48 w - Translate

Every tattoo has its own story 🖤✨

image
48 w - Translate

Every tattoo has its own story 🖤✨

image
48 w - Translate

Every tattoo has its own story 🖤✨

image
48 w - Translate

Every tattoo has its own story 🖤✨

image
48 w - Translate

Every tattoo has its own story 🖤✨

image
48 w - Translate

Every tattoo has its own story 🖤✨

image
48 w - Translate

Every tattoo has its own story 🖤✨

imageimage
+4
48 w - Translate

သိန္နီမြို့ကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၅) အဆင့် အင်အားအနည်းငယ်ရှိ မြေငလျင်တစ်ခု လှုပ်ရှားသွား

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၉ ရက်နေ့၊ မြန်မာစံတော်ချိန် (၀၃)နာရီ၊ (၂၈)မိနစ်၊ (၀၃)စက္ကန့် အချိန်က မြန်မာနိုင်ငံ ပြည်တွင်း ရှမ်းပြည်နယ် သိန္နီမြို့ကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၅) အဆင့် အင်အားအနည်းငယ်ရှိ မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

သီပေါမြေငလျင်စခန်းမှ အရှေ့မြောက်ဘက် (၆၉)မိုင်ခန့် ကွာဝေးသော သိန္နီမြို့၏ အရှေ့မြောက်ဘက် (၇) မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၂၃.၃၈) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၈.၀၃) ဒီဂရီ၊ အနက်(၁၀)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၅) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုး/ဇလ၏ တိုင်းထွာရရှိချက်အရ သိရသည်။

image
48 w - Translate

ဆီးရီးယားသမ္မတဟောင်း အာဆတ် ရုရှားသို့ရောက်ရှိ

ရုရှားနိုင်ငံသည် ဆီးရီးယားသမ္မတဟောင်း ဘာရှာအယ်လ်အာဆတ် နှင့် ၎င်း၏ မိသားစုဝင်များကို ခိုလှုခွင့်ပေးလိုက်ပြီ ဖြစ်ကြောင်း ကရင်မ်လင်ရှိ သတင်းရင်းမြစ်တစ်ခုက ပြောကြားခဲ့သည်။

ကရင်မ်လင်ရှိ သတင်းရင်းမြစ်အရ အာဆတ်နှင့် ၎င်း၏မိသားစုသည် မော်စကိုသို ရောက်ရှိနေပြီဖြစ်ပြီး၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ထည့်သွင်းစဉ်းစားမှုများအရ ရုရှားသည် ၎င်းတိုအတွက် ခိုလှုခွင့်ပေးထားခြင်းဖြစ်ကြောင်း သိရသည်။

"ရုရှားက ဆီးရီးယားအကျပ်အတည်းကို နိုင်ငံရေးအရ ပြေလည်အောင်ဖြေရှင်းဖို အမြဲတမ်းပြောနေခဲ့တယ်။ ကုလသမဂ္ဂက ပြေလည်အောင်ညှိုနှိင်းတဲ့ ဆွေးနွေးပွဲတွေ ပြန်စဖို ကျွန်တော်တို တောင်းဆိုပါတယ်" ဟု အဆိုပါ သတင်းရင်းမြစ်က ဆိုသည်။

"ရုရှားအရာရှိများသည် ဆီးရီးယားပိုင်နက်အတွင်းရှိ ရုရှားစစ်အခြေစိုက်စခန်းများနှင့် သံတမန်ရေးရာတာဝန်များကို အာမခံထားသော လက်နက်ကိုင် ဆီးရီးယားအတိုက်အခံ ကိုယ်စားလှယ်များနှင့်လည်း အဆက်အသွယ်ရှိပါသည်" ဟုလည်း ယင်းသတင်းရင်းမြစ်က ပြောကြားခဲ့သည်။

ဆီးရီးယားသမ္မတဟောင်း ဘရှာအယ်လ်အာဆတ်သည် နိုင်ငံ၏မြို‌တော် ဒမတ်စကတ်မြိုမှ လေယာဉ်ဖြင့် ယမန်နေ့ နံနက်ပိုင်းက တိမ်းရှောင်ထွက်ခွာခဲ့ခြင်းဖြစ်သည်။

ရက်အနည်းငယ်အတွင်း နယ်မြေသိမ်းပိုက်ခံရမှုများ အံ့မခန်း တိုးမြင့်လာခဲ့ကာ စစ်သွေးကြွတပ်ဖွဲများ မြိုတော်အတွင်းသို ဝင်ရောက်လာကြပြီးနောက် ဘာရှာအယ်လ်အာဆတ်သည် ဒမတ်စကတ်မြိုမှ တိမ်းရှောင်သွားခဲ့ခြင်းဖြစ်သည်။

image

ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ

ဒီဇင်ဘာ ၉

#ရွှေဈေး

-ကမ္ဘာ့ရွှေဈေး
တအောင်စ ၂၆၄၄ ဒေါ်လာ

ပြင်ပရွှေဈေးနှုန်း

-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၆၁၃၀၀၀၀ ကျပ်
ဝယ်ဈေး ၆၀၉၀၀၀၀ ကျပ်

-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၅၉၃၀၀၀၀ ကျပ်
ဝယ်ဈေး ၅၈၉၀၀၀၀ ကျပ်

“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”

(ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။)

#နိုင်ငံခြားငွေလဲလှယ်နှုန်း

-မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း
အမေရိကန် တဒေါ်လာ - ၂၁၀၀ ကျပ်

ပြင်ပပေါက်စျေး

-အမေရိကန်ဒေါ်လာ‌
ရောင်းဈေး - ၄၄၄၀ ကျပ်
ဝယ်ဈေး - ၄၃၄၀ ကျပ်

-စင်္ကာပူဒေါ်လာ
ရောင်းဈေး - ၃၃၈၀ ကျပ်
ဝယ်ဈေး - ၃၃၁၀ ကျပ်

-ယူရို
ရောင်းဈေး - ၄၆၉၀ ကျပ်
ဝယ်ဈေး - ၄၅၈၀ ကျပ်

-ထိုင်းဘတ်
ရောင်းဈေး - ၁၃၁.၅၈ ကျပ်
ဝယ်ဈေး - ၁၂၈.၂၁ ကျပ်

-မလေးရှားရင်းဂစ်
ရောင်းဈေး - ၁၀၁၅ ကျပ်
ဝယ်ဈေး - ၉၈၅ ကျပ်

-တရုတ်ယွမ်
ရောင်းဈေး - ၆၁၂ ကျပ်
ဝယ်ဈေး - ၅၉၇ ကျပ်

-ဂျပန်ယန်း
ရောင်းဈေး - ၂၉.၅၁ ကျပ်
ဝယ်ဈေး - ၂၈.၉၇ ကျပ်

-အိန္ဒိယရူပီး
ရောင်းဈေး - ၅၂.၆၃ ကျပ်
ဝယ်ဈေး - ၅၁.၂၈ ကျပ်

-ကိုရီးယားဝမ်
ရောင်းဈေး - ၃.၁၁ ကျပ်
ဝယ်ဈေး - ၃.၀၃ ကျပ်

-စတာလင်ပေါင်
ရောင်းဈေး - ၅၆၉၀ ကျပ်
ဝယ်ဈေး - ၅၅၄၅ ကျပ်

-ဩစတြေးလျဒေါ်လာ
ရောင်းဈေး - ၂၈၅၅ ကျပ်
ဝယ်ဈေး - ၂၇၈၀ ကျပ်

-ကနေဒါဒေါ်လာ
ရောင်းဈေး - ၃၁၅၅ ကျပ်
ဝယ်ဈေး - ၃၀၇၅ ကျပ်

-ဟောင်ကောင်ဒေါ်လာ
ရောင်းဈေး - ၅၇၄ ကျပ်
ဝယ်ဈေး - ၅၅၉ ကျပ်

-ယူအေအီး
ရောင်းဈေး - ၁၂၁၅ ကျပ်
ဝယ်ဈေး - ၁၁၈၅ ကျပ်

ငွေလဲနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Credit - VOM News Agency

#သတင်းဟင်းလေးအိုးကြီး

image