1 နှစ် - ဘာသာပြန်ပါ။

မဖမ်းဘူးဆို မဖမ်းဘူး
ငှက်ကြီး အိုနာနာ

1 နှစ် - ဘာသာပြန်ပါ။

ဇာတ်ပို့သရုပ်ဆောင်အချို့တောင် ဖိတ်ကြားမခံရတဲ့ အကယ်ဒမီပေးပွဲကို မင်းသမီးတစ်ယောက်အဖြစ် တက်ရောက်သွားမယ့် သဲစုညိမ်း💗💗💗
#celebrity

image
1 နှစ် - ဘာသာပြန်ပါ။

အွန်းဘာ

image
1 နှစ် - ဘာသာပြန်ပါ။

Raise Tower လို့နာမည်ပေးထားတဲ့ ဒီမိုးမျှော်
တိုက်ကြီးဟာ ကီလီမီတာ ၂၀၀၀ ကျော်အမြင့်ရှိမှာဖြစ်ပြီး လက်ရှိ ကမ္ဘာ့အမြင်ဆုံး အဆောက်အအုံအဖြစ် မှတ်တမ်းဝင်ထားတဲ့ ဒူဘိုင်းမြို့က Burj Khalifa ထက် ၂ ဆကျော်ပိုမြင့်မယ့်လို့သိရပါတယ် ။
တည်ဆောက်ပြီးစီးသွားခဲ့ရင် ဒီမိုးမျှော်တိုက်ကြီးဟာ အရှေ့အလယ်ပိုင်းဒေသရဲ့ သင်္ကေတတစ်ခုဖြစ်လာမယ်လို့ ယုံကြည်ထားပြီးတော့ ဆော်ဒီနိုင်ငံရဲ့ North Pole Project လို့ အမည်ပေးထားတဲ့ အနာဂတ်
စီမံကိန်းတွေထဲက တစ်ခုလဲဖြစ်ပါတယ် ။

image
1 နှစ် - ဘာသာပြန်ပါ။

New Orleans မှာတိုက်ခိုက်သူ IS စစ်သွေးကြွအဖွဲ့ကိုအားကျ
အမေရိကန်ပြည်ထောင်စု New Orleans မြို့မှာ နှစ်သစ်ကူးနေ့က လူစည်ကားတဲ့ Bourbon လမ်းမပေါ် ကားနဲ့ အတင်းဝင်တိုက်မှုမှာ သေဆုံးသူ ၁၅ ယောက် ရှိသွားပါပြီ။ ယာဉ်မောင်းဟာ အမေရိကန်ဖွား အမေရိကန်နိုင်ငံသား စစ်ပြန်တယောက်ဖြစ်ပြီး IS စစ်သွေးကြွအဖွဲ့ကို အားကျသူ ဖြစ်တယ်လို့ သမ္မတ Joe Biden က ဗုဒ္ဓဟူးနေ့ညက ပြောကြားခဲ့ပါတယ်။
“ဘာဖြစ်ခဲ့သလဲ၊ ဘာကြောင့်ဖြစ်ခဲ့သလဲ၊ အများပြည်သူလုံခြုံရေးအပေါ် ဆက်ပြီး စိုးရိမ်ရသလား ဆိုတာ FBI ကဆက်လက် စုံစမ်းနေတယ်” လို့ သမ္မတ Biden ပြောကြားခဲ့တာပါ။
ကားနဲ့တိုက်သတ်သူဟာ Texas ပြည်နယ်မှာမွေးဖွားတဲ့ အမေရိကန်နိုင်ငံသားဖြစ်ပြီး အမေရိကန် စစ်တပ်မှာ နှစ်နဲ့ချီ စစ်မှုထမ်းခဲ့သူဖြစ်တဲ့အပြင် မကြာခင်နှစ်ပိုင်းတွေအထိ အရန်တပ်ဖွဲ့ထဲမှာ စစ်မှုထမ်းခဲ့တယ်လို့ သမ္မတကပြောပါတယ်။ ကမ္ဘာလှည့်ဧည့်သည်တွေနဲ့ အမြဲစည်ကားနေလေ့ရှိတဲ့ French Quarter အရပ်က Bourbon လမ်းမပေါ်မှာ နှစ်ဆန်း ၁ ရက်နေ့က ကားနဲ့ အတင်းဝင် မတိုက်ခင် နာရီပိုင်းအလိုက လူသတ်သမားဟာ IS စစ်သွေးကြွအဖွဲ့ကို အားကျကြောင်းနဲ့ လူတွေကို သတ်ချင်ကြောင်း လူမှုကွန်ရက်ပေါ်မှာ ဗီဒီယိုတင်ခဲ့တယ်လို့လည်း သမ္မတ Biden ကပြောပါတယ်။
လူတွေကိုအတင်းဝင်တိုက်တဲ့ အငှားကားထဲမှာ IS စစ်သွေးကြွအလံကိုလည်း FBI က ရှာဖွေတွေ့ခဲ့ပါတယ်။ ပေါက်ကွဲနိုင်စေနိုင်တဲ့ပစ္စည်းတွေကို ကားထဲမှာသာမက အနားတဝိုက်မှာလည်း တွေ့ခဲ့တယ်လို့ ကားနဲ့ဝင်တိုက်မှုနဲ့ပတ်သက်လို့ သမ္မတ Biden ကဗုဒ္ဓဟူးနေ့က ပြောကြားခဲ့ပါတယ်။
ယာဉ်မောင်းသူဟာ အသက် ၄၂ နှစ်အရွယ် Shamsud-Din Jabbar ဖြစ်ပြီး အခင်းဖြစ်တဲ့နေရာမှာ ရဲနဲ့အပြန်အလှန် ပစ်ခတ်မှုအတွင်း သေဆုံးခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုကို အကြမ်းဖက်လုပ်ရပ်အဖြစ် တာဝန်ရှိသူတွေ သတ်မှတ်စုံစမ်းနေပြီး သူတယောက်တည် လုပ်တဲ့ တိုက်ခိုက်မှု မဟုတ်ဘူးလို့ အာဏာပိုင်တွေက ပြောပါတယ်။ နှစ်သစ်ကူးပွဲဆင်နွဲသူတွေနဲ့ စည်ကားနေတဲ့ လမ်းပေါ် ကားနဲ့အတင်းဝင်တိုက်မှုကြောင့် သေဆုံးသူ ၁၅ ယောက်နဲ့ ထိခိုက်ဒဏ်ရာရသူ ၃၀ နီးပါးရှိပါတယ်။
Crd

image
1 နှစ် - ဘာသာပြန်ပါ။

လက်ရှိချန်ပီယံ အင်တာမီလန် အီတလီစူပါဖလား ဗိုလ်လုပွဲတက်

ဇန်နဝါရီ ၃

လက်ရှိချန်ပီယံ အင်တာမီလန်အသင်းဟာ ၂၀၂၄ အီတလီစူပါဖလား ဆီမီးဖိုင်နယ်ပွဲစဉ်မှာ အတ္တလန်တာအသင်းကို ၂ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရပြီး ဗိုလ်လုပွဲ တက်နိုင်ခဲ့ပါတယ်။

ဒီပွဲမှာ အင်တာမီလန်အသင်းအတွက် ၂ ဂိုးစလုံးကို နောက်ခံလူ ဒမ်ဖရိုင်းစ်က သွင်းယူခဲ့တာပါ။

ဗိုလ်လုပွဲတက်ခဲ့တဲ့ အင်တာမီလန်အသင်းဟာ အီတလီစူပါဖလားပြိုင်ပွဲမှာ ချန်ပီယံဆုကို ၃ နှစ်ဆက်တိုက် ရယူထားခဲ့တာကြောင့် ၄ နှစ်ဆက်တိုက် ရယူချင်တဲ့ သူတို့ရဲ့ရည်မှန်းချက်ပြည့်ဖို့ နီးစပ်ခဲ့တာဖြစ်ပါတယ်။

အတ္တလန်တာအသင်းဟာ ဒီပွဲမှာ အဓိကတိုက်စစ်မှူး ရီတီဂွီကို ဒဏ်ရာကြောင့် အသုံးပြုနိုင်ခဲ့ခြင်း မရှိသလို အဓိက ကစားသမားတွေဖြစ်တဲ့ လွတ်ခ်မန်းနဲ့ ချာလက်စ်တို့ကို လူစားလဲအဖြစ်သာ အသုံးပြုသွားခဲ့တာပါ။

အတ္တလန်တာအသင်းနည်းပြ ဂတ်စ်ပါရီနီက “ကျနော်တို့မှာ ကစားသမားတွေ အများကြီးရှိပါတယ်။ အဲဒါကြောင့် ဒီပွဲဟာ ပွဲထွက်လူစာရင်းမှာ အများကြီး မကစားရသေးတဲ့ ကစားသမားတွေကို စမ်းသပ်ဖို့ အချိန်ကောင်းပါပဲ။ ကျနော် ဒီပြိုင်ပွဲကို ငြင်းပယ်ခဲ့တာ မဟုတ်ပါဘူး။ ကျနော်တို့ အနိုင်ရဖို့ ကြိုးစားခဲ့ပြီး အလွန်သန်မာတဲ့ အသင်းကို လည်း တွေ့ခဲ့ပါတယ်။ ဒါပေမယ့် ကျနော်တို့ အမှားတွေ အများကြီးလုပ်ခဲ့ပါတယ်”လို့ ပွဲအပြီးမှာ ပြောခဲ့ပါတယ်။

၂၀၂၄ အီတလီစူပါဖလားပြိုင်ပွဲကို ဆော်ဒီနိုင်ငံမှာ ကျင်းပနေတာဖြစ်ပြီး စီးရီးအေချန်ပီယံ အင်တာမီလန်၊ ကိုပါအီတာလီယာချန်ပီယံ ဂျူဗင်တပ်စ်၊ စီးရီးအေနဲ့ ကိုပါအီတာလီယာပြိုင်ပွဲမှာ ဒုတိယရခဲ့ကြတဲ့ အေစီမီလန်နဲ့ အတ္တလန်တာအသင်းတို့ ပါဝင်ယှဉ်ပြိုင်ကြတာ ဖြစ်ပါတယ်။

နောက်ထပ် ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် ဂျူဗင်တပ်စ်နဲ့ အေစီမီလန်အသင်းတို့ ယှဉ်ပြိုင်ကြရမှာပါ။

ဒီပွဲမှာ အနိုင်ရရှိတဲ့ အသင်းနဲ့ အင်တာမီလန်အသင်းတို့ဟာ ဇန်နဝါရီ ၆ ရက်မှာ ဗိုလ်လုပွဲအဖြစ် ယှဉ်ပြိုင်ကြရမှာ ဖြစ်ပါတယ်။

Source: CNA

ပုံ - အင်တာမီလန်အသင်း ယှဉ်ပြိုင်နေစဉ်

#centralnewsnaypyitaw

image

သမ္မတလုံခြုံရေးအဖွဲ့ရဲ့ တားဆီးမှုကြောင့် တောင်ကိုရီးယားသမ္မတကို ဖမ်းဆီးရေး ဖျက်သိမ်းလိုက်ရ

ဆိုးလ်၊ ဒီဇင်ဘာ ၃

တောင်ကိုရီးယားသမ္မတ ယွန်းဆွတ်ခ်ယိုးလ်ကို ဖမ်းဆီးမယ့် အဖွဲ့နဲ့ သမ္မတလုံခြုံရေးအဖွဲ့၊ ထောက်ခံသူတွေအကြား ခြောက်နာရီကြာ အခြေအနေတွေ တင်းမာပြီးနောက် ဖမ်းဆီးမှုနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးရေးမှူးတွေက ဖျက်သိမ်းလိုက်ပါတယ်။

ဖမ်းဆီးမှုဟာ လက်တွေ့မှာ အလုပ်မဖြစ်နိုင်ဘူးလို့ စစ်အုပ်ချုပ်ရေးကြေညာခဲ့တဲ့ သမ္မတအပေါ် စုံစမ်းစစ်ဆေးမှုတွေကို ဦးဆောင်နေတဲ့ အကျင့်ပျက်ချစားမှုစုံစမ်းစစ်ဆေးရေးရုံးက ပြောပါတယ်။ဒီကိစ္စကိုပြန်လည်သုံးသပ်ပြီးနောက် နောက်ထပ်အဆင့်တွေအတွက် ဆုံးဖြတ်သွားမယ်လို့ ဆိုပါတယ်။

သမ္မတယွန်းဆွတ်ခ်ယိုးလ်အနေနဲ့ တရားရေးလုပ်ငန်းစဉ်ကို ငြင်းဆိုတာဟာ အလွန်ဝမ်းနည်းဖွယ်ဖြစ်တယ်လို့ စစ်ဆေးရေးအဖွဲ့က ပြောပါတယ်။ ဖမ်းဆီးမှုကို ဆိုင်းငံ့ကြောင်း ကြေညာချိန်မှာတော့ သမ္မတအိမ်ရှေ့မှာ ရက်အတန်ကြာ စခန်းချနေတဲ့ ထောက်ခံသူတွေက အောင်ပွဲခံခဲ့ကြပါတယ်။

မြေပြင်ရှိ အဖွဲ့တွေရဲ့ လုံခြုံရေးစိုးရိမ်ပူပန်မှုတွေဟာ ယွန်းဆွတ်ခ်ယိုးလ်ကို ဖမ်းဆီးဖို့ကြိုးပမ်းမှု ရပ်စဲရတဲ့ နောက်ထပ်အကြောင်းရင်းဖြစ်တယ်လို့ အကျင့်ပျက်ချစားမှု စုံစမ်းရေးရုံးက ဆိုပါတယ်။ ဖမ်း၀ရမ်းဟာ ဇန်နဝါရီ ၆ ရက်ထိ သက်တမ်းရှိပေမယ့် ဖမ်း၀ရမ်းအသစ်လျှောက်ထားနိုင်မှာဖြစ်ပါတယ်။

ဒီကနေ့မနက်အစောပိုင်းမှာ သမ္မတယွန်းဆွတ်ခ်ယိုးလ်ကို ဖမ်းဆီးဖို့ အင်အား ၂၀ ရှိအဖွဲ့နဲ့သွားရောက်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ အင်အား ၁၅၀ ထိ အားဖြည့်ခဲ့ရပြီး သမ္မတလုံခြုံရေးအဖွဲ့ရဲ့ ပိတ်ဆို့မှုကြောင့် နာရီအတန်ကြာ အဟန့်အတားဖြစ်ခဲ့ကာ နောက်ပိုင်းမှာဖျက်သိမ်းလိုက်တာဖြစ်ပါတယ်။

သမ္မတယွန်းဆွတ်ခ်ယိုးလ်ဟာ အာဏာအလွဲသုံးစားမှု အပါအဝင် စွဲချက်တွေကြောင့် စုံးစမ်းစစ်ဆေးဖို့ ဆင့်ခေါ်စာသုံးကြိမ်ကို လာရောက်ခြင်းမရှိတဲ့နောက် တရားရုံးက ဖမ်း၀ရမ်းထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

Ref:BBC
Photo:AFP/Reuters

Credit - VOM News Agnecy

#သတင်းဟင်းလေးအိုးကြီး

image

1 နှစ် - ဘာသာပြန်ပါ။

သူပြောသလိုပဲ 🤣

image
1 နှစ် - ဘာသာပြန်ပါ။

perfume bottle
5ml Travel Mini Refillable Perfume Atomizer Bottle အိတ်ဆောင်ရေမွှေးထည့်ပုလင်း
စျေးနုန်း ၈၀၀၀ကျပ်

image