1 နှစ် - ဘာသာပြန်ပါ။

လှသောလေး

image
1 နှစ် - ဘာသာပြန်ပါ။

လှသောလေး

image
1 နှစ် - ဘာသာပြန်ပါ။

လှသောလေး

image
image
image
image

ပရီးမီးယားလိဂ်ဖလားကို လီဗာပူးလ် ရယူနိုင်ဖို့ ဆာလက် မျှော်လင့်

ဒီဇင်ဘာ ၂၇

အီဂျစ်တောင်ပံကစားသမား ဆာလက်က ဒီရာသီ ပရီးမီးယားလိဂ်ဖလားကို လီဗာပူးလ်အသင်း ရယူနိုင်ဖို့ မျှော်လင့်တယ်လို့ လက်စတာအသင်းကို အနိုင်ရရှိခဲ့တဲ့ ဘောက်ဆင်ဒေးပွဲစဉ်အပြီးမှာ ပြောခဲ့ပါတယ်။

ဆာလက်က “အရေးကြီးဆုံးအရာက အသင်းအနိုင်ရရှိဖို့ဖြစ်ပြီး ကျနော်တို့ ပရီးမီးယားလိဂ်ဖလားကို ရယူနိုင်ဖို့ မျှော်လင့်ပါတယ်။ ဒါက အလွန်ကောင်းမွန်မှာ ဖြစ်ပေမယ့် ကျနော်တို့ ပွဲတိုင်းကို အာရုံစိုက်ပြီး ဒီအတိုင်း ဆက်သွား နိုင်ဖို့ မျှော်လင့်ပါတယ်။ ဒီနှစ်က ကွဲပြားမှုတွေရှိတယ်လို့ ခံစားရပေမယ့် အရေးကြီးဆုံးအရာက ကျနော်တို့ နှိမ့်ချ နေဖို့ လိုပါတယ်။ ကလပ်အသင်းအတွက် ပရီးမီးယားလိဂ်ဖလားကို ရယူပေးဖို့က ကျနော် အိပ်မက်မက်တဲ့ အရာ ပါ”လို့ Amazon Prime ကိုပြောခဲ့တာပါ။

လီဗာပူးလ်အသင်းဟာ လက်စတာအသင်းကို ၃ ဂိုး-၁ ဂိုးနဲ့ အနိုင်ရခဲ့ပြီးနောက် ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၂ နေရာမှာ ရပ်တည်နေတဲ့ ချယ်လ်ဆီးအသင်းထက် ၁ ပွဲ လျော့ကစားကာ ရမှတ် ၇ မှတ်အသာနဲ့ ထိပ်ဆုံး နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။

ဆာလက်ဟာ ဒီပွဲမှာ လီဗာပူးလ်အသင်းအတွက် ၁ ဂိုး သွင်းယူနိုင်ခဲ့တာကြောင့် ဒီရာသီ ပရီးမီးယားလိဂ် သွင်းဂိုး ၁၆ ဂိုး ရှိသွားပြီဖြစ်သလို လီဗာပူးလ်အသင်း ကစားသမားဘဝ အိမ်ကွင်းသွင်းဂိုး ၁၀၀ ပြည့်ခဲ့တာပါ။

လီဗာပူးလ်အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်ဖလားကို ရယူနိုင်ဖို့ ရေပန်းအစားဆုံး ဖြစ်နေပေမယ့် နည်းပြ အာနီဆလော့က မန်စီးတီးအသင်း ဖြစ်ပျက်ခဲ့တာတွေကို သင်ခန်းစာယူဖို့ ပြောခဲ့ပါတယ်။

အာနီဆလော့က “လွန်ခဲ့တဲ့ ၂ လက ကျနော်တို့ဟာ မန်စီးတီးအသင်းနဲ့ ၁ မှတ်အကွာမှာရှိခဲ့ပေမယ့် အခုဘာတွေ ဖြစ်သွားလဲဆိုတာ ကြည့်လိုက်ပါ။ ဒီလိုမျိုးက ဘယ်အသင်း မဆိုဖြစ်လာနိုင်တာကြောင့် အောင်ပွဲခံဖို့က စောလွန်း ပါသေးတယ်”လို့ ပြောခဲ့တာပါ။

လီဗာပူးလ်အသင်းဟာ ၂၀၂၄ ခုနှစ်ထဲမှာ နောက်ဆုံး ပွဲစဉ်အဖြစ် ဒီဇင်ဘာ ၂၉ ရက်မှာ ဝက်စ်ဟမ်းအသင်းနဲ့ အဝေးကွင်းပွဲစဉ် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source: ESPN

ပုံ - ဆာလက်ကို တွေ့ရစဉ်

#သတင်းဟင်းလေးအိုးကြီး

image
1 နှစ် - ဘာသာပြန်ပါ။

သူငယ်ချင်းအချင်းချင်း အရက်မူးပြီး စကားများရန်ဖြစ်ရာက ဓါးခုတ်မှုဖြစ်လို့ တစ်ယောက်သေဆုံး

ဒီဇင်ဘာ ၂၇

တောင်ဥက္ကလာပမြို့နယ်၊ (၁၄) ရပ်ကွက် မြင်သာ (၃) လမ်းမှာ သူငယ်ချင်းအချင်းချင်း အရက်မူးပြီး စကားများရန်ဖြစ်ရာက ဓါးခုတ်မှုဖြစ်ပွားခဲ့ပြီး အမျိုးသားတစ်ဦး‌ ‌သေဆုံးသွားခဲ့တယ်လို့ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့(ရန်ကုန်တိုင်းဒေသကြီး)မှ သိရပါတယ်။

အဲဒီဖြစ်စဥ်ဟာ ယမန်နေ့ ဒီဇင်ဘာ (၂၆) ရက်၊ နေ့လယ် ၁၂ နာရီ ၁၀ မိနစ်အချိန်ခန့်က ဖြစ်ပွားခဲ့တာဖြစ်တယ်လို့သိရပြီး လက်ရှိမှာတော့ ဖြစ်စဥ်နဲ့ပတ်သက်လို့ သက်ဆိုင်ရာတာဝန်ရှိသူတွေက စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ ဆိုပါတယ်။

အဆိုပါ ယမန်နေ့ (ဒီဇင်ဘာလ ၂၆ ရက်) ည ၉ နာရီအချိန်ခန့်ကလည်း ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် ၊ ၂၆ ရပ်ကွက်၊ အမှတ် ၂ လမ်းမ၊ တံတားဖြူ ကားမှတ်တိုင်အနီးမှာ အမည်မသိအမျိုးသားတစ်ဦး သွေးထွက်ဒဏ်ရာတွေနဲ့ လဲကျနေတဲ့ဖြစ်စဥ် ဖြစ်ပွားခဲ့သေးတယ်လို့ ရန်ကုန်ကယ်ဆယ်ရေးအဖွဲ့ထံမှ သိရပါတယ်။

#centralnewsnaypyitaw

image
Khine Su Zin မျှဝေသည်။ ပို့စ်  
1 နှစ်

1 နှစ်

Certificate လည်းရ၊ Graphic Design ၊ Interior Design များကို အခြေခံကျကျလေ့လာလို့ချင်တယ်ဆို ဒီFree Courses တွေကို တက်ကြည့်ပါ။ သင်တန်းတက်ပြီး သင်ခန်းစာတွေကို တစ်ကယ်ရမရကို စစ်ဆေးဖို့လည်း Quiz လေးတွေလည်းဖြေဆိုရမှာဖြစ်ပါတယ်။ Self-Pace Learning စတိုင်ဖြစ်ပါတယ်။
Design, Video editing, Photoshop စသောနေရာတွေမှာ အရေးကြီးတဲ့ Color Theory တွေကိုလည်းလေ့လာခွင့်ရမှာဖြစ်ပါတယ်။
(၁) Interior Design Basics & Principles အတွက်ဆို Free Lesson ပေါင်း ၁၅၀ခု ရှိပါတယ်။
Link: https://study.com/.../interior....-design-basics-princ
(၂) Fundamentals of Graphic Design အတွက်ဆို Free Lesson ပေါင်း 84ခု ရှိပါတယ်။
Link: https://study.com/.../fundamen....tals-of-graphic-desi

#crd

image

Certificate လည်းရ၊ Graphic Design ၊ Interior Design များကို အခြေခံကျကျလေ့လာလို့ချင်တယ်ဆို ဒီFree Courses တွေကို တက်ကြည့်ပါ။ သင်တန်းတက်ပြီး သင်ခန်းစာတွေကို တစ်ကယ်ရမရကို စစ်ဆေးဖို့လည်း Quiz လေးတွေလည်းဖြေဆိုရမှာဖြစ်ပါတယ်။ Self-Pace Learning စတိုင်ဖြစ်ပါတယ်။
Design, Video editing, Photoshop စသောနေရာတွေမှာ အရေးကြီးတဲ့ Color Theory တွေကိုလည်းလေ့လာခွင့်ရမှာဖြစ်ပါတယ်။
(၁) Interior Design Basics & Principles အတွက်ဆို Free Lesson ပေါင်း ၁၅၀ခု ရှိပါတယ်။
Link: https://study.com/.../interior....-design-basics-princ
(၂) Fundamentals of Graphic Design အတွက်ဆို Free Lesson ပေါင်း 84ခု ရှိပါတယ်။
Link: https://study.com/.../fundamen....tals-of-graphic-desi

#crd

image
1 နှစ် - ဘာသာပြန်ပါ။

~~~အမှတ်တရ ~~~ { ၉ } (ဇာတ်သိမ်းပိုင်း)
#ဂျူး
အခန်း -၉
ကားရပ်လိုက်သောအခါ ကျွန်မ ဖျတ်လတ်စွာ ဆင်းလိုက်ပြီး မောင့်လက်ကမ်း၍ တွဲပါသည်။ မောင်သည်ငူငူငိုင်ငိုင်ဖြင့် ဘာကိုမျှမယုံနိုင်သလို ကျွန်မ ဘေး၌ အရုပ်တစ်ခုလို ပါလာသည်။
“လာလေ .. အရင်ကတော့ မောင်က အိမ်ရှင် ၊ အခုတော့ ကျွန်မက အိမ်ရှင်ပေါ့”
မောင်သည် တွန့်ဆုတ်စွာ ကျွန်မ နောက်မှ လိုက်လာ၏။ တံတားဖြူကလေးပေါ် လျှောက်မိသောအခါ မောင့်မျက်နှာသည် ကျွန်မဘက်သို့ လုံး၀ မလှည့်ပါ။ လှည့်လျှင်လည်း တစ်စွန်းတစ်စ မီးရောင်ဖြင့် မောင့်မျက်နှာ အရိပ်အကဲကို ကျွန်မ မမြင်နိုင်ပါ။ ဘုရား .. ဘုရား ၊ ကယ်တော်မူပါ။ အစစ အရာရာ ချောမောစွာပြီးဆုံးသွားပါစေ ဘုရား ။
ခြံ၀င်းတံခါးကို ဖွင့်၍ ၀င်လိုက်သောအခါ မောင် ကျွန်မဘေးမှာ နီးကပ်စွာ ပါလာသည်။ ထို့နောက် အိမ်ပေါ် သို့ မောင်ကပင် အရင်တက်သည်။ အိမ်တံခါးအထက်မှ စုစုထွေး ဟူသော ကျွန်းသားဆိုင်းဘုတ်ပြားကလေးကို ဖျော့တော့သော အလင်းရောင်အောက်မှာ ဖတ်နေဟန် ရှိသည်။ သော့ဖွင့်ပြီး ၀င်လိုက်သောအခါ ကျွန်မ မောင့်ကို လက်တွဲ၍ ၀င်စေပါသည်။ ဖန်ချောင်းမီးရောင် ဖျတ်ခနဲ လင်းသွားသောအခါ မောင့်မျက်နှာကို ကျွန်မ လှမ်းကြည့်တော့ မောင် အံ့သြတုန်လှုပ်စွာ ရပ်တန့်နေသည်ကို မြင်ရသည်။
စေ့ထားသော အခန်းတံခါးအထက်မှ မောင့်နာမည် ဆိုင်းဘုတ်ကလေးကို မြင်သွားသောအခါ မောင် မျက်နှာပျက်ပြန်၏။
“၀င်ထိုင်ပါ မောင် ၊ မောင့်အတွက် ကျွန်မ ကော်ဖီဖျော်ပေးမယ် ၊ ရော့ … ဒီလက်ပွေ့အိတ်ယူသွား”
မောင်သည် အခန်းတံခါးကို အန္တရာယ်ရှိသော ပစ္စည်းတစ်ခုကဲ့သို့ တွန့်ဆုတ်စဉ်းစားစွာ ကိုင်၍ တွန်းဖွင့်သွား၏။
မောင်နှင့် ပတ်သက်သော အမှားများတွင် ဤတစ်ကြိမ်သည် အမှားဆုံး ဖြစ်ပါလိမ့်မည်။ သို့သော် ကျွန်မ မောင့်ကို ဖျားနေလျက်နှင့် ပစ်စလတ်ခတ် မထားခဲ့နိုင်ပြန်ပါ။
ကော်ဖီကို မောင့်အကြိုက် ချိုခါးဖျော်၏ ။ ပေါင်မုန့်ကိုတော့ မောင် မစားစေလိုပါ။ အဖျားပိုတက်လိမ့်မည်။ သောက်ရေဖန်ခွက်ထဲမှာ ရေအနည်းငယ် ထည့်လျှက် ကော်ဖီပန်းကန်ကို လက်တစ်ဘက်က ကိုင်လျှက် အခန်းတွင်း ၀င်မိတော့ မောင် ယခုတိုင်မတ်တပ်ရပ်ဆဲတည်း မောင့်မျက်လုံးများမှာ စားပွဲပေါ်မှ မောင့်ဓာတ်ပုံရှိရာသို့ စူးစိုက်နေကြ၏။
“ထိုင်လေ မောင် ၊ ဒီမှာ ကော်ဖီ ၊ဒီမှာ ရေခွက် ၊ ပေး ဆေးတွေ”
ကျွန်မ ဘာမှမဖြစ်ဟန်ဆောင်၍ မောင့်ကို ကုလားထိုင်မှာ ထိုင်စေပါသည်။ မောင်က ငြိမ်သက်စွာ ထိုင်ချလိုက်၏။ မောင် မြင်မှာပေါ့။ ဂစ်တာရယ် ၊ မောင့် ဓာတ်ပုံရယ် ၊ စားပွဲပေါ်မှ ဖဲချပ် အဟောင်းလေးများရယ် .. ။
မောင့်မျက်နှာမှာ အံ့သြခြင်း ၊ မယုံနိုင်ခြင်း ၊ ကြေကွဲခြင်းများအပြင် သနား ကြင်နာခြင်းပါ ရောယှက်နေသည်ဟု ထင်ပြန်၏။ ကျွန်မ ကော်ဖီ ပန်းကန်ကို မှုတ်ပေးနေမိသည်။ မောင် .. ကျွန်မကို လုံး၀ မကြည့်ပါ။ အမ်ပီဆီလင် ဆေးတောင့်လေး ဖောက်ပေးသောအခါ မောင်သည် စက်ရုပ်တစ်ခုကဲ့သို့ ယူ၍ သောက်၏။

#ဆက်ရန်ရှိ

image
1 နှစ် - ဘာသာပြန်ပါ။

ပတ်ဝန်းကျင်အကြိုက် နေရင် ကိုယ့်ဘဝကို ဆုံးရှုံးရတတ်တယ်။
ကိုယ့်စိတ်ကြိုက် နေရင် ပတ်ဝန်းကျင်ကလူတချို့ကို ဆုံးရှုံးရတတ်တယ်။
ကြိုက်တာရွေးလို့ရတယ်။
#crd

1 နှစ် - ဘာသာပြန်ပါ။

Better Watch Out movie ဟာ ၂၀၁၇ခုနှစ်ထွက် စိတ္တဇ horror ကား အမျိုးအစားဖြစ်ပါတယ်Rotten Tomatoes 87% IMDb 6.6 ထိရရှိထားတဲ့ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ ပါဝင်သရုပ်ဆောငိထားသူတွေကတော့ Levi Miller,Olivia Dejonge , Ed Oxenbould တိုအဓိကပါဝင်သရုပ်ဆောင်ထားပါတယ် အခုလိုခရစ္စမတ်ရာသီမှာကြည့်ကောင်းမယ် ခရစ္စမတ် horror ကားလေးပါ
ဇာတ်လမ်းအကျဉ်းကတော့ Ashley တစ်ယောက် ခရစ္စမတ်အားလပ်ရက်မှာ ၁၂သား Luke Lerner ကိုကလေးထိန်းပေးရပါတယ်Luke ဟာ သူမကိုမြူဆွယ်တဲ့အမူအရာတွေလုပ်တက်တာလည်း သတိပြုမိနေခဲ့ပါတယ် ထိုနောက် Luke သူငယ်ချင်း Garret အိမ်အလည်လာချိန် သူတိုတစ်တွေ အိမ်အပေါ်ထပ်ကအုတ်ချပ်မှာ ထွက်သွားရင်သေရမယ် ဆိုတဲ့စာတန်းတွေ့တဲ့အခါ……ထူးဆန်းတာတွေဖြစ်လာတဲ့အခါ……Garrett တစ်ယောက်အမည်မသိ သေနတ်သမားပစ်သတ်ချင်းခံရတဲ့အခါ…….လူသတ်သမားအစစ်ကဘယ်သူလဲ……နောက်ကွယ်ကကြံစည်နေသူက ဘယ်သူလဲ……ဆိုတာ ကြည့်ရှုသူကိုယ်တိုင်ပဲ ခံစားကြည့်လိုက်တော့နော်
#horrormovie

image