1 y - Translate

ကစားကွက်ပြောင်းလဲမည်မဟုတ်သည့် နည်းပြအာမိုရင်ကို ဖာဒီနန် ထောက်ခံ

မန်ယူနိုက်တက်အသင်းရဲ့ ကစားပုံကို ပြောင်းလဲမှာမဟုတ်တဲ့ နည်းပြအာမိုရင်အပေါ် ထောက်ခံကြောင်း မန်ယူနောက်ခံလူဟောင်း ဖာဒီနန်က ပြောသွားပါတယ်။

မန်ယူအသင်းဟာ နည်းပြအာမိုရင်လက်ထက် နောက်ဆုံး ၄ ပွဲစလုံး ရှုံးနိမ့်ခဲ့ပြီးနောက် လက်ရှိကစားနေတဲ့ ၃-၄-၃ ကစားကွက်ကနေ ပြောင်းလဲကစားသင့်ကြောင်း ဝေဖန်သုံးသပ်မှုတွေ ရှိနေတာပါ။

နည်းပြအာမိုရင်ဟာ ရေရှည်အတွက် လုပ်ဆောင်နေတဲ့ သူ့ရဲ့ကစားကွက်အပေါ် ယုံကြည်မှု ရှိနေတာကြောင့် ရေတိုအဆင်ပြေနိုင်တဲ့ ကစားပုံကို ပြောင်းလဲမှာမဟုတ်ကြောင်း၊ အောင်မြင်မှု မရရှိနိုင်တဲ့ လမ်းဟောင်းကို ပြန်မလျှောက်တာက အားပေးထောက်ခံစရာဖြစ်ကြောင်း ဖာဒီနန်က ပြောပါတယ်။

အာမိုရင်ရဲ့ ကစားကွက်နဲ့ နည်းစနစ်ကို မန်ယူအသင်းက အချိန်ယူ လေ့ကျင့်မယ်ဆိုရင် လိုချင်တဲ့ အောင်မြင်မှုတွေ ပြန်လည်ရရှိမယ်လို့ထင်ကြောင်း ဖာဒီနန်က ပြောသွားပါတယ်။
Crd

image
1 y - Translate

မြန်မာနိုင်ငံရဲ့လူဦးရေ လွန်ခဲ့သည့်၁၀နှစ်ကထက် ၁သိန်း၇သောင်းနီးပါး လျော့နေ

၂၀၂၄ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းရဲ့ ရှေ့ပြေးလူဦးရေစာရင်းကို ဒီဇင်ဘာ၃၁ရက်က ထုတ်ပြန်ခဲ့ရာမှာ ရှေ့ပြေးလူဦးရေစာရင်းအရ မြန်မာနိုင်ငံရဲ့လူဦးရေဟာ လွန်ခဲ့တဲ့ ၁၀နှစ်ကထက် ၁သိန်း၇သောင်းနီးပါးလျော့နေတာကို တွေ့ရပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၄ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းမှာ မြန်မာနိုင်ငံရဲ့လူဦးရေဟာ ၅၁,၄၈၆,၂၅၃ဦးရှိတယ်လို့ ဖော်ပြခဲ့ပြီး အခုထုတ်ပြန်တဲ့ ရှေ့ပြေးလူဦးရေစာရင်းမှာ မြန်မာနိုင်ငံရဲ့လူဦးရေဟာ ၅၁,၃၁၆,၇၅၆ဦးရှိတယ်လို့ ဖော်ပြထားတဲ့အတွက် လွန်ခဲ့တဲ့၁၀နှစ်ကထက် လူဦးရေ ၁၆၉,၄၉၇ဦး လျော့နည်းနေတာဖြစ်ပါတယ်။

လူဦးရေပြောင်းလဲတာဟာ မွေးဖွားခြင်း၊ သေဆုံးခြင်းနဲ့ ရွှေ့ပြောင်းခြင်းဆိုတဲ့ အကြောင်းရင်းသုံးရပ်ကြောင့် ဖြစ်တဲ့အတွက် ပင်မအစီရင်ခံစာထုတ်ပြန်ချိန်မှာ အကြောင်းရင်းကို လေ့လာဖော်ထုတ်သွားနိုင်မှာဖြစ်တယ်လို့ ဗဟိုသန်းခေါင်စာရင်းကော်မရှင်ဥက္ကဋ္ဌ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမြင့်ကြိုင်က ဒီဇင်ဘာ၃၁ရက်ကပြုလုပ်တဲ့ ရှေ့ပြေးလူဦးရေစာရင်းထုတ်ပြန်တဲ့အခမ်းအနားမှာ ပြောကြားထားပါတယ်။

၂၀၂၄ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းရဲ့ပင်မအစီရင်ခံစာကိုလည်း အခု၂၀၂၅ခုနှစ်မကုန်မီ ထုတ်ပြန်ပေးသွားမယ်လို့လည်း ဦးမြင့်ကြိုင်က‌ ပြောပါတယ်။

image
1 y - Translate

မီတာ ၅၀၀၀ ကမ္ဘာ့စံချိန်သစ်ကို ချီဘက် တင်နိုင်ခဲ့
..........

ပဲရစ်အိုလံပစ် ရွှေတံဆိပ် ၂ ဆုရှင် ကင်ညာနိုင်ငံသူ ချီဘက်ဟာ ဘာစီလိုနာမြို့က ပြိုင်ပွဲတစ်ခုမှာ မီတာ ၅၀၀၀ ကမ္ဘာ့စံချိန်သစ်ကို တင်နိုင်ခဲ့ပါတယ်။ အသက် ၂၄ နှစ်အရွယ် ချီဘက်ဟာ မီတာ ၅၀၀၀ ကို ၁၃ မိနစ် ၅၄ စက္ကန်းနဲ့ ပြေးနိုင်ခဲ့ပြီး မီတာ ၅၀၀၀ ကို ၁၄ မိနစ် အောက် ပြေးနိုင်တဲ့ ပထမဆုံးအမျိုးသမီး လည်းဖြစ်လာခဲ့ပါတယ်။ ပဲရစ်အိုလံပစ် မီတာ ၅၀၀၀ နဲ့ မီတာ ၁၀၀၀၀ ပြိုင်ပွဲတွေမှာ ရွှေတံဆိပ်ရခဲ့တဲ့ ချီဘက်က မီတာ ၅၀၀၀ ကို ၁၄ မိနစ်အောက် ပြေးနိုင်မယ် ဆိုတာကို အမြဲယုံကြည်နေခဲ့သလို အခုလိုစွမ်းဆောင်နိုင်ခဲ့တာကိုလည်း ကျေနပ်ပါတယ်လို့ ပြောသွားခဲ့ပါတယ်။ ၂၀၂၅ခုနှစ် အတွက် သူမရဲ့ ရည်မှန်းချက်ကတော့ တိုကျိုမှာကျင်းပမယ့် ကမ္ဘာ့ချန်ပီယံရှစ်ပြိုင်ပွဲမှာ ရွှေတံဆိပ်တွေရယူနိုင်ဖို့ဖြစ်တယ်လို့လည်း ချီဘက်ကပြောပါတယ်။

image

(၇၀)ကြိမ်မြောက်
ထီပေါက်စဉ်ပေါင်းချုပ်

image

၃၀.၁၂.၂၀၂၄ မှ ၁.၁.၂၀၂၅ ရက်နေ့ထိ မြန်မာ့အလင်းနှင့် ကြေးမုံသတင်းစာပါ တင်ဒါနှင့်လေလံကြော်ငြာများ
#တင်ဒါနှင့်လေလံကြော်ငြာများ
#တင်ဒါ
#လေလံ
#crd

image

၃၀.၁၂.၂၀၂၄ မှ ၁.၁.၂၀၂၅ ရက်နေ့ထိ မြန်မာ့အလင်းနှင့် ကြေးမုံသတင်းစာပါ တင်ဒါနှင့်လေလံကြော်ငြာများ
#တင်ဒါနှင့်လေလံကြော်ငြာများ
#တင်ဒါ
#လေလံ
#crd

image

၃၀.၁၂.၂၀၂၄ မှ ၁.၁.၂၀၂၅ ရက်နေ့ထိ မြန်မာ့အလင်းနှင့် ကြေးမုံသတင်းစာပါ တင်ဒါနှင့်လေလံကြော်ငြာများ
#တင်ဒါနှင့်လေလံကြော်ငြာများ
#တင်ဒါ
#လေလံ
#crd

image

၃၀.၁၂.၂၀၂၄ မှ ၁.၁.၂၀၂၅ ရက်နေ့ထိ မြန်မာ့အလင်းနှင့် ကြေးမုံသတင်းစာပါ တင်ဒါနှင့်လေလံကြော်ငြာများ
#တင်ဒါနှင့်လေလံကြော်ငြာများ
#တင်ဒါ
#လေလံ
#crd

image

၃၀.၁၂.၂၀၂၄ မှ ၁.၁.၂၀၂၅ ရက်နေ့ထိ မြန်မာ့အလင်းနှင့် ကြေးမုံသတင်းစာပါ တင်ဒါနှင့်လေလံကြော်ငြာများ
#တင်ဒါနှင့်လေလံကြော်ငြာများ
#တင်ဒါ
#လေလံ
#crd

image

၃၀.၁၂.၂၀၂၄ မှ ၁.၁.၂၀၂၅ ရက်နေ့ထိ မြန်မာ့အလင်းနှင့် ကြေးမုံသတင်းစာပါ တင်ဒါနှင့်လေလံကြော်ငြာများ
#တင်ဒါနှင့်လေလံကြော်ငြာများ
#တင်ဒါ
#လေလံ
#crd

image