နာမည်ကျော်ကိုရီးယားရုပ်သံဇာတ်လမ်းတွဲ Squid Game ဒုတိယတွဲ ကို ဒီဇင်ဘာ ၂၆ ရက်က Netflix မှာ စတင်ပြသခဲ့ရာမှာ ကမ္ဘာတဝန်းစောင့်ကြည့်ရှုမှုအများဆုံးဖြစ်ခဲ့ပါတယ်။

ဒုတိယတွဲမှာ အပိုင်း ၇ ပိုင်းပါပြီး တစ်ညတည်းအပြီးကြည့်ခဲ့သူတွေ ရှိခဲ့တာကြောင့် ကြည့်ပြီးသူတွေက ဇာတ်လမ်းကို ကြိုပြောတာတွေရေးတာမျိုးတွေမလုပ်ဖို့ လည်း အွန်လိုင်းမှာ ရေးသားနေကြတာပါ။

ပြီးခဲ့တဲ့ရက်ကတော့ Squid Game ရဲ့ ဇာတ်ကောင် Gogowa အရုပ်ကြီး နဲ့ ဂိမ်းဇာတ်ကောင်တွေ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ ကျောက်ဖရားမြစ်တစ်လျှောက် မှာ သင်္ဘောနဲ့တင်ဆောင်ပြီး ပရိုမိုးရှင်းဆင်းခဲ့ပါတယ်။

ထိုင်းနိုင်ငံမှာ ‌ပထမဆုံးအကြိမ် ပရိုမိုးရှင်းလုပ်ခဲ့တာဖြစ်ပြီး အဲဒီ မားကက်တင်းဆင်းတဲ့ အိုင်ဒီယာကို ထိုင်းနိုင်ငံရဲ့ Creative Agency တစ်ခုက ဖန်တီးခဲ့တာဖြစ်ပါတယ်။

ထိုင်းနိုင်ငံသာမက ဒေသတွင်း အင်ဒိုနီးရှား၊ မလေးရှား၊ကိုရီးယား၊ ဂျပန်နဲ့ထိုင်ဝမ် တို့မှာ လည်း ဒုတိယတွဲ အတွက် ပရိုမိုးရှင်းဆင်းခဲ့တာတွေ့ရပါတယ်။

ဓာတ်ပုံ- Getty Images

#သတင်းဟင်းလေးအိုးကြီး

image
image
image
image
1 y - Translate

ရွှေပဲသီးကြော်
- - - - - - - - - -
ရွှေပဲသီး ၂၀ သား
ကြက်သွန်ဖြူ ၃ တက်
နှမ်း အနည်းငယ်
ဆား
ပဲငံပြာရည်အကြည်

ရွှေပဲသီးများကို သေချာစွာရေဆေး သန့်စင်ပါ။
ကြက်သွန်ဖြူ များကို နုတ်နုတ်စင်းပြီး ဆီသတ်ပါ။
အနံ့မွှေးလာပါက ရွှေပဲသီးများ ထည့်ပါ။
ပဲငံပြာရည်အကြည် နှစ်ဇွန်းခန့် ထည့်ပါ။ ဆားထည့်ပါ။
ပဲငံပြာရည် ဆူသည်အထိ မီးအေးအေးဖြင့် ကြော်ပါ။

စားသုံးခါနီးလျှင် နှမ်းစေ့လေးများဖြူးပြီး စားသုံးနိုင်ပါသည်။

image

ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ

ဒီဇင်ဘာ ၂၈

#ရွှေဈေး

-ကမ္ဘာ့ရွှေဈေး
တအောင်စ ၂၆၃၂ ဒေါ်လာ

ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း

- အကယ်ဒမီ မီးလင်းရွှေ တကျပ်သား
၅၂၉၀၀၀၀ ကျပ်

ပြင်ပရွှေဈေးနှုန်း

-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၆၁၂၀၀၀၀ ကျပ်
ဝယ်ဈေး ၆၀၈၀၀၀၀ ကျပ်

-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၅၉၂၀၀၀၀ ကျပ်
ဝယ်ဈေး ၅၈၈၀၀၀၀ ကျပ်

“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”

(ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။)

#နိုင်ငံခြားငွေလဲလှယ်နှုန်း

-မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း
အမေရိကန် တဒေါ်လာ - ၂၁၀၀ ကျပ်

ပြင်ပပေါက်စျေး

-အမေရိကန်ဒေါ်လာ‌
ရောင်းဈေး - ၄၄၅၀ ကျပ်
ဝယ်ဈေး - ၄၃၈၀ ကျပ်

-စင်္ကာပူဒေါ်လာ
ရောင်းဈေး - ၃၃၁၅ ကျပ်
ဝယ်ဈေး - ၃၂၅၅ ကျပ်

-ယူရို
ရောင်းဈေး - ၄၆၅၀ ကျပ်
ဝယ်ဈေး - ၄၅၆၀ ကျပ်

-ထိုင်းဘတ်
ရောင်းဈေး - ၁၃၀.၇၂ ကျပ်
ဝယ်ဈေး - ၁၂၈.၂၁ ကျပ်

-မလေးရှားရင်းဂစ်
ရောင်းဈေး - ၁၀၀၀ ကျပ်
ဝယ်ဈေး - ၉၈၁ ကျပ်

-တရုတ်ယွမ်
ရောင်းဈေး - ၆၁၂ ကျပ်
ဝယ်ဈေး - ၆၀၀ ကျပ်

-ဂျပန်ယန်း
ရောင်းဈေး - ၂၈.၃၁ ကျပ်
ဝယ်ဈေး - ၂၇.၇၇ ကျပ်

-အိန္ဒိယရူပီး
ရောင်းဈေး - ၅၂.၄၈ ကျပ်
ဝယ်ဈေး - ၅၁.၄၈ ကျပ်

-ကိုရီးယားဝမ်
ရောင်းဈေး - ၃.၀၆ ကျပ်
ဝယ်ဈေး - ၃.၀၀ ကျပ်

-စတာလင်ပေါင်
ရောင်းဈေး - ၅၆၀၅ ကျပ်
ဝယ်ဈေး - ၅၄၉၅ ကျပ်

-ဩစတြေးလျဒေါ်လာ
ရောင်းဈေး - ၂၇၈၀ ကျပ်
ဝယ်ဈေး - ၂၇၂၅ ကျပ်

-ကနေဒါဒေါ်လာ
ရောင်းဈေး - ၃၁၀၀ ကျပ်
ဝယ်ဈေး - ၃၀၄၀ ကျပ်

-ဟောင်ကောင်ဒေါ်လာ
ရောင်းဈေး - ၅၇၅ ကျပ်
ဝယ်ဈေး - ၅၆၄ ကျပ်

-ယူအေအီး
ရောင်းဈေး - ၁၂၁၅ ကျပ်
ဝယ်ဈေး - ၁၁၉၀ ကျပ်

ငွေလဲနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Credit - VOM News Agency

#သတင်းဟင်းလေးအိုးကြီး

image
1 y - Translate

ပို့ကုန်/သွင်းကုန်များအ‌ပေါ် ဈေးကွက်ငွေလဲနှုန်းဖြင့် အခွန်ပြောင်းလဲကောက်ခံမည်

ပို့ကုန်/သွင်းကုန်တွေအပေါ် အခွန်စည်းကြပ်ကောက်ခံရာမှာ ဗဟိုဘဏ်ကနေ့စဉ်ထုတ်ပြန်တဲ့ ရည်ညွှန်းငွေလဲနှုန်းကို အခြေခံတဲ့ အပတ်စဉ်နိုင်ငံခြားငွေလဲလှယ်နှုန်းနဲ့ ကောက်ခံရာကနေ ၂၀၂၅ခုနှစ်၊ ဇန်နဝါရီ ၁ရက်ကစပြီး ဈေးကွက်ငွေလဲနှုန်းကို အခြေခံတဲ့ အပတ်စဉ်နိုင်ငံခြားငွေလဲလှယ်နှုန်းနဲ့ ပြောင်းလဲကောက်ခံသွားမယ်လို့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ အကောက်ခွန်ဦးစီးဌာနက ဒီဇင်ဘာ၂၇ရက်မှာ ကြေညာပါတယ်။

အခွန်စည်းကြပ်ကောက်ခံရာမှာ အသုံးပြုမယ့် ဈေးကွက်ငွေလဲလှယ်နှုန်းကို အခြေခံတဲ့ အပတ်စဉ်နိုင်ငံခြားငွေလဲလှယ်နှုန်းတွေကိုလည်း အကောက်ခွန်ဦးစီးဌာနရဲ့ Website၊ Facebook Pageတွေမှာ အပတ်စဉ်ထုတ်ပြန်ကြေညာပေးသွားမှာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဗဟိုဘဏ်က နေ့စဉ်ထုတ်ပြန်တဲ့ရည်ညွှန်းနိုင်ငံခြားငွေလဲလှယ်နှုန်းက အမေရိကန်တစ်ဒေါ်လာကို ၂၁၀၀ကျပ်ဖြစ်ပြီး ဒီဇင်ဘာ၂၇ရက်မှာ ဗဟိုဘဏ်က FX Market Online Platformကတစ်ဆင့် ထုတ်‌ရောင်းပေးတဲ့ နိုင်ငံခြားငွေလဲလှယ်နှုန်းက အမေရိကန်တစ်ဒေါ်လာကို ၃၅၈၈ကျပ်ဖြစ်တယ်လို့ ဗဟိုဘဏ်ကနေ သိရပါတယ်။

image

အန်တိုနီကို ခေါ်ယူဖို့ ကလပ်အများအပြား စိတ်ဝင်စား

ဒီဇင်ဘာ ၂၈

ယူနိုက်တက်အသင်းမှာ နေရာရဖို့ ရုန်းကန်နေရတဲ့ တောင်ပံကစားသမား အန်တိုနီကို ခေါ်ယူဖို့ ကလပ် အများအပြားက စိတ်ဝင်စားနေတယ်လို့ အေးဂျင့်ဖြစ်သူက အတည်ပြုခဲ့ပါတယ်။

ပက်ဒရိုဆိုက “ဇန်နဝါရီမှာ အန်တိုနီရဲ့ အပြောင်းအရွှေ့အတွက် ကလပ်အများအပြားက ကျနော်တို့ကို ချဉ်းကပ် ခဲ့ပါတယ်။ ဒီကလပ်တွေက အန်တိုနီရဲ့ အခြေအနေကို နားလည်ချင်နေကြပါတယ်။ ဒါကြောင့် သူတို့တွေဟာ အန်တိုနီကို ခိုင်မာတဲ့ စိတ်ဝင်စားမှု ရှိတယ်ဆိုတာကို ကျနော် အတည်ပြုနိုင်ပါတယ်။ ယူနိုက်တက်အသင်းဘက် ကတော့ အန်တိုနီကို ရောင်းချဖို့ ဒါမှမဟုတ် အငှားချဖို့ ဘယ်လိုစိတ်ဝင်စားမှုကိုမှ ပြခဲ့ခြင်းမရှိဘူး”လို့ GiveMe Sport ကိုပြောခဲ့တာပါ။

၂၀၂၂ ခုနှစ် နွေရာသီ အပြောင်းအရွှေ့က အေဂျက်စ်အသင်းကနေ ပေါင် ၈၂ သန်းနဲ့ ရောက်ရှိလာခဲ့တဲ့ အန်တိုနီဟာ ယူနိုက်တက်အသင်းမှာ ၂ ရာသီခွဲအတွင်း ပရီးမီးယားလိဂ် သွင်းဂိုး ၅ ဂိုးသာ သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

အန်တိုနီဟာ နည်းပြသစ် အာမိုရင် လက်ထက်မှာ ယူနိုက်တက်အသင်းရဲ့ ပွဲထွက်လူစာရင်းထဲ ပါဝင်ခွင့်ရရှိဖို့ ရုန်းကန်နေရတာကြောင့် ဇန်နဝါရီအပြောင်းအရွှေ့မှာ ထွက်ခွာဖွယ်ရှိတယ်လို့ သတင်းတွေ ထွက်ပေါ်နေတာပါ။

ဒီအချိန်မှာ အန်တိုနီရဲ့အေးဂျင့်က သူ့ရဲ့ကစားသမားကို ခေါ်ယူဖို့ ကလပ်အသင်း အများအပြားက စိတ်ဝင်စား နေကြတယ်လို့ ပြောခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် ယူနိုက်တက်အသင်းဟာ အန်တိုနီကို ဇန်နဝါရီ အပြောင်းအရွှေ့မှာ ထွက်ခွာခွင့်ပေးဖို့ ရည်ရွယ်ထားခြင်း မရှိဘူးလို့ သိရပါတယ်။

အန်တိုနီရဲ့အေးဂျင့်ကတော့ ကစားသမားဟာ လာမယ့် အပြောင်းအရွှေ့မှာ အငှားနဲ့ ထွက်ခွာဖွယ်ရှိနိုင်တယ်လို့ အရိပ်အမြွက်ပြောထားတာပါ။

ပရီးမီးယားလိဂ် တိုက်စစ်မှူးဟောင်း တစ်ဦးဖြစ်တဲ့ ဒီနေးက ယူနိုက်တက်အသင်း အနေနဲ့ အန်တိုနီကို ထွက်ခွာခွင့် ပေးသင့်တယ်လို့ စပါးအသင်းနဲ့ ကာရာဘောင်းဖလား ပွဲစဉ်က စွမ်းဆောင်ရည်အပေါ် သုံးသပ်ထားပါတယ်။

အန်တိုနီဟာ ယူနိုက်တက်အသင်းကို ရောက်ရှိလာပြီး ကတည်းက ပွဲပေါင်း ၉၃ ပွဲကစားထားပြီး ၁၂ ဂိုး သွင်းယူထားတာ ဖြစ်ပါတယ်။

Source: Metro

ပုံ - အန်တိုနီကို တွေ့ရစဉ်

#centralnewsnaypyitaw

image
1 y - Translate

ရက်ပိုင်းလောက်ပဲကျန်တော့တာ နားလိုက်ဦးမယ်
၂၀၂၅ က စပြီး တကယ်ကြို:စာ:ပြီ

image
1 y - Translate

💅

image
1 y - Translate

💅

image
1 y - Translate

💅

image
1 y - Translate

💅

image