1 y - Translate

ယခုနှစ် အကောင်းဆုံး E-sport နိုင်ငံဆုတွင် မြန်မာနိုင်ငံမှ ဒုတိယရရှိ

နိုင်ငံတကာ Esport အဖွဲ့ချုပ် (IESF)၏ ယခုနှစ် အကောင်းဆုံး Esport နိုင်ငံဆုတွင် မြန်မာနိုင်ငံမှ Myanmar Electronic Sports Federation က ဒုတိယဆုရရှိကြောင်း IESF က ထုတ်ပြန်ထားသော အချက်အလက်များအရ သိရသ ည်။

အကောင်းဆုံး Esport နိုင်ငံဆုတွင် အင်ဒိုနီးရှားနိုင်ငံက အကောင်းဆုံးဆုကို ရရှိခဲ့ပြီး ဆုအတွက်ကြေညာခြင်းနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို တောင်ကိုရီးယားနိုင်ငံ ဘူဆန်မြို့၌ ကျင်းပခဲ့သော IESF World Esports Summit တွင် ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဆုပေးအပ်ရန် အတွက်စံနှုန်းများအတွင်း လုပ်ငန်းလည်ပတ်ရေး ကျွမ်းကျင်မှုပြိုင်ပွဲများတွင် အောင်မြင်မှုဈေးကွက်ရှာဖွေနိုင်ခြင်း၊ နိုင်ငံအဆင့်နှင့် ကမ္ဘာ့အဆင့်တွင် Esport ကို ကြီးထွားစေရန် ကြိုးပမ်းမှုတို့ပါဝင်ကြောင်း ထုတ်ပြန်ထားချက်အရ သိရသည်။

အင်ဒိုနီးရှားက အမှတ်ပေါင်း (၁၉၄၉)ဖြင့် ပထမ၊ မြန်မာက အမှတ်ပေါင်း (၁၉၁၀) ဖြင့် ဒုတိယ၊ ပိုလန်က အမှတ်ပေါင်း (၁၈၃၃) ဖြင့် တတိယ၊ ဟန်ဂေရီက အမှတ်ပေါင်း (၁၈၂၂) ဖြင့် စတုတ္ထ၊ ဆားဘီးယားက အမှတ်ပေါင်း (၁၈၂၁)ဖြင့် ပဉ္စမရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာ့လက်ရွေးစင် DOTA2 အသင်းဖြစ်သော Yangon Galaticos သည် IESF World Esports Championship 2023 တွင် ဒုတိယ ငွေတံဆိပ်ရခဲ့သကဲ့သို့ IESF World Esports Championship 2024 တွင်လည်း Top 8 ဝင်ခဲ့ကာ မြန်မာ့လက်ရွေးစင် PUBG Mobile အသင်းဖြစ်သော Genesis Esports သည် IESF World Esports Championship 2024 တွင် 4th Place နေရာသို့ ရောက်ရှိခဲ့သည်။

image

ထိုင်ဝမ်အတွက် စစ်ရေးအကူအညီ ဒေါ်လာ ၅၇၁ သန်း အမေရိကန်ပေးအပ်မှု တရုတ်ဝေဖန်

ဒီဇင်ဘာ ၂၂

ထိုင်ဝမ်ကို အမေရိကန်က စစ်ရေးအကူအညီအဖြစ် ဒေါ်လာ ၅၇၁ သန်းထောက်ပံ့မှုဟာ တရုတ်နိုင်ငံရဲ့ တပြည်ထောင်မူဝါဒနဲ့ အမေရိကန်-တရုတ် ယခင်သဘောတူညီချက်တွေကို ချိုးဖောက်လိုက်တာလို့ တရုတ်နိုင်ငံက ဒီကနေ့မှာ ဝေဖန်ပြောဆိုလိုက်ပါတယ်။

တရုတ်နိုင်ငံအနေနဲ့ အချုပ်အခြာအာဏာနဲ့ နယ်မြေပိုင်ဆိုင်မှုကို ကာကွယ်ဖို့ လိုအပ်တဲ့အစီအမံအားလုံးကို လုပ်ဆောင်သွားမယ်လို့လည်း ဆိုပါတယ်။ တရုတ်-အမေရိကန် ဆက်ဆံရေးမှာ ထိုင်ဝမ်ဟာ မျဉ်းနီဖြစ်ပြီး ဒီလိုင်းကိုမဖြတ်ဖို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက သတိပေးထုတ်ပြန်ပါတယ်။

တရုတ်ဟာ ထိုင်ဝမ်ကျွန်းကို ပိုင်ဆိုင်တယ်လို့ အခိုင်အမာပြောဆိုထားပြီး လိုအပ်ရင် စစ်ရေးအင်အားသုံးမယ်လို့ ဆိုထားကာ မကြာသေးမီနှစ်များအတွင် ကျွန်းအနီးမှာ စစ်ရေးလှုပ်ရှားမှုတွေ တိုးမြှင့်ပြီး ထိုင်ဝမ်ကို ဖိအားတွေ ပေးနေပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကလည်း ဂျပန်တောင်ပိုင်း ကျွန်းတွေအနီးကနေ တောင်တရုတ်ပင်လယ်ထိ တရုတ်စစ်တပ်က စစ်သင်္ဘော အစင်း ၉၀ ဖြန့်ကြက်ပြီး စစ်ရေးလေ့ကျင့်မှု ပြုလုပ်ခဲ့ပါတယ်။ ဒါဟာ ထိုင်ဝမ်သမ္မတ လိုင်ချင်းတီရဲ့ အမေရိကန်မှာ တထောက်နားတာအပါအဝင် ပစိတ်ဖိတ်ခရီးစဉ်အပေါ် တုံ့ပြန်တာဖြစ်ပါတယ်။

ထိုင်ဝမ်အတွက် စစ်ရေးအကူအညီ ဒေါ်လာ ၅၇၁ သန်းကို ရာထူးကနေ ထွက်ခွာတော့မယ့် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ပြီးခဲ့နေ့က အတည်ပြုခဲ့တာဖြစ်ပါတယ်။ အမေရိကန်နဲ့ ထိုင်ဝမ်တို့အကြား တရားဝင်သံတမန်ဆက်ဆံရေး မရှိပေမယ့် အမေရိကန်ဟာ အဓိကလက်နက်ထောက်ပံ့သူဖြစ်ပါတယ်။

Ref:Reuters
Photo:AFP

#သတင်းဟင်းလေးအိုးကြီး

image
1 y - Translate

စတော်ဘယ်ရီ ✌️

imageimage
1 y - Translate

😎😎

image
1 y - Translate

- Everything is temporary ❤

image
1 y - Translate

ပန်းတွေနားမှာ နိုးထခွင့်ရတာဟာ တနေ့တာရဲ့ ကံကောင်းခြင်းတမျိုးပဲ 🌼🌼🌼

image

ကရင်၊ ရွှေကုက္ကိုမှာ ဝမ်းပျက်ဝမ်းလျှောကြောင့် ၂ ဦး သေဆုံးပြီး လူ ၃၀၀ ကျော်ဆေးကုသမှုခံယူနေရ

ဒီဇင်ဘာ ၂၂

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ်၊ မြဝတီမြို့အနီး ရွှေကုက္ကိုမြို့မှာ ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားသူရာနဲ့ချီရှိနေပြီး ၂ ဦးသေဆုံးထားတယ်လို့ ဒေသခံတွေက ပြောသလို ထိုင်းသတင်းတွေကလည်း ဖော်ပြပါတယ်။

ရွှေက္ကိုမြို့ခံ သတင်းရင်းမြစ်တချို့ ကတော့ လူ ၃၀၀ ကျော် ဆေးကုသမှုခံယူနေရတယ်လို့ ပြောပါတယ်။

"ပြီးခဲ့တဲ့ ၃ ရက်လောက်က စဖြစ်တာ။ ဆိုင်ကြီးတွေကလွဲလို့ လမ်းဘေးမှာရောင်းတဲ့ စျေးဆိုင်တွေ၊ ညစျေးတန်းတွေ အကုန်ပိတ်ထားရတယ်။ နယ်ခြားစောင့်တပ်ရုံးတွေကနေ လော်စပီကာနဲ့အော်တယ်။ ဆိုင်တွေကိုတော့ စည်ပင် က လိုက်ပိတ်ခိုင်းတာ" လို့ ရွှေကုက္ကိုမြို့ခံ တစ်ဦးက ပြောပါတယ်။

ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားသူတွေကို ရွှေက္ကိုမြို့ သီတဂူချစ်သူဆေးရုံမှာ ဆေးကုသပေးနေတယ်လို့လည်း ပြောပါတယ်။

ရွှေကုက္ကိုမြို့ကို ဗိုလ်မှူးကြီး စောချစ်သူဦးဆောင်တဲ့ ကရင်နယ်ခြားစောင့်တပ် BGFကနေ နာမည်ပြောင်းထားတဲ့ ကရင်အမျိုးသားကာကွယ်ရေး တပ်မတော် (KNA)က ထိန်းချုပ်ထားတာဖြစ်ပါတယ်။

ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားနေတဲ့သူတွေထဲမှာ တရုတ်နိုင်ငံသားတွေပါဝင်ပြီး လူ ၅၀ ကျော် ဆေးရုံ တင်ထားရတယ်လို့ မဲဆောက်အခြေစိုက် မီဒီယာတွေက ရေးသားကြပါတယ်။

ရွှေကုက္ကိုမြို့မှာ ဝမ်းရောဂါဖြစ်ပွားနေတဲ့ အခြေအနေတွေကို အနီးကပ်စောင့်ကြည့်နေပြီး သတိပေးချက် တွေထုတ်ပြန်ထားတယ်လို့ ထိုင်းနိုင်ငံ တာခ့် ခရိုင်ကျန်းမာရေး အာဏာပိုင်တွေက ထုတ်ပြန်ထားပါတယ်။

ဒါအပြင် ဝမ်းရောဂါကို ထိန်းချုပ်နိုင်ဖို့ ထိုင်းဘက်ကနေ ရွှေကုက္ကိုကို ဆေးဝါးတွေထောက်ပံပေးနေတယ် လို့လည်း တာခ်ခရိုင် မဲရမတ်ဆေးရုံတာဝန်ခံကထိုင်းသတင်းတွေမှာ ပြောကြားထားပါတယ်။

အခုဖြစ်နေတဲ့ ဝမ်းလျှောရောဂါဟာ ကာလဝမ်းရောဂါရဲ့ လက္ခဏာတစ်ခုဖြစ်နိုင်ပြီး ‌ဆေးကုသမှု မခံယူရင် သေစေနိုင်တဲ့ ဘက်တီးရီးယာရောဂါဖြစ်တယ်လို့လည်း ထိုင်းကျန်းမာရေးဆရာဝန်တွေက ပြောထားပါတယ်။

ပုံစာ - ရွှေကုက္ကိုလ်မြို့သစ်မြင်ကွင်း
Credit - BBC

#သတင်းဟင်းလေးအိုးကြီး

image
1 y - Translate

Room Decor Inspo 🫶🖤

image
1 y - Translate

Room Decor Inspo 🫶🖤

image
1 y - Translate

Room Decor Inspo 🫶🖤

image