သူငယ်ချင်းတွေအုပ်စုလိုက် ဆော့လို့ရတဲ့ Granny Horror Multiplayer game
Dead by daylight လို ကြောက်စရာကောင်းတဲ့ game မျိုးပါ
Download: https://play.google.com/store/apps/details...

Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
သူငယ်ချင်းတွေအုပ်စုလိုက် ဆော့လို့ရတဲ့ Granny Horror Multiplayer game
Dead by daylight လို ကြောက်စရာကောင်းတဲ့ game မျိုးပါ
Download: https://play.google.com/store/apps/details...
သူငယ်ချင်းတွေအုပ်စုလိုက် ဆော့လို့ရတဲ့ Granny Horror Multiplayer game
Dead by daylight လို ကြောက်စရာကောင်းတဲ့ game မျိုးပါ
Download: https://play.google.com/store/apps/details...
သူငယ်ချင်းတွေအုပ်စုလိုက် ဆော့လို့ရတဲ့ Granny Horror Multiplayer game
Dead by daylight လို ကြောက်စရာကောင်းတဲ့ game မျိုးပါ
Download: https://play.google.com/store/apps/details...
သူငယ်ချင်းတွေအုပ်စုလိုက် ဆော့လို့ရတဲ့ Granny Horror Multiplayer game
Dead by daylight လို ကြောက်စရာကောင်းတဲ့ game မျိုးပါ
Download: https://play.google.com/store/apps/details...
သူငယ်ချင်းတွေအုပ်စုလိုက် ဆော့လို့ရတဲ့ Granny Horror Multiplayer game
Dead by daylight လို ကြောက်စရာကောင်းတဲ့ game မျိုးပါ
Download: https://play.google.com/store/apps/details...
လူသားဆန်လွန်းသူ Mike Tyson
ကျွန်တော်တွေးကြည့်တာပါ။ ကစားသမားတွေက ပရိသတ်ကြိုက်အောင် ကြမ်းပြရမ်းပြရတယ်။ ပင်ကိုစိတ်က ကြမ်းချင်မှကြမ်းတာပါ။ ဥပမာ - အိုင်းရစ်သူဌေး Conor McGregor ပါပဲ။ ပြိုင်ဘက်တွေကို အမျိုးမျိုးကလိပေမယ့် ပင်ကိုဗီဇက ကူညီလိုစိတ်ရှိတယ်။ တခြားကစားသမားတွေကို သူကူညီပေးခဲ့တာတွေလည်း အများကြီးပါပဲ။
ဒါပေမယ့် Mike Tyson က အဲလိုမဟုတ်ဘူး။ ပင်ကိုစိတ်ကိုက ကြမ်းတမ်းခက်ထန်နေတာပါ။ အဖေဆိုတာ ဖြူသလား၊ မဲသလား မသိဘူး။ (၂) နှစ်သားလောက်မှာ အစွန့်ပစ်ခံထားရတာကိုး။ အမေရဲ့ လက်အောက်မှာပဲ ကြီးပြင်းလာခဲ့ရပါတယ်။ ငယ်ငယ်တည်းက ခိုးဆိုးလုနှိုက်လုပ်လာတယ်။ အသက် (၁၃) နှစ်မှာတင် (၃၈) ကြိမ်အဖမ်းခံရဖူးတယ်။
Mike Tyson က (၁၃) နှစ်လောက်မှာတင် အရပ် (၅) ပေ (၈) လက်မရှိပြီး ကိုယ်အလေးချိန်က ပေါင် (၁၉၀) ကျော်တယ်။ နုထွားကြီးပါ။ ရွယ်တူကလေးတွေထက် ပိုထွားတယ်။ လမ်းထဲမှာ ကလေးချင်းရန်ဖြစ်တယ်။ ထိုးကြိတ်လွှတ်လိုက်တယ်။ ဟိုကလေးတွေက သူတို့အဖေခေါ်လာကြတယ်။ သူတို့အဖေတွေနဲ့ပါ ထပ်ချရတယ်။ အဲလောက်ထိကို ကြမ်းတမ်းခဲ့တာပါ။
လူငယ်ပြုပြင်ရေးစခန်းမှတစ်ဆင့် Mike Tyson က ဘောက်ဆင်အားသန်လာတယ်။ အတိုပြောရရင် နည်းပြ Cus D’Amato ရဲ့ လက်အောက်မှာ နာမည်ကျော် ကစားသမားဖြစ်လာတယ်။ ဒါပေမယ့် Mike Tyson ကမ္ဘာ့ချန်ပီယံမဖြစ်ခင်မှာပဲ နည်းပြကြီး Cus D’Amato ကွယ်လွန်သွားရှာတယ်။ လက်ထောက်နည်းပြ Kelvin Rooney က ဆက်လေ့ကျင့်ပေးတာမို့ Mike Tyson က ဟန်မပျက်ပါဘူး။ ကမ္ဘာ့ချန်ပီယံဖြစ်ပြီး ဒေါ်လာသန်းချီရှာနိုင်လာတယ်။
Mike Tyson က အမှားကြီးလုပ်မိတယ်။ အဲဒါက နည်းပြ Kelvin Rooney နဲ့ တစ်ဖွဲ့လုံးကို အလုပ်ထုတ်ပစ်တာပဲ။ မအောင်မြင်ခင်တုန်းက အမြင့်ကို တွန်းတင်ပေးခဲ့တဲ့ ကျေးဇူးကိုမှ မထောက်ခဲ့ဘူး။ အဲဒီတည်းက ကျဆုံးခန်းဝင်လာတာပဲ။ ဒီလိုအလုပ်ထုတ်တာကလည်း Don King ရဲ့ စနက်တွေပါ။ ကြေးစားဘဝမှာ Mike Tyson က ပထမဆုံးရှုံးပွဲကြုံရတယ်။ ကစားသမားပဲ၊ ရှုံးတာက ကိစ္စမရှိပါဘူး။ အဆိုးဆုံးက မော်ဒယ်မကို မုဒိန်းကျင့်ခဲ့တာပါ။
လူဆိုတာက ရိုင်းချင်ရိုင်းလို့ရတယ်။ ဒါပေမယ့် ယုတ်မာလို့ မရဘူးတဲ့။ လူ့ကျင့်ဝတ်ဖောက်ဖျက်လို့ မရဘူး။ Mike Tyson က လူသားဆန်လွန်းအားကြီးတယ်။ အဲဒီလူသားဆန်မှုကြောင့်ပဲ ပရိသတ်အသည်းစွဲဖြစ်နေသလား မပြောတတ်ပါဘူး။ စာဖတ်သူတွေ ဘေးကင်းပါစေ။
+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷
CMKN Gas Stoves ဆိုတာက စားသောက်ဆိုင်၊ ဟိုတယ်နဲ့ မီးဖိုချောင်သုံးပစ္စည်းတွေကို မြန်မာတစ်နိုင်ငံလုံးမှာ တစ်ဦးတည်းမူပိုင် ဖြန့်ဖြူးရောင်းချပေးနေတဲ့ ကုမ္ပဏီဖြစ်ပြီး မြို့ကြီးတွေမှာလည်း ဆိုင်ခွဲတွေအများကြီး ဖွင့်လှစ်ထားပါတယ်။ အိမ်ရှင်မတွေရဲ့အကြိုက် နံပါတ် (၁) ထုတ်ကုန်ဖြစ်လို့ ယုံကြည်စိတ်ချစွာ ဝယ်ယူအားပေးနိုင်ပါတယ်။
Reference Source – Boxing Scene
Photo Credit - Mike Tyson
Credit to ကိုကျော်စိုးအောင် (Myanmar Fight Edition)
ဘယ်လိုလူတွေက ကားမောင်းရင်းအာရုံများတတ်ကြလဲ
အမြန်လမ်းမှာကားမောင်းနေတုန်း ဖုန်းမက်ဆေ့ခ်ျပို့ဖို့ စိတ်ဆန္ဒပြင်းပြနေလား?
ဒီလို အန္တရာယ်များတဲ့လုပ်ရပ်ကို ဘယ်လိုလူတွေ လုပ်လေ့ရှိလဲဆိုတာကို လိင်အမျိုးအစားနဲ့ ပင်ကိုယ်စရိုက်ပေါ်အခြေခံပြီး စိတ်ပညာရှင်တွေက ကောင်းကောင်း ခန့်မှန်းနိုင်ပါတယ်။
အာရုံများပြီးကားမောင်းသော်လည်း ဒဏ်ကြေးပဲဆောင်လိုက်ရလို့ ကိုယ့်ကိုကိုယ် ကံကောင်းတယ်ထင်မိကြမှာပါ။ ဒါပေမဲ့ ဒီလိုမျိုးလုပ်ရပ်ကြောင့် နှစ်စဉ်ကား မတော်တဆဖြစ်မှုကြောင့် နဲ့ လူတစ်သန်းကျော်သေပြီး ထိခိုက်ဒဏ်ရာကြီးကြီးမားမားရသူတွေ သန်း ၂၀ နဲ့ ၅၀ ကြားရှိတယ်ဆိုတဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့အစီရင်ခံစာ ကိုသာတွေ့ရင် သင်ဒီလိုအာရုံများရဲမှာတောင်မဟုတ်ပါဘူး။
ကားအက်ဆီးဒင့်ဖြစ်ရတဲ့ ထိပ်သီးအကြောင်းရင်းနှစ်ခုမှာအာရုံများပြီး ကားမောင်းခြင်း ကလည်းတစ်ခုအပါအဝင်ပါ။ အခုဆိုရင် နော်ဝေ သုတေသနပညာရှင်တွေက ဒီလိုအန္တရာယ်များတဲ့လုပ်ရပ် ကိုလုပ်လေ့ရှိတဲ့လူတွေရဲ့ ပင်ကိုယ်စရိုက်ကိုတွေ့ရှိခဲ့ပါတယ်။ မိုဘိုင်းဖုန်းအသုံးပြုတဲ့ယာဉ်မောင်းတွေက မသုံးတဲ့ယာဉ်မောင်းတွေထက် အက်ဆီးဒင့်ဖြစ်နိုင်ချေ ၄ ဆနီးပါးပိုများကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO ) ရဲ့အစီရင်ခံစာမှာဖော်ပြထားပါတယ်။ ဘရိတ်အသုံးပြုရမယ့်အချိန်တွေနှင့် မီးပွိုင့်နားနီးတဲ့အချိန်တွေမှာဖုန်းသုံးတာက လမ်းကြောင်းမှန်မှန်မောင်းဖို့ခက်ခဲစေပြီး မှန်ကန်တဲ့အကွာအဝေးမချိန်ဆနိုင်တော့ပါဘူး။
အာရုံများတဲ့မောင်းနှင်ခြင်းနဲ့ပတ်သက်ပြီး လေ့လာဆန်းစစ်မှုတွေတော့သိပ်မရှိပါဘူး။ ဘယ်လိုလူမျိုးတွေကအာရုံများတတ်တဲ့လူတွေဆိုတာသုတေသနလုပ်တာက ဒါကိုလျှော့ချပေးဖို့အပြောင်းအလဲကြီးဖြစ်သွားစေမယ့် ပထမခြေလှမ်း ပါ။ ဒီလိုမျိုးသုတေသနလုပ်ဖို့ဆိုရင်လူဦးရေစာရင်း သဘောထား ပင်ကိုယ်စရိုက်တွေကိုပါထည့်သွင်းစဉ်းစားရပါမယ်။ သုတေသနပညာရှင်တွေက နော်ဝေလူမျိုး လူငယ် ၁၅ဝဝ ကိုစစ်တမ်းကောက်ခဲ့ပါတယ်။ တွက်ချက်မှုတွေအများကြီးလုပ်ပြီးချိန်မှာတွေ့ရှိရတာက ငယ်ရွယ်တဲ့အမျိုးသားတွေကပိုပြီးအာရုံများပါတယ်တဲ့။ သူတို့ တွေ့ရှိခဲ့ကြတာကတော့
၁။ ငယ်ရွယ်တဲ့အမျိုးသား
၂။ မကြာခဏကားမောင်းသူတွေ
၃။ ကြောက်တတ်တဲ့လူတွေ
၄။ ဘွင်းဘွင်းပျော်ပျော်နေတတ်တဲ့သူတွေ
၅။ အာရုံများတာလောက်ကတော့လူတိုင်းလက်ခံနိုင်တယ်ဆိုသူတွေ
၆။ အာရုံများလည်းကားမောင်းလို့ရတယ်ဆိုသူတွေက ကားမောင်းရင်း အာရုံများတတ်ကြတယ် လို့တွေ့ရှိခဲ့ကြပါတယ်။
ဒီလိုလူအမျိုးအစားတွေကိုဦးတည်ပြီးထိရောက်တဲ့ တားမြစ်မှုတွေ လုပ်ဖို့ သုတေသနပညာရှင်တွေအနေနဲ့ မစွမ်းဆောင်နိုင်ပေမဲ့ ဒီလိုမျိုးအာရုံများပြီး မောင်းနှင်တာနဲ့ ပတ်သက်တဲ့ဆိုးကျိုးတွေအကြောင်း ခဏခဏဖော်ထုတ်ပေးတာက သူတို့မျှော်မှန်းချက်ထားတဲ့ ပန်းတိုင်ကိုရောက်စေမယ့် နည်းလမ်းပါပဲ။
Ref : Rd : Distracted Drivers