47 w - Translate

နေးရှင်းလိဂ်ပွဲများတွင် အိုဒီဂတ်ကို ပြန်အသုံးပြုနိုင်ရန် နော်ဝေနည်းပြ မျှော်လင့်

လာမယ့် နိုဝင်ဘာလအတွင်းမှာ ပြန်လည်ကစားရမယ့် နေးရှင်းလိဂ် ပွဲစဉ်တွေမှာ အိုဒီဂတ်ကို ပြန်လည်အသုံးပြုနိုင်ဖို့ နော်ဝေအသင်းနည်းပြက မျှော်လင့်နေပါတယ်။

အာဆင်နယ်နဲ့ နော်ဝေအသင်းခေါင်းဆောင်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလက သြစတြီးယားနဲ့ ပွဲစဉ်မှာ ခြေချင်းဝတ်ဒဏ်ရာရခဲ့ပြီး လက်ရှိအချိန်အထိ အနားယူနေရတာပါ။

နော်ဝေအသင်းဟာ လာမယ့် နိုဝင်ဘာ ၁၂ ရက်မှာ ဆလိုဗေးနီးယား၊ နိုဝင်ဘာ ၁၇ ရက်မှာ ကာဇက်စတန်အသင်းတွေနဲ့ ယှဉ်ပြိုင်သွားရမှာပါ။

အိုဒီဂတ်ရဲ့ ခြေချင်းဝတ်ဒဏ်ရာ အခြေအနေနဲ့ ပတ်သက်ပြီး အမြဲမပြတ် အဆက်အသွယ်ရှိပြီး အစီအစဉ်တွေအတိုင်း ဖြစ်လာမယ်ဆိုရင် နိုဝင်ဘာလအတွင်း ကစားမယ့် ပွဲစဉ်တွေမှာ ပြန်လည်ရွေးချယ်သွားမှာဖြစ်ကြောင်း နည်းပြ ဆိုလ်ဘက်ကမ်က ပြောသွားပါတယ်။
DVB

image
47 w - Translate

တီးဦးဟ
😁😁😁

ဟယ်

47 w - Youtube

47 w - Translate

ပိုက်ဆံစုဖို့ ကြိုးစားနေတဲ့ငါ

image
47 w - Translate

ငါမရှိလည်း နင်ပျော်နေမယ်ဆိုတာ ငါသိပါတယ်

image
47 w - Translate

ခရီးသွားဖို့ တိုင်ပင်ရင်း အတူတူ သွားမယ့်ရက်ကို စောင့်နေသော ငါနဲ့ ငါ့သူငယ်ချင်းများ ...😇😇

image
47 w - Translate

ချစ်ပြီဆိုလည်း အဆုံးထိချစ်လိုက်တယ်
မချစ်တော့ဘူးဆိုလည်း နဲနဲမှပြန်မငဲ့ညှာတတ်ဘူး

ချစ်နေတုန်းမှာ ဖ၊မ်းဆု၊ပ်မထားနိုင်ဘူးဆိုရင်
ကိုယ်ကဘယ်တော့မှ ပြန်မရနိုင်မယ့်လူမျိုး ။

💭 || 22.10.2024

image
47 w - Translate

ရွှေဈေးကို ကောလဟာလ သတင်းများဖြင့် လိုသလို ဆွဲတင်နေမှုများကို မယုံရန် YGEA ထုတ်ပြန်

တရုတ်နယ်စပ်ဂိတ်များ ပိတ်ခြင်းကို အကြောင်းပြု၍ ဒေါ်လာဈေးကစားခြင်းများ ပြုလုပ်နေကာ ရွှေဈေးများကိုလည်း လိုသလို ဆွဲတင်နေမှုများ ရှိနေကြောင်း ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း(YGEA)က အောက်တိုဘာ (၂၄) ရက်စွဲဖြင့် ထုတ်ပြန်သည်။

ထို့ကြောင့် ကောလာဟလသတင်းများကို ယုံကြည်ကာ အရောင်းအဝယ်မလုပ်ကြရန်နှင့် ရွှေဈေးအား ထိန်းထိန်းသိမ်းသိမ်းရောင်းဝယ်ကြပါရန်လည်း ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း(YGEA)က ထုတ်ပြန်ချက်တွင် သတိပေးပြောသည်။

ထုတ်ပြန်ချက်တွင် ကမ္ဘာ့ရွှေဈေး မြင့်တက်နေသောကြောင့် ပြည်တွင်းရွှေဈေးနှုန်း မြင့်တက်နေသည့် အခြေအနေ၌ အချို့သောအွန်လိုင်း လူမှုကွန်ရက်များမှ ဒေါ်လာဈေးကိုလည်း အောက်တိုဘာ (၂၄) ရက်၌ (၄၇၅၀)ကျပ် အထိ ဆွဲတင်နေပြီး ဒေါ်လာဈေးမတက်လျှင် ရွှေဈေး သိန်း (၈၀)၊ ဒေါ်လာဈေးတက်လျှင် ရွှေဈေး သိန်း(၁၀၀) ဖြစ်မည်ဟု ဆိုကာ ကောလဟလသတင်းများဖြင့် ရွှေဈေးကို ဆွဲတင်နေကြောင်း YGEA ကပြောသည်။

ယနေ့ အောက်တိုဘာ (၂၅) ရက်တွင် ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း(YGEA)က ထုတ်ပြန်ထားသည့် ရွှေဈေးနှုန်းသည် ငါးဆယ့်ခြောက်သိန်းနှစ်သောင်းကျော်ဖြစ်ပြီး ပြင်ပပေါက်ဈေးကတော့ ခြောက်ဆယ့်ခြောက်သိန်းကျော် ဖြစ်သည်။

image
47 w - Translate

မီးရထားအင်ဂျင်နီယာဘ၀ကနေ Space X မှာ အင်ဂျင်နီယာဖြစ်လာခဲ့သူ
(သို့မဟုတ်)
🚀 Elon Musk ရဲ့ Starship ကို အောင်မြင်အောင်လွှတ်တင်ပေးနိုင်ခဲ့တဲ့ နောက်ကွယ်က အင်ဂျင်နီယာ
Starship ဂြိုလ်တုကြီးကို အောင်မြင်အောင် လွှတ်တင်ပြခဲ့တဲ့ Elon Musk ကို တစ်ကမ္ဘာလုံးက ဝိုင်း၀န်းချီးကျူးခဲ့ကြပါတယ်။ တကယ်လည်း ချီးကျူးချင်စရာပါပဲ။ Elon Musk ရဲ့ ကြိုးစားမှုနဲ့သူ့ရဲ့နည်းပညာတွေက ဘယ်သူမှမလုပ်နိုင်တာတွေကို သူ့လက်ထက်မှာ ရအောင်လုပ်ပြခဲ့တာချည်းပဲလေ။ ဒီလိုလူမျိုးကို မချီးကျူးပဲမနေသင့်ပါဘူး။ ဒါပေမယ့် တစ်ခါတစ်လေကျ ကျွန်တော်တို့က စင်ပေါ်မှာကနေတဲ့ မင်းသားကိုပဲ ဝိုင်း၀န်းအားပေးနေကြပြီး မင်းသားစင်ပေါ်မှာ မီးရောင်စုံနဲ့ အဆင်ပြေပြေကနိုင်အောင် ကန့်လန့်ကာနောက်ကွယ်က ဝိုင်း၀န်းကြိုးပမ်းပေးနေတဲ့ လူတွေကိုကျ ချီးကျူးဂုဏ်ပြုဖို့ မေ့နေတတ်ကြပါတယ်။ ဒါကြောင့် ဒီနေ့မှာတော့ Elon Musk ရဲ့ Starship ဂြိုလ်တုကြီးကို အခုလိုအောင်မြင်စွာလွှတ်တင်နိုင်ဖို့အတွက် နောက်ကွယ်ကနေ ကြိုးစားပေးခဲ့တဲ့ လူတစ်ယောက်အကြောင်းကို ပြောပြပေးသွားမှာဖြစ်ပါတယ်။
Elon Musk ရဲ့ Starship ဂြိုလ်တုကြီး အောင်မြင်စွာ လွှတ်တင်ပေးနိုင်ဖို့ နောက်ကွယ်က ကြိုးပမ်းပေးခဲ့တဲ့သူက ဘယ်သူလဲ?
သူ့နာမည်ကတော့ Sanjeev Sharma ပဲဖြစ်ပါတယ်။ သူက အိန္ဒိယနိုင်ငံသားတစ်ယောက်ပါ။ အခုလက်ရှိမှာ Space X Company ရဲ့ Principal Engineer ရာထူးကို ရယူထားသူလည်းဖြစ်ပါတယ်။
Sanjeev Sharma က Space X မှာ ဘယ်လိုအလုပ်ရခဲ့တာလဲ?
Sanjeev Sharma က အိန္ဒိယနိုင်ငံရဲ့ နာမည်ကြီးနည်းပညာတက္ကသိုလ်တစ်ခုဖြစ်တဲ့ Indian Institute of Technology (IIT) မှာ တက္ကသိုလ်တက်ရောက်
‌ခဲ့ပေမယ့် (၈)လအကြာမှာ ကျောင်းကနေထွက်ခဲ့ပါတယ်။
အကြောင်းကတော့ Special Class Railway Apprentice ( SCRA) လို့ခေါ်တဲ့ စာမေးပွဲကို၀င်ဖြေပြီး အိန္ဒိယမီးရထားဌာနမှာ အလုပ်၀င်ရောက်ခွင့်ရဖို့ ဖြစ်ပါတယ်။
အဲ့ဒီနောက်မှာတော့ သူက ၀င်ခွင့်စာမေးပွဲကို အောင်မြင်ခဲ့ပြီး Indian Railway Institute of Mechanical and Electric Engineer ကျောင်းကနေ Mechanical Engineer ဘွဲ့ကိုရရှိခဲ့ပါတယ်။ ကျောင်းပြီးသွားတဲ့အချိန်မှာတော့ အိန္ဒိယနိုင်ငံရဲ့ မီးရထားဌာနမှာ Divisional Mechanical Engineer အနေနဲ့ အလုပ်စတင်၀င်ရောက်ခဲ့ပါတယ်။
Sanjeev Sharma က မီးရထားဌာနမှာ ၁၉၉၀ ကနေ ၁၉၉၄ ခုနှစ်အထိ Divisional Mechanical Engineer အနေနဲ့လုပ်ကိုင်ခဲ့ပြီး အဆိုပါမီးရထားဌာနမှာပဲ ၁၉၉၄ ခုနှစ်ကနေ ၂၀၀၁ ခုနှစ်အထိ Deputy Chief Mechanical Engineer အနေနဲ့ လုပ်ကိုင်ခဲ့ပါတယ်။ စုစုပေါင်း မီးရထားဌာနမှာ (၁၁)နှစ်ကြာ လုပ်ကိုင်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီနောက်မှာတော့ Sanjeev Sharma က University of Colorado Boulder တက္ကသိုလ်မှာ Master of Science ကို ဆက်လက်တက်ရောက်ခဲ့ပါတယ်။
(၂)နှစ်အကြာ ၂၀၀၃ ခုနှစ်မှာ ဘွဲ့ရရှိခဲ့ပြီး ၂၀၀၃ ခုနှစ် ၊ စက်တင်ဘာလမှာ Segate Technology Company မှာ Staff Mechanical Engineer ရာထူးနဲ့ ၀င်ရောက်လုပ်ကိုင်ခဲ့ပါတယ်။
အဲ့ဒီကနေမှတစ်ဆင့် ၂၀၀၈ ခုနှစ်မှာ Senior Engineering Manager အဖြစ်ရာထူးတိုးခဲ့ပြီး ၂၀၁၃ ခုနှစ်အထိ Seagate Technology Company မှာ (၉)နှစ်ကျော် အလုပ်လုပ်ကိုင်ခဲ့တာ ဖြစ်ပါတယ်။
၂၀၁၃ ခုနှစ်မှာတော့ Space X Company မှာ Dynamic Engineer အနေနဲ့ အလုပ်၀င်ရောက်ခဲ့ပါတယ်။ Space X Company မှာလည်း (၅)နှစ်ကျော်ကြာ လုပ်ကိုင်ခဲ့ပြီး ၂၀၁၈ ခုနှစ်မှာ Space X Company ကနေ အလုပ်ထွက်ကာ Matternet Inc မှာ Head of Vehicle Engineering ရာထူးနဲ့လုပ်ကိုင်ခဲ့ပါသေးတယ်။
Matternet Inc မှာလည်း Head of Technology အထိ ရာထူးတိုးမြှင့်ခံခဲ့ရပြီး ၂၀၂၂ ခုနှစ်အထိ လုပ်ကိုင်ခဲ့ပါတယ်။
အဲ့ဒီနောက် ၂၀၂၂ ခုနှစ် ၊ ဇွန်လမှာမှ Space X Company ၊ Starship Dynamic ဌာနမှာ Principal Engineer ရာထူးနဲ့ အခုအချိန်အထိ လုပ်ကိုင်‌နေတာဖြစ်ပါတယ်။
Sanjeev Sharma က Starship နဲ့ပတ်သက်ပြီး ဘယ်လိုအခန်းကဏ္ဍကနေပါ၀င်ခဲ့တာလဲ
Sanjeev Sharma က Starship လွှတ်တင်ရာမှာ အရေးကြီးဆုံးဖြစ်တဲ့ တွန်းကန်အားနဲ့ လောင်စာဆီစနစ်ပိုင်းဆိုင်ရာတွေကို အဓိတာ၀န်ယူခဲ့ပါတယ်။ Starship လွှတ်တင်တဲ့နေရာမှာ ဘေးကင်းလုံခြုံမှုရှိဖို့နဲ့ စက်ရဲ့အစိတ်အပိုင်းတစ်ခုချင်းစီက တိတိကျကျအလုပ်လုပ်နိုင်အောင် Sanjeev Sharma က ဆောင်ရွက်ပေးခဲ့တာဖြစ်ပါတယ်။
သူက သီအိုရီသဘောတရားနဲ့ လက်တွေ့လုပ်ဆောင်နိုင်မှုကြားက ကွာဟမှုတွေကို သူ့ရဲ့အတွေ့အကြုံတွေ ၊ အတွေးအခေါ်အယူအဆတွေနဲ့ ပေါင်းစပ်ပြီး အဖြေရှာပေးနိုင်ခဲ့တာဖြစ်ပါတယ်။
နိဂုံးချုပ်အနေနဲ့ပြောရမယ်ဆိုရင် Sanjeev Sharma လို မီးရထားအင်ဂျင်နီယာတစ်ယောက်က Space X လို Company ကြီးမှာ အင်ဂျင်နီယာတစ်ယောက်အနေနဲ့ လုပ်ကိုင်ခွင့်ရလိမ့်မယ်လို့ ဘယ်သူကထင်မှာလဲ။
အဓိက ကတော့ သူ့ရဲ့ကြိုးစားမှု‌နဲ့ ဇွဲလုံ့လရှိမှုကြောင့်လို့ပဲဆိုရမှာပါ။
နောက်ရက်တွေမှာ လည်း " Technolearn "ကနေ ပြိး ထက်မံ ပြိး နည်းပညာပိုင်း Knowledges များကို Share ပေးသွားမှာ ဖြစ်ပြိး နည်းပညာ သင်တန်းများကိုလည်း Page မှာ ဝင်ရောက်လေ့လာနိုင်ပါတယ် ခင်ဗျာ။
Credit

image