Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
Face Unlock ပါလာတော့မယ့် ကားတွေ
=======================
သင်က ကားဆီသွားနေတုန်း ကားဆီ မရောက်ခင်လေးမှာ ကားတံခါးကို ဖွင့်နိုင်ရင် တော်တော် မိုက်မှာပါ။ စမတ်ဖုန်းတွေရဲ့ Face Unlock ဟာ ကားတွေဆီ ရောက်လာတော့မှာ ဖြစ်ပါတယ်။
နာမည်ကြီး ကား တာယာ ကုမ္ပဏီ Continental က Face Unlock နည်းပညာ ပါတဲ့ ကားတွေဟာ လာမယ့် ၃ နှစ်ကနေ ၅ နှစ်အတွင်း ထွက်ပေါ်လာတော့မယ်လို့ ပြောလိုက်ပါတယ်။ ကုမ္ပဏီက ဒီနည်းပညာကို “ Intelligent Vehicle Experience Car With IQ” လို့ အမည်ပေထားပါတယ်။
ဒီနည်းပညာက တခြား အားသာချက်တွေလည်း ပါပါသေးတယ်။ ကားကို ပိုင်ရှင် မဟုတ်တဲ့ လူ ၊ ခိုးယူဖို့ ကြိုးစားသူက လာဖွင့်ရင် ပိုင်ရှင်ကို အသိပေးမှာ ဖြစ်ပါတယ်။
စမတ်ဖုန်း ကနေ ကား တံခါး ဖွင့်နိုင်တဲ့ နည်းပညာကို တချို့ကားတွေမှာ အသုံးပြုနိုင်ပြီ ဖြစ်ပါတယ်။ အဲဒီ နည်းပညာမှာ စမတ်ဖုန်းရဲ့ NFC Chip ကို အသုံးပြုထားတာ ဖြစ်ပါတယ်။ စမတ်ဖုန်းတွေရဲ့ Face Unlock ကို ကားတွေမှာ အသုံးပြုနိုင်ဖို့ နှစ်အနည်းငယ်ကြာမြင့်ဦးမှာ ဖြစ်ပါတယ်။
သင်္ဃန်းကျွန်းတွင် နေအိမ် ၈ လုံးမီးလောင်၍ လူ ၄၁ ဦး အိုးမဲ့အိမ်မဲ့ဖြစ်မှု ခြင်ဆေးခွေမီးကြောင့် ဖြစ်ပွားခဲ့ရ
ဇန်နဝါရီ ၂၂
ရန်ကုန်တိုင်းဒေသကြီး၊ (င/က) ရပ်ကွက်၊ ပန်းရိုက်လမ်းတွင် ဇန်နဝါရီလ ၂၀ ရက်၊ မွန်းလွဲ ၂ နာရီ မိနစ် ၂၀ ခန့်က ဖြစ်ပွားခဲ့သော နေအိမ် ၈ လုံးမီးလောင်၍ လူဦးရေ ၄၁ ဦး အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့မှုမှာ လူစောင့်မရှိဘဲ ခြင်ဆေးခွေထွန်းရာမှ အနီးရှိ အဝတ်ပုံသို့ မီးကူးစက်ကာ စတင်လောင်ကျွမ်းခဲ့ကြောင်း စစ်ဆေးသူများထံမှ သိရသည်။
မိနစ် ၃၀ နီးပါး ကြာမြင့်ခဲ့သော မီးလောင်မှုကြောင့် သွပ်မိုးပျဥ်ကာပျဥ်ခင်း ၁ ထပ်နေအိမ် ၂ လုံး၊ သွပ်မိုး၊ သွပ်ကာ၊ ပျဥ်ခင်း ၂ ထပ်နေအိမ် ၃ လုံးအပါအဝင် လူနေအိမ် ၈ လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး ကလေးငယ် ၁၉ ဦး အပါအဝင် လူဦးရေ ၄၁ ဦး မီးဘေးသင့်ခဲ့ကြောင်း သိရသည်။
မီးဘေးသင့်သူများကို (င/က) ရပ်ကွက်၊ ရှင်ဥပဂုတ္တရဟန္တာဓမ္မာရုံတွင် ယာယီနေရာချထားပေးကြောင်း သိရသည်။
မီးလောင်မှုကြောင့် အသက် ၄၂ နှစ်အရွယ်ရှိ ဒေါ်အေးကြည်မကို သုဝဏ္ဏနယ်မြေရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်ထားသည်။
အလားတူ ဇန်နဝါရီလ ၂၀ ရက် နံနက် ၈ နာရီ ၄၀ မိနစ်ခန့်က မြောက်ဥက္ကလာပမြို့နယ်၊ (က)ရပ်ကွက်၊ မေယု(၅)လမ်းရှိ ၂ ထပ်နေအိမ်တစ်လုံး၏ မီးဖိုခန်းတွင် ထင်းမီးဖြင့် ထမင်းချက်ရာမှ မီးကြွင်းမီးကျန်ကျန်ပြီး အနီးရှိ ပလပ်စတစ်အမှိုက်ပုံးသို့မီးကူးစက်ကာ နေအိမ်တစ်လုံးနှင့် ဘေးအိမ်၏ အပေါ်ထပ်မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။
နေအိမ်မီးလောင်မှုကြောင့် အသက် ၄၀ အရွယ် ဦးမင်းမင်းဦးကို ဝေဘာဂီနယ်မြေရဲစခန်းက ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။
Credit - Myanmar Transparency News Agency
#သတင်းဟင်းလေးအိုးကြီး


+7