1 y - Translate

အိမ်ကလူတွေ မိမိအကြောင်းပြောသောအခါ *
Me :

image
1 y - Translate

နေတတ်သွားတာ မဟုတ်ဘူး
ရင့်ကျက်သွားတာ။

သည်းခံတတ်တာ မဟုတ်ဘူး
ခံရဖန်များတော့လဲ အရေထူသွားတာ။

မာနကြီးတာ မဟုတ်ဘူး
မာနကိုထားသင့်တဲ့နေရာ ထားတတ်သွားတာ။

မချစ်တတ်တာ မဟုတ်ဘူး
တခြားသူကိုချစ်ရမှာထက် ကိုယ့်ကိုကိုယ်
ပိုချစ်တတ်သွားတာ။

အဖော်မဲ့တာ မဟုတ်ဘူး
တစ်ယောက်တည်း နေတတ်သွားတာ။

ဆင်းရဲတာကို ကြောက်တာမဟုတ်ဘူး
ငွေမရှိရင် နှိမ်တက်တဲ့ လူတွေရဲ့
ဆက်ဆံမှုပြောင်းလဲပုံကို ကြောက်တာ။

ငွေမက်တာမဟုတ်ဘူး
ငွေက အရာရာကို စကားပြောနိူင်စွမ်း
ရှိမှန်းသိသွားခဲ့လို့ ငွေကိုပဲအာရုံပိုစိုက်မိလာတာ။

ပြန်မပြောတတ်တာ မဟုတ်ဘူး
စကားလုံးတွေရှာမရအောင် ဆွံ့အသွားတာ။

ဂရုမစိုက်ဘူး ဆိုတာထက်
တချို့တချို့ကို ဥပေက္ခာပြုတတ်သွားတာ။

ဘဝနာတယ် ဆိုတာထက်
ဘဝကပေးတဲ့ သင်ခန်းစာထက်
လူတွေကပေးတဲ့ သင်ခန်းစာက
စိတ်ထဲမှာ အက်ကြောင်းထပ်နေအောင်
မှတ်မိသွားခဲ့တာ

-crd

image
1 y - Translate

မင်းက သိပ်ခက်တဲ့ ကလေးမလေးပဲ။
တစ်ခုခုခံစားနေရရင် တစ်ယောက်ထဲ
မမြိုသိပ်ထားပါနဲ့လို့ ပြောနေရက်နဲ့ ။

ခေါင်းသိပ်မမာပါနဲ့လားကွာ။
မင်းကသာ ဘာမှမဖြစ်သလို
မာကြောချင်ယောင်ဆောင်နေတာ

ဟိုမှာ မင်းမျက်လုံးလေးတွေက ပြောနေပြီ
မင်း ခံစားနေရတယ်တဲ့။

ဘာမှမဖြစ်ပါဘူးလို့ ပြောနေပေမယ့်
တစ်ခုခုဖြစ်နေတာကို ကိုယ်ကသိတယ် ။

မက်မက်မောမောနားထောင်ပေးမဲ့သူပါကွယ်
မင်းရဲ့ အဆင်မပြေမှုတွေကို
ရက်ရက်ရောရော နားလည်ပေးချင်မိတာပါ။
မင်းမှာ ပြေးကြည့်မှ ကိုယ်ပဲ ရှိတာမလား။

စိတ်ညစ်လာရင် တစ်ယောက်ထဲ
ကြိတ်မှိတ် ခံစားတတ်တဲ့ အကျင့်ကို ပြင်တော့ကွယ် ။

တစ်ယောက်တည်း ခံစားနေရင် ပိုဆိုးတတ်တယ် ။
အမြဲတမ်း သန်မာချင်ယောင်ဆောင်နေဖို့ မလိုပါဘူး။

အဆင်မပြေမှုတွေကို ငိုချမိတတ်တာလည်း
မွန်းကျပ်ခြင်းကနေ လွတ်မြောက်ခြင်းနည်းတွေပါပဲ။

🍂🤎

#ခဲတံ

image
1 y - Translate

မေတ္တာနဲ့ ကမ်းတဲ့ ပန်းပါကွယ်
နမ်းပါ ရှိုက်ပါ ပန်ပါ အသက်ရယ်
မင်းဘဝလေး‌ မွှေးရပါစေမယ်။ ။

- တာရာညို

image
1 y - Translate

ကိုယ့်ဘက်ပဲ
ကိုယ်ကြည့်တက်တဲ့
လူမျိုးတွေနဲ့ တွေ့တဲ့အခါ
ကျွန်တော်ဟာ အလိုလို
သဘောထား သေးသွားတက်ပါတယ်၊

တနည်း ပြောရရင်
ကျွန်တော်က လူတွေနဲ့တည့်ပါတယ်
ဒါပေမယ့် လူပါးဝတဲ့ လူတွေနဲ့တော့ မတည့်ဘူး။ ❤🍀

image
1 y - Translate

အရသာမလိုဘူး နာမည်နဲ့တင်ကြိုက်သွားပြီ🤧

image
1 y - Translate

🤍

image
1 y - Translate

과거를 위로하는건 현재이고..
အတိတ်ကိုနှစ်သိမ့်ပေးတာက လက်ရှိပစ္စုပ္ပန်ဖြစ်ပြီး..

현재를 위로하는건 미래다..
ပစ္စုပ္ပန်ကိုနှစ်သိမ့်ပေးမှာက အနာဂတ်ပါပဲ..

과거에 힘든일을 겪었다면..
အတိတ်မှာ ပင်ပန်းတဲ့အရာတွေကြုံခဲ့ရရင်..

현재의 행복함만을 생각하고..
လက်ရှိအချိန်ရဲ့ ပျော်ရွှင်မှုကိုပဲစဉ်းစားပြီးတော့..

현재 힘든일을 겪고 있다면..
လက်ရှိအချိန်မှာ အခက်အခဲတွေကြုံနေရရင်..

미래의 반짝임을 생각하라..
အနာဂတ်ရဲ့ လင်းလက်တောက်ပမှုကိုတွေးကြည့်ပါ..

#잇퓨링

https://t.me/koreanquotes33

image
1 y - Translate

မိမိကောင်မလေးကို စိတ်ကောက်သော်လည်း

ကောင်မလေးကိုတွေ့လိုက်ရသောအခါ for

image
1 y - Translate

သတိရမိသလိုဖြစ်လာရင်
လျစ်လျူရှု့ခံရတာလေးကို
ပြန်ပြီးအသက်သွင်းမယ်

လွမ်းသလိုလို ဖြစ်လာရင်
ထပ်အစော်ကားခံနိုင်လားလို့
ကိုယ့်စိတ်ကိုပြန်မေးမယ်

တန်ဖိုးမသိလို့
တန်ဖိုးမရှိသလို ဆက်ဆံခံရတာ
အမှတ်သည်းချေလဲ ရှိဦးမှပေါ့

တစ်ခါလောက်ကောင်းပြရင်
တစ်ဘဝလုံးပုံအပ်ချင်တဲ့ စိတ်
တိတ်တိတ်လေး သိမ်းထားမယ်

မာနရှိတာလဲ သက်သေပြမယ်
အရှက်တရားရှိတာလဲ သိစေချင်တယ်
မင်းဖြစ်နေလို့လဲ မြင်စေချင်တာ

ချစ်လို့ ဈေးပေါပေးတာကို
အပေါစားဆန်တယ်ဆိုပြီး
တွေးပေးသွားလို့ ကျေးဇူးတင်တယ်

သတိရလို့ လွမ်းလာရင်
နာကျင်ရတာနဲ့ တန်လို့လားဆိုတဲ့
ခံစားမှုနဲ့ ပြန်ဖြေသိမ့်ကြည့်ပါ့မယ် ,,,

image