ရှာဖွေပါ။ ပို့စ်များExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
IBEC ဗုဒ္ဓတက္ကသိုလ်နှင့် ကျွန်းလှဗုဒ္ဓတက္ကသိုလ် ၏ ဒုတိယအကြိမ်မြောက်ဘွဲ့နှင်းသဘင်အခမ်းအနားသို့ သီတဂူဆရာတော်ကြီးကြွရောက်
IBEC Buddhist University (IBEC)နှင့် ကျွန်းလှဗုဒ္ဓတက္ကသိုလ်တို့၏ ဒုတိယအကြိမ်မြောက်ဘွဲ့နှင်းသဘင်အခမ်းအနားအား ယနေ့ ဒီဇင်ဘာ ၂၁ ရက်နံနက် ၈ နာရီက IBEC ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပရာ သီတဂူဆရာတော်ကြီးကြွရောက်တော်မူခဲ့သည်။
ထိုသို့ ကြွရောက်တော်မူပြီးနောက် သက်ဆိုင်ရာနယ်ပယ်အလိုက် ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့ရရှိသူများ၊ မဟာဝိဇ္ဇာဘွဲ့၊ ဝိဇ္ဇာဘွဲ့နှင့် ဒီပလိုမာလက်မှတ်ရရှိသူများကို သီတဂူဆရာတော်ကြီးမှ ဘွဲ့လက်မှတ်များချီးမြှင့်ပေးအပ်တော်မူခဲ့သည်။
အဆိုပါ IBEC ဘွဲ့နှင်းသဘင်ခန်းမ၌ ဘွဲ့နှင်းသဘင်ကျင်းပပြီးချိန်နှင့် ဒီဇင်ဘာ ၂၂ ရက်(မနက်ဖြန်)တို့တွင် မြတ်စွာဘုရားရှင်ထားတော်မူခဲ့သည့် သုံးဖြာသောသာသနာတော်မြတ်ကြီးဖွံ့ဖြိုးတိုးတက်စေရန် "ဗုဒ္ဓသာသနာနှင့် ယနေ့ကမ္ဘာ" ခေါင်းစဉ်ဖြင့် ယနေ့ဖြစ်ပေါ်လျက်ရှိသော ကမ္ဘာကြီး၏အခြေအနေအား ဗုဒ္ဓသာသနာရှုထောင့်မှ သုတေသနပြုလုပ်သုံးသပ်တင်ပြမည့် တက္ကသိုလ်သုတေသနစာတမ်းဖတ်ပွဲကိုလည်း ကျင်းပလျက်ရှိသည်။
သုတေသနစာတမ်းဖတ်ပွဲ၌ မြန်မာနိုင်ငံအဝှမ်းရှိ ဗုဒ္ဓတက္ကသိုလ်များမှ သုတေသနစာတမ်းရှင်များက အင်္ဂလိပ်စာတမ်း(၈)စောင်၊ ပါဠိစာတမ်း(၃) စောင်နှင့် မြန်မာစာတမ်း(၁၈)စောင်(စုစုပေါင်းစာတမ်း ၂၉ စောင်)ဖတ်ကြားသွားကြမည်ဖြစ်သည်။

အင်ဒိုနီးရှားမှ မြန်မာသို့ ပိုလီယိုရောဂါ ကာကွယ်ဆေး (၂.၇ ၁၆)သန်း လှူဒါန်း
အင်ဒိုနီးရှားနိုင်ငံမှ မြန်မာနိုင်ငံသို့ ပိုလီယိုရောဂါကာကွယ်ဆေး (၂.၇၁၆) သန်း လှူဒါန်းခဲ့ကြောင်း ရန်ကုန်ရှိ အင်ဒိုနီးရှားသံရုံးမှ ထုတ်ပြန် အသိပေးထားသည်။
ပိုလီယိုရောဂါကာကွယ်ဆေးများကို အင်ဒိုနီးရှားနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ Director of South East Asia Affa irs Mr. Mirza Nurhidayat နှင့် မြန်မာနိုင်ငံဆိုင်ရာ အင်ဒိုနီးရှားသံရုံးမှ သံရုံးယာယီတာဝန်ခံ Mr.M.Arif Hidayatullah တို့က မြန်မာနိုင်ငံရှိတာဝန်ရှိသူများကို ပေးအပ်ခဲ့ပြီး ကာကွယ်ဆေးများကို ဗဟိုကာကွယ်ဆေး သိုလှောင် အအေးခန်း (ရန်ကုန်) သို့ အအေးလမ်းကြောင်းမပျက် ဆက်လက်ပို့ဆောင်ထားကြောင်း သိရသည်။
အဆိုပါ ပိုလီယိုရောဂါ ကာကွယ်ဆေးများကို ကျန်းမာရေးဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေး အစီအစဉ်၊ကာကွယ်ဆေးထပ်မံတိုက်ကျွေးပေးရန် လိုအပ်သည့် ကလေ-းငယ်များအတွက် ဆောင်ရွက်မည့် အမျိုးသားကာကွယ်ဆေးတိုက်ကျွေးရေးနေ့များအတွက်လည်းကောင်း အသုံးပြုဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာရှိ စစ်သွေးကြွများကြောင့် မဏိပူရ လူမျိုးရေးပဋိပက္ခ ပိုဆိုးခဲ့
နယူးဒေလီ၊ ဒီဇင်ဘာ ၂၁
မြန်မာနိုင်ငံတွင် ခိုလှုံနေထိုင်ပြီး မြန်မာပြည်တွင်းစစ်၌ ပါဝင်တိုက်ခိုက်နေသည့် အိန္ဒိယစစ်သွေးကြွအုပ်စုများသည် ယခုနှစ်အတွင်း အိန္ဒိယနယ်စပ်ကိုဖြတ်ကာ မဏိပူရ (Manipur) ပြည်နယ်ထဲသို့ ပြန်လည်ဝင်ရောက်လာခဲ့ကြောင်း အိန္ဒိယလုံခြုံရေးအရာရှိများက ပြောကြားခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
ထို့ကြောင့် မဏိပူရပြည်နယ်တွင် ပြိုင်ဘက် လူမျိုးစုများအကြား ၁၉ လကြာ ဖြစ်ပွားခဲ့သည့် လူမျိုးရေးပဋိပက္ခကို ပိုမိုဆိုးရွားစေခဲ့ကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။
ထိုလူမျိုးရေးပဋိပက္ခသည် မဏိပူရပြည်နယ်ကို ကြီးစိုးထားပြီး ဟိန္ဒူအများစုဖြစ်သည့် ကသည်းလူမျိုးစုနှင့် ခရစ်ယာန် အများစုဖြစ်သော ကူကီးလူမျိုးစုများအကြား အကြမ်းဖက်မှုများ ပိုမိုမြင့်တက်ခဲ့သည်။
ထိုလူမျိုးရေးပဋိပက္ခသည် အိန္ဒိယဝန်ကြီးချုပ် မိုဒီ (Narendra Modi) အစိုးရအဖွဲ့ သက်တမ်း ၁၁ နှစ်အတွင်း တရားဥပဒေစိုးမိုးမှုမရှိသည့် အကြီးမားဆုံး ကျရှုံးမှုဖြစ်ကြောင်း ဝေဖန်သူများက ပြောကြားခဲ့သည်။
၂၀၂၃ ခုနှစ်၊ မေလက စတင်ဖြစ်ပွားခဲ့သည့် ထိုလူမျိုးရေး ပဋိပက္ခအတွင်း လူ ၂၆၀ ခန့်သေဆုံးကာ လူပေါင်း ၆၀,၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည်။
အိန္ဒိယ၏ ပြိုင်ဘက် လက်နက်ကိုင် အုပ်စုများသည် နယ်စပ်ကိုဖြတ်ပြီး မဏိပူရပြည်နယ်အတွင်း ဝင်ရောက် လာသဖြင့် ပဋိပက္ခသည် ပိုမိုပျံ့နှံ့လာခဲ့ကြောင်း အိန္ဒိယစစ်တပ်နှင့် ရဲအရာရှိများ၊ နိုင်ငံရေးသမားများနှင့် မြန်မာနိုင်ငံရှိ လက်နက်ကိုင်အဖွဲ့များက ရိုက်တာသတင်းဌာနသို့ ပြောကြားခဲ့သည်။
ထိုအိန္ဒိယစစ်သွေးကြွ အဖွဲ့များသည် ရော့ကက်လောင်ချာများ အပါအဝင် ခေတ်မီဆန်းသစ်သည် လက်နက်များ ကိုင်ဆောင်ထားပြီး နိုဝင်ဘာ ၁ လအတွင်းမှာပင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် လူ ၂၀ သေဆုံးခဲ့သည်။
ထိုအခြေအနေကို တုန့်ပြန်သည့် အနေဖြင့် အိန္ဒိယအစိုးရက မဏိပူရပြည်နယ်တွင် စစ်သား ၁၀,၀၀၀ ကျော် ဖြန့်ကြက်ချထားကြောင်း ကြေညာခဲ့၍ အဆိုပါ ပြည်နယ်တွင် စစ်သားအင်အား ၆၇,၀၀၀ နီးပါးရှိလာပြီး ရဲတပ်ဖွဲ့ အင်အားလည်း ၃၀,၀၀၀ အထိ ရှိနေသည်။
ပဋိပက္ခများ အရှိန်မြင့်တက်လာမှုနှင့်အတူ ပြိုင်ဘက် အဖွဲ့များအကြား လက်နက်များ ဝယ်ယူရေးနှင့် စစ်ဆင်ရေး များ ပြုလုပ်ရန် ငွေကြေးရှာသည့် အနေဖြင့် ခြိမ်းခြောက် ငွေညှစ်မှုများ၊ တရားမဝင် မူးယစ်ဆေးဝါး မှောင်ခိုကူးမှု များ အပါအဝင် ရာဇဝတ်မှုများလည်း မြင့်တက်လာခဲ့ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။
Source: ရိုက်တာ
ပုံ - လက်နက်ခဲယမ်းများကို တွေ့ရစဉ်
#သတင်းဟင်းလေးအိုးကြီး