A Classic Horror Story (2021)
--------------------------------

IMDB (5.7/1

ဒီဇာတ်ကားရဲအစမှာတော့ ကားတစ်စီးနဲ့ခရီးထွက်လာခဲ့ကြတဲ့ လူငါးယောက်ရဲ့ထိတ်လန့်စရာအဖြစ်အပျက်တစ်ခုကိုမြင်တွေ့ရပါမယ်

သူတိုအဖွဲသွား‌ခဲ့တဲ့လမ်းမှာပဲ မတော်တဆမှုတစ်ခုဖြစ်ခဲ့ပြီး သစ်ပင်တစ်ပင်ကို၀င်တိုက်မိခဲ့ကြပါတယ်၊ ဒါပေမဲ့ ထူးဆန်းတာက လမ်းဘေးကသစ်ပင်ကို၀င်တိုက်ပြီး ဖြစ်ခဲ့တဲ့မတော်တဆမှုက သူတိုပြန်သတိရလာချိန်မှာတော့ ကားရောလူတွေရောက သစ်တောတစ်ခုထဲမှာရှိတဲ့ သစ်သားအိမ်တစ်လုံးရဲ့အရှေ့မှာ ရောက်နေပါတယ်
ဘေးပတ်လည်မှာလည်း ဘာလမ်းမှမရှိသလို လူလည်းမရှိတဲ့အပြင် ဖုန်းတွေကလည်း ဘယ်သူနဲ့မှဆက်သွယ်လိုမရတော့ပါဘူး

အဲဒီသစ်တောထဲကို သူတိုဘယ်လိုရောက်သွားခဲ့တာလဲ၊ သူတိုတွေဘာတွေကြုံတွေရမှာလဲဆိုတာကိုတော့

Horror movie‌ ကောင်းကောင်းကိုမှ ကြည့်ချင်ပါတယ်ဆိုတဲ့သူတွေအတွက်တော့ ဒီကားလေးကစိတ်ကျေနပ်မှုအပြည့်အ၀ပေးနိုင်မှာအသေချာပါပဲ၊ ဒါပေမဲ့ ကြောက်တတ်တဲ့သူတွေဆိုရင်တော့ မကြည့်သင့်ပါဘူး

image
2 yrs - Translate

WHO က ဘာကြောင့်ထွက်လဲ?
အမေရိကန်မှာလူဦးရေ သန်း ၃၅၀ ရှိတယ်၊ ဒီအထဲ တရားမဝင် ရောက်နေသူက ဘယ်လောက်ရှိမှန်းမသိ၊ ထားပါတော့
လူဦးရေ ၃၂၅ သန်း ဆိုပါတော့၊ အဲ့ဒီလောက် လူဦးရေနဲ့ အမေရိကန်က ကမ္ဘာ့ကျန်းမာရေးအတွက် တစ်နှစ် ဒေါ်လာ သန်း ၅၀၀ ထည့်ရတယ်၊
လူဦးရေ သန်း ၁၄၀၀ ရှိတဲ့ တရုတ်နိုင်ငံက
ဒေါ်လာ ၃၉ သန်းပဲ ထည့်တယ်၊ ဒါမမျှတဘူး၊ ဒါကြောင့် ထွက်တယ်တဲ့။

အနာဂတ်အတွက် မန်စီးတီးနဲ့ စကားမပြောရသေးဘူးလို့ ဒီဘရိုင်းပြော

ဇန်နဝါရီ ၂၂

ဒီရာသီအကုန်မှာ မန်စီးတီးအသင်းနဲ့ စာချုပ်ကုန်ဆုံးတော့မယ့် ကွင်းလယ်လူ ဒီဘရိုင်းဟာ သူ့ရဲ့အနာဂတ်နဲ့ ပတ်သက်ပြီး အသင်းနဲ့ စကားပြောဆိုမှု ပြုလုပ်ရခြင်း မရှိသေးဘူးလို့ ပြောခဲ့ပါတယ်။

ဒီဘရိုင်းက “အခုအချိန်မှာ မန်စီးတီးအသင်းနဲ့ စကားမပြောရသေးပါဘူး။ ကျနော်ဟာ ပိုပြီးကောင်းချင်သလို ပိုပြီးကောင်းအောင် လုပ်နေတာကြောင့် ကျနော်ပျော်ပါတယ်။ တစ်ခုခုဖြစ်နိုင်လို့ ကျနော်တို့ ကြည့်ရမှာပါ။ ဘယ်ကိုသွားသွား ၁၀ နှစ် စာချုပ်ချုပ်ရမယ်လို့ မထင်တဲ့အတွက် စိတ်ဖိစီးစရာမလိုဘူး”လို့ အနာဂတ်နဲ့ ပတ်သက်တဲ့မေးခွန်းကို ဖြေခဲ့တာပါ။

မန်စီးတီးအသင်းဟာ ဒီဘရိုင်းကို စာချုပ်သက်တမ်း မတိုးဘူးဆိုရင် ၂၀၁၅ ခုနှစ်ကတည်းက အသင်းမှာရှိခဲ့တဲ့ ဘယ်လ်ဂျီယံကစားသမားရဲ့ ၁၀ နှစ်ကြာအချိန်ဟာ နွေရာသီကျရင် အဆုံးသတ်တော့မှာ ဖြစ်ပါတယ်။

မန်စီးတီးအသင်းဟာ ပြီးခဲ့တဲ့ရက်ပိုင်းက တိုက်စစ်မှူး ဟာလန်းကို ၂၀၃၄ ခုနှစ်အထိရှိမယ့် ကာလရှည် စာချုပ် ချုပ်ဆိုခဲ့ပြီးနောက် ဒီဘရိုင်းကိုလည်း စာချုပ်သစ် ချုပ်ဆိုလာနိုင်တယ်လို့ သတင်းတွေ ထွက်ခဲ့တာပါ။

ဒီဘရိုင်းဟာ ပြီးခဲ့တဲ့ ရာသီတွေအတွင်းမှာ တံကောက်ကြောဒဏ်ရာနဲ့ ရုန်းကန်ခဲ့ရပြီး ဒီရာသီမှာ မန်စီးတီးအသင်း အတွက် ပရီးမီးယားလိဂ် ၁၅ ပွဲ ပါဝင်ကစားထားပါတယ်။

အသက် ၃၃ နှစ်အရွယ်ရှိ ဒီဘရိုင်းကို ခေါ်ယူဖို့ ဆော်ဒီနဲ့ မေဂျာလိဂ်ကလပ်တွေက ချိတ်ဆက်မှုတွေ ပြုလုပ် နေကြတာပါ။

မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာကတော့ ဒီဘရိုင်းကို ဟာလန်းလိုမျိုး စာချုပ်သစ် ချုပ်ဆိုနိုင်ဖို့ သူမျှော်လင့် တယ်လို့ ပြောထားပါတယ်။

ဒါပေမယ့် ဒီဘရိုင်းနဲ့ မန်စီးတီးအသင်းတို့အကြားမှာ စာချုပ်သစ်အတွက် ဆွေးနွေးမှုတွေ ပြုလုပ်ရခြင်း မရှိသေးပါဘူး။

ဒီဘရိုင်းဟာ မန်စီးတီးအသင်းအတွက် ပြိုင်ပွဲစုံ ပွဲပေါင်း ၄၀၀ ကျော် ပါဝင်ကစားထားပြီး သွင်းဂိုး ၁၀၀ ကျော် သွင်းယူကာ ပရီးမီးယားလိဂ်ဖလား ၆ ကြိမ်၊ ချန်ပီယံလိဂ်ဖလား ၁ ကြိမ် အပါအဝင် ဆုဖလား အများအပြား ရယူထားတာ ဖြစ်ပါတယ်။

Source: Goal

ပုံ - ဒီဘရိုင်းကို တွေ့ရစဉ်

#ဘောလုံးသတင်းစုံ

image
2 yrs - Translate

ဒိန်းမတ်နောက်ခံလူ ဒေါ်ဂူကို ခေါ်ယူရန် မန်ယူအသင်း ဆွေးနွေး

မန်ချက်စတာယူနိုက်တက်အသင်းဟာ အီတလီကလပ် လက်ချီအသင်းက ဒိန်းမတ်နောက်ခံလူ ပတ်ထရစ်ဒေါ်ဂူကို ခေါ်ယူဖို့ ဆွေးနွေးနေပါတယ်။

အသက် ၂၀ နှစ်ပဲရှိသေးတဲ့ ဒိန်းမတ်လက်ရွေးစင်ကစားသမားဟာ ခံစစ် ဘယ်အစွန်နေရာ တလျှောက်မှာ ကစားနိုင်ပြီး လိုအပ်မယ်ဆိုရင် ညာစွန်မှာလည်း ကစားနိုင်သူပါ။

နည်းပြ အာမိုရင်ဟာ ဘယ်နောက်ခံလူနေရာအတွက် PSG က ပေါ်တူဂီလက်ရွေးစင် နူနိုမက်ဒက်စ်ကို ခေါ်ယူဖို့ ပစ်မှတ်ထားခဲ့ပေမဲ့ အဆင်မပြေခဲ့တာကြောင့် ပတ်ထရစ်ဒေါ်ဂူကို ခေါ်ယူဖို့ လုပ်ဆောင်လာခဲ့တာပါ။

မန်ယူအသင်းကင်းထောက်တွေဟာ ဒေါ်ဂူရဲ့ စွမ်းဆောင်ရည်အပေါ် သဘောကျနေတာကြောင့် မန်ယူအသင်းဘက်ကလည်း ခေါ်ယူဖို့ လုပ်ဆောင်လာခဲ့တာလို့ Athletic သတင်းမှာ ဖော်ပြပါတယ်။

image
2 yrs - Translate

ပျားရည်စစ်ရင် ချိုပါတယ်လို့ တံဆိပ်ကပ်ထားစရာမလိုပါဘူး။
သူ့ရဲ့ innate quality ကိုက ချိုတာပါ။
မွှေးတဲ့ပန်းတစ်ပွင့်ကလည်း
ကျွန်မမွှေးပါတယ်လို့ ပြောနေစရာမလိုပါဘူး။
ပျားပိတုန်းတွေက အလိုလိုလာတာပါ။
ကိုယ်ဘယ်လိုလူပါ၊ ကိုယ့်ရဲ့ qualities တွေက
ဘာပါဆိုတာကိုလည်း တမင်ကြေငြာနေစရာမလိုဘဲ
ကိုယ့်နာမည်ကြားတာနဲ့ ကိုယ့်ဂုဏ်သတင်းကြားတာနဲ့
ကိုယ်ကျင်လည်တဲ့အသိုင်းအဝိုင်းကလူတွေကြားထဲ
လေးစားမှုရအောင် တည်ဆောက်တဲ့ ပညာကို
Image Creation လို့ခေါ်ပါတယ်။
Crd Burmese Poetry
#စာတို

2 yrs - Translate

22 Jan 25
ယနေ့ ငွေဈေး၊ ရွှေဈေး
```````````````````````````````````

USD Buy - MMK 4,520
USD Sell - MMK 4,620
EUR Buy - MMK 4,675
EUR Sell - MMK 4,800
SGD Buy - MMK 3,280
SGD Sell - MMK 3,380
THB Buy - MMK 132.45
THB Sell - MMK 136.05
JPY Buy - MMK 28.82
JPY Sell - MMK 29.60
MYR Buy - MMK 1,009
MYR Sell - MMK 1,037
CNY Buy - MMK 617
CNY Sell - MMK 634

Gold Price
၁၅ ပဲရည် ၁ကျပ်သား - MMK 6,140,000
၁၆ ပဲရည် ၁ကျပ်သား - MMK 6,530,000

*** အထက်ပါဈေးနှုန်းများမှာ အချိန်နှင့်တပြေးညီပြောင်းလဲနိုင်ပါသည်။***
Source: Myanmar Market price application

image
2 yrs - Youtube

မြူ‌တွေကျနေချိန် လမ်းကြောမှားဝင်လာတဲ့ကားက စက်ဘီးစီးနင်းသူကို တိုက်မိကာ ချောင်းထဲထိုးကျပြီး တစ်ဦးသေ၊ နှစ်ဦးဒဏ်ရာရ

ဇန်နဝါရီ ၂၂

မြူတွေကျနေတဲ့အချိန် လမ်းကြောမှားဝင်တဲ့ကားက စက်ဘီးစီးနင်းသူကို တိုက်မိကာ ချောင်းထဲထိုးကျ တိမ်းမှောက်ခဲ့တာကြောင့် စက်ဘီးသမားနေရာတင်သေဆုံးကာ ယာဉ်ပေါ်ပါသူနှစ်ဦး ကျိုးပဲ့ဒဏ်ရာတွေ ရရှိခဲ့တဲ့ဖြစ်စဉ် ဧရာဝတီတိုင်းဒေသကြီး ဝါးခယ်မမြို့မှာ ဒီနေ့ မနက် ၇ နာရီအချိန်ခန့်က ဖြစ်ပွားခဲ့တယ်လို့ ဒေသခံလူမှုကူညီရေး အသင်းထံကနေ သိရပါတယ်။

ဖြစ်စဉ်က ဇန်နဝါရီ၂၁ ရက်နေ့ မနက် ၇ နာရီအချိန်ခန့်မှာ ၀ါးခယ်မမြို့၊ ကြာဖြူကျေးရွာအနီး ကားလမ်းမမှာ ဖြစ်ပွားတာလို့ သိရှိရပြီး ညောင်တုန်းဘက်က ဆင်းလာတဲ့ မုန့်နှစ်အိတ်တင်ဆောင်လာတဲ့ ကန်တာယာဉ်အမျိုးအစားယာဥ်က မရမ်းချောင်ဘက်ကနေလာတဲ့ စက်ဘီးကို လမ်းကြောအယူမှားပြီး ဝင်တိုက်ကာ ချောင်းထဲထိုးကျ တိမ်းမှောက်ခဲ့တာလို့ သိရပါတယ်။

မြေပြင်အကူအညီ‌ ရောက်ရှိခဲ့တဲ့ ဘက်စုံ စုပေါင်းကွန်ရက် ဝါးခယ်မမြို့ လူမှုကူညီရေးအသင်းတာဝန်ရှိသူက “သေဆုံးသူက အသက် ၄၀ ကျော်အရွယ်ပဲ။ ဝါးခယ်မအပိုင် သဲကုန်းရွာကပါ။ သူ့ရုပ်အလောင်းကို အခုပဲ သူ့ရွာကို ကျွန်တော်တို့ ပို့နေပါတယ်။ တစ်ဖက်က တိုက်တဲ့ကား‌ပေါ်ကလည်း လူငယ်ပိုင်းတွေပဲ။ သုံးဆယ်‌ကျော် အရွယ်လောက်ပဲ။ သူတို့လည်း ဒဏ်ရာများတယ်” လို့ ပြောပါတယ်။

ဒဏ်ရာရရှိသူ‌တွေနဲ့ သေဆုံးသူရဲ့ ရုပ်အလောင်းကို အဆိုပါ လူမှုကူညီရေးအသင်းကပဲ လူနာတင်ယာဥ်(၁)စီးနဲ့ နိဗ္ဗာန်ယာဥ်(၁)စီး ထွက်ခွာကာ ဒဏ်ရာရရှိသူ ကျား ၂ ဦးကို ၀ါးခယ်မမြို့ပြည်သူ့ဆေးရုံဆီ ပို့ဆောင်‌ပေးခဲ့ပြီး သေဆုံးသူ ကျား၁ဦးကို ဆေးရုံ ရင်ခွဲရုံမှတစ်ဆင့် နေရပ်ကို ပြန်လည်ပို့ဆောင်ကူညီခဲ့ကြတယ်လို့ သိရပါတယ်။

Credit - New Vision News Agency

#centralnewsnaypyitaw

imageimage

လာနီညာအရှိန်ကြောင့် အချိန်အခါမဟုတ် မိုးရွာသွန်းနိုင်ပြီး တောင်သူတွေ သတိပြုဖို့ လို

ဇန်နဝါရီ ၂၂

လာနီညာအရှိန်ကြောင့် လာမယ့် ဖေဖော်ဝါရီနဲ့ မတ်လအတွင်း အချိန်အခါမဟုတ် မိုးရွာသွန်းနိုင်တဲ့အတွက် တောင်သူတွေအနေနဲ့ သတိပြုဖို့ လိုအပ်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးလှထွန်းက ပြောပါတယ်။

လာနီညာရာသီဥတု ဖြစ်စဉ်ကြောင့် ဘင်္ဂလားပင်လယ်အော်မှာ လေဖိအားနည်းရပ်ဝန်းတွေ၊ မုန်တိုင်းတွေ အဖြစ်များနိုင်တဲ့အတွက် အဲဒီအရှိန်ကြောင့် မိုးရွာသွန်းတာတွေ ရှိလာနိုင်ကာ အထူးသဖြင့် မြန်မာနိုင်ငံတောင်ပိုင်းနဲ့ မြစ်ဝကျွန်းပေါ်ဒေသတွေ သတိပြုဖို့လိုတယ်လို့ ဦးလှထွန်းက ပြောပါတယ်။

“ဒါက လာနီညာရဲ့သက်ရောက်မှုပေါ့။ သူက ဖေဖော်ဝါရီ၊ မတ်လောက်အထိ ရှိနိုင်တယ်။ အချိန်အခါမဟုတ် မိုးတွေရွာနိုင်တယ်။ ရွာရန်ရွာနှုန်း ၆၀ ၊ ၇၀ လောက်အထိ ရှိနိုင်တယ်။ ဒါကြောင့် စိုက်ရေးပျိုးရေး အပါအဝင် ရာသီဥတုနဲ့ ဆက်စပ်မှုရှိတဲ့ ကဏ္ဍတွေမှာ သတိထားဖို့လိုတယ်” လို့ သူက ပြောပါတယ်။

လက်ရှိ ခန့်မှန်းထားတဲ့ ရွာရန်ရွာနှုန်းဟာ ရက်ဝေးခန့်မှန်းချက်ဖြစ်ပြီး ရာသီဥတုအခြေအနေပေါ် မူတည်ကာ အပြောင်းအလဲတွေလည်း များစွာ ရှိလာနိုင်တယ်လို့ သူက ပြောပါတယ်။

“ကျွန်တော်တို့က နေ့စဉ် မိုးလေဝသ အခြေအနေတွေမှာပဲ ရွာရန်ရွာနှုန်းကို ဖော်ပြတာ။ လအလိုက် ဖော်ပြတာကျတော့ ဖြစ်နိုင်ခြေ၊ ဖြစ်နိုင်စွမ်းနဲ့ သတ်မှတ်ကြတာပေါ့။ အခုလို ခန့်မှန်းချက်တွေ ထုတ်တယ်ဆိုတာကလည်း ရာသီဥတုနဲ့ ပတ်သက်တဲ့ ကဏ္ဍတွေအတွက် ကြိုတင် ပြင်ဆင်နိုင်အောင်လို့ ထုတ်ပြန်တာပါ။ ရက်ဝေးခန့်မှန်းချက် ဆိုတာကတော့ အပြောင်းအလဲတော့ အများကြီးရှိနိုင်ပါတယ်” လို့ သူက ပြောပါတယ်။

လက်ရှိမှာတော့ အီကွေတာအနီးရှိ အပူပိုင်းပစိဖိတ်သမုဒ္ဒရာ (Tropical Pacific Ocean) ရဲ့ ပင်လယ် ရေမျက်နှာပြင်အပူချိန်နဲ့ လေထုဖြစ်စဉ်တွေဟာ အားအနည်းငယ်ရှိတဲ့ လာနီညာအခြေအနေကို ရောက်ရှိနေတယ်လို့ မိုး/ဇလက ထုတ်ပြန်ထားပါတယ်။

ဒါအပြင် နိုင်ငံတကာ မိုးလေဝသဌာနတွေရဲ့ သင်္ချာပုံစံပြုမော်ဒယ်တွေ ခန့်မှန်းချက်အရ လာနီညာရာသီဥတုဟာ အခု ဇန်နဝါရီလအတွင်း အားအနည်းငယ်ရှိတဲ့ အခြေအနေမှာ ဆက်လက် တည်ရှိနိုင်တယ်လို့ သိရပါတယ်။

“အခုကတော့ အားနည်းတဲ့ လာနီညာပေါ့။ သူက တဖြည်းဖြည်းနဲ့တော့ ဖွံ့ဖြိုးလာမယ်လို့တော့ မှန်းထားတာပေါ့။ များသောအားဖြင့် လာနီညာရာသီဥတုကတော့ လာမယ့် ဖေဖော်ဝါရီ၊ မတ်ပေါ့။ နွေရာသီတော့ မရောက်ဘူးပေါ့။ မတ်လလောက်ကျရင်တော့ မိုးရွာသွန်းမှုကြောင့် အယ်လ်နီညိုလို မပူဘဲနဲ့ အပူချိန်တွေ လျော့မယ်။ ဒါကလည်း အချိန်အခါမဟုတ်မိုးရွာတဲ့ အခြေအနေတွေကြောင့်ပါ။ ဒါကို လာနီညာရာသီဥတုလို့ ခေါ်ပါတယ်” လို့ မိုး/ဇလညွှန်မှူးက ပြောပါတယ်။

လာနီညာဆိုတာဟာ အယ်လ်နီညိုရဲ့ ပြောင်းပြန် ဆန့်ကျင်ဘက်ဖြစ်ပြီး ယေဘုယျအားဖြင့် အယ်လ်နီညိုကတော့ ပူပြင်းခြောက်သွေ့မှုကိုပေးကာ လာနီညာကတော့ အေးမြစွတ်စိုတဲ့ ရာသီဥတုဖြစ်တယ်လို့ ဆိုပါတယ်။

လာနီညာဖြစ်စဉ်ဟာ ပစိဖိတ်သမုဒ္ဒရာမှာ ဖြစ်ပေါ်တဲ့ ဖြစ်စဉ် ဖြစ်ပေမယ့်လည်း ဒီ လာနီညာဖြစ်စဉ်ကြောင့် အကျိုးသက်ရောက်မှုကတော့ ယေဘုယျအားဖြင့် အရှေ့ဘက်မှ လေပွေလှိုင်းတွေ တိုက်ခတ်ခြင်း၊ ညအပူချိန်တွေ အနည်းငယ် လျော့နည်းခြင်းနဲ့ မိုးရွာသွန်းမှု မူမမှန်ခြင်း စတဲ့ ရာသီဥတုဖြစ်စဉ်တွေ ဖြစ်ပေါ်လေ့ရှိတယ်လို့ သိရပါတယ်။

Photo:CJ

Credit - VOM News Agency

#သတင်းဟင်းလေးအိုးကြီး

image

ကလောမြို့မှာ Chill စရာနေရာသစ်လေး တစ်ခု 🍻
Bar In Kalaw
ဆိုငိဖွင့်ဖွဲ အထိမ်းအမှတ်အ​နေဖြင့် BIK Signature တော့ပုကီ ၊ Cocktail တွေ နဲ့ ဧည့်ခံသွားမှာ ဖြစ်လို့ ကလောမြို့က သူငယ်ချင်းတွေ အားလုံးကို ဖိတ်ခေါ်ပါတယ် အားလုံးပျော်ပျော်ရွှင်ရွှင် အမှတ်တရလေး တစ်ခု ကို ဖန်တီးချင်ပါတယ် ❤️
Camping Chair လေးတွေ နဲ့ ဘော်ဒါတွေ အတူတူ ထိုင်လို့ ရမယ့် Camping Vibe လေး 🏕
ဆိုင်ထဲမှာ ဓါတ်ဖမ်းလို့ မိုက်မယ့် Vintage Vibe 📸
ချိစ် အပြည့် ပါတဲ့ တော့ပုကီ နဲ့ ဆိုဂျူ သောက်မလား 😋
ဘယ်မှာမှ မရတဲ့ မက်ဂျူ လေးလည်း ရလို့ ပိုမိုက် 👍
ဆောင်းတွင်းအေးအေးလေးမှာ Korea Mood အပြည့် အွန်လို့ ရမယ့် Bar In Kalaw 🍻
Bar In Kalaw
အမှတ်(၃၁/၃၃)အ​​ရှေ့မြို့ပတ်လမ်း
အမှတ်(၃)ရပ်ကွပ် က​လောဘူတာ​​ရှေ့
#သွားမယ်&တည်းမယ်

image