ယူကရိန်း-ရုရှား ငြိမ်းချမ်းရေးညှိုနှိုင်းမှု ဆောင်းတွင်းဖြစ်လာနိုင်ဟု ပိုလန်ဝန်ကြီးချုပ်ပြော

ဒီဇင်ဘာ ၁၁

ယူကရိန်း စစ်ပွဲ အရေး ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေက ဆောင်းတွင်းမှာ စတင်နိုင်တယ်လို့ ပိုလန် ဝန်ကြီးချုပ် Donald Tusk က အင်္ဂါနေ့မှာ ပြောပါတယ်။ ဒီ အချိန်ကာလဟာဆိုရင် ဥရောပ သမဂ္ဂမှာ ဇန်နဝါရီလ ၁ ရက်ကစလို့ ပိုလန်က အလှည့်ကျ ဥက္ကဋ္ဌ အဖြစ် တာဝန်ယူမယ့် အချိန်နဲ့ တိုက်ဆိုင်နေပါတယ်။

စေ့စပ်ညှိနှိုင်းမှုမှာ ဘယ်သူတွေ ပါဝင်မယ်၊ ဘယ်အချိန် ဒါမှမဟုတ်လည်း ဘယ်နေရာဆိုတဲ့ အသေးစိတ်တွေကိုတော့ ဝန်ကြီးချုပ် Tusk က မပြောပါဘူး။ ဒါပေမဲ့လည်း ဥရောပ သမဂ္ဂရဲ့ စေ့စပ်ညှိနှိုင်းမှုတွေက အဆုံးသတ်မှာ ယူကရိန်းမှာ ငြိမ်းချမ်းရေး ထွက်ပေါ်လာဖို့ မျှော်လင့်ထားကြောင့် အစိုးရ အဖွဲ့ကို ဝန်ကြီးချုပ်က ပြောပါတယ်။

ဒါပေမဲ့လည်း ၂၀၂၂ ခုနှစ် ရုရှားက ယူကရိန်းကို ကျူးကျော်ချိန်ကစလို့ ယူကရိန်းကို ထောက်ခံခဲ့တဲ့ အိမ်နီးချင်း ပိုလန်ဟာဆိုရင် ဆွေးနွေးမှုမှာ အဓိက ပါဝင်မယ်လို့လည်း Tusk က ပြောပါတယ်။ ပြင်သစ် သမ္မတ Emmanuel Macron လည်း ပိုလန်နိုင်ငံ ဝါဆောကို ဒီသီတင်းပတ် နှောင်းပိုင်းမှာ လာရောက်မှာ ဖြစ်ပြီး ယူကရိန်း သမ္မတ Volodymyr Zelenskyy ၊ အမေရိကန် ရွေးကောက်ခံ သမ္မတ Donald Trump တို့နဲ့ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ပိုင်း တွေ့ဆုံမှုတွေကို ဆွေးနွေးကြမယ်လို့လည်း ဝန်ကြီးချုပ် Tusk က ပြောပါတယ်။ တိကျပြတ်သားမှုနဲ့သာ ရုရှားရဲ့ ယူကရိန်း စစ်ပွဲကို အဆုံးသတ်နိုင်မှာ ဖြစ်ပြီး ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးကို ဆောင်းကျဉ်းနိုင်မယ်လို့ ယူကရိန်း သမ္မတ Zelenskyy က အင်္ဂါနေ့မှာ ပြောပါတယ်။

📸 ယူကရိန်းသမ္မတ Volodymyr Zelensky နဲ့ ပိုလန်ဝန်ကြီးချုပ် Donald Tusk တို့ကို အတူတွေ့ရစဉ် (ဇွန် ၂၇၊ ၂၀၂၄)

#centralnewsnaypyitaw

image

သူပုန်တွေ အာဏာရလာတဲ့ ဆီးရီးယားနိုင်ငံမှာ ကြားဖြတ်အစိုးရ ဝန်ကြီးချုပ်တင်မြှောက်

ဒီဇင်ဘာ ၁၁

ဆီးရီးယားနိုင်ငံမှ သမ္မတဟောင်း ဘရှာအယ်လ်အာဆတ်ဟာ ရာထူးကိုစွန့်ပြီး နိုင်ံငံမှ ဒီဇင်ဘာလ ၈ ရက်မှာ ထွက်ပြေးသွားပြီးတဲ့နောက် လက်နက်ကိုင်တပ်ဖွဲ့တစ်ခုဖြစ်တဲ့ Hayat Tahrir al-Sham(HTS) ရဲ့ ခေါင်းဆောင်ဖြစ်တဲ့ မိုဟာမက် အယ်လ် ဘရှာကို နိုင်ငံရဲ့ ကြားဖြတ်အစိုးရဝန်ကြီးချုပ်အဖြစ် ဒီဇင်ဘာလ ၁၀ ရက်မှာ တာဝန်ပေးခဲ့ကြပါတယ်။

သူပုန်တပ်ဖွဲ့တွေ ကြီးစိုးခဲ့ကြတဲ့ Idlib ပြည်နယ်အတွင်းမှာ HTS အဖွဲ့ရဲ့ အစိုးရခေါင်းဆောင်အဖြစ် ဆောင်ရွက်ခဲ့တဲ့ မိုဟာမက် အယ်လ်ဘရှာက နိုင်ငံရဲ့ ကြားဖြတ်အစိုးရ ဝန်ကြီးချုပ်အဖြစ် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်မှာ ရုပ်မြင်သံကြားက ကြေညာသွားခဲ့ပါတယ်။

အယ်လ်ဘရှာက “ဒီနေ့မှာ ကျွန်တော်တို့ ကြားဖြတ်အစိုးရဖွဲ့စည်းဖို့ အစည်းအဝေးလုပ်ပါမယ်။ နောက်နှစ်လအတွင်း ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေဆိုင်ရာစနစ်တစ်ခု ဆီးရီးယားပြည်သူတွေအတွက် ဖြစ်ပေါ်လာစေဖို့ လိုအပ်တာတွေဆောင်ရွက်သွားမယ်”လို့ ပြောခဲ့ပါတယ်။

ဆီးရီးယားကြားဖြတ်အစိုးရ ဝန်ကြီးချုပ် မိုဟာမက် အယ်လ်ဘရှာကတော့ ဆီးရီးယားပြည်သူတွေအနေနဲ့ တည်ငြိမ်မှုနဲ့ ငြိမ်းချမ်းမှုကို လိုအပ်နေကြပြီး သူ့အနေနဲ့လည်း ဘရှာအယ်လ်အာဆတ်အစိုးရလက်ထက်က တာဝန်ရှိသူတွေနဲ့အတူ အစိုးရလုပ်ငန်းတွေ၊ အဖွဲ့အစည်းတွေ ပြန်လည်လည်ပတ်နိုင်ဖို့ ဆောင်ရွက်နေတယ်လို့ ပြောခဲ့ပါတယ်။ သူက ဆီးရီးယားပြည်သူတွေအဖို့ ၁၄ နှစ်ကြာ ပြည်တွင်းစစ်ပွဲတွေအတွင်း ဒုက္ခမျိုးစုံရောက်နေခဲ့ရပြီး နိုင်ငံကိုပြန်လည်ထူထောင်သွားမယ်လို့လည်း ပြောခဲ့ပါတယ်။

ဒီအချိန်မှာ အစ္စရေးစစ်တပ်ကလည်း ပြီးခဲ့တဲ့ ၄၈ နာရီအတွင်း ဆီးရီးယားရေတပ်သင်္ဘော ၁၅ စီးအပါအဝင် လေယာဉ်ပစ်အမြောက်တွေ၊ လက်နက်ထုတ်လုပ်ရေးစက်ရုံတွေကို လေ‌ကြောင်းတိုက်ခိုက်မှု အကြိမ် ၄၈၀ လုပ်ခဲ့တယ်လို့ ဒီဇင်ဘာလ ၁၀ ရက်မှာ ပြောခဲ့ပါတယ်။

တစ်ပြိုင်ထဲမှာ HTS တပ်ဖွဲ့တွေက နိုင်ငံအရှေ့မြောက်ပိုင်းရှိ Deir Az Zor မြို့ကို အမေရိကန်ထောက်ခံတဲ့ ကာ့ဒ်သူပုန်တပ်ဖွဲ့ SDF တပ်ဖွဲ့တွေလက်က ပြန်လည်ရယူနိုင်ခဲ့တယ်လို့ဆိုပါတယ်။ ကာ့ဒ်တပ်ဖွဲ့တွေက နိုင်ငံအရှေ့ပိုင်းနယ်မြေတွေကို ကြီးစိုးထားပါတယ်။

Ref- Times of Israel, Al Jazeera

Credit - MT News Agency

#သတင်းဟင်းလေးအိုးကြီး

image

တရားမဝင်ကုန်သွယ်မှုကြောင့် နိုင်ငံ၏ GDP ကို ကျဆင်းစေကြောင်း နစကဒုဥက္ကဋ္ဌပြော

နေပြည်တော်၊ ဒီဇင်ဘာ ၁၁

တရားမဝင်ကုန်သွယ်မှုကြောင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရသင့်ရထိုက်သောအခွန်အခများစွာ ဆုံးရှုံးနစ်နာစေပြီး နိုင်ငံ၏ GDP လည်း ကျဆင်းစေသည်ကိုတွေ့ရှိရကြောင်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောဆိုသည်။

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၅/၂၀၂၄) ကို ယမန်နေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ညီလာခံခန်းမ၌ ကျင်းပခဲ့သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌက တရားမဝင်ကုန်သွယ်မှုကြောင့် နိုင်ငံတော်၏ အခွန်ငွေ ရရှိမှုလည်း များစွာဆုံးရှုံးနစ်နာရကြောင်း၊ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးလုပ်ငန်းများကြောင့် ကုန်ကျစရိတ်များလည်းရှိကြောင်း၊ ပြည်တွင်းထုတ်လုပ်မှုအပိုင်းအနေဖြင့် တရားမဝင်တင်သွင်းလာသော အရည်အသွေးမမီဘဲ ဈေးသက်သာသော ကုန်ကြမ်းပစ္စည်းများကြောင့် ပြည်တွင်းလုပ်ငန်းရှင်များထုတ်လုပ် သည့် ထုတ်ကုန်ပစ္စည်းများတွင် အရည်အသွေးပြည့်မီခြင်းမရှိနိုင်သဖြင့် ပြည်တွင်းသုံးစွဲသူများကို ဘေးအန္တရာယ်ဖြစ်စေယုံသာမက ပြည်ပတင်ပို့မှုပိုင်းတွင်လည်း နိုင်ငံတကာဈေးကွက်၌ နှိုင်းယှဉ်ပါကလည်း အရည်အသွေးမမီသည့် ပို့ကုန်ပစ္စည်းများကြောင့် မိမိနိုင်ငံထုတ်ကုန်ပစ္စည်းများ ဈေးကွက်ဝေစုရရှိမှု များစွာထိခိုက်နစ်နာစေနိုင်ကြောင်း ပြောဆိုသည်။

အာမခံချက်မရှိဘဲ ဈေးပေါပေါဖြင့် တင်သွင်းလာသည့် အတု၊ အပ အရည်အသွေးမမီသည့် ကုန်ကြမ်း ပစ္စည်းများကြောင့် ပြည်တွင်းထုတ်လုပ်မှုတွင်လည်း အရည်အသွေးမမီခြင်းကြောင့် ထုတ်ကုန်ပစ္စည်းများ နစ်နာဆုံးရှုံးနိုင်ကြောင်း၊ ပုံစံအမျိုးမျိုးဖြင့် ဆောင်ရွက်နေသည့် တရားမဝင်ကုန်သွယ်မှုများသည် တိုင်းပြည်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို များစွာထိခိုက်နစ်နာရုံသာမက တရားမဝင်ကုန်သွယ်မှုကြောင့် ကုန်သွယ် လုပ်ငန်းခွန်၊ ဝင်ငွေခွန်၊ အထူးကုန်စည်ခွန်စသည့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရသင့်ရထိုက် သောအခွန်အခများစွာ ဆုံးရှုံးနစ်နာစေပြီး နိုင်ငံ၏ GDP ကိုလည်း ကျဆင်းစေသည်ကိုတွေ့ရှိရကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌက ပြောဆိုသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌက တရားမဝင်ကုန်သွယ်မှု၏ နောက်ဆက်တွဲ ဆိုးကျိုး အနေဖြင့် ကုန်သွယ်မှု၏ နောက်ကွယ်တွင် လာဘ်ပေးလာဘ်ယူကိစ္စရပ်များကြောင့် နိုင်ငံ့ဝန်ထမ်းများ၏ စွမ်းရည်နှင့် ဂုဏ်သိက္ခာကျဆင်းလာခြင်း၊ စာရိတ္တနှင့်စိတ်ဓါတ်များလျော့ကျလာခြင်းတို့ကြောင့် နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ်ကိုလည်း ထိခိုက်စေသည်ကို တွေ့ရှိရကြောင်း၊ ထို့ကြောင့် နိုင်ငံ့စီးပွားရေးမောင်းနှင် အားကောင်းမွန်စေရန်၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်အတွက် အဓိကအဟန့်အတားဖြစ်သည့် တရားမဝင် ကုန်သွယ်မှုကို ယခုထက်ပိုမိုထိရောက်စွာ တားဆီးစစ်ဆေး အရေးယူရန်လိုအပ်ကြောင်း ပြောဆိုသည်။

တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ အစည်းအဝေး (၁၆) ကြိမ်အထိ ဆုံးဖြတ်ချက် (၅၆၀) ချက် ချမှတ်ဆောင်ရွက်နိုင်ခဲ့ပြီး ဖမ်းဆီးရရှိမှုများအနေဖြင့် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလမှ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလအထိ (၂) နှစ်နှင့် (၁၁) လ ကာလအတွင်း ဖမ်းဆီးရမိအမှုတွဲ (၁၇၂၅၈) မှု၊ ခန့်မှန်းတန်ဖိုးကျပ် (၃၇၉ ဒသမ ၂၄၇) ဘီလီယံ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

#centralnewsnaypyitae

image
48 w - Translate

ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ

(ဒီဇင်ဘာ - ၁၁ ရက်)
#ရွှေဈေး

-ကမ္ဘာ့ရွှေဈေး
တအောင်စ ၂၇၀၁ ဒေါ်လာ

ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း

- အကယ်ဒမီ မီးလင်းရွှေ တကျပ်သား
၅၃၈၀၀၀၀ ကျပ်

ပြင်ပရွှေဈေးနှုန်း

-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၆၂၀၀၀၀၀ ကျပ်
ဝယ်ဈေး ၆၁၆၀၀၀၀ ကျပ်

-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၆၀၀၀၀၀၀ ကျပ်
ဝယ်ဈေး ၅၉၆၀၀၀၀ ကျပ်

“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”

(ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။)

#နိုင်ငံခြားငွေလဲလှယ်နှုန်း

-မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း
အမေရိကန် တဒေါ်လာ - ၂၁၀၀ ကျပ်

ပြင်ပပေါက်စျေး

-အမေရိကန်ဒေါ်လာ‌
ရောင်းဈေး - ၄၄၆၀ ကျပ်
ဝယ်ဈေး - ၄၃၆၀ ကျပ်

-စင်္ကာပူဒေါ်လာ
ရောင်းဈေး - ၃၃၈၀ ကျပ်
ဝယ်ဈေး - ၃၃၁၀ ကျပ်

-ယူရို
ရောင်းဈေး - ၄၇၃၀ ကျပ်
ဝယ်ဈေး - ၄၆၁၀ ကျပ်

-ထိုင်းဘတ်
ရောင်းဈေး - ၁၃၃.၃၃ ကျပ်
ဝယ်ဈေး - ၁၂၉.၈၇ ကျပ်

-မလေးရှားရင်းဂစ်
ရောင်းဈေး - ၁၀၁၅ ကျပ်
ဝယ်ဈေး - ၉၉၀ ကျပ်

-တရုတ်ယွမ်
ရောင်းဈေး - ၆၂၀ ကျပ်
ဝယ်ဈေး - ၆၀၄ ကျပ်

-ဂျပန်ယန်း
ရောင်းဈေး - ၂၉.၆၁ ကျပ်
ဝယ်ဈေး - ၂၈.၈၄ ကျပ်

-အိန္ဒိယရူပီး
ရောင်းဈေး - ၅၂.၉၅ ကျပ်
ဝယ်ဈေး - ၅၁.၅၇ ကျပ်

-ကိုရီးယားဝမ်
ရောင်းဈေး - ၃.၁၄ ကျပ်
ဝယ်ဈေး - ၃.၀၆ ကျပ်

-စတာလင်ပေါင်
ရောင်းဈေး - ၅၇၄၅ ကျပ်
ဝယ်ဈေး - ၅၅၉၅ ကျပ်

-ဩစတြေးလျဒေါ်လာ
ရောင်းဈေး - ၂၈၆၅ ကျပ်
ဝယ်ဈေး - ၂၇၉၀ ကျပ်

-ကနေဒါဒေါ်လာ
ရောင်းဈေး - ၃၁၇၅ ကျပ်
ဝယ်ဈေး - ၃၀၉၀ ကျပ်

-ဟောင်ကောင်ဒေါ်လာ
ရောင်းဈေး - ၅၇၉ ကျပ်
ဝယ်ဈေး - ၅၆၄ ကျပ်

-ယူအေအီး
ရောင်းဈေး - ၁၂၂၅ ကျပ်
ဝယ်ဈေး - ၁၁၉၅ ကျပ်

ငွေလဲနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

48 w - Translate

အစဥ်အလာမပျက်ကျွေးမွေးမည့် ကန်ကြီးစတုဒိသာပွဲ

မွန်ပြည်နယ်၊ ဇင်းကျိုက်မြို့ရှိ ကန်တော်မင်္ဂလာကန်ပတ်လည်၌ နှစ်စဥ်အစဥ်အလာမပျက်ကျွေးမွေးလှူဒါန်းသည့် ကန်ကြီးစတုဒိသာပွဲအား လာမည့် ဒီဇင်ဘာ ၁၅ ရက်(နတ်တော်လပြည့်နေ့)နေ့လည် ၃ နာရီမှစတင်၍ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကန်ကြီးစတုဒိသာပွဲအား ဇင်းကျိုက် (အ.ထ.က)ကျောင်းသူ၊ကျောင်းသားများ၊ ဇင်းကျိုက်ကျောင်းသားဟောင်းများအဖွဲ့၊ ကိုမင်းမင်းကုန်မာဆိုင်အဖွဲ့၊ ရေလည်ဘုရားဂေါပကအ ဖွဲ့တို့မှ အမာခံပါဝင်လှူဒါန်းခြင်း၊ ရပ်ကွက်များမှစုပေါင်းပါဝင်လှူဒါန်းမှုများဖြင့် ကျွေးမွေးခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်၌ စတုဒိသာပွဲဖြစ်မြောက်ရေးကော်မတီနှင့်အလှူရှင်အဖွဲ့များ တွေ့ဆုံဆွေးနွေးလျက်ရှိကြောင်း သိရသည်။

image
48 w - Translate

ဘာလိုအပ်နေလဲ မေးတဲ့သူထက်
လိုတာလေး အလိုက်သိ လုပ်ပေးတဲ့သူကို
သဘောကျတာ မမှားပါဘူး

ချစ်တယ်လို့ ပြောတဲ့သူထက်
ချစ်ပြတဲ့သူကို သဘောကျ ချစ်မိတာလဲ မမှားပါဘူး

ဂရုစိုက်ပေးပါလို့ တောင်းဆိုစရာမလိုပဲ
ဂရုစိုက်ပေးတဲ့ အရိပ်ကို ခိုလှုံတာမမှားသလို

ကြင်နာပေးပါ လို့ ပြောစရာမလိုပဲ
ကြင်နာတတ်တဲ့ နှလုံးသားလေးတစုံမှာ ပျော်ဝင် နားခိုမိတာလဲ မမှားပါဘူးနော်

လိုအပ်နေတာက. ပြောစရာမလိုပဲ ချစ်ပေးနေတဲ့သူကိုပဲ
လိုတာပါနော်

image
48 w - Translate

10AM AT HOME: 7AM AT HOTEL:

image
48 w - Translate

Trouser Style 🤍✨

image
48 w - Translate

Trouser Style 🤍✨

image
48 w - Translate

Trouser Style 🤍✨

image