Facebook Cele သရုပ်ဆောင် မိုးညို အိမ်ထောင်ပြုပြီ

ဒီဇင်ဘာ ၂၅

Facebook Cele သရုပ်ဆောင် မိုးညိုနဲ့ ချစ်သူ သက်သက်မွန် တို့က ရွှေလက်တွဲ မင်္ဂလာပွဲအခမ်းအနား ကိုတော့ ဇာတိမြေဖြစ်တဲ့ ပဲခူးတိုင်းဒေသကြီး၊ မိုးညိုမြို့နယ်၊ အင်းတော်တလုပ်ကျေးရွာမှာ ဒီဇင်ဘာ ၂၃ ရက် နဲ့ ၂၄ ရက်တို့မှာ ၂ ရက်တိုင်တိုင် ကျင်းပခဲ့ပါတယ်။

“အဓိက ဒီမင်္ဂလာပွဲလေးဖြစ်မယ် မဖြစ်ဖူးနဲ့ ခုလိုပွဲလေးဖြစ်သွားလို့ ဝမ်းသာရပါတယ်။ ကျွန်တော်တို့ ချစ်သူသက်တမ်း ၉ နှစ်ကျော်တွဲလာကြတာပါ။ ကျွန်တော် သက်မှတ်ထားတဲ့ ဒီဇင်ဘာလထဲမှာ မင်္ဂလာပွဲလေးကို ကျင်းပဖြစ်တာပါ။ ဘဝမှာ ၉ နှစ်ကျော် ပျိုးထောင်ခဲ့ရတဲ့ အချစ်ဥယျာဥ်လေးကို အခုအချိန်မှာ အချစ်ပန်းလေး တွေ စိုက်ထူထောင်နိုင်ခဲ့ပြီပေါ့။ အဆုံးရှုံးမခံနိုင်လို့ ခုလိုလက်ထပ်လိုက်ကြတာပါ”လို့ Facebook Cele သရုပ် ဆောင် မိုးညိုက ပြောပါတယ်။

အဆိုပါ အခမ်းအနားမှာတော့ အကယ်ဒမီ ဂွမ်းပုံတို့ ဇနီးမောင်နှံက မင်္ဂလာပန်းကုံးစွပ်ပေးပြီး မင်္ဂလာသီချင်းတွေနဲ့အတူ မင်္ဂလာလက်ဖွဲ့ငွေ ချီးမြှင့်ခဲ့တာပဲဖြစ်ပါတယ်။ ဒီ မင်္ဂလာပွဲမှာ အကျွေးအမွေးတွေ ဖျော်ဖြေရေး အစီအစဉ်တွေနဲ့ စည်ကားခမ်းနားစွာ ပြုလုပ်တယ်လို့လည်း သိရပါတယ်။

မိုးညိုကတော့ လွန်ခဲ့တဲ့ ၆ လကျော်ကတည်းက ချစ်သူကောင်မလေးကို နှစ်ဖက်မိဘအစုံအလင်နဲ့ သွားရောက်မြန်းထားခဲ့တယ်လို့ဆိုပါတယ်။ မိုးတွင်းကာလမှာ သွားရောက်မြန်းခဲ့ပြီး ဒီဇင်ဘာလ ဆောင်းတွင်း ကာလမှာ မင်္ဂလာလက်ထပ်ပွဲ ကျင်းပခဲ့တာလည်းဖြစ်ပါတယ်။

Credit - Myanamr Transparency News Agency

#centralnewsnaypyitaw

image
image
image
image

ထိုင်း တာ့ခ်ခရိုင်နဲ့ထိစပ်နေတဲ့ မြ၀တီ ရွှေကုက္ကိုလ်နယ်စပ်ကို သွားလာခွင့် တလပိတ်

ဒီဇင်ဘာ ၂၅

မြ၀တီ ရွှေကုက္ကိုလ်မှာ ကူးစက်မှုမြင့်နေတဲ့ ပြင်းထန်ဝမ်းရောဂါကြောင့် နယ်နိမိတ်ချင်းထိစပ်နေတဲ့ ထိုင်းနိုင်ငံ၊တာ့ခ်ခရိုင်နဲ့ရွှေကုက္ကိုလ် နယ်စပ်တလျှောက်ကို ထိုင်းဘက်က နယ်စပ်ဖြတ်ကျော်သွားလာခွင့် တလပိတ်လိုက်တယ်လို့ သိရပါတယ်။

ဒါကြောင့် ရွှေကုက္ကိုလ်မြို့ကနေထိုင်းကို တရားဝင်ကမ်းကူးပြီးလည်းသွားရောက်နိုင်ခြင်းမရှိတော့သလို တရားမဝင် လမ်းကြောင်းကနေလည်းဝင်ရောက်မှုမရှိစေရေးကို ထိုင်းနယ်ခြားစောင့်တပ်ဖွဲ့က လုံခြုံရေးအထူးတင်းကြပ်စစ်ဆေးနေတယ်လို့ သိရပါတယ်။

" ရွှေကုက္ကိုလ်နဲ့ထိနေတဲ့နယ်စပ်ကိုပဲပိတ်တာ။ဒီတော့ ထိုင်းကနေ ရွှေကုက္ကိုလ်ကို ကုန်စည်တိုက်ရိုက် သယ်ယူပို့ဆောင်တာတော့ရပ်သွားတာပေါ့။လူတွေလည်းသွားမရဘူး။ သူတို့လိုအပ်ရင် မြဝတီတံတားဘက် ကနေပဲသွင်းလို့ရမယ့်အခြေအနေရှိတယ်။ရွှေကုက္ကိုလ်ကနေ ထိုင်းဘက်ကူးတာကလည်း တကယ်တော့ ထိုင်းနဲ့မြန်မာတရားဝင်ဖွင့်ထားတဲ့ ဂိတ်တွေထဲမပါဘူး။ ရွှေကုက္ကိုလ်ဘက်မှာ ဝမ်းပျက်ဝမ်းလျှောက တအားဖြစ်နေတယ်။ ထိုင်းကသူတို့ဘက်ကိုရောဂါကူးမှာစိုးရိမ်ပြီးတင်းကြပ်နေတာ။ "လို့ ဒေသခံက ပြောပါတယ်။

တာ့ခ်ခရိုင်ထဲကမှ ရွှေကုက္ကိုလ်နဲ့နယ်နမိတ်ထိစပ်နေတဲ့နေရာကိုသာ နယ်စပ်ဖြတ်ကျော်ခွင့်ပိတ်လိုက်တာဖြစ်ပြီး မြဝတီချစ်ကြည်ရေးတံတား ၁ နဲ ၂ နှစ်စင်းစလုံး ဖြတ်သန်းသွားလာခွင့်ကို ခုချိန်ထိ ပိတ်ထားခြင်းမရှိဘူးလို့ သိရပါတယ်။

ဒါကြောင့် ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေးရပ်တန့်သွားခြင်းမရှိသလို မြဝတီမြို့မှာလည်း ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားပြီး ဆေးရုံတက်ရောက်ကုသမှုခံယူနေရသူမရှိသေးဘူးလို့သိရပါတယ်။

" ခုထိတော့ ရောဂါဖြစ်လို့ဆေးရုံကြီးမှာလာကုသူမရှိသေးဘူး။ကျန်းမာရေးဌာနကတော့ ယင်နားစားတွေမစားဖို့၊ဝမ်းပျက်ဝမ်းလျှောရင်ဆေးရုံဆေးခန်းပြဖို့ ဆောင်ရန်ရှောင်ရန်တွေ သတိပေးတာရှိတယ်။မြဝတီကအေးဆေးပါပဲ။ထိုင်းနယ်စပ်လည်းမပိတ်ပါဘူး" လို့ မြဝတီမြို့ခံကပြောပါတယ်။

လက်ရှိ ရွှေကုက္ကိုလ်မြို့မှာ ဝမ်းပျက်ဝမ်းလျှော ရောဂါဖြစ်ပွားမှုမြင့်တက်နေပြီး ရောဂါကူးစက်သူ ၂၀၀ လောက်ရှိပြီး ထိုင်း-မြဝတီနယ်စပ်ရှိ ကာစီနိုရုံတွေမှာလည်း ဝမ်းရောဂါကူးစက်မှုဖြစ်ပွားနေတဲ့အပြင် လူနှစ်ယောက်အထိသေဆုံးမှုရှိနေတယ်လို့ သိရပါတယ်။

ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါလက္ခဏာတွေက အရည်ဝမ်းများစွာသွားခြင်း၊ ငါးညှီနံ့နံတဲ့ ဆန်ဆေးရည်ကဲ့သို့ ဝမ်းသွားခြင်း၊ အော့အန်ခြင်း၊ နှလုံးခုန်နှုန်းမြန်ခြင်း၊ မျက်တွင်းချိုင့်ဝင်ခြင်း၊ ခံတွင်း၊ နှုတ်ခမ်းနဲ့ လျှာတွေ ခြောက်သွေ့ခြင်း၊ သတိလစ်ခြင်း၊ ကြွက်တက်ခြင်း တို့ဖြစ်နိုင်ပြီး ရောဂါဆိုးရွားပါက အသက်အန္တရာယ် ဆုံးရှုံးနိုင်တဲ့အထိဖြစ်ပွားနိုင်တယ်လို့ သိရပါတယ်။

Photo: Mahar (ပုံဟောင်း)

Credit - VOM News Agency

#သတင်းဟင်းလေးအိုးကြီး

image
1 y - Translate

ကြွေးမြီအကြီးအကျယ် ဖောင်းပွလာခြင်းကြောင့် အမေရိကန်၏စီးပွါးရေးစွမ်းဆောင်ရည်သည် မကြာမီတွင် "ပူဖောင်းများအားလုံး၏မိခင်" အဖြစ် ပေါက်ထွက်တော့မည်ဖြစ်ကြောင်း Rockefeller International ၏ဥက္ကဋ္ဌ ရုချ်ရှာမာက သတိပေးခဲ့သည်။

အမေရိကန်တို့သည် အကြွေးကို အလွန်အမင်း စွဲလန်းလာပြီး ၎င်းကို ထိန်းချုပ်ရန် ကြိုးပမ်းမှုများသည် နောက်ဆုံးတွင် စီးပွားရေးတိုးတက်မှုနှင့် ကော်ပိုရိတ်အမြတ်အစွန်းများကို အားနည်းသွားစေလိမ့်မည်ဖြစ်ကြောင်း Rockefeller International ၏ ဥက္ကဌ Ruchir Sharma က ပြောကြားခဲ့သည်။

image
1 y - Translate

သဘာဝဘေးအန္တရာယ်ခံစားခဲ့ရသော ရပ်ရွာများအတွက် မြန်မာနိုင်ငံက ဆန်တန်ချိန် ၃,၅၀၀ လက်ခံရရှိ

မြန်မာနိုင်ငံရှိသဘာဝဘေးအန္တရာယ်ခံစားခဲ့ရသော ရပ်ရွာများအတွက် အာဆီယံ+3 အရေးပေါ် အရန်ဆန်ရိက္ခာ (APTERR) အစီအစဉ်အရ တောင်ကိုရီးယားနိုင်ငံနှင့် တရုတ်နိုင်ငံက ပံ့ပိုးကူညီသော ဆန်တန်ချိန် ၃,၅၀၀ လက်ခံရရှိခဲ့ကြောင်း စိုက်ပျိုးရေးဦးစီးဌာန၊စပါးဌာနခွဲမှတာဝန်ရှိသူ ဦးယဉ်မင်းထွန်းက ပြောသည်။

မြန်မာနိုင်ငံ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနလက်အောက်ရှိ စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် အရန်ဆန်သိုလှောင်ရေးနှင့် ဖြန့်ဖြူးရေးဆိုင်ရာ APTERR အစီအစဉ်တွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်လျက်ရှိသည်။

ထိုပြင် မြန်မာနိုင်ငံသည် ၂၀၂၃ ခုနှစ် APTERR အစီအစဉ်မှတစ်ဆင့် တောင်ကိုရီးယားနိုင်ငံနှင့် တရုတ်နိုင်ငံထံမှ လက်ခံရရှိခဲ့သော ဆန်တန်ချိန် ၃,၄၅၀ ကို ပြန်လည်ဖြန့်ဖြူးပေးဝေခဲ့ရာ လူပေါင်း ၃၄၀,၀၀၀ ကျော် အကျိုးကျေးဇူးရရှိခဲ့ကြောင်း သိရသည်။

NOM

image

ဒီဇင်ဘာ ၂၅ ရက်နေ့ စက်သုံးဆီစျေးနှုန်းများ

#centralnewsnaypyitaw

image

ဒီဇင်ဘာ ၂၅ ရက်နေ့ စက်သုံးဆီစျေးနှုန်းများ

#သတင်းဟင်းလေးအိုးကြီး

image
Khine Su Zin shared a post  
1 y - Translate

Merry Christmas

1 y

🎄MySpace ရဲ့ ခရစ္စမတ်ဆုတောင်းစကား🎄

ဒီဇင်ဘာလရဲ့ ဆောင်းအငွေ့အသက်လေးတွေနဲ့ အတူ ခရစ်တော်ဖွားမြင်တော်မူတဲ့ခရစ္စမတ်အချိန်အခါသမယမှာ ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာပြီး ကံကောင်းခြင်းတွေ ရောက်ရှိပါစေ.. 🎄

မျှော်လင့်ချက်၊ပျော်ရွှင်မှုများနဲ့အတူ အသစ်တစ်ဖန်ပြန်လည်ရှင်သန် ပွင့်လန်းလာမယ့် ခရစ္စမတ်နေ့လေးကို ဖြတ်သန်းနိုင်ကြပါစေ🎄🎁

၂၀၂၄ ဒီဇင်ဘာ ၂၅ ရက် ခရစ်စမတ်နေ့

#marrychristmas
#myspaceadmin
#frankiestories

image
1 y - Translate

🎄MySpace ရဲ့ ခရစ္စမတ်ဆုတောင်းစကား🎄

ဒီဇင်ဘာလရဲ့ ဆောင်းအငွေ့အသက်လေးတွေနဲ့ အတူ ခရစ်တော်ဖွားမြင်တော်မူတဲ့ခရစ္စမတ်အချိန်အခါသမယမှာ ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာပြီး ကံကောင်းခြင်းတွေ ရောက်ရှိပါစေ.. 🎄

မျှော်လင့်ချက်၊ပျော်ရွှင်မှုများနဲ့အတူ အသစ်တစ်ဖန်ပြန်လည်ရှင်သန် ပွင့်လန်းလာမယ့် ခရစ္စမတ်နေ့လေးကို ဖြတ်သန်းနိုင်ကြပါစေ🎄🎁

၂၀၂၄ ဒီဇင်ဘာ ၂၅ ရက် ခရစ်စမတ်နေ့

#marrychristmas
#myspaceadmin
#frankiestories

image

၁၃၅ မီတာ ဖရီဂိတ်စစ်ရေယာဉ်ကြီး တပ်တော်ဝင်

ဒီဇင်ဘာ ၂၅

မြန်မာ့တပ်မတော်(ရေ)မှ တည်ဆောက်ပြီးစီးခဲ့သည့် ၁၃၅ မီတာ ဖရီဂိတ်စစ်ရေယာဉ်ကြီး အမည်ပေးခြင်းနှင့် ရေချ ပေးခြင်း တပ်တော်ဝင် အခမ်းအနားကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၂၄ ရက်က သန်လျင်တပ်နယ်ရှိ ရေတပ်သင်္ဘော ကျင်းဌာနချုပ်၌ ကျင်းပခဲ့သည်။

တပ်မတော်(ရေ)၏ (၇၇)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားတွင် ၁၃၅ မီတာ ဖရီဂိတ်စစ်ရေယာဉ်ကြီးကို တပ်တော်ဝင် အခမ်းအနား ကျင်းပခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ၁၃၅ မီတာ ဖရီဂိတ်စစ်ရေယာဉ်ကြီးကို ၂၀၁၇ ခုနှစ်၊ မတ်လက စတင် တည်ဆောက်ခဲ့ပြီး ယခုအခါမှာတော့ “သာလွန်မင်း”ဟု အမည်ပေးခဲ့သည်။

ထိုရေယာဉ်ကြီးသည် အလျား ၁၃၅ မီတာ၊ အနံ ၁၄ ဒသမ ၅ မီတာ၊ အမြင့် ၉ မီတာ၊ ရေစူး ၄ ဒသမ ၁ မီတာ၊ ဝန်ပြည့်အလေးချိန် ၃၅၀၀ တန်ရှိပြီး အမြန်နှုန်း ၁ နာရီလျှင် ရေမိုင် ၃၀ အထိ မောင်းနှင်နိုင်ကြောင်း သိရသည်။

“သာလွန်မင်း” ဖရီဂိတ်စစ်ရေယာဥ်ကြီးသည် ၂၁ ရာစု ရေတပ်များ၏ ရည်မှန်းချက် တာဝန်များနှင့် စွမ်းရည်များကို ပိုင်ဆိုင်မည့် စစ်ရေယာဉ်ကြီးဖြစ်ပြီး မြန်မာ့ပင်လယ်ပြင်အတွင်း သမားရိုးကျနှင့် သမားရိုးကျမဟုတ်သော ခြိမ်းခြောက်မှုများကို ရှေ့တန်းကျကျ ကာကွယ်တားဆီးတိုက်ပွဲဝင်နိုင်ခြင်း၊ ကင်းလှည့်ထောက်လှမ်းခြင်း၊ အကြမ်း ဖက် အဖွဲ့အစည်းများ၊ ကျူးလွန်မှုများကို တိုက်ဖျက်ခြင်းနှင့် ရေပြင်နယ်နိမိတ် ကာကွယ်ခြင်း၊ မိမိနိုင်ငံပိုင်နက်ပင် လယ်ပြင်ကို ထိန်းချုပ်ခြင်းနှင့် လူသားချင်းစာနာထောက်ထား ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်စွမ်း ရှိကြောင်း နစက-က ထုတ်ပြန်ခဲ့သည်။


#centralnewsnaypyitaw

imageimage
+7

မန္တလေးရှိ KTV များ Bar များတွင် ဖြန့်ချိ ရောင်းချမည့် ငွေကျပ် ၂ ဘီလျံခန့်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား၊ ကက်တမင်း၊ အက်တက်စီနှင့် Happy Water များ ဖမ်းမိ

ဒီဇင်ဘာ ၂၅

၂၂ ဘီးတွဲယာဥ်ပေါ် မူးယစ်ဆေးသယ်လာသူနှစ်ဦးကို ဖမ်းမိရာမှ ငွေကျပ် ၂ ဘီလျံခန့်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား၊ ကက်တမင်း၊ အက်တက်စီနှင့် Happy Water များ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ဖြစ်စဥ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာလ ၁၇ ရက်နေ့ ညနေ ၅ နာရီအချိန် သတင်းအရ မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ၆၂ လမ်းပေါ်တွင် သိန်းဇော်ဦး မောင်းနှင်ပြီး ရန်နိုင်စိုး လိုက်ပါလာသည့် ၂၂ ဘီးတွဲယာဉ်ပေါ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၃၄,၄၀၀ ပြား ဖမ်းဆီးရမိခဲ့ပြီး ယင်းနေ့ ညနေပိုင်းတွင် စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်ခိုင်းသူ အောင်အောင် နှင့် ဗဟိန်း တို့အား ပြည်ကြီးတံခွန်မြို့နယ်တွင် လည်းကောင်း၊ ကွင်းဆက်ဖော်ထုတ်ချက်အရ ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် မစန်းစန်းမြ အား အမရပူရမြို့နယ်၊ နတ်ရေကန်ကျေးရွာရှိ နေအိမ်တွင် စိတ်ကြွရူးသွပ်ဆေးပြား ၈၄,၀၀၀ ပြားနှင့်အတူ လည်းကောင်း ဆက်လက်ဖမ်းဆီးရမိခဲ့သည်။

ဖမ်းမိတရားခံများကို ဆက်လက်စစ်ဆေးဖော်ထုတ်ချက်များအရ ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် မျိုးထွန်းအောင်(ခ)စိုင်းဓနအောင်(ခ)ကျောင်းဆရာ အား ချမ်းမြသာစည်မြို့နယ်၊ တမ္ပဝတီရပ်ကွက်ရှိ ဟိုတယ်တွင် စိတ်ပြောင်းဆေးဝါး Happy Water ၅ ဒသမ ၅ ကီလို၊ အက်တက်စီ ၈,၆၄၀ ပြား၊ အက်တက်စီအမှုန့် သုညဒသမ ၂ ကီလိုနှင့် Toyota Crowm မော်တော်ယာဉ်တစ်စီး၊ မော်တော်ဆိုင်ကယ်တစ်စီးတို့နှင့်အတူ ဆက်လက်ဖမ်းဆီးရမိခဲ့သည်။

ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် ချမ်းအေးသာစံမြို့နယ်၊ အောင်နန်းရိပ်သာအရှေ့ရပ်ကွက်၌ ထိုက်စိုးကျော် အား စိတ်ပြောင်းဆေးဝါး ကက်တမင်း ၁ ဒသမ ၉ ကီလို၊ အက်တက်စီ ၉,၆၀၀ ပြား၊ Happy 5 ဆေးပြား ၉,၀၀၀ ပြား၊ Happy Water ၁ ဒသမ ၂၁၅ ကီလိုနှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သည်။

မန္တလေးမြို့ပေါ်ရှိ KTV၊ ဘား၊ ကလပ်နှင့် စားသောက်ဆိုင်များတွင် လူငယ်များအားရောင်းချမည့် စုစုပေါင်းဒေသကာလတန်ဖိုးငွေကျပ် ၂ ဘီလျံ​ခန့်တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများဖြစ်သည့် စိတ်ကြွရူးသွပ်ဆေးပြား ၁ ဒသမ ၁၈၄ သိန်း၊ ကက်တမင်း ၁ ဒသမ ၉ ကီလို၊ Happy Water ၆ ဒသမ ၇၁၅ ကီလို၊ အက်တက်စီ ၁၈,၂၄၀ ပြား၊ အက်တက်စီအမှုန့် သုညဒသမ ၂ ကီလို၊ Happy-5 ဆေးပြား ၉,၀၀၀ ပြားတို့ကို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်းနှင့် လူငယ်များအား မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးအတွက် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

Credit - Myanmar Transparency News Agency

#သတင်းဟင်းလေးအိုးကြီး

image