1 နှစ် - ဘာသာပြန်ပါ။

ဆာကာ ရက်သတ္တပတ် အများအပြား အနားယူရမယ်လို့ အာတီတာအတည်ပြု

ဒီဇင်ဘာ ၂၄

အာဆင်နယ်အသင်း တောင်ပံကစားသမား ဆာကာဟာ ပဲလေ့စ် အသင်းနဲ့ပွဲစဉ်မှာ ရရှိခဲ့တဲ့ တံကောက်ကြော ဒဏ်ရာကြောင့် ရက်သတ္တပတ် အများအပြား အနားယူရမယ်လို့ နည်းပြအာတီတာက အတည်ပြုခဲ့ပါတယ်။

အာတီတာက "ဆာကာ ဘယ်လောက်ကြာကြာ အနားယူရမလဲဆိုတာ အတိအကျတော့ မသိပေမယ့် ရက်သတ္တပတ် ပေါင်းများစွာ ကြာပါလိမ့်မယ်။ သူဟာ အသင်းအတွက် အရေးပါတဲ့သူဖြစ်တာကြောင့် ကြီးမားတဲ့ ထိုးနှက်ချက်ပါ။ ဒါပေမယ့် ဒါက နောက်ထပ် စိန်ခေါ်မှုတစ်ခုကို ကျော်ဖြတ်ဖို့ ကျနော်တို့အတွက် ကြီးမားတဲ့ လေ့ကျင့်ခန်း တစ်ခုဖြစ်လာမှာပါ"လို့ ပြောခဲ့တာပါ။

ဆာကာဟာ ပဲလေ့စ်အသင်းနဲ့ပွဲအပြီးမှာ ကွင်းအတွင်းကနေ ချိုင်းထောက်နဲ့ ထွက်ခွာခဲ့ရတာ ဖြစ်ပါတယ်။

ဒီရာသီမှာ တတိယအကြိမ်မြောက် တံကောက်ကြော ဒဏ်ရာကို ခံစားခဲ့ရတဲ့ ဆာကာဟာ အာဆင်နယ်အသင်း အတွက် ပြိုင်ပွဲစုံ ၂၄ ပွဲ ပါဝင်ကစားထားတာမှာ ၉ ဂိုးသွင်းပြီး ဂိုးဖန်တီးမှု ၁၃ ကြိမ်ပြုလုပ်ထားတာပါ။

အာဆင်နယ်အသင်းဟာ ဒီရာသီအတွင်းမှာ ဆာကာနဲ့ အသင်းခေါင်းဆောင် အိုဒီဂတ်တို့ အပါအဝင် အဓိက ကစားသမားအချို့ကို ဒဏ်ရာတွေကြောင့် ဆုံးရှုံးခဲ့ရတဲ့အတွက် အတွေ့အကြုံ အများအပြား ရရှိထားတာ ဖြစ်ပါတယ်။

အာဆင်နယ်အသင်းမှာ ဆာကာအပြင် ချယ်လ်ဆီးအသင်းကနေ အငှားနဲ့ လာရောက် ကစားနေတဲ့ တောင်ပံ ကစားသမား စတာလင်လည်း ဒူးဒဏ်ရာကို ခံစားနေရတာပါ။

အာဆင်နယ်အသင်း နည်းပြအာတီတာက စတာလင်ဟာ ရက်သတ္တပတ် အနည်းငယ် အနားယူရမယ်လို့ ပြောခဲ့ပါ တယ်။

အာဆင်နယ်အသင်းဟာ တောင်ပံကစားသမား ၂ ဦးရဲ့ဒဏ်ရာကြောင့် လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့မှာ ဈေးကွက်ထဲကို ဝင်ရောက်ဖို့ ရှိနေတာပါ။

အာဆင်နယ်အသင်းဟာ ကြားရက်ထဲမှာ ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် အစ်စဝှစ်ချ်အသင်းကို အိမ်ကွင်း ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source: BBC

ပုံ - ဆာကာကို တွေ့ရစဥ်

#centralnewsnaypyitaw

image

မြန်မာ-တရုတ် ပူးပေါင်းကာ မြန်မာနိုင်ငံတွင် LNG Terminal တည်ဆောက်ပြီး သဘာဝဓာတ်ငွေ့များ ထုတ်ယူနိုင်ရေး ဖြစ်နိုင်ခြေဆန်းစစ်ခြင်းကို ဆောလျင်စွာစတင်နိုင်ရေး ဆွေးနွေး

ဒီဇင်ဘာ ၂၄

မြန်မာနိုင်ငံတွင် LNG Terminal တည်ဆောက်ပြီး သဘာဝဓာတ်ငွေ့များ ထုတ်ယူနိုင်ရေး ဖြစ်နိုင်ခြေ ဆန်းစစ်ခြင်းကို ဆောလျင်စွာစတင်နိုင်ရေးနှင့် မြန်မာနိုင်ငံမှ ကူမင်းမြို့သို့ ဆက်သွယ်ထားပြီးဖြစ်သည့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းကို ချုံချင့်မြို့အထိ ပို့လွှတ်နိုင်ရန် အဆင့်မြင့်တင်ရေးလုပ်ငန်းများအတွက် မြန်မာ-တရုတ် ပူးပေါင်းဆောင်ရွက်နိုင်ရေး ဆွေးနွေးခဲ့ကြောင်း စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။

အဆိုပါ မြန်မာ-တရုတ် စွမ်းအင်ကဏ္ဍပူးပေါင်းဆောင်ရွက်ရေးအတွက် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်သည် တာဝန်ရှိသူများနှင့်အတူ South-East Asia Crude Oil Pipeline နှင့် Gas Pipeline ကုမ္ပဏီများ၏ ဥက္ကဋ္ဌ Mr. Wang Qiang ဦးဆောင်သည့်အဖွဲ့အား ယမန်နေ့တွင် စွမ်းအင်ဝန်ကြီးဌာန၌ တွေ့ဆုံဆွေးနွေးခြင်းဖြစ်သည်။

ယင်းကဲ့သို့ တွေ့ဆုံစဉ် မြန်မာနိုင်ငံ၌ LNG Terminal တည်ဆောက်၍ သဘာဝဓာတ်ငွေ့များ ထုတ်ယူပြီး နှစ်နိုင်ငံမျှဝေသုံးစွဲခြင်းစီမံကိန်းကို အမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် ဖြစ်နိုင်ခြေဆန်းစစ်ခြင်းများကို ဆောလျင်စွာစတင်နိုင်ရေး၊ တရုတ်နိုင်ငံကူမင်းမြို့သို့ ဆက်သွယ်ထားပြီးဖြစ်သည့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းကို ချုံချင့်မြို့အထိ ဓာတ်ငွေ့ပို့လွှတ်နိုင်ရေးအတွက် ပိုက်လိုင်းအဆင့်မြှင့်တင်ရေးတို့ကို ဆွေးနွေးခဲ့သည်။

ထို့ပြင် မြန်မာ-တရုတ် ရေနံစိမ်းပိုက်လိုင်းမှတစ်ဆင့် ရေနံစိမ်းများရယူပြီး ရေနံချက်စက်ရုံများအား အဆင့်မြှင့်တင်လည်ပတ်နိုင်ရေးအပါအဝင် စွမ်းအင်ကဏ္ဍတွင် တရုတ်နိုင်ငံနှင့် ပိုမိုပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

တစ်ရက်အတွက် လျှပ်စစ်ဓာတ်အားပျမ်းမျှ မဂ္ဂါဝပ် ၄၄၀၀ လိုအပ်ချက်ရှိသည့် မြန်မာနိုင်ငံတွင် ဓာတ်အားပေးစက်ရုံများ၏ အရင်းအမြစ်အလိုက် စုစုပေါင်း တပ်ဆင်စက်အင်အား ၇,၂၇၂ မဂ္ဂါဝပ်ရှိပြီး ၎င်းစက်များ စွမ်းအားပြည့် မောင်းနှင်လည်ပတ်နိုင်ပါက မဂ္ဂါဝပ် ၄,၀၀၀ ခန့် ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်မည်ဖြစ်သည်။

သို့သော် သဘာဝဘေးနှင့် အကြမ်းဖက်များ၏ ဖျက်ဆီးမှုကြောင့် ယခုကာလတွင် တစ်ရက်ပျမ်းမျှ ၂၄၀၀ မဂ္ဂါဝပ်ခန့်သာ ထုတ်လုပ်နိုင်သဖြင့် လိုအပ်ချက်၏ ၅၅ ရာခိုင်နှုန်းခန့်ကိုသာ ထုတ်လုပ်ပေးနိုင်သဖြင့် လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို ကာလတိုဖြေရှင်းနိုင်ရန် LNG ဓာတ်အားပေးစက်ရုံ စီမံကိန်းများကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး စီစဉ်ဆောင်ရွက်နေကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ ဒီဇင်ဘာ ၂၁ ရက်တွင် ပြည်သူများထံ အသိပေးကြေညာထားသည်။

Credit - Myanmar Transparency News Agency

#သတင်းဟင်းလေးအိုးကြီး

image
1 နှစ် - ဘာသာပြန်ပါ။

မေ့သွားတာမဟုတ်ရပဲ
သတိတရရှိဖို့ မအားလပ်ခဲ့ယုံပါ။
ကျွန်တော်တို့သာ အာရုံတွေမများနေခဲ့ရင်
ဒီအချိန်အတူတူရှိနေကြအုံးမယ်။
ဒီဆောင်းရာသီကို ဖြတ်သန်းခွင့်ရအုံးမယ်။
#စာရယ်ကဗျာရယ်

1 နှစ် - ဘာသာပြန်ပါ။

ရန်ကုန်မြို့မှာတည်ရှိပြီး လူသိပ်မသိသေးတဲ့ နှစ်ပေါင်း (၈၀၀) ကျော်သက်တမ်းရှိ သိဒ္ဓိအောင် ရေဆန်ကျွန်းနက် မြတ်စွာဘုရားကြီး 🙏
သိဒ္ဓိအောင်ရေဆန်ကျွန်းနက် မြတ်စွာဘုရားကြီးဟာ
လွန်ခဲ့တဲ့နှစ်ပေါင်း (၈၀၀) ကျော်လောက်ကတည်းကဧရာဝတီမြစ်ကြီးထဲက ဆယ်ယူပြီး ဗုဒ္ဓဆင်းတုတော်ကြီးအဖြစ် ထုလုပ်ပူဇော်ခဲ့တာ ဖြစ်ပါတယ်။
အလွန်ရှားပါးအဖိုးထိုက်တန်တဲ့ရေဆန်ကျွန်းနက်နဲ့ ထုလုပ်ပူဇော်ထားတာမို့ လောကီလောကုတ္တရာ နှစ်ဖြာသောအကျိုးစီးပွားနဲ့ ပြည့်စုံစေမယ့်အပြင် ပီယ လာဘသိဒ္ဓိအစွမ်းတွေကိုပါ ပြီးမြောက်အောင်မြင်စေမှာပဲ ဖြစ်ပါတယ်။
သိဒ္ဓိအောင်ရေဆန်ကျွန်းနက် မြတ်စွာဘုရားကြီးရဲ့
တည်နေရာကတော့ ရန်ကုန်မြို့၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊(၄၈) ရပ်ကွက်၊ ဗိုလ်မှူးဗထူးအိမ်ယာနားက ယောက်ကော်အဖေကြီး တည်ထားကိုးကွယ်ခဲ့တဲ့ ဇေယျမုနိဘုရားကြီးဝန်းထဲမှာ ကိန်းဝပ်စံပယ်လျှက် ရှိပါတယ်။
မြန်မာပြည်ရဲ့လူဦးရေအများဆုံး ရန်ကုန်မြို့တော်ကြီးမှာ ရှိနေပေမယ့်လည်း လူအရောက်အပေါက်နည်းပြီး အေးချမ်းဆိတ်ငြိမ်တဲ့နေရာလေးမှာ တည်ရှိတာမို့ အခါသင့်အခွင့်ကြုံတဲ့ သွားရောက်ဖူးမျှော်ကြဖို့လည်း တိုက်တွန်းနှိုးဆော်လိုက်ပါတယ်။
#သွားမယ်&စားမယ်
#myanmartravel
#crd

မြန်မာနိုင်ငံ၏ ဒုတိယမြောက်မြေအောက်လမ်းကူးလူသွားဥမင်ဖွင့်ပွဲသို့ နစကဥက္ကဋ္ဌ တက်ရောက်

နေပြည်တော်၊ ဒီဇင်ဘာ ၂၄

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယမန်နေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်၊ ရွှေတိဂုံစေတီတော်အနောက်ဘက်မုခ်နှင့် ပြည်သူ့ရင်ပြင်ပန်းခြံအကြား၊ ဦးဝိစာရလမ်းတွင် ဖောက်လုပ်ထားသည့် မြန်မာနိုင်ငံ၏ ဒုတိယမြောက် မြေအောက်လမ်းကူး လူသွားဥမင်(Underpass) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ချီးမြှင့်ဖွင့်လှစ်ပေးခဲ့သည်။

မြေအောက်လမ်းကူးလူသွားဥမင်(Underpass) အား ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် မြို့တော်ဝန်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက မြေအောက်လမ်း ကူးလူသွားဥမင်(Underpass) အဆောက်အဦဝင်ပေါက်အား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးခဲ့သည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် မြေအောက်လမ်းကူး လူသွားဥမင်တည်ဆောက်ခဲ့မှု မှတ်တမ်းဓာတ်ပုံများနှင့် လူသွားဥမင်အတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့သည်။

မြေအောက်လမ်းကူးလူသွားဥမင် (Underpass)သည် ပင်မဥမင်အမြင့် ၁၁ ပေ၊ အကျယ် ၂၃ ပေ၊ ဥမင်အလျား စုစုပေါင်း ၄၆၁ ပေရှိပြီး ဝင်ပေါက်၊ ထွက်ပေါက် ၄ ခုပါဝင်ကာ တစ်နာရီလျှင် လူဦးရေ ၁၄၀၀၀ ဦးခန့် ဖြတ်သန်း သွားလာနိုင်မည်ဖြစ်ကြောင်း၊ မြေအောက်လမ်းကူးလူသွားဥမင် (Underpass) အတွင်းရွေ့လျားစက်လှေကား ၄စင်း၊ သက်ကြီးရွယ်အိုများနှင့် မသန်စွမ်းသူများ အသုံးပြုရန် ဓာတ်လှေကား ၂စင်း ထည့်သွင်းတည်ဆောက် ထားကြောင်း သိရသည်။

#သတင်းဟင်းလေးအိုးကြီး

image
image
image
image
1 နှစ် - ဘာသာပြန်ပါ။

ရွှေကုက္ကိုလ်မှာ ဝမ်းရောဂါကူးစက်မှု ရာချီရှိနေ၊ မြဝတီမှာ မကူးစက်ရေး သတိပေး

ဒီဇင်ဘာ ၂၄

ကရင်ပြည်နယ်၊ မြဝတီမြို့၊ ကာစီနို လောင်းကစားရုံ​​တွေရှိတဲ့ ​ ရွှေကုက္ကိုလ်မှာ ဝမ်းရောဂါကူးစက်မှုမြင့်နေတာကြောင့်မြဝတီမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက မြဝတီမြို့တွင်းပြည်သူတွေ ဝမ်းရောဂါကူးစက်မှုမရှိစေရေးရပ်ကွက်တွေအထိ ကျန်းမာရေး ဆိုင်ရာသတိပေးချက်တွေကို လိုက်လံသတိပေးနေတယ်လို့ သိရပါတယ်။

" ဒီနေ့ မြို့မှာဆောင်ရန်ရှောင်ရန်တွေ လိုက်အသိပေးနေတယ်။ရပ်ကွက်အလိုက်ပါအသိပေးတာတွေလုပ်တယ်။ယင်နားစားတွေမစားဖို့၊အိမ်သာကထွက်တိုင်းလက်ကိုဆပ်ပြာနဲ့ဆေးဖို့ပေါ့။အစားမစားမီလက်ကိုဆေးဖို့ အစားအစာ တွေယင်မနားအောင်နဲ့ ဝမ်းပျက်ဝမ်းလျှောဖြစ်ရင်နီးစပ်ရာကျန်းမာရေးဌာနကိုပြသဖို့ လိုက်ပြီးသတိပေးတာပါ။ရွှေကုက္ကိုလ်မှာ တော်တော်ဖြစ်နေတော့ သတိလိုက်ပေးတဲ့သဘောပါ" လို့မြဝတီမြို့ခံကပြောပါတယ်။

ရွှေကုက္ကိုလ်မြို့မှာ ဝမ်းပျက်ဝမ်းလျှော ရောဂါဖြစ်ပွားမှုမြင့်တက်နေပြီး လက်ရှိမှာရောဂါကူးစက်သူ ၂၀၀ လောက်ရှိပြီး သေဆုံးသူတွေလည်းရှိလာနေတာကြောင့် ဝမ်းရောဂါ မြဝတီမြို့ကိုကူးစက်မှုရှိမလာစေရေးအတွက် ဆောင်ရန်ရှောင်ရန်တွေကို သတိပေးမှုပြုလုပ်လာတာဖြစ်တယ်လို့သိရပါတယ်။

"ရွှေကုက္ကိုလ်မှာက ဝမ်းရောဂါဖြစ်နေတာ လူတော်တော်များတယ်။လူ ၂၀၀ လောက်ရောဂါ ဖြစ်နေပြီး နှစ်ယောက်သေတယ် သိရတယ်။သူတို့ဘက်က သတင်းမထုတ်တော့အတိကျမသိရသေးဘူးပေါ့။အဲဒီဘက်ကဖြစ်ရင်ထိုင်းဘက်ကိုသွားကုတယ်။ မြဝတီမြို့ပေါ်မှာတော့ ကူးစက်မှုသိပ်မတွေ့ရသေးဘူး။နယ်စပ်က ကာစီနိုရုံတွေမှာတော့ဝမ်းရောဂါတွေဖြစ်နေတယ်။အဲဒီဘက်ကကာစီနိုရုံတွေက သူတို့ဆီမှာဆရာဝန်တွေငှားထားတယ်။ခုတော့ ဆေးဖြန်းတာတွေလုပ်ဖို့ဆိုပြီးဆက်သွယ်လာတာလည်းရှိတယ်။ခုသိရသလောက်ကာစီနိုရုံတွေမှာဖြစ်နေတယ်။သေဆုံးသူနှစ်ယောက်ရှိတယ်။" လို့ ဒေသခံက ပြောပါတယ်။

လက်ရှိမှာတော့ ရွှေကုက္ကိုလ်မြို့အတွင်းဖြစ်ပွားနေတဲ့ ဝမ်းရောဂါကူးစက်ခံရသူတွေကိုကုသဖို့အတွက် ထိုင်းနိုင်ငံ တာ့ခ်ခရိုင်မှာ အရေးပေါ် ကုသရေးဌာန ကို ဖွင့်လှစ်ထားကြောင်း ထိုင်းသတင်းတွေဖော်ပြချက်နဲ့ ဒေသခံတွေပြောပြချက်အရသိရပါတယ်။

ထိုင်းသတင်းဖော်ပြချက်တွေအရတော့ ရွှေကုက္ကိုလ်မှာ ဖြစ်ပွားနေတာက နိုရိုဗိုင်းရပ်စ်ရောဂါပိုးကူးစက်ခံနေရတာဖြစ်ကြောင်း၊လူ၃၀၀ လောက်ဖြစ်ပွားနေပြီးသုံးယောက်သေဆုံးတယ်ဆိုပြီး ဖော်ပြထားပါတယ်။

ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါလက္ခဏာတွေက အရည်ဝမ်းများစွာသွားခြင်း၊ ငါးညှီနံ့နံတဲ့ ဆန်ဆေးရည်ကဲ့သို့ ဝမ်းသွားခြင်း၊ အော့အန်ခြင်း၊ နှလုံးခုန်နှုန်းမြန်ခြင်း၊ မျက်တွင်းချိုင့်ဝင်ခြင်း၊ ခံတွင်း၊ နှုတ်ခမ်းနဲ့ လျှာတွေ ခြောက်သွေ့ခြင်း၊ သတိလစ်ခြင်း၊ ကြွက်တက်ခြင်း တို့ဖြစ်နိုင်တယ်လို့သိရပါတယ်။

ရောဂါလက္ခဏာဆိုးရွားပါက အသက်အန္တရာယ် ဆုံးရှုံးနိုင်တဲ့အထိဖြစ်ပွားနိုင်တယ်လို့သိရပါတယ်။

ဒါကြောင့် ဝမ်းပျက်ဝမ်းလျှော ဖြစ်ပွားမှုကို ကြိုတင်ကာကွယ်ဖို့ရာ ယင်နားတဲ့အစားအစာကို ရှောင်ခြင်း၊လက်ကိုမကြာခဏဆပ်ပြာနဲ့ဆေးခြင်း၊ရေကိုကြိုချက်သောက်ခြင်းအပြင် ယင်ပေါက်ဖွားနိုင်တဲ့နေရာတွေကို ရှင်းလင်းခြင်း၊ တကိုယ်ရေသန့်ရှင်းရေးကိုယ်လည်းအထူးဂရုစိုက်ဖို့လိုကြောင်း ၊ ဝမ်းပျက်ဝမ်းလျှောဖြစ်ပါက အိမ်မှာဆေးမြီးတိုတွေ၊စပ်ဆေးတွေနဲ့မကုဘဲ နီးစပ်ရာဆေးရုံဆေးခန်းကို ချက်ခြင်းသွားရောက် ပြသဖို့ လိုအပ်ကြောင်းကျန်းမာရေးဝန်ကြီးဌာနနဲ့ဆရာဝန်တွေက သတိပေးထားပါတယ်။

ဇူလိုင်လတုန်းကလည်း ရန်ကုန်မှာဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားသူဦးရေထောင်နဲ့ချီရှိခဲ့ပြီး သေဆုံးသူငါးယောက်ထက်မနည်းရှိခဲ့တယ်လို့သိရပါတယ်။

#centralnewsnaypyitaw

image
1 နှစ် - ဘာသာပြန်ပါ။

The Substance ဟာ ဒေါ်လာ ၇၇ သန်းဖြင့်
Box Office မှာ အပိတ် လှခဲ့ပါတယ်။
ကုန်ကျစရိတ်က ဒေါ်လာ ၁၇ သန်းကျော်သာ
ဖြစ်ပြီး ကုန်ကျစရိတ်ရဲ့ ငါးဆနီးပါး
၀င်ငွေပြန်လည် ရရှိခဲ့ပါတယ်။
၀င်ငွေအရသာ အောင်မြင်ရုံသာမက လာမဲ့
ရုပ်ရှင်ဆုပေးပွဲတွေမှာလည်း ဆန်ကာတင်
များစွာ ၀င်ထားပါသေးတယ်။
#horrornews
#updatenews

image