1 နှစ် - ဘာသာပြန်ပါ။

အိပ်စက်ဖို့လိုအပ်နေသော်လည်း
အိပ်စက်မှုက ကိုယ့်ကို မလိုအပ်သောအခါ 😫

image
1 နှစ် - ဘာသာပြန်ပါ။

ဘာအကြောင်းတွေကြောင့်ပဲဖြစ်ဖြစ်
ရွေးချယ်ဖို့ အဆင်မပြေလို့ ချန်ရစ်ခဲ့တဲ့အခါ
အသာတကြည်ပဲ နေခဲ့လိုက်ပါ

ချစ်ခြင်းမေတ္တာဟာ
အတင်းကြိုးစားယူလို့ရတဲ့အရာမှ မဟုတ်တာ
ကိုယ်တို့ ချစ်ရတဲ့သူတွေကို
သူတို့ ချစ်တဲ့သူတွေအနားမှာပဲ ပျော်ပါစေ ။

#ရိပ်ငြိမ်

image
1 နှစ် - ဘာသာပြန်ပါ။

ကိုယ့်ဘဝကို အလှဆုံးပုံဖော်မယ်ဆိုပြီး နိုင်ငံခြားထွက်လာလိုက်တာ အခုဆို ခေါက်ဆွဲခြောက်တောင် serဖို့အနိုင်နိုင်

image
1 နှစ် - ဘာသာပြန်ပါ။

နောက်ခံလူဝေါ်ကာအသင်းမှ ထွက်ခွါခွင့် တောင်းဆိုထားဟု ဂွါဒီယိုလာအတည်ပြု

မန်စီးတီးနောက်ခံလူ ကိုင်ဝေါ်ကာဟာ အသင်းကနေ ထွက်ခွါခွင့်တောင်းဆိုထားကြောင်း နည်းပြ ဂွါဒီယိုလာက အတည်ပြုသွားပါတယ်။

ဆဲလ်ဖို့ဒ်အသင်းကို ၈ ဂိုး ဂိုးမရှိနဲ့ အနိုင်ရတဲ့ပွဲစဉ်လူစာရင်းမှာ ကိုင်ဝေါ်ကာကို ချန်လှပ်ခဲ့တဲ့အပေါ် မီဒီယာတွေကမေးမြန်းခဲ့ရာမှာ ဂွါဒီယိုလာက ပြန်လည်ဖြေကြားခဲ့တာပါ။

ကိုင်ဝေါ်ကာဟာ လွန်ခဲ့တဲ့ ၂ ရက်က အသင်းကနေ ထွက်ခွါပြီး တခြားနိုင်ငံကလိဂ်မှာ ပြောင်းရွှေ့ ကစားချင်ကြောင်း အသင်းဘုတ်အဖွဲ့ကို အသိပေးခဲ့ကြောင်း၊ ဒီလိုအခြေအနေကြောင့် အသင်းအပေါ်မှာပဲ အာရုံစိုက်ကစားမယ့် တခြားကစားသမားတယောက်ကို အစားထိုး အသုံးပြုခဲ့တာဖြစ်တယ်လို့ နည်းပြဂွါဒီယိုလာက ပြောပါတယ်။

အသက် ၃၄ နှစ်ရှိ အင်္ဂလန်လက်ရွေးစင်နောက်ခံလူ ဝေါ်ကာကို ဆော်ဒီကလပ်တွေက မက်မောစရာ လုပ်ခနဲ့ ကမ်းလှမ်းထားပြီး ဝေါ်ကာကိုယ်တိုင်ကလည်း ကစားသမားဘဝအဆုံးသတ်ခါနီးမှာ ဆော်ဒီလိဂ်ဆီပြောင်းရွှေ့ဖို့ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။

Photo-Reuters

image
1 နှစ် - ဘာသာပြန်ပါ။

မြင်သမျှကို အားအားမအားအား ဒိုင်ခံဘလိမ်းနိုင်တာကသာ အားကစားဖြစ်ခဲ့ရင်

image
1 နှစ် - ဘာသာပြန်ပါ။

မိန်းမ ဘယ်နှစ်မျိုးရှိလဲ
အို ဘာတဲ့ 😀

1 နှစ် - ဘာသာပြန်ပါ။

trauma ပေါ် trauma ဆင့်သွားတာပါပဲ
ချစ်ခြင်း မုန်းခြင်းဘာမှမရှိတော့ပဲ ခေါင်းထဲမှာ အချစ်ခံရဖို့ မထိုက်တန်ဘူး ဂရုစိုက်ခံရဖို့ မထိုက်တန်ဘူး နင့်ကိုမလိုအပ်ဘူး နင်မရှိလဲဘာမှမဖြစ်ဘူး နင်ကအရေးမပါဘူး ဆိုတဲ့ အတွေးတွေပဲ လည်နေတယ်။

emotional များတဲ့လူတစ်ယောက်ကို ဘယ်သူကမှသည်းခံမပေးနိုင်ဘူးဆိုတာလဲ ပိုပြီးသိလာတယ်။
ကိုယ့်ဘက်ကလွှတ်ချလိုက်တာနဲ့ လွတ်ကျသွားမယ့်ဆက်ဆံရေးတွေပဲ ရှိနေတယ်ဆိုတာလဲ ပိုပြီးနားလည်လာတယ်။
ပုံမှန်ပြန်ဖြစ်ဖို့ အချိန်တော့ယူရအုံးမယ်။

image
1 နှစ် - ဘာသာပြန်ပါ။

ပြဿနာတွေကို ဖြေရှင်းဖို့ ကြိုးစားရင်း
ငါကိုယ်တိုင်က ပြဿနာ ဖြစ်နေခဲ့တာကို သိခဲ့ရတယ်

ဘယ်နေရာကစမှားသွားလဲမသိပေမဲ့
အမှားအားလုံးရဲ့တရားခံကကျနော်အမြဲဖြစ်နေတာမျိုးပေါ့

image

1 နှစ် - ဘာသာပြန်ပါ။

လူတစ်ယောက်က မင်းကို ဆက်သွယ်ဖို့ မကြိုးစားဘူးဆိုရင်
ကိုယ်ကရော ဆက်ပြီး ဆက်သွယ် နေမှာလား။
စကားတစ်ခွန်း လက်ဆောင်ပေးမယ်။လူတစ်ယောက်ကို သိပ်ချစ်မိတဲ့အခါ သူ့ထက် ခြေလှမ်းနှစ်လှမ်း ရှေ့သို့ လှမ်းပြီး သူ့ဆီ သွားလိုက်ပါ။မင်းလာနေတာကို တွေ့နေရင်တောင် မင်းကို ဝမ်းပန်းတသာ
မကြိုဆိုဘူးဆိုရင် ရပ်လိုက်သင့်တယ်။နာကျင်စရာကောင်းပေမဲ့
ဒါဟာ အကောင်းဆုံးအဖြေပါ။

ချစ်တဲ့စိတ်ကို လူတွေ ထိန်းချုပ်ဖို့
အခက်ဆုံးပဲ။ဒါကြောင့် မဆက်သွယ်ခြင်းအားလုံးက မချစ်ဘူး၊
အရေးမပါဘူးလို့ ဖော်ပြနေပါတယ်။ချစ်တဲ့အခါ မရမက ဆက်သွယ်ဖို့ ကြိုးစားမှာပဲလေ။
တစ်ဖက်က မင်းကို အလိုမရှိတော့ဘူးဆိုပြီး ပါးစပ်နဲ့ တိုက်ရိုက်မပြောဘဲ လုပ်ရပ်ဖြင့် ပြတဲ့အခါ ဒါကို နားလည်ဖို့ လိုပါတယ်။

Don't overthink.
မချစ်တော့လည်း မဆက်သွယ်တော့လည်း ဘာအရေးလဲ။
Your life is going on without someone ပါပဲနော်။

image