ရှာဖွေပါ။ ပို့စ်များExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
သစ်သီးစုံကျောက်ကျော
ပါဝင်ပစ္စည်းများ
ကျောက်ကျောမှုန့် - တစ်ထုပ်
သကြား - အနည်းငယ်
စတော်ဘယ်ရီသီး၊ စပျစ်သီး၊ ကီဝီသီး၊ လိမ္မော်သီးစသည့် မိမိနှစ်သက်ရာ ရာသီပေါ်သစ်သီးမျိုးစုံ
ခရင်မ်ဆော်ဒါဖျော်ရည်အနှစ်
သံဘူးဖျော်ရည်အနှစ်
ပြုလုပ်နည်း
၁။ အရင်ဆုံး ဒယ်အိုးထဲကို ရေထည့်ပြီး ကျောက်ကျောမှုန့်ကို ရောလိုက်ပါ။ ကျောက်ကျောမှုန့်ကို ရေထဲမှာ သမအောင်ရောမွှေပြီး (၁၀) မိနစ်ခန့် အပူပေးလိုက်ပါ။ (၁၀) မိနစ်ပြည့်ရင်တော့ ကျောက်ကျောရည်ထဲကို သကြားနည်းနည်းထည့်ပြီး သစ်သားယောက်မနဲ့ မွှေပေးလိုက်ပါ။
၂။ ခနကြာရင်တော့ အနည်ထိုင်သွားပြီဖြစ်တဲ့ ကျောက်ကျောရည်ကို ကျောက်ကျောပြုလုပ်မယ့် ပုံစံခွက်ထဲကို တစ်လက်မခန့်မြုပ်အောင် ထည့်ပေးလိုက်ပါ။
၃။ ကျောက်ကျောရည်ထဲကို မိမိနှစ်သက်ရာ သစ်သီးစုံကို အတုံးလေးတွေ တုံးတစ်ပြီး လိုက်ထည့်ပေးလိုက်ပါ။ သစ်သီးစုံထည့်ပြီးသွားရင်တော့ အပေါ်ကနေ ကျန်နေသေးတဲ့ ကျောက်ကျောရည်နဲ့ ပုံစံခွက်ပြည့်အောင် လောင်းထည့်ပေးလိုက်ပါ။
၄။ ခရင်မ်ဆော်ဒါအနှစ်နဲ့ သံဘူးဖျော်ရည်အနှစ်ကိုတော့ ခွက်ငယ်တစ်ခွက်စီထဲမှာ ထည့်ပြီး ကျန်နေသေးတဲ့ ကျောက်ကျောရည်နဲ့ ရောလိုက်ပါ။
၅။ အဲဒီအရည်တွေကို ခုနကသစ်သီးစုံကျောက်ကျောထဲကို လောင်းထည့်ပေးလိုက်ပါ။ အအေးခံပြီးရင်တော့ အရသာရှိတဲ့ သစ်သီးစုံကျောက်ကျောကို အသင့်သုံးဆောင်နိုင်ပါပြီ။
#မြိန်မြိန်
တစ်ချို့ခံစားချက်တွေက ခံစားဖူးတဲ့လူနောရာကို
ကိုယ်ရောက်မှ ခံစားတတ်တာမျိုး
#စာတို
ဆိုင်းငံ့ခံထားရတဲ့ တောင်ကိုရီးယားသမ္မတကို လစာတိုးပေးမှု ပြည်သူတွေ ဝေဖန်နေ
ဆိုးလ်၊ ဇန်နဝါရီ ၁၃
တောင်ကိုရီးယား စစ်အုပ်ချုပ်ရေး ကြေညာခဲ့တာကြောင့် စွပ်စွဲပြစ်တင်ပြီး တာဝန်ကနေဆိုင်းငံ့ထံထားရတဲ့ တောင်ကိုရီးယားသမ္မတ ယွန်းဆွတ်ခ်ယိုးလ်ရဲ့ နှစ်စဉ်လစာကို တိုးပေးမယ်လို့ တောင်ကိုရီးယား အစိုးရက ပြောပါတယ်။
သမ္မတယွန်းရဲ့လစာကို အစိုးရအရာရှိတွေအတွက် စံနှုန်းသတ်မှတ်ချက်တွေနဲ့အညီ ၃ ရာခိုင်နှုန်းတိုးမှာဖြစ်ပြီး ဝမ် ၂၆၂ ဒသမ ၆ သန်း သိုမဟုတ် ဒေါ်လာ ၁၇၉၀၀၀ ရရှိလာမှာဖြစ်ပါတယ်။ ဒီလိုလစာတိုးမြှင့်ပေးတဲ့အပေါ် တောင်ကိုရီးယားပြည်သူတွေကြားမှာတော့ ဝေဖန်မှုတွေမြင့်တက်နေပါတယ်။
သမ္မတယွန်းကို လစာ ၃ ရာခိုင်နှုန်းတိုးပေးလိုက်တဲ့နှုန်းဟာ တောင်ကိုရီးယား အခြေခံလုပ်ခလစာနှုန်းရဲ့ နှစ်ဆနီးပါးရှိတယ်လို့ ဝေဖန်သူတွေက ထောက်ပြကြပါတယ်။ ဒါပေမယ့်လည်း သူဟာ ရာထူးကနေ ရပ်ဆိုင်းထားခံရပေမယ့် သူ့အမှုကို ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက အတည်မပြုခင်ထိ ရာထူးကတော့ ဆက်လက်ရှိနေဆဲဖြစ်ပါတယ်။
ဒီဇင်ဘာလမှ စွပ်စွဲပြစ်တင်ခံရပြီးနောက် ပုန်ကန်မှု၊ အာဏာအလွဲသုံးစားမှုတို့နဲ့ စုံစမ်းစစ်ဆေးခံနေရတဲ့ သမ္မတယွန်းဆွတ်ခ်ယိုးလ်ဟာ သူ့ကို ဖမ်းဆီးဖို့ ကြိုးပမ်းမှုတွေကိုလည်း ငြင်းဆန်ခဲ့တာကြောင့် တောင်ကိုရီးယားမှာ နိုင်ငံရေးအကြပ်ရိုက်မှု ပိုမိုဆိုးရွားလာနေပါတယ်။
သူ့ကို ၀ရမ်းနဲ့အတူ ဖမ်းဆီးဖို့ကြိုးပမ်းတဲ့အဖွဲ့ကို သမ္မတရဲ့လုံခြုံရေးအဖွဲ့ တားဆီးခဲ့တာကြောင့် ဖမ်းဆီးမှုကို ရပ်ဆိုင်းခဲ့ရပါတယ်။ ဒီဖမ်းဆီးမှုဟာ တရားမဝင်ဘူးလို့ သမ္မတရဲ့တရားရေးအဖွဲ့ကလည်း ဆိုပါတယ်။ ဖမ်း၀ရမ်းဟာ ဇန်နဝါရီ ၇ ရက် ညသန်းခေါင်းမှာ ကုန်ဆုံးခဲ့ပေမယ့် ဒေသခံတရားရုံးက သက်တမ်းတိုးထားတာကြောင့် နောက်ကြိမ် ဖမ်းဆီးမယ့်အရေးနဲ့ ရင်ဆိုင်ရနိုင်ပါတယ်။
Ref:BBC
Photo:CDN
#centralnewsnaypyitaw