုံခြုံပြီး ထိရောက်သော ဆက်သွယ်ရေးကို သေချာစေမည်ဖြစ်ကြောင်း သူက ပြောကြားသည်။
အိမ်မှာ မကြာခဏ လုပ်စားဖြစ်တဲ့ မိနူးလေး။ 🤡
လွယ်ကူရိုးရှင်းတဲ့ ထိုင်းစတိုင် ခေါက်ဆွဲခြောက်ပဲ ဖြစ်ပါတယ်။ ခေါက်ဆွဲလေးတွေက ရွှဲရွှဲစိုစိုနဲ့ ပျော့အိအိလေး ဖြစ်နေမှာပါ။
ပါဝင်ပစ္စည်းများ......
* ကြက်သွန်ဖြူဆီချက် (garlic oil) – ၂ ဇွန်း
* ပဲငံပြာရည်အချို – ၁ ဇွန်း (မကြိုက်ရင် ½ ဇွန်းပဲ ထည့်ပါ)
* ခရုဆီ – ၄ ဇွန်း
* ဟင်းခတ်ဆော့စ် (အစိမ်းရောင်အဖုံး) – ၃ ဇွန်း
* ငရုတ်သီးဆော့စ် – ၂ ဇွန်း
* ရှာလကာရည် – ၁ ဇွန်း (သံပရာရည်နဲ့ အစားထိုးနိုင်ပါတယ်)
* သကြား – ၁½ ဇွန်း
* ငရုတ်သီးမှုန့် – ၂ ဇွန်း
* ရေ – ၃ ဇွန်း
* မြေပဲလှော်အမှုန့် – ကြိုက်နှစ်သက်သလောက်
* ပဲပင်ပေါက်
* နံနံပင်နဲ့ ကြက်သွန်မြိတ် (ပါးပါးလှီးထားပါ)
* အကြိုက်ဆုံး အသားလုံး
* ခေါက်ဆွဲဖတ် (အကျယ်ကြီး) – ၃၅၀ ဂရမ်
(ခေါက်ဆွဲအများကြီး ကြိုက်ရင် ၄၅၀ ဂရမ် သုံးနိုင်ပါတယ်)
ပြုလုပ်နည်း.......
၁။ ပထမဆုံး ဆော့စ်အရည်ကို ပြင်ဆင်ပါ။ အိုးတစ်လုံးထဲမှာ ပဲငံပြာရည်အချို၊ ခရုဆီ၊ ဟင်းခတ်ဆော့စ်၊ ငရုတ်သီးဆော့စ်၊ ရှာလကာရည်၊ သကြား၊ ငရုတ်သီးမှုန့်နဲ့ ရေတို့ကို ရောမွှေပါ။ (ချက်ချင်းမသုံးသေးဘူးဆိုရင် မီးဖိုပေါ်မှာ အပူပေးပြီး သကြားတွေ အရည်ပျော်တဲ့အထိ မွှေပေးပါ။)
၂။ ရေဆူဆူထဲမှာ ခေါက်ဆွဲဖတ်၊ ပဲပင်ပေါက်နဲ့ အမဲသားလုံးတို့ကို ပြုတ်ပါ။
၃။ ပြုတ်ထားတဲ့ ပါဝင်ပစ္စည်းအားလုံးကို ဆော့စ်ရည်ထဲ ထည့်ပြီး ရောမွှေပါ။ ပြီးနောက် ကြက်သွန်ဖြူဆီချက်၊ နံနံပင်နဲ့ ကြက်သွန်မြိတ် ထည့်ပြီး သုံးဆောင်နိုင်ပါပြီ။
◼ အပူပိုင်းမုန်တိုင်းငယ်၏အရှိန်ကြောင့် သြဂုတ် ၃၁ ရက် မှ စက်တင်ဘာ ၃ ရက်အတွင်း နိုင်ငံတစ်ဝန်း မိုးကြီးနိုင်
တောင်တရုတ်ပင်လယ်တွင်ဖြစ်ပေါ်နေသည့် အပူပိုင်းမုန်တိုင်းငယ်၏အရှိန်ကြောင့် သြဂုတ် ၃၁ ရက် မှစ၍ စက်တင်ဘာ ၃ ရက်အတွင်း နိုင်ငံတစ်ဝန်း မိုးကြီးနိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ခန့်မှန်းထားသည်။
အဆိုပါ အပူပိုင်းမုန်တိုင်းငယ်သည် နောက် ၂၄ နာရီအတွင်း အပူပိုင်းမုန်တိုင်း အဖြစ်သို့ ပိုမို အားကောင်းလာနိုင်ကာ မနက်ဖြန် (သြဂုတ် ၃၀)ရက် တွင် ဗီယက်နမ်နိုင်ငံအရှေ့ပိုင်းကမ်းခြေကို ဖြတ်ကျော်နိုင်ကြောင်းခန့်မှန်းချက်အရ သိရသည်။
သြဂုတ် ၃၁ ရက် မှ စက်တင်ဘာ ၃ ရက်အတွင်း စစ်ကိုင်းတိုင်း(အထက်ပိုင်း)၊ ကချင်ပြည်နယ် နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း)တို့တွင် နေရာကျဲကျဲ နှင့် နေပြည်တော်၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း(အောက်ပိုင်း)၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ် နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း) နှင့် (အရှေ့ပိုင်း)တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး အချို့ဒေသများတွင်မူ နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးဇလမှ ခန့်မှန်းထားသည်။
“ဩဂုတ်လ ၃၁ ရက်၊နေ့လည် ၁၂ နာရီ မှ စက်တင်ဘာလ ၁ ရက် နေ့လည် ၁၂ နာရီအထိ - ၂၄ နာရီ မိုးရေချိန်သည် ပဲခူးတိုင်း(အရှေ့ပိုင်း)၊ နေပြည်တော်(မန္တလေးတိုင်း၊တောင်ပိုင်း)နှင့် မကွေးတိုင်း (တောင်ပိုင်း)ဒေသများတွင် မိုးအလွန်များနိုင်သည်။ မန္တလေးတိုင်းအလယ်ပိုင်း(မန္တလေးမြို့တောင်ဘက်)၊ မကွေးတိုင်းအလယ်ပိုင်း(နတ်မောက်၊ ရေနံချောင်း)၊ ရှမ်းပြည်နယ်တောင်ပိုင်း(တောင်ကြီးမြို့အောက်ဘက်)၊ ကယားပြည်နယ်တခုလုံးတွင် မိုးအသင့်အတင့်မှ မိုးများနိုင်သည်"ဟု မိုးလေဝသစောင့်ကြည့်လေ့လာသူ ဦးဝင်းနိုင်ကလည်း ကြိုတင်ခန့်မှန်းထားသည်။
ယင်းအပူပိုင်းမုန်တိုင်းငယ်၏ အရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်း တိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်တစ်ပြက် ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်၍ ကြိုတင်သတိပြုကြရန်လည်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ အသိပေးထားသည်။
သတင်း-အင်ကြင်း