လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်ခဲ့သော ထိုင်းနိုင်ငံသား ၁၅၀ ကျော်ကို မိခင်နိုင်ငံသို့ ပြန်ပို့

ဇန်နဝါရီ ၆

နစကအစိုးရသည် ဇန်နဝါရီ ၄ ရက်နေ့က အကျဉ်းကျနေသူများကို လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ရာ ထိုင်းနိုင်ငံသား ၁၅၁ ဦး ပြန်လည်လွတ်မြာက်လာခဲ့ကြောင်း ထိုင်းအာဏာပိုင်များက ပြောသည်။

အဆိုပါ ထိုင်းနိုင်ငံသား ၁၅၁ ဦးသည် အွန်လိုင်းလောင်းကစားမှုများဖြင့် ဖမ်းဆီးထိန်းသိမ်းခံရပြီး မြန်မာနိုင်ငံရှိအကျဉ်းထောင်များတွင် ထိန်းသိမ်းခံထားရသူများဖြစ်ကြောင်း သိရသည်။

လွတ်ငြိမ်းချမ်းသာခွင့်ကြောင့် ပြန်လည်လွတ်မြောက်ခဲ့သော ထိုင်းနိုင်ငံသား ၁၅၁ ဦးထဲတွင် အမျိုးသား ၇၄ ဦးနှင့် အမျိုးသမီး ၇၇ ဦးတို့ ပါဝင်ခဲ့ပြီး ၎င်းတို့သည် ချင်းရိုင်ပြည်နယ် မယ်ဆိုင်စစ်ဆေးရေးဂိတ်နှင့် အမှတ် (၂) ထိုင်း-မြန်မာချစ်ကြည်ရေးတံတားကို ဖြတ်သန်းကာ မိခင်နိုင်ငံသို့ ပြန်ပို့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပြန်လည်လွတ်မြောက်လာသော ထိုင်းနိုင်ငံသားများကို ထိုင်းရဲတပ်ဖွဲ့အကြီးအကဲ ရဲချုပ် တက်ချိုင်း ပီတာနီ လာဘော့ ဦးဆောင်သော ထိုင်းအစိုးရတာဝန်ရှိသူများက လက်ခံကြိုဆိုခဲ့ကြောင်း သိရသည်။

မြန်မာအာဏာပိုင်များသည် ပြီးခဲ့သော ၂၀၂၄ခုနှစ်အတွင်း အွန်လိုင်းမှတစ်ဆင့် လိမ်လည်နေသည့်ဂိုဏ်းများ၊ အွန်လိုင်းလောင်းကစားဂိုဏ်းများကို ဖြိုခွင်းခဲ့ရာ ထိုင်းနိုင်ငံသား ၁၅၄ ဦး ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။

မြန်မာတရားရုံးသည်ဖမ်းဆီးခံရသည့် ထိုင်းနိုင်ငံသားများကို မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်နေထိုင်မှု၊ တရားမဝင် လောင်းကစားလုပ်ငန်းများတွင် ပါဝင်လုပ်ကိုင်မှုများကြောင့် ထောင်ဒဏ် ၁နှစ်စီ ပြစ်ဒဏ်ချခဲ့ကြောင်း သိရသည်။ သို့သော်လည်း ပြစ်ဒဏ်ချခံရသော ထိုင်းနိုင်ငံသားများအနက်မှ အရွယ်မရောက်သေးသူ ၂ ဦးကို မိခင်နိုင်ငံသို့ စောစီးစွာ ပြန်ပို့ခဲ့သလို အခြားထိုင်းနိုင်ငံသားတစ်ဦးက ပြစ်ဒဏ်ခံယူနေချိန်အတွင်းသေဆုံးခဲ့ကြောင်း သိရသည်။

ထိုင်းအာဏာပိုင်များသည် ထိုင်းနိုင်ငံသား ၁၅၁ ဦးကို ပြန်လည်လွှဲပြောင်းရယူချိန်အတွင်း ကျန်းမာရေးစစ်ဆေးမှုအပါအဝင် လုပ်ထုံးလုပ်နည်းများအတိုင်း စစ်ဆေးကာ ပြန်လည်လက်ခံခဲ့ကြောင်း ထိုင်းအခြေစိုက်သတင်းများတွင် ဖော်ပြထား သည်။ ထိုင်းရဲတပ်ဖွဲ့အနေဖြင့် အဆိုပါထိုင်းနိုင်ငံသား ၁၅၁ ဦးကို အသေးစိတ်စုံစမ်းစစ်ဆေးမေးမြန်းမှုများ ထပ်မံလုပ်ကိုင်မည်ဖြစ်သလို လူကုန်ကူးမှု၊ အွန်လိုင်းမှတစ်ဆင့်လိမ်လည်နေသော ဂိုဏ်းများနှင့် ဆက်နွှယ်မှုရှိမရှိဆိုသောအချက်ကို ထပ်မံ စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

REf Thailandnews

#centralnewsnaypyitaw

imageimage
1 y - Translate

anime tattoo

image
1 y - Translate

anime tattoo

image
1 y - Translate

anime tattoo

image
1 y - Translate

anime tattoo

image
1 y - Translate

anime tattoo

image
1 y - Translate

ကြာဇံပြုတ်နေတယ်။ လာမစားနဲ့တော့။ပြုတ်
လာစားကျ။ ကျသွားပြီး 🤓🤓

image
1 y - Translate

anime tattoo

image
image
image
image
image

ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်ရန်ကြိုးပမ်းသော မြန်မာရွှေ့ပြောင်းအလုပ်သမား ၂၄ ဦးနှင့်အတူ ထိုင်းနိုင်ငံသား ၂ ဦးကို ထိုင်းရဲတပ်ဖွဲ့ ဖမ်းဆီး

ဇန်နဝါရီ ၆

ထိုင်းရဲတပ်ဖွဲ့သည် မြန်မာနိုင်ငံ၊ မြဝတီမြို့မှ ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်ရန် ကြိုးပမ်းသော မြန်မာနိုင်ငံသား ၂၄ ဦးနှင့်အတူ ၎င်းတို့ကို ခေါ်ဆောင်လာသော ၂၂ ဘီးကားသမား နှစ်ဦးကို ဇန်နဝါရီ ၄ ရက်နေ့တွင် ဖမ်းဆီးခဲ့ကြောင်း သတင်းထုတ်ပြန်လိုက်သည်။

ထိုင်း ရဲတပ်ဖွဲ့သည် မဲဆောက်မြို့ Huai Ya U အရပ်ဒေသတွင် ကားများကို ရပ်တန့်စစ်ဆေးချိန်အတွင်း၂၂ ဘီးကား နောက်ပိုင်းတွင် ပုန်းအောင်း လိုက်ပါလာသော မြန်မာရွှေ့ပြောင်းအလုပ်သမားများကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ၂၂ ဘီးကားကို တာပေါ်လင်ဖြင့်အုပ်ပြီး မောင်းနှင်လာခြင်းဖြစ်ကာ တက်ခ်ပြည်နယ်ကို ဦးတည်မောင်းနှင်လာချိန်တွင် လမ်းတွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ တရားမဝင် ရွှေ့ပြောင်းသွားလာသူများကို မိခင်နိုင်ငံအတွင်းသို့ ခေါ်ဆောင်လာခြင်းကြောင့် အသက် ၂၃ နှစ်အရွယ်ရှိ ထိုင်းနိုင်ငံသား ဆူရာပစ်နှင့်အသက် ၂၁ နှစ်အရွယ်ရှိ ဝါရာပွန်တို့ နှစ်ဦးကိုလည်း ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောသည်။

ဖမ်းဆီးခံရသော ထိုင်းနိုင်ငံသား ၂ ဦးက ၎င်းတို့သည် တရားမဝင် ရွှေ့ပြောင်းသွားလာသူများကို ပို့ဆောင်ပေးသည့် လုပ်ငန်းတွင်ပါဝင်ဆက်နွှယ်မိပြီး ကီအမည်ရှိ လူတစ်ဦးထံမှ ငွေကြေးများကို ရယူကာ မြန်မာနိုင်ငံသားများကို ထိုင်းနိုင်ငံဘက်ခြမ်းသို့ ခေါ်ဆောင်လာခြင်းဖြစ်ကြောင်း Kamphaeng Phet ပြည်နယ်သို့ အောင်မြင်စွာ ပို့ဆောင်ပေးနိုင်မည်ဆိုလျှင် တစ်ဦးအတွက် ဘတ်ငွေ ၃၀၀၀ လက်ခံရရှိမည်ဖြစ်ကြောင်း ဝန်ခံပြောဆိုထားသည်။

ထိုင်းအာဏာပိုင်များသည် လက်ရှိအချိန်တွင် ဖမ်းဆီးရမိသော မြန်မာရွှေ့ပြောင်းအလုပ်သမားများကို ကျန်းမာရေးစစ်ဆေးမှုများအပါအဝင် အသေးစိတ်စစ်ဆေးခြင်းများလုပ်ဆောင်ထားပြီး ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်ရန်ကြိုးပမ်းမှုဖြင့် စွဲချက်တင်သွားမည်ဖြစ်ကြောင်း သိရသည်။ ဖမ်းဆီးရမိသော မြန်မာနိုင်ငံသားအများစုသည် ထိုင်းနိုင်ငံနှင့်နယ်စပ်ချင်းထိစပ်နေသော မြဝတီမြို့တွင်နေထိုင်သူအများစုဖြစ်ကြောင်း သိရသည်။

REf: Thailandnews

Credit - Myanmar Transparency News Agency

#သတင်းဟင်းလေးအိုးကြီး

image
image
image
1 y - Translate

Wicked (2024)🤗😍😱
ဒီရုပ်ရှင်ကတော့ ကမ္ဘာကျော် ဂီတပြဇာတ်ကြီး Wicked ကို
ရုပ်ရှင်အဖြစ် ပြန်အသက်သွင်းထားတာပါပဲ။
စကာတင်ဆု ၁၅၀ နီးပါးနဲ့ ဆုပေါင်း ၃၆ ခု ရရှိထားပါတယ်။
သေချာပေါက် အော်စကာမှာ ဆုတွေလုမဲ့ ရုပ်ရှင်ပါပဲ။
ဒါရိုက်တာJon M. Chu ရိုက်ကူးထားပြီး Cynthia Erivo, Ariana Grande နဲ့
Michelle Yeoh တို့ ပါဝင်ထားပါတယ်။
ဒီဂီတဇာတ်လမ်းကို တေးရေးဆရာ Stephen Schwartz က စာရေးဆရာ
Gregory Maguire ရဲ့ The Life and Times of the Wicked Witch of the West စာအုပ်ကို
အခြေခံပြီးရေးသားခဲ့တာပါ။
၂၀၀၃ ခုနှစ်မှာ ပြဇာတ်စတင်ခဲ့ပြီး ၁၆ နိုင်ငံ မြို့ပေါင်း ၁၀၀ လောက်မှ ကပြခဲ့ရပါတယ်။
လူပေါင်း ၆၅ သန်းခန့် ကြည့်ရှုအားပေးပြီးဖြစ်ပါတယ်။
မူလ Classic ရုပ်ရှင်ဖြစ်တဲ့ ၁၉၃၉ The Wizard of Oz ကားထဲက
Dorathy Oz တိုင်းပြည်မရောက်ခင် Timeline ကိုအခြေခံထားတယ်..
The Wizard of Oz ထဲက wicked of the west စုန်းမဖြစ်တဲ့
အယ်ဖာဘာရဲ့ မူလ အော်ရယ်ဂျင်နောက်ခံ ဇာတ်ကြောင်းနဲ့
ဗီလိန်တစ်ယောက် ဘယ်လိုဖြစ်လာလဲဆိုတာကို
Prequel Film အနေနဲ့ မူလကားရဲ့ Refrence တွေကို ယူထားပေမယ့်
Musical အနေနဲ့ ရိုက်ပြထားတာက ဒီကားကို နာမည်ကြီးစေတာလို့ပြောလို့ရတယ်
အားလုံး လူဆိုးလို့ထင်နေကြတဲ့ အစိမ်းရောင်စုန်းမကြီးက လူ
ကောင်းစင်စစ်ဖြစ်နေပါလားဆိုတာကို လက်ခံသွားအောင် ရိုက်ပြထားပြီး
သုံးသွားတဲ့ အပြင်အဆင်တွေနဲ့ Cast တွေကလည်း အပိုအလိုမရှိဘဲ လက်ခံပေးလို့ရတယ်
ဒီရုပ်ရှင်အကျဉ်းကတော့ လူတွေအထင်လွဲပြီး ကြောက်ကြတဲ့ အစိမ်းရောင်
မှော်ဆရာမလေး အယ်ဖာဘာ နဲ့ လူတိုင်းချစ်ကြတဲ့ ကောင်မလေး ဂလင်ဒါတို့
မှော်ကျောင်းကြီးမှာ သူငယ်ချင်းဖြစ်သွားကြပါတယ်။
သူတို့နှစ်ယောက်ဟာ အော့ဇ်တိုင်းပြည်ရဲ့ မှော်ဆရာကြီးနဲ့ တွေ့ဖို့ သွားကြရင်း
မထင်ထားတဲ့ စွန့်စားခန်းတွေ ဖြစ်ပေါ်လာပုံနဲ့ ကြောက်စရာစုန်းမဆိုးကြီး
ပေါ်ပေါက်လာပုံကို ပြသထားတာပဲဖြစ်ပါတယ်။
သေချာပေါက် ကြည့်သင့်တဲ့ ရုပ်ရှင်တစ်ကားပါပဲ။

image