1 y - Translate

Climate change has already raised the frequency of these marine heatwaves. In a world made 1.5°C hotter, 99% of reefs will be exposed to intolerable heat too often for them to recover according to Dixon’s research, threatening food and income for roughly one billion people – not to mention biodiversity.
https://theconversation.com/gl....obal-heating-may-bre

Global heating may breach 1.5°C in 2024 – here’s what that could look like
theconversation.com

Global heating may breach 1.5°C in 2024 – here’s what that could look like

From bleached corals to deadly heatwaves.
1 y - Translate

ရုံးမှ သင်္ကြန် Bonus မပေးသောအခါ - 🙃

image
1 y - Translate

ငှားလို့ရတယ်နော် 😁

image
1 y - Translate

ဒူးရင်းသီးမှပေးစွမ်းသော ကျန်းမာရေးအကျိုးကျေးဇူးများ

ကြိုက်တဲ့သူတွေ အရမ်းကြိုက်ပြီး မကြိုက်တဲ့သူတွေ မုန်းကြတဲ့ အနံ့ခပ်ပြင်းပြင်း ဒူးရင်းသီးကို စားခြင်းဖြင့် ရရှိနိုင်တဲ့ အကျိုးကျေးဇူး များကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ်။

၁။ ဒူးရင်းသီးဟာ အားအင် ကြွယ်ဝမူအတွက် အကောင်းဆုံးသော အစားအစာ တစ်ခု ဖြစ်ပါတယ်။

၂။ ကျန်းမာရေး အတွက် နေ့စဉ် မှီဝဲပေးသင့်တဲ့ အစားအစာများထဲမှ တစ်ခု ဖြစ်တယ်လို့ ဆိုပါတယ်။

၃။ အရမ်းပိန်တဲ့ သူတွေ ဝချင်တယ်ဆိုရင် ဒူးရင်းသီးကို စားနိုင်ပါတယ်။ ဒူးရင်းသီးဟာ အာဟာရဓာတ် ကြွယ်ဝလို့ ခန္ဓာကိုယ် ဝဖြိုးလာအောင် ကူညီပေးနိုင်ပါတယ်။

၄။ Vitamin C များစွာ ပေးစွမ်းတဲ့ အတွက် နာမကျန်းမူတွေ၊ အနာ၊ ရောဂါ ပျောက်ကင်းမူတွေ၊ ကိုလက်စရောဓာတ် လျော့ချမူ စတာတွေအတွက် များစွာ ကောင်းမွန်တဲ့ အသီးပါ။

၅။ နှလုံးနှင့် ပက်သက်တဲ့ ရောဂါတွေ အတွက်လည်း ကောင်းမွန်စေပါတယ်။

၆။ သွေး၊ အရိုး၊ အသားအရေ အတွက် ကောင်းမွန်စေတဲ့ ဒူးရင်းသီးပါ။

၇။ ပိုတက်ဆီယံဒြပ် ကြွယ်ဝစွာ ပါဝင်လို့ သွေးဖိအားကို ထိန်းပေးနိုင်တယ်။ နေ့စဉ် နှလုံးခုန်မူတွေမှာလည်း ၎င်းကများစွာ ကူညီပေးနိုင်တယ်။

၈။ အိပ်ပျော်စေပါတယ်။

Ref -lifehack

image
1 y - Translate

Heat Stroke ကိုသတိထား

လွန်ခဲ့သောရက်ပိုင်းအတွင်းမှာ
အသက် ၂၃ နှစ်အရွယ်လူငယ်တစ်ဦး နေပူပြင်းချိန်တွင်
အပြင်မှပြန်လာပြီး
ရေခဲသေတ္တာထဲက ရေသန့်ဗူးကိုယူသောက်မိပါတယ်တဲ့

ခဏအကြာမှာပဲ နုတ်ခမ်းတွေပြာနှမ်းလာပြီး
စကားမေးမရဖြစ်လာတဲ့အတွက်ဆေးရုံကိုပို့ဆောင်နေစဉ်မှာပဲ
သေဆုံးသွားခဲ့ပါတယ်တဲ့

သူသောက်ခဲ့တဲ့ရေကိုစစ်ကြည့်တော့လဲ ရိုးရိုးရေပါပဲ၊
အလောင်းကိုခွဲစိပ်စစ်ဆေးကြည့်တဲ့အခါမှာတော့
ဦးနှောက်သွေးကြောပြတ်ပြီးသေဆုံးကြောင်း
ဆရာ၀န်ကြီးတွေကအတည်ပြုခဲ့ပါတယ်တဲ့

အခုလိုပူပြင်းတဲ့ရာသီကိုရောက်တဲ့အခါမှာ
ပြင်းထန်တဲ့နေပူဒဏ်ဟာ အရေပြားကနေတဆင့်
ခန္ဓာကိုယ်သွေးကြောထဲကိုရောက်ရှိသွားပြီး၊
အပူအအေးဆန့်ကျင်ဘက်ဖြစ်စဉ်
ပြင်းပြင်းထန်ထန်ဖြစ်ပေါ်လာတတ်ပါတယ်တဲ့ ။

နေပူထဲက နေ အအေးထဲကိုရုတ်ချည်း၀င်ရောက်ခြင်း၊
ရေအေးသောက်ခြင်း၊ ရေချိုးခြင်း၊အအေးခန်းတွင်း
ကနေရုတ်တရက်ပူပြင်းတဲ့နေရောင်ထဲကိုထွက်ခြင်းတွေကြောင့်
လူ့ခန္ဓာကိုယ်မှာအပူအအေးရုတ်တ
ရက်ပြင်းထန်စွာပြောင်းလဲမှုဖြစ်စဉ်ဖြစ်ပေါ်ပြီး
Heat Stroke မြန်မာလို ( အပူရှပ်ခြင်း ) ဖြစ်ပေါ်ပါတယ်တဲ့

Heat Stroke ဖြစ်ပြီဆိုရင် အပူအအေးရုတ်ချည်းပြောင်းလဲတဲ့အတွက်
ခန္ဓာကိုယ်ထဲမှာရှိတဲ့ သွေးကြောတွေဟာပူလို့
ကျယ်တဲ့ဒဏ်၊အေးလို့ကျုံ့တဲ့ဒဏ်တွေကြောင့်
သွေးစိးကြောင်းအကျဉ်းအကျယ်ဖြစ်တဲ့ဒဏ်ကို
မခံနိုင်တော့ပဲသွေးကြောကြီးတွေဆိုအက်ကွဲလာပြီး၊
သွေးကြောငယ်လေးတွေဆိုပြတ်ထွက်တာတွေ
ဖြစ်နိုင်ပါတယ်တဲ့။

အသက်ကြီးတဲ့သူတွေရဲ့ သွေးကြောတွေဟာဟောင်းနွမ်းပြီး
မာဆတ်နေပြီဖြစ်တဲ့အတွက် ပလတ်စတစ်ပိုက်တွေ
ဟောင်းနွမ်းလာတဲ့အခါ မာကျွတ်လာသလို
ကွဲလွယ်ပေါက်လွယ်ဖြစ်လာတာကြောင့်
အသက်ကြီးတဲ့လူတွေမှာပိုဖြစ်လွယ်ပါတယ်တဲ့။

အထူးသဖြင့်အသက် ၅၀ ကျော်လူကြီးတွေ၊ သွေးတိုးရောဂါသမားတွေ
အထူးသတိထားသင့်ပါတယ်တဲ့။

လူကြီးပဲဖြစ်ဖြစ် လူငယ်ပဲဖြစ်ဖြစ် Heat Stroke ဖြစ်ပြီဆို
သတိလစ်တာ၊အဖျားကြီးပြီးတက်တာ၊
ဖျားပြီးဦးနှောက်အမြေးရောင်တာ၊
အူတွင်းသွေးကြောတွေ၊ဦးနှောက်သွေးကြောတွေပေါက်ထွက်တာတွေ
ဖြစ်ပြီးအသက်ဆုံးရှုံးနိုင်ပါတယ်တဲ့။

Heat Stroke မဖြစ်အောင် ဒါတွေကိုရှောင်ရပါမယ်တဲ့-
(၁) နေပြင်းချိန်အပြင်မထွက်ပါနှင့်၊
မလွဲသာလို့ထွက်ရမယ်ဆိုရင်လည်း
အဆောင်း၊ အကာ၊ ထီး၊ ဦးထုပ်ပါရမည်။
(၂) စောင့်ဆိုင်းရသောအလုပ်ဖြစ်လျင်
သစ်ပင်အရိပ်၊အမိုးအကာအောက်မှ စောင့်ပါ။
(၃)ရေသောက်လျင်ရိုးရိုးရေသောက်ပါ။ရေခဲရေမသောက်ပါနှင့်။
(၄)အဲကွန်းကားစီးပြီး၊နေပူရှိန်ပြင်းသောနေရာတွင်ဆင်းရမည်ဆိုလျင်
မဆင်းမီကကြိုတင်ရေသောက်ထားပါ။
အစာအိမ်အတွင်းရေရှိလျင်သွေးကြောများက
ရေကိုစုပ်ယူထားသဖြင့်သာမန်အပူဒဏ်ကို
ခံနိုင်ရည်ရှိသည်။
(၅)နေပူထဲမှလာပြီးခန္ဓာကိုယ်မအေးမီချက်ခြင်းရေမချိုးပါနှင့်၊
မျက်နှာမသစ်ပါနှင့်၊ခြေထောက်မဆေးပါနှင့်။
(၆)ပူစပ်တဲ့အစာစားရင်ကိုယ်အပူရှိန်တက်တတ်ပြီး၊
ပူပြင်းတဲ့နေ့လည်နှင့်ညနေစောင်းတွေမှာ
အရက်သေစာမသောက်စားသင့်ပါ။
(၇)ရေနွေးကြမ်းမှာဆားလှော်အနည်းငယ်ခပ်သောက်တာဟာ
ရှေးလူကြီးများ၏အပူဒဏ်ကာကွယ်နည်းတစ်မျိုးဖြစ်တဲ့အတွက်
ကျင့်သုံးသင့်ပါတယ်တဲ့.

ယခုနှစ်မှာ အယ်နီညိုရာသီဥတုကြောင့်မြန်မာနိုင်ငံဟာ
အပြင်းထန်ဆုံးအပူချိန်ကိုခံစားရမှာဖြစ်တဲ့အကြောင်း
မိုးလေ၀သပညာရှင်တွေကခန့်မှန်းထားကြသလိုပဲ
ပူပြင်းလွန်းတာကြောင့် မီလောင်မှုတွေကို ဆက်
တိုက်ကြုံတွေ့နေကြရပါပြီ။

အပူဒဏ်ဟာ မီးလောင်မှုအပြင် HeatStroke ကိုပါဖြစ်စေနိုင်ပြီး
အသက်အန္ဒရာယ်ကိုပါထိခိုက်နိုင်တာကြောင့်
လုပ်ရိုးလုပ်စဉ်အလုပ်တွေကို ပုံမှန်ရာသီဥတုမှာလို
ပေါ့ပေါ့ဆဆ သွားလာနေထိုင်လုပ်ကိုင်နေရုံနဲ့
မလုံလောက်ပါကြောင်းနှင့် Heat Stroke မဖြစ်အောင်
သတိထားပြီးနေထိုင် သွားလာသင့်ပါကြောင်း
နိုးဆော်တင်ပြလိုက်ပါတယ်ခင်ဗျား။

မှီငြမ်းကိုးကား;
၅-၃-၂၀၁၆ နေ့ထုတ်ကြေးမုံသတင်းစာပါ
ဆောင်းပါးရှင်ကြည်လွင်မြင့်(မုဒြာ)၏
Heat Stroke ရောက်လာပြီ ဆောင်းပါး
ရွှေကြာ

Photo-credit

#heatstrokeawareness
#အပူရှပ်

image
1 y - Translate

Hello

1 y - Translate

✌️

image
1 y - Translate

ပြည်ကြီးငါး(သို့)ကင်းမွန်
၃၀သားအတွက်ပါ...

ဆီထမင်းစားဇွန်း၃ဇွန်းထဲကို ခရမ်းချဉ်သီး ကြက်သွန် လေးစိတ်ခြမ်း
ကြက်သွန်ဖြူ ဓားပြားရိုက် ထည့်ပြီးဆီသတ်ပါ
သိပ်မနွမ်းခင်လေးမှာအရောင်နဲ့ အစပ်အတွက် ငြုပ်အစပ်ခြောက်တောင့်ကိုရေစိမ်ပြီးထောင်းထားတာထည့်ပါ ဖြတ်တောက်ဆေးကြောသန့်စင်ထားတဲ့ ပြည်ကြီးငါးထည့်ပါ ငံပြာရည်ထည့်ပါ အရသာမှုန့်ထည့်ပါ ရေထွက်လာပါလိမ့်မယ် အသားကျက်အောင်လုံးပေးပါ
အသားကျက်လောက်ပြီဆိုရင် ရေနဲနဲထပ်ထည့်ပါ ကြက်သွန်မြိတ်နဲ့ ငြုပ်အစိုတောင့်ထည့်ပါ
ရေ ရယ် အရသာရယ် ကိုယ့်စိတ်ကြိုက်မှာ သုံးဆောင်လို့ရပါပြီ
တရုတ်ဟင်းလို ချိုချဉ်ကြော်မဟုတ်ပါ
ဗမာဟင်းလိုမျိုး
ခရမ်းချဉ်သီးအချဉ်နဲ့ ငြုပ်ခြောက်တောင့် အစပ်နဲ့ ချက်ထားတဲ့
ချဉ်စပ်ဟင်းလေးပါ...

မူရင်းရေးသားသူအားလေးစားစွာဖြင့် Creditပေးပါတယ်
#creditphoto
All crd 💗💗

image
1 y - Translate

#အယ်နီညို တော့လာနေပြီ ၊ အဆင်ပြေစွာ ကျော်ဖြတ်နိုင်ပါစေ...

အယ်နီညို ဖြစ်စဉ်၏ ရိုက်ခတ်မှုကြောင့် လာမည့် ၁၀ ရက်အတွင်း ကမ္ဘာတစ်ဝှမ်း နေရာအများအပြားတွင် အပူလှိုင်းများ ဖြစ်ပေါ်လာမည်ဟု မိုးလေဝသ ပညာရှင်များက ထုတ်ပြန်ထားသည် ။

အရှေ့တောင် အာရှနိုင်ငံများသည် အပြင်းထန်ဆုံးသော ဒေသများဖြစ်သည့် စင်ကာပူ ၊ မလေးရှား ၊ အင်ဒိုနီးရှား ၊ ထိုင်းတို့တွင် အပူချိန် ၄၀ မှ ၄၅ ဒီဂရီစင်တီဂရိတ် အထိ မြင့်မားသော အပူလှိုင်းများကို နိုင်ငံများက ကောင်းမွန်စွာကိုင်တွယ်ဖြေရှင်းရန် ..
ပထမအချက်မှာ လျှပ်စစ်ဓာတ်အားရရှိရေးဖြစ်သည် ။ မြန်မာနိုင်ငံ အတွက် စိုးရိမ်စရာအကောင်းဆုံးက အပူချိန်နဲ့ အပူလှိုင်းတွေအောက်မှာ လျှပ်စစ်မီး မရှိခြင်းဖြစ်သည် ။

ဒါဆို ဘာလုပ်သင့်လဲ ။
အပူချိန် ၃၈ ဒီဂရီရောက်ရင် ရေနွေးကို တတ်နိုင်သမျှ သောက်သုံးသင့်တယ်
လို့ စင်ကာပူ တရုတ်လူမျိုး ဒေါက်တာ Chen က သတိပေးထားပါတယ် ။

အပူချိန်မြင့်လွန်းခြင်းကြောင့် သွေးကြောတွေ ပေါက်ကွဲတာ ၊ လေဖြတ်တာ ၊ သေဆုံးတာတွေ
ဖြစ်တတ်တယ်လို့ ဆရာဝန်က ပြောပါတယ် ။

အပူချိန်မြင့်နေချိန်
-ရုတ်တရက် နောက်ပြန်လှည့်တာမျိုး

-ရေခဲရေ သောက်သုံးခြင်းမျိုး

-လေအေးပေးစက်ကို တိုက်ရိုက်မှုတ်ခြင်းမျိုး

-ပြင်းပြင်းထန်ထန် လေ့ကျင့်ခန်း မလုပ်ပါနဲ့

-ထိုင်ရာမှ ရုတ်တရက် အရမ်းကြီး မထပါနဲ့

အထူးသဖြင့် သက်လတ်ပိုင်းနှင့် သက်ကြီးရွယ်အိုများနှင့် နာတာရှည်ရောဂါရှိသူများ အထူးသတိထားသင့်သည် ။

အပူချိန် မြင့်မားသော ရာသီဥတုတွင်
-ရေဓာတ် အချိန်မီပြန်လည်ဖြည့်တင်းခြင်း

-ရေဓာတ်ဆုံးရှုံးသွားသည့် အတိုင်း ပြန်လည်ဖြည့်တင်းခြင်း

-ချွေးအလွန်အကျွံထွက်ခြင်းကြောင့် ဓာတ်ဆားမှုန့် ၊ စပျစ်သီးမှုန့် စသည်တို့ကို စနစ်တကျ ဖြည့်တင်းပေးခြင်း

-အသီးအရွက်နှင့် သစ်သီးဝလံများကို များများစားပြီး လေးလံထိုင်းမှိုင်းစေသော အစားအစာများ လျှော့စားပါ။

အပူချိန် မြင့်မားခြင်းကြောင့် စိတ်တိုလေလေ
စိတ်မသက်မသာ ဖြစ်လေလေပါပဲ ။ မိသားစုနဲ့ ကိုယ့်ကိုကိုယ် ကာကွယ်ပါ ။ ( ဒီပူပြင်းလှတဲ့အပူရှိန်နှင့် လျှပ်စစ်မီး မရှိသောကြောင့် အပူချိန်များ မြင့်နေသဖြင့် လူတိုင်းသတိ ထားသင့်ပါသည် ။ )
အချို့နေရာတွင် အပူချိန်ပြောင်းလဲကာ အပူချိန်
ကျဆင်းသွားစေရန်အတွက် မိုးအနည်းငယ် ရွာနိုင်မည်ဖြစ်ပါသည် ။

အားလုံးအစစအရာရာ
အဆင်ပြေကြပါစေ...

Credit

image
1 y - Translate

ပုဂံကျိန်စာဆိုတာအဟုတ်ဗျ

ဘယ်နှစ်ခေါက်ပဲရောက်ဖူး ရောက်ဖူး

ပုဂံ ဆိုတဲ့အသံကြားတိုင်း ကြားတိုင်း

အခါအခွင့်သင့်တိုင်း သင့်တိုင်း

ရင်ထဲကနေ ဟာတာတာနဲ့ အလိုလိုလွမ်းမိလာတာမျိူး
.
.
.

Photos Credit

image