"ဝင်ငွေစံချိန်တင် တေလာဆွိဖ်ဖျော်ဖြေပွဲများ ပြီးဆုံး"

ဒီဇင်ဘာ ၂၀

ဒီနှစ်ထဲမှာ တေလာဆွိဖ်ရဲ့ ဗီယာနာဖျော်ဖြေပွဲကို တိုက်ခိုက်ဖို့ အကြံအစည်တခု ဖမ်းမိပြီးနောက် ရုတ်သိမ်းလိုက်ရတာနဲ့ Oasis အဖွဲ့ ပြန်လည်စုဖွဲ့ပြီး ဖျော်ဖြေပွဲတွေ လုပ်မယ်လို့ ကြေညာတာတွေဟာ ဂီတလောကက သတင်းခေါင်းစဉ်တွေ ဖြစ်ခဲ့ပါတယ်။

ကမ္ဘာကျော် ပေါ့အဆိုတော် တေလာဆွိဖ်က သူ့ရဲ့ စံချိန်တင် Eras ဖျော်ဖြေပွဲခရီးစဉ်နဲ့ ကမ္ဘာတဝန်းက ပရိသတ်တွေဆီ သွားရောက်ဖျော်ဖြေခဲ့ပြီး ဆုတံဆိပ်တွေလည်း အများအပြား ရရှိခဲ့လို့ ၂၀၂၄ ခုနှစ်မှာ အောင်မြင်မှုအကြီးအကျယ် ရရှိခဲ့ပါတယ်။

အသက် ၃၄ နှစ်အရွယ် တေလာဆွိဖ်ဟာ ဖေဖော်ဝါရီလမှာ အမျိုးသမီးတွေ ဂီတလောကရဲ့ အမြင့်ဆုံးဆုတွေကို ဆွတ်ခူးချိန်မှာ သူကိုယ်တိုင်လည်း တနှစ်တာအကောင်းဆုံး အယ်လ်ဘမ်ဆုကို စတုတ္ထအကြိမ်မြောက် ဆွတ်ခူးနိုင်ခဲ့ပြီး စံချိန်သစ်တင်ခဲ့ပါတယ်။

တေလာဆွိဖ်က တေးအယ်လ်ဘမ်အသစ် "The Tortured Poets Department" ထွက်မယ်လို့ ဂရမ်မီ ဂီတဆုချီးမြှင့်ပွဲမှာ ကြေညာခဲ့တော့ ဘာသတင်းမှ အရင်က ကြားမထားတာမို့ ပရိသတ်တွေအားလုံး အံ့ဩသွားကြရပြီး တကယ်တမ်း ဧပြီလမှာ သူ့တေးအယ်လ်ဘမ်ထွက်လာတော့ အကောင်းဆုံးတေးသီးချင်းနေရာတွေကို ယူထားနိုင်ခဲ့တာပါ။

ဝင်ငွေ ဒေါ်လာ ၁ ဘီလီယံကျော် ရရှိတဲ့ ပထမဆုံး ဖျော်ဖြေပွဲခရီးစဉ်ဖြစ်တဲ့ Eras Tour ကို ဒီဇင်ဘာ ၈ ရက်နေ့ ကနေဒါနိုင်ငံ ဗန်ကူးဗားမြို့မှာ အဆုံးသတ်သွားခဲ့ပါတယ်။

ဥရောပခရီးစဉ်အတွင်း ဩစတြီးယားနိုင်ငံ ဗီယာနာမြို့တော်မှာ ပြုလုပ်မယ့် ဖျော်ဖြေပွဲမှာ ကွင်းထဲမှာ လာတိုက်ခိုက်ဖို့ ကြံစည်နေတယ်လို့ အစိုးရ အတည်ပြု သတင်းရခဲ့လို့ သြဂုတ်လက အဲဒီမှာ ကျင်းပဖို့ စီစဉ်ထားတဲ့ ပွဲ ၃ ပွဲလုံး ဖျက်လိုက်ရတာပါ။

သြစတြီးယားဝန်ကြီးချုပ် Karl Nehammer က “ဖြစ်ရပ်ဆိုးကြီးတခုကို ကြိုတင်ကာကွယ်နိုင်လိုက်တယ်” လို့ ပြောပါတယ်။

Ernst Happel ကွင်းမှာ ပြုလုပ်မယ့် ဖျော်ဖြေပွဲမှာ "သွေးချောင်းစီးအောင်" လုပ်ချင်တယ်လို့ ဝန်ခံတဲ့ အသက် ၁၉ နှစ်အရွယ် လူငယ်တဦးကို ရဲတပ်ဖွဲ့က ဖမ်းမိခဲ့ပါတယ်။

သူ့ခရီးစဉ်ရဲ့ နောက်ဆုံးပွဲတွေအဖြစ် မြောက်အမေရိကတိုက်ဘက် ပြန်မသွားခင်၊ ဥရောပမှာ နောက်ဆုံးပွဲတွေ အဖြစ် ဖျော်ဖြေသွားတဲ့ လန်ဒန်မြို့တော်က ဖျော်ဖြေပွဲကတော့ အနီးအနားက ပရိသတ်တွေအပြင် အဝေးကြီးကပါ လာအားပေးကြတာ တွေ့ရပါတယ်။

တေလာဆွိဖ်ရဲ့ Eras Tour ဖျော်ဖြေပွဲက ၂၀၂၄ ခုနှစ်မှာ ဝင်ငွေ ဒေါ်လာ သန်း ၂,၂၀၀ နီးပါး ရရှိခဲ့ပြီး နှစ်နှစ်ဆက်တိုက် ကမ္ဘာ့အဝင်ငွေအများဆုံး ဖျော်ဖြေပွဲ ဖြစ်သွားတယ်လို့ အချက်အလက်‌ကောက်ယူဖော်ပြတဲ့ Pollstar ရဲ့ ၂၀၂၄ နှစ်ကုန်ပိုင်း စာရင်းဇယားတွေမှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့နှစ်က တေလာဆွိဖ်ရဲ့ အထူးအောင်မြင်တဲ့ Eras Tour ဖျော်ဖြေရေးခရီးစဉ်က ဒေါ်လာသန်းထောင်ချီပြီး ဝင်ငွေရတဲ့ ပထမဆုံး ဖျော်ဖြေပွဲ ဖြစ်ခဲ့တာပါ၊ ဒီစံချိန်ကို ကနေဒါနိုင်ငံ ဗန်ကူးဗားမြို့မှာ နောက်ဆုံးပွဲကျင်းပအပြီး နောက်တနေ့ မနက်မှာ ကြေညာခဲ့တာပါ။

အမေရိကန်ပြည်ထောင်စုမှာ ဝင်ငွေဒေါ်လာ သန်း ၁,၀၄၀ ( ဘီလျံနဲ့ဆိုရင် ၁.၀၄ ဘီလီယံ) ရရှိခဲ့ပြီး တကမ္ဘာလုံးအတိုင်းအတာနဲ့ဆိုရင် ဒေါ်လာ ၂.၁၉ ဘီလီယံ ဒေါ်လာသန်း ၂,၂၀၀ နီးပါး ရခဲ့တာပါ။ Pollstar ရဲ့ အချက်အလက်တွေက ၂၀၂၃ နိုဝင်ဘာကနေ ၂၀၂၄ ဒီဇင်ဘာအထိ လက်မှတ်အရောင်းစာရင်း၊ ပွဲကြည့်ခန်းမ လူဝင်ဆံ့မှု ခန့်မှန်းချက်၊ ယခင်က လက်မှတ်အရောင်းစာရင်းတွေနဲ့ တခြားသုတေသန အချက်အလက်တွေကို စုစည်းထားတာ ဖြစ်ပါတယ်။

"ကျွန်တော်တို့ သမိုင်းဝင်ဖြစ်ရပ်တခု ဖြစ်ပျက်နေတာကို လက်တွေ့မြင်နေကြရတာပါ။ တေလာဆွိဖ်နဲ့ Eras Tour က တိုက်ကြီး ၅ ခုမှာ အချိန်ကာလ တနှစ်ခွဲကျော် စုစုပေါင်း ၂၁ လအတွင်း ပရိသတ် ၁၀ သန်းနီးပါးရှေ့မှာ ဖျော်ဖြေပြသွားခဲ့တာက အရင်က မရှိဘူးတဲ့ အထူးခြားဆုံး ဖြစ်ရပ်ဖြစ်ပါတယ်။ သူ့ပွဲကနေ ဒေါ်လာ ၂.၂ ဘီလျံ နီးပါး ဝင်ငွေရှာနိုင်ခဲ့တာ သမိုင်းမှာ ငွေအများဆုံးရခဲ့တာ ဖြစ်ပါတယ်။ ဒုတိယအများဆုံးငွေဝင်တဲ့ ပွဲမှာရတာထက် ၂ ဆနီးပါး များပါတယ်" လို့ Pollstar နဲ့ VenuesNow အယ်ဒီတာချုပ် Andy Gensler က ပြောပါတယ်။ "ဒီလုပ်ငန်းမှာရှိတဲ့ ကန့်သတ်ချက်တွေကို ဘောင်ချဲ့ပေးနိုင်တဲ့ ဥပမာလည်း ဖြစ်ပါတယ်။ တချိန်တည်းမှာ ဂီတရယ် လူ့ဘောင်အသိုင်းအဝိုင်းရယ် ဘဝရဲ့ အကောင်းဆုံးအတွေ့အကြုံဆိုတာရယ်တွေကို ပေါင်းစပ်ပြီး တကမ္ဘာလုံးက ပရိသတ်တွေဆီ အရောက်သယ်ဆောင်သွားနိုင်ခဲ့ပါတယ်" လို့လည်း သူက ပြောပါတယ်။

ဂီတဖျော်ဖြေပွဲ သမိုင်းမှာ ဒုတိယအများဆုံး ဝင်ငွေရတဲ့ပွဲကတော့ လက်ရှိကျင်းပနေဆဲ Coldplay ရဲ့ "Music of the Spheres" ဖျော်ဖြေရေးခရီးဖြစ်ပြီး ဒေါ်လာ ၁.၁၄ ဘီလီယံ ရရှိထားတာပါ။ သူတို့က ၂၀၂၅ နှစ်သစ်ထဲမှာလည်း ဆက်ပြီးဖျော်ဖြေနေဦးမှာပါ။ Coldplay အဖွဲ့က လက်မှတ် စုစုပေါင်း ၁၀ သန်းကျော် ရောင်းချနိုင်ခဲ့ပြီး တေလာဆွိဖ်ရဲ့ "Eras Tour" က ၁၀ သန်းနီးပါး ရောင်းချခဲ့လို့ တကိုယ်တော် အဆိုတော်တွေထဲမှာ လက်မှတ်အရောင်းရဆုံး စံချိန်တင်သွားပါတယ်။

Credit - Voice of America

#သတင်းဟင်းလေးအိုးကြီး

image
image
image
image
image
1 နှစ် - ဘာသာပြန်ပါ။

စပါးကိုအရေးနိမ့်ပြီး ကာရာဘောင်းဖလားပြိုင်ပွဲကနေ ယူနိုက်တက်ထွက်ခွာ

ဒီဇင်ဘာ ၂၀

ယူနိုက်တက်အသင်းဟာ ကာရာဘောင်းဖလားပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ်မှာ စပါးအသင်းကို ၄ ဂိုး-၃ ဂိုးနဲ့ အရေးနိမ့်ပြီး ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပြီ ဖြစ်ပါတယ်။

ဒီပွဲမှာ စပါးအသင်းဟာ ၃ ဂိုးပြတ်နဲ့ ဦးဆောင်နိုင်ခဲ့တာဖြစ်ပြီး ယူနိုက်တက်အသင်းက အနောက်ကနေလိုက်ကာ ချေပဂိုးတွေ ပြန်သွင်းနိုင်ခဲ့ပေမယ့် အရေးနိမ့်ခဲ့တာပါ။

စပါးအသင်းအတွက် ဂိုးတွေကို ဆိုလန်ကီက ၂ ဂိုး၊ ကူလူဆက်ဗ်စကီးနဲ့ ဆွန်ဟောင်မင်တို့က ၁ ဂိုးစီ သွင်းယူခဲ့တာ ဖြစ်ပြီး ယူနိုက်တက်အသင်းအတွက် ချေပဂိုးတွေကို ဇက်ခ်ဇီ၊ အာမတ်နဲ့ အီဗန်စ်တို့က သွင်းယူခဲ့တာ ဖြစ်ပါတယ်။

စပါးအသင်းဟာ နိုင်ပွဲနဲ့အတူ ကာရာဘောင်းဖလား ဆီမီးဖိုင်နယ်ကို တက်နိုင်ခဲ့ပေမယ့် ယူနိုက်တက်အသင်း ကတော့ ပြည်တွင်းဖလားပြိုင်ပွဲ တစ်ခုကနေ ထွက်ခွာခဲ့ရပြီဖြစ်တာပါ။

ဒီပွဲမှာ ယူနိုက်တက်အသင်း ဂိုးသမား ဘယင်ဒါနဲ့ စပါးအသင်း ဂိုးသမား ဖရေဆာဖော်စတာတို့ဟာ အမှားအယွင်း တွေ ပြုလုပ်ခဲ့ကြပါတယ်။

စပါးအသင်းနည်းပြ ပိုစတီကိုဂလူးက ဖရေဆာဖော်စတာဟာ အကောင်းဆုံး လုပ်ဆောင်နိုင်ခဲ့ပေမယ့် အမှားအယွင်းတွေကြောင့် သူစိတ်ပျက်နေတယ်လို့ ပွဲအပြီးမှာ ပြောခဲ့ပါတယ်။

ယူနိုက်တက်အသင်းနည်းပြ အာမိုရင်က အသင်းဟာ အရှုံးကနေ ပြန်လာနိုင်ဖို့ အကောင်းဆုံး ကြိုးပမ်းခဲ့ကြ ပေမယ့် ၄ ဂိုးမြောက် သွင်းဂိုး ခွင့်ပြုခဲ့ရတာက ပြိုင်ပွဲကနေ ထွက်ခွာဖို့ ဖြစ်စေခဲ့တယ်လို့ ပြောခဲ့တာပါ။

ယူနိုက်တက်အသင်းဟာ ဒီပွဲမှာ တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ကို လူစာရင်းကနေ ထပ်ချန်လှပ်ခဲ့ပြီး နည်းပြအာမိုရင်က သူဟာ အသင်းမှာ အနာဂတ်ရှိနေသေးတယ်လို့ ပြောခဲ့ပါတယ်။

ရက်ရှ်ဖို့ဒ်ဟာ ယူနိုက်တက်အသင်း လူစာရင်းကနေ ၂ ပွဲဆက်တိုက် ချန်လှပ်ခံခဲ့ရတာပါ။

ကာရာဘောင်းဖလား ကွာတားဖိုင်နယ်ပွဲစဉ်တွေအပြီး ဆီမီးဖိုင်နယ် ပွဲစဉ်တွေအတွက် မဲခွဲခဲ့တာမှာ စပါးအသင်းက လီဗာပူးလ်အသင်း၊ အာဆင်နယ်အသင်းက နယူးကာဆယ်အသင်းတို့နဲ့ တွေ့ဆုံနေကြပါတယ်။

ကာရာဘောင်းဖလား ဆီမီးဖိုင်နယ်ပွဲစဉ်ကို နှစ်ကျော့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ပထမအကျော့ကို ဇန်နဝါရီ ဒုတိယ အပတ်နဲ့ ဒုတိယအကျော့ကို ဖေဖော်ဝါရီ ပထမအပတ်မှာ ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။

Source: BBC

ပုံ - ယူနိုက်တက်အသင်းကို တွေ့ရစဉ်

#centralnewsnaypyitaw

image

ရိုးရှင်းသောဆံပင်စည်းနည်း

ဆူးခတ်နှင်းဆီ (၅)

1 နှစ် - ဘာသာပြန်ပါ။

ခြံအမှတ် (၅၄) ကို စျေးလျော့လေလံတင်ရောင်းချဖို့ ထပ်မံ တရားရုံး အမိန့်ချ

ဒီဇင်ဘာ ၂၀

ရန်ကုန်၊ တက္ကသိုလ်ရိပ်သာလမ်းက ခြံအမှတ် (၅၄)ကို စျေးလျော့လေလံတင်ရောင်းချဖို့ အတွက် ထပ်မံပြီး ဒီဇင်ဘာ ၁၈ ရက်နေ့က ကမာရွတ်ခရိုင် တရားရုံးကနေ အမိန့်ချမှတ်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီခြံကို ဒေါ်ဆောင်ဆန်းစုကြည်ရဲ့ အစ်ကိုဖြစ်သူ ဦးအောင်ဆန်းဦးက စျေးလျော့ကာ ကျပ် (၂၉၀) ဘီလီယံနဲ့ တတိယအကြိမ်မြောက် လေလံတင်ရောင်းချခွင့်ပြုဖို့ တင်ပြလျှောက်ထားခဲ့တာပဲ ဖြစ်ပါတယ်။

တရားရုံးကနေ ကျပ် (၃၁၅) ဘီလီယံနဲ့ တစ်ကြိမ်၊ ကျပ် (၃၀၀) ဘီလီယံနဲ့ တစ်ကြိမ် လေလံတင်ရောင်းချခွင့် အမိန့် ချမှတ်ထားပေမယ့် ဝယ်ယူသူမရှိခဲ့တာကြောင့် ဦးအောင်ဆန်းဦးက ထပ်မံ တင်ပြေလျှောက်ထားခဲ့တာလို့ သိရပါတယ်။

လက်ရှိ နောက်ဆုံးချမှတ်ခဲ့တဲ့ လေလံစျေးဟာ ကျပ် (၂၉၇) ဘီလီယံ ဖြစ်ပြီး ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ (၅) ရက်နေ့မှာ ယင်းခြံရှေ့မှာ လေလံတင်ရောင်းချမှု ပြုလုပ်သွားမှာလို့ သိရပါတယ်။

#centralnewsnaypyitaw

image
1 နှစ် - ဘာသာပြန်ပါ။

ချစ်စရာ Pumeria ပန်းလေးတွေရဲ့အဓိပ္ပာယ်က
"မင်းကို တွေ့ဆုံခွင့်ရခဲ့လို့ တကယ် ကံကောင်းပါတယ်တဲ့"


#crd_photo

image
1 နှစ် - ဘာသာပြန်ပါ။

ချစ်စရာ Pumeria ပန်းလေးတွေရဲ့အဓိပ္ပာယ်က
"မင်းကို တွေ့ဆုံခွင့်ရခဲ့လို့ တကယ် ကံကောင်းပါတယ်တဲ့"


#crd_photo

image
1 နှစ် - ဘာသာပြန်ပါ။

ချစ်စရာ Pumeria ပန်းလေးတွေရဲ့အဓိပ္ပာယ်က
"မင်းကို တွေ့ဆုံခွင့်ရခဲ့လို့ တကယ် ကံကောင်းပါတယ်တဲ့"


#crd_photo

image
1 နှစ် - ဘာသာပြန်ပါ။

ချစ်စရာ Pumeria ပန်းလေးတွေရဲ့အဓိပ္ပာယ်က
"မင်းကို တွေ့ဆုံခွင့်ရခဲ့လို့ တကယ် ကံကောင်းပါတယ်တဲ့"


#crd_photo

image
1 နှစ် - ဘာသာပြန်ပါ။

ချစ်စရာ Pumeria ပန်းလေးတွေရဲ့အဓိပ္ပာယ်က
"မင်းကို တွေ့ဆုံခွင့်ရခဲ့လို့ တကယ် ကံကောင်းပါတယ်တဲ့"


#crd_photo

image
image
image
image