16 w - Translate

Face Unlock ပါလာတော့မယ့် ကားတွေ
=======================

သင်က ကားဆီသွားနေတုန်း ကားဆီ မရောက်ခင်လေးမှာ ကားတံခါးကို ဖွင့်နိုင်ရင် တော်တော် မိုက်မှာပါ။ စမတ်ဖုန်းတွေရဲ့ Face Unlock ဟာ ကားတွေဆီ ရောက်လာတော့မှာ ဖြစ်ပါတယ်။

နာမည်ကြီး ကား တာယာ ကုမ္ပဏီ Continental က Face Unlock နည်းပညာ ပါတဲ့ ကားတွေဟာ လာမယ့် ၃ နှစ်ကနေ ၅ နှစ်အတွင်း ထွက်ပေါ်လာတော့မယ်လို့ ပြောလိုက်ပါတယ်။ ကုမ္ပဏီက ဒီနည်းပညာကို “ Intelligent Vehicle Experience Car With IQ” လို့ အမည်ပေထားပါတယ်။

ဒီနည်းပညာက တခြား အားသာချက်တွေလည်း ပါပါသေးတယ်။ ကားကို ပိုင်ရှင် မဟုတ်တဲ့ လူ ၊ ခိုးယူဖို့ ကြိုးစားသူက လာဖွင့်ရင် ပိုင်ရှင်ကို အသိပေးမှာ ဖြစ်ပါတယ်။

စမတ်ဖုန်း ကနေ ကား တံခါး ဖွင့်နိုင်တဲ့ နည်းပညာကို တချို့ကားတွေမှာ အသုံးပြုနိုင်ပြီ ဖြစ်ပါတယ်။ အဲဒီ နည်းပညာမှာ စမတ်ဖုန်းရဲ့ NFC Chip ကို အသုံးပြုထားတာ ဖြစ်ပါတယ်။ စမတ်ဖုန်းတွေရဲ့ Face Unlock ကို ကားတွေမှာ အသုံးပြုနိုင်ဖို့ နှစ်အနည်းငယ်ကြာမြင့်ဦးမှာ ဖြစ်ပါတယ်။

image