ချန်ပီယံလိဂ်မှာ ဆက်ရှိဖို့ မန်စီးတီးတိုက်ပွဲဝင်ရမယ်

ဒီဇင်ဘာ ၁၂

မန်စီးတီးအသင်းဟာ ချန်ပီယံလိဂ်ပွဲစဉ်မှာ ဂျူဗင်တပ်စ်အသင်းကို ၂ ဂိုး-ဂိုးမရှိနဲ့ အရေးနိမ့်ပြီးနောက် နည်းပြ ဂွာဒီယိုလာက အသင်းအနေနဲ့ ဒီပြိုင်ပွဲမှာ ဆက်ရှိနေဖို့ တိုက်ပွဲဝင်ရမယ်လို့ ပြောခဲ့ပါတယ်။

ဂွာဒီယိုလာက “နောက်တဆင့် တက်နိုင်ဖို့က ကျနော်တို့ရဲ့ ပစ်မှတ်ပါ။ ကျနော်တို့အတွက် ၁ မှတ်၊ ၃ မှတ်ရဖို့ လိုအပ်ပါတယ်။ ကျနော်တို့ ဒါကိုလုပ်နိုင်ဖို့အတွက် ကြိုးစားဖို့ ပဲရစ်ကိုသွားမှာပါ။ ပြီးရင် အိမ်ကွင်းမှာ နောက်ဆုံးပွဲ ကစားပါမယ်။ ကျနော်တို့ဟာ ရလဒ်ကောင်းတွေ ပြန်ရယူနိုင်ခဲ့ရင် ဒီကာလကိုမေ့မှာ မဟုတ်ပါဘူး။ ကျနော်တို့လုပ် ခဲ့တာတွေနဲ့ အနာဂတ်မှာ ကျနော်တို့လုပ်ရမယ့် အရာတွေအပေါ် ပိုပြီးတန်ဖိုးထားလာမှာပါ”လို့ ပြောခဲ့တာပါ။

မန်စီးတီးအသင်းဟာ ဂျူဗင်တပ်စ်အသင်းကို အရေးနိမ့်ခဲ့တာကြောင့် လက်ကျန်ပွဲစဉ် ၂ ပွဲပဲ ကစားဖို့ ကျန်ရှိတော့ တဲ့ အချိန်မှာ အမှတ်ပေးဇယားအဆင့် ၂၂ နေရာကို ရောက်ရှိသွားခဲ့တာ ဖြစ်ပါတယ်။

မန်စီးတီးအသင်းဟာ ချန်ပီယံလိဂ်ပွဲစဉ် ၆ ပွဲ ကစားအပြီးမှာ ရမှတ် ၈ မှတ်သာ ရရှိထားတာကြောင့် လက်ကျန် ၂ ပွဲစလုံး ရလဒ်ကောင်းရယူနိုင်ရင်တောင် နောက်တဆင့်ကို တိုက်ရိုက် တက်ရောက်နိုင်ဖွယ်မရှိဘဲ ပလေးအော့ဖ် အဆင့် ယှဉ်ပြိုင်ရဖို့ရှိနေတာပါ။

မန်စီးတီးအသင်းဟာ ချန်ပီယံလိဂ်နောက်ဆုံး ၂ ပွဲအဖြစ် ပီအက်စ်ဂျီ၊ ကလပ်ဘရုဂေးအသင်းတို့နဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

မန်စီးတီးအသင်းဟာ ဂျူဗင်တပ်စ် အသင်းနဲ့ပွဲစဉ် အပါအဝင် နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၁၀ ပွဲမှာ ၁ ပွဲသာ အနိုင်ရခဲ့ပြီး ၇ ပွဲအထိ အရေးနိမ့်ကာ အဆိုးရွားဆုံး အခြေအနေကို ရောက်ရှိနေတာပါ။

မန်စီးတီးအသင်း ကွင်းလယ်လူ ဂွန်ဒိုဂန်က အသင်းရဲ့ ရုန်းကန်ရမှုတွေမှာ ယုံကြည်မှုက ကြီးမားတဲ့ အစိတ်အပိုင်း ဖြစ်ပြီး စိတ်ပိုင်းဆိုင်ရာ ပြဿနာလည်း ဖြစ်နိုင်တယ်လို့ ပွဲအပြီးမှာ ပြောခဲ့ပါတယ်။

ရလဒ်ဆိုးတွေကြောင့် ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ အဆင့် ၄ နေရာအထိ ရောက်ရှိနေတဲ့ လက်ရှိ ချန်ပီယံ မန်စီးတီး အသင်းဟာ ဒီဇင်ဘာ ၁၅ ရက်မှာ လိဂ်ပွဲစဉ်အဖြစ် ယူနိုက်တက်အသင်းနဲ့ မန်ချက်စတာဒါဘီပွဲစဉ် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source: Dailymail

ပုံ - မန်စီးတီးအသင်းကို တွေ့ရစဉ်

#သတင်းဟင်းလေးအိုးကြီး

image

တရုတ် တိုက်ချင်းပစ်ဒုံး၊ ကိုယ်ပျောက်လေယာဉ်တွေကို ခြေရာခံထောက်လှမ်းနိုင်ဖို့ ဒေါ်လာ ၄ ဘီလျံတန် ရုရှားရေဒါစနစ် အိန္ဒိယဝယ်ယူမည်

နိုင်ငံတကာ၊ ဒီဇင်ဘာ ၁၂

အိန္ဒိယအာဏာပိုင်တွေဟာ ရုရှားထံက ခေတ်မီတာဝေးရေဒါစနစ်ဝယ်ယူဖို့အတွက် ရုရှားအရာရှိတွေနဲ့ ဆွေးနွေး ခဲ့ကြောင်း The Defense Post မှာရေးသားဖော်ပြထားပါတယ်။

ရုရှားနိုင်ငံက ဒေါ်လာ ၄ ဘီလျံကျော် တန်ကြေးရှိတဲ့ ဗိုရိုနာ့ဇ်ရေဒါ (Voronezh radar) ဝယ်ယူဖို့ ဆွေးနွေးခဲ့တာ ဖြစ်ကြောင်း အိန္ဒိယသတင်းစာ The Sunday Guardian သတင်းရင်းမြစ်တွေကိုးကား ဖော်ပြခဲ့ပါတယ်။

Almaz-Antey စစ်လက်နက်ပစ္စည်းထုတ်လုပ်ရေးကုမ္ပဏီက အဖွဲ့ဝင်တွေပါဝင်တဲ့ ရုရှားကိုယ်စားလှယ်အဖွဲ့တစ် ဖွဲ့လည်း ဆွေးနွေးပွဲမှာပါဝင်ခဲ့ပါတယ်။ ကုမ္ပဏီဒုတိယဥက္ကဋ္ဌ ဗလာဒီမာမက်ဒေါဗ်နစ်ဗ်ီဦးဆောင်တဲ့အဖွဲ့ဟာ အိန္ဒိယမိတ်ဖက်ကုမ္ပဏီကတာဝန်ရှိသူတွေ နဲ့ဆွေးနွေးခဲ့ရာ ရေဒါအစိတ်အပိုင်းရဲ့ ၆၀ ရာခိုင်နှုန်းကို အိန္ဒိယနိုင်ငံမှာ တည်ဆောက်သွားမယ့်အကြောင်း လည်း ပါဝင်ပါတယ်။

ရေဒါစနစ်နဲ့ ပတ်သက်ပြီး အခုသီတင်းပတ်အတွင်း အိန္ဒိယကာကွယ်ရေးဝန်ကြီးရာ့ဂျ်နတ်ဆင်းရဲ့ ရုရှားခရီးစဉ် မှာ ဆွေးနွေးသွားလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။

နှစ်နိုင်ငံဝန်ကြီးအဆင့်ဆွေးနွေးပွဲမှာ “ရေဒါပူးတွဲတည်ဆောက်ရေးစီမံချက်ဆောင်ရွက်ရေး၊ အိန္ဒိယလေတပ်က ရုရှားထုတ်စစ်လေယာဉ်တွေနဲ့ ရေတပ်က ရုရှားထုတ်စစ်သင်္ဘောတွေအတွက် အပိုပစ္စည်းတွေထောက်ပံ့ရေးနဲ့ ကျန်ရှိနေတဲ့ S-400 Triumph ဒုံးကျည်စနစ် ၂ စုံ ပို့ဆောင်ရေး” တို့ပါဝင်ကြောင်း Russia Today က ပြောပါ တယ်။ ပထမဦးဆုံး ဗိုရိုနာ့ဇ်ရေဒါ (Voronezh radar) ကို ၂၀၀၉ ခုနှစ်မှာ ရုရှားနိုင်ငံ စိန့်ပီတာစဘတ်မြို့အနီး Lekhtusi ရေဒါစခန်းမှာ စတင်အသုံးပြုခဲ့ပါတယ်။

ဒီရေဒါရဲ့ဆင်ဆာဟာ ထောင်လိုက် ၄၉၇၁ မိုင်နဲ့ အလျားလိုက် ၃၇၂၈ မိုင် အကွာ အဝေးက ပျံသန်းလာတဲ့ ပဲ့ထိန်းဒုံးကျည်တွေနဲ့ ကိုယ်ပျောက်လေယာဉ်တွေကို ခြေရာခံထောက်လှမ်းနိုင်စွမ်းရှိတယ်လို့ ဆိုပါတယ်။

ဗိုရိုနာ့ဇ်ရေဒါ (Voronezh radar) စီးရီးမှာ M ၊ DM ၊ SM နဲ့ VP ဆိုတဲ့ မူကွဲလေးမျိုးရှိပြီး အိန္ဒိယနိုင်ငံက ဘယ် အမျိုးအစားကိုဝယ်ယူမလဲဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

ဒီရေဒါစနစ်ဟာ ရုရှားထုတ် S-400 ဒုံးကျည်အပါအဝင် အိန္ဒိယနိုင်ငံရဲ့ လေကြောင်းရန်နဲ့ ဒုံးကျည်ကာကွယ်ရေး စနစ်ထဲမှာပါဝင်သွားဖွယ်ရာရှိပါတယ်။

ဗိုရိုနာ့ဇ်ရေဒါစနစ်ဟာ S-400 ဒုံးကျည်စနစ်ရဲ့ လက်ရှိခြေရာခံထောက်လှမ်းနိုင်တဲ့အကွာအဝေးဖြစ်တဲ့ ကီလိုမီ တာ ၆၀၀ (၃၇၃ မိုင်) အကွာအဝေးကို ဆယ်ဆကျော်အထိ မြှင့်တင်နိုင်ကြောင်း စစ်ရေး/နိုင်ငံရေးဗျူရိုက ဆန်း စစ်လေ့လာသူ အလက်ဇန္ဒားမီခိုင်လော့ဗ်က ပြောပါတယ်။

ဗိုရိုနာ့ဇ်ရေဒါစနစ်ဟာ ပဲ့ထိန်းဒုံးကျည်တွေအပြင် အာကာသစောင့်ကြည့်ရေး၊ အာကာသအပျက်အစီးများခြေရာ ခံထောက်လှမ်းရေးနဲ့ မြေပြင်မှာရှိတဲ့ ယာဉ်အမျိုးမျိုး၊ ပစ္စည်းအမျိုးမျိုးကို ထောက်လှမ်းရေးတို့မှာလည်း အသုံးပြု နိုင်ပါတယ်။

Ref: India Discusses $4B Russian Radar Purchase to Track Chinese ICBMs, Stealth Fighters

#centralnewsnaypyitaw

imageimage

မြန်မာရှိ စီမံကိန်းနှင့်လုပ်ငန်းရှင်များ လုံခြုံအောင်လုပ်မည်ဟု တရုတ်ပြော

ဘေကျင်း၊ ဒီဇင်ဘာ ၁၂

မြန်မာနိုင်ငံရှိ တရုတ်စီမံကိန်းများနှင့် စီးပွားရေးလုပ်ငန်းရှင်များ၏ လုံခြုံရေးကို စိတ်ချသေချာစေရန်အတွက် ကြိုးပမ်းလုပ်ဆောင်သွားမည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မောနင်းက ပြောကြားခဲ့ သည်ဟု Global Times သတင်းစာက ဖော်ပြခဲ့သည်။

ထို့နောက် မြန်မာနိုင်ငံတွင် ပ-ဋိ-ပ-က္ခနှင့် ပရမ်းပတာ အခြေအနေများ ဖြစ်ပွားနေသည်ကို မမြင်တွေ့လိုကြောင်း ၎င်းက ပြောသည်။

မောနင်းက “တရုတ်သည် မြန်မာနိုင်ငံအတွင်းနှင့် နယ်စပ်ဒေသ တစ်လျှောက်ရှိ တရုတ်၏ စီမံကိန်းများ၊ စီးပွားရေး လုပ်ငန်းရှင်များ၏ လုံခြုံရေးကို စိတ်ချသေချာစေရန်အတွက် အပစ်အခတ်ရပ်စဲရေး အမြန်ဆုံးရရှိစေရန် သက်ဆိုင်ရာ အဖွဲ့အစည်းများအကြား ဆွေးနွေးညှိနှိုင်းမှုများ ဖြစ်မြောက်စေရန် အားထုတ်ကြိုးပမ်းခဲ့ကြောင်း” ပြောကြားခဲ့သည်။

မြန်မာနိုင်ငံမှ လက်န-က်ကိုင်အဖွဲ့ဖြစ်သည့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ဆွေးနွေးမှုများ ပြုလုပ်ရန် တရုတ်သို့ ကိုယ်စားလှယ်အဖွဲ့ စေလွှတ်ခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ မော်နင်းက ပြောသည်။

KIA ၏ ထုတ်ပြန်ချက်တွင် ကိုယ်စားလှယ်အဖွဲ့အား စေလွှတ်ခဲ့သည့် တည်နေရာနှင့် ဆွေးနွေးမည့် အကြောင်းအရာများကို အသေးစိတ် ဖော်ပြခဲ့ခြင်းမရှိပေ။

မြန်မာနိုင်ငံမြောက်ပိုင်းတွင် ဖြစ်ပွားနေသည့် အခြေအနေကို တရုတ်က အာရုံစိုက် စောင့်ကြည့်နေကြောင်းနှင့် မြန်မာနိုင်ငံတွင် ပ-ဋိ-ပ-က္ခများ၊ ပရမ်းပတာအခြေအနေများကို မမြင်တွေ့လိုကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ မောနင်းက ပြောသည်။

တရုတ်အနေဖြင့် ငြိမ်းချမ်းရေးအတွက် ဆွေးနွေးမှုများကို တက်ကြွစွာ ဆက်လက် လုပ်ဆောင်မည်ဖြစ်ပြီး မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် မိမိတို့အကောင်းဆုံး ကူညီထောက်ပံ့ ပေးသွားမည်ဖြစ်ကြောင်း သူမက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံမှ တိုင်းရင်းသား လက်န-က်ကိုင်များဖြစ်သည့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA) နှင့် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော်(MNDAA)တို့က တရုတ်၏ ကြားဝင်စေ့စပ်မှုဖြင့် မြန်မာ့တပ်မတော်နှင့် ငြိမ်းချမ်းရေး ဆွေးနွေးမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့ကြသည်။

Source: Global Times

ပုံ - တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မောနင်းကို တွေ့ရစဉ်

#သတင်းဟင်းလေးအိုးကြီး

image

ကြို့ပင်ကောက်မြို့တွင် အုပ်စုဖွဲ့အရက်သောက်ရင်း ရန်ဖြစ်စကားများရာမှ အမျိုးသားတစ်ဦး ဓားထိုးခံရ၍ သေဆုံး

နေပြည်တော်၊ ဒီဇင်ဘာ ၁၂

ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့၊ သိုးဘိုရွာနှင့် ဒေါင်းလူးကျေးရွာကြားရှိ လယ်ကွင်းပြင်တွင် အမျိုးသားများ အုပ်စုဖွဲ့အရက်သောက်ရင်း ရန်ဖြစ်စကားများရာမှ အမျိုးသားတစ်ဦး ဓားထိုးခံရ၍ သေဆုံးသွားကြောင်း သိရသည်။

ယနေ့ ဒီဇင်ဘာလ ၁၂ ရက် နံနက် ၈ နာရီကျော်တွင် တာဝန်ရှိသူများမှ မြတ်မွန်စေတနာကလျာဏမိတ္တ နာရေးကူညီမှုအသင်းသို့ ဖုန်းဆက်အကြောင်းကြားသောကြောင့် ရုပ်အလောင်းအားသယ်ဆောင်၍ ပြည်သူ့ ဆေးရုံရင်ခွဲရုံသို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။

“ရွာသားတွေပြောတာကတော့ ညကအရက်သောက်ပြီး ရန်ဖြစ်ရင်းစကားများတာတဲ့။ အဲ့မှာ ဓားထိုးခံရတာ” လို့ မြတ်မွန်စေတနာကလျာဏမိတ္တ နာရေးကူညီမှုအသင်းမှ တာဝန်ရှိသူတစ်ဦးမှ ပြောသည်။

ထိုဓားထိုးခံရမှုကြောင့် သေဆုံးသည့် အမျိုးသားမှာ အသက်(၃၀) ဝန်းကျင်ရှိပြီး ၎င်းမှာဒေါင်းလူးကျေးရွာတွင် နေထိုင်ကြောင်း၊ သတ်ဖြတ်သွားသူများကို စစ်ဆေးနေကြောင်းလည်း သိရသည်။

Photo - Credit

#centralnewsnaypyitaw

image

နန်းယွန်း ပန်ဆောင်အတွက် ရေလွှဲဆည်ငယ် (၁၂) ခု တည်ဆောက် သွားမယ်လို့ဆို

ဒီဇင်ဘာ ၁၂

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊ နန်းယွန်းမြို့နယ်၊ ပန်ဆောင်ဒေသမှာ ရေလွှဲဆည် ငယ် (၁၂) ခု တည်ဆောက်သွားမယ်လို့ ဆည်‌မြောင်းနဲ့ ရေအသုံးချရေး စီမံခန့်ခွဲရေး ဦးစီးဌာနက ပြောပါတယ်။

‌ဒေသအတွင်းမှာ ရှိတဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေအတွက် အထောက်အကူဖြစ်စေဖို့အတွက် ရည်ရွယ်ပြီး ပြည်ထောင်စုငွေလုံးငွေရင်း ရန်ပုံငွေ များကို အသုံးပြုကာ ဘဏ္ဏာနှစ်အလိုက် စီမံကိန်းချမှ အကောင်အထည် ဖော်သွားမှာလို့ ဆိုပါတယ်။

ပန်ဆောင်ဒေသ တစ်ခုလုံးမှာလည်း လယ်ယာမြေ ရေကြီးရေနှစ်မြှုပ်မှု ကာကွယ်နိုင်ဖို့အတွက်ကိုလည်း ရေနုတ်မြောင်း နေရာ (၃၅) ခု တူးဖော်ပေးသွားမယ်လို့ သိရပါတယ်။

ပြည်ထောင်စု ငွေလုံးငွေရင်း ရန်ပုံငွေနဲ့ ပန်ဆောင်ဒေသ နောင်ယန်းအင်း အဝင်မှာရှိတဲ့ နောင်ယန်း ချောင်း က သဲနုန်းတွေ တူးဖော်တာနဲ့ ရေလွှဲ ဆည် တစ်ခု တည်ဆောက်ဖို့ကိုလည်း ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

ဒါအပြင် တိုင်းဒေသကြီး ခွင့်ပြု ရန်ပုံငွေနဲ့ ရေလွှဲဆည်ငယ် နှစ်ခု တည်ဆောက်ဖို့ကိုလည်း လုပ်ဆောင်နေတယ် လို့ သိရပါတယ်။

#သတင်းဟင်းလေးအိုးကြီး

image

ပြည်ပရောက် အလုပ်သမား ၅၀၀၀၀ ကျော်ရဲ့ မိသားစုဆီ လွှဲပို့ငွေ အထောက်အထားနဲ့ ပတ်သက်ပြီး အေဂျင်စီတွေ ခေါ်ယူစစ်ဆေးခံရမည်

ဒီဇင်ဘာ ၁၂

ပြည်ပရောက် အလုပ်သမားတွေရဲ့ မိသားစုဆီ လွှဲပို့ငွေ အထောက်အထားတွေနဲ့ ပတ်သက်ပြီး ‌အေဂျင်စီ တွေကို ခေါ်ယူစစ်ဆေးသွားမယ်လို့ အလုပ်သမားဝန်ကြီးဌာနက ပြောပါတယ်။

ပြည်ပအလုပ်အကိုင် အေဂျင်စီ ၄၂၉ ခုကနေ ၂၀၂၄ ခုနှစ် မေလကနေ သြဂုတ် လပိုင်းအထိ ဂျပန်၊ ကိုရီးယား၊ စင်္ကာပူ၊ မလေးရှား၊ ထိုင်း၊ လာအိုနဲ့ အခြားနိုင်ငံတချို့ကို အလုပ်သမား ၅၆၈၆၀ ဦးကို စေလွှတ်ခဲ့တယ်လို့ ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

အဲ့ဒီ အလုပ်သမားတွေနဲ့ ပတ်သက်ပြီး ဒီဇင်ဘာ ၁၆ ရက်နေ့ကနေစပြီး ဒီဇင်ဘာ ၂၇ ရက်နေ့ကအထိ (၁) ရက်ကို အေဂျင်စီ (၅၀) ခု စစ်ဆေးသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

ပြည်ပကို တရားဝင်သွားရောက်အလုပ်လုပ်ကိုင်ကျတဲ့ အလုပ်သမားတွေအနေနဲ့ လုပ်ခလစာရဲ့ ၂၅ ရာခိုင်နှုန်း (သို့) ၃ လစာရဲ့ ၂၅ ရာခိုင်နှုန်းကို မိသားစုဆီ တရားဝင် ငွေလွှဲလမ်းကြောင်းတွေက‌နေ လွှဲပို့ ကျရမှာ လို့ သတ်မှတ်ထားတာကိုတွေ့ရပါတယ်။

နိုဝင်ဘာလအတွင်းကတော့ မိသားစုဆီလွှဲပို့ငွေ စာရင်းမပေးပို့နိုင်တဲ့ အေဂျင်စီ ၁၁၈ ခုရှိပြီး သတ်မှတ်ရက် အချိန်မှီမပေးပို့နိုင်တဲ့ အေဂျင်စီတွေကို ဒဏ်ကြေးငွေ အပြင် အလုပ်ကမ်းလှမ်းစာ (Demand Letter) အသစ် တင်ပြခွင့် ပိတ်ခံရမယ်လို့ သိရပါတယ်။

#centralnewsnaypyitaw

image

ရွှေအညာက ဆူးပုပ်က​လေး​(ခေါ် ​)​တောဆူးပုပ်ညွှန့်​လေး​တွေ စားဖူးကြလားရှင်🤩

ဒီဆူးပုပ်လေးက ဆူးပုပ်ကြီးထက် အနံ့/အရသာပို​ကောင်းပြီး ခူးလို့လည်းခက်တဲ့ အညွှန့်​သေး​သေး​လေး​တွေပါ။

သူ့ကို ကင်းပုံညွှန့်နဲ့​ရောပြီးဟင်းရည်ချက်​သောက်ကြသလို အခုယာ​တောသူချက်ထားသလို ငပိချက်စပ်စပ်​လေးလည်း ချက်စားကြပါ​သေးတယ်။

ဒါ့​ကြောင့် ရိုးရှင်းတဲ့​တောဆူးပုပ်ဟင်း​လေးကိုလည်း ယာ​တောသူတို့ ​လေ့လာနိုင်ဖို့ တင်​ပေးလိုက်ပါတယ်ရှင်...

image
48 w - Translate

ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ

(ဒီဇင်ဘာ - ၁၂ ရက်)
#ရွှေဈေး

-ကမ္ဘာ့ရွှေဈေး
တအောင်စ ၂၇၀၈ ဒေါ်လာ

ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း

- အကယ်ဒမီ မီးလင်းရွှေ တကျပ်သား
၅၃၈၀၀၀၀ ကျပ်

ပြင်ပရွှေဈေးနှုန်း

-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၆၁၇၀၀၀၀ ကျပ်
ဝယ်ဈေး ၆၁၃၀၀၀၀ ကျပ်

-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၅၉၇၀၀၀၀ ကျပ်
ဝယ်ဈေး ၅၉၃၀၀၀၀ ကျပ်

“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”

(ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။)

#နိုင်ငံခြားငွေလဲလှယ်နှုန်း

-မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း
အမေရိကန် တဒေါ်လာ - ၂၁၀၀ ကျပ်

ပြင်ပပေါက်စျေး

-အမေရိကန်ဒေါ်လာ‌
ရောင်းဈေး - ၄၄၅၀ ကျပ်
ဝယ်ဈေး - ၄၃၅၀ ကျပ်

-စင်္ကာပူဒေါ်လာ
ရောင်းဈေး - ၃၃၆၀ ကျပ်
ဝယ်ဈေး - ၃၃၀၀ ကျပ်

-ယူရို
ရောင်းဈေး - ၄၇၁၀ ကျပ်
ဝယ်ဈေး - ၄၅၉၀ ကျပ်

-ထိုင်းဘတ်
ရောင်းဈေး - ၁၃၂.၄၅ ကျပ်
ဝယ်ဈေး - ၁၂၉.၀၃ ကျပ်

-မလေးရှားရင်းဂစ်
ရောင်းဈေး - ၁၀၁၀ ကျပ်
ဝယ်ဈေး - ၉၈၅ ကျပ်

-တရုတ်ယွမ်
ရောင်းဈေး - ၆၁၇ ကျပ်
ဝယ်ဈေး - ၆၀၁ ကျပ်

-ဂျပန်ယန်း
ရောင်းဈေး - ၂၉.၄၇ ကျပ်
ဝယ်ဈေး - ၂၈.၇၁ ကျပ်

-အိန္ဒိယရူပီး
ရောင်းဈေး - ၅၂.၈၃ ကျပ်
ဝယ်ဈေး - ၅၁.၄၇ ကျပ်

-ကိုရီးယားဝမ်
ရောင်းဈေး - ၃.၁၃ ကျပ်
ဝယ်ဈေး - ၃.၀၅ ကျပ်

-စတာလင်ပေါင်
ရောင်းဈေး - ၅၇၂၅ ကျပ်
ဝယ်ဈေး - ၅၅၇၅ ကျပ်

-ဩစတြေးလျဒေါ်လာ
ရောင်းဈေး - ၂၈၇၅ ကျပ်
ဝယ်ဈေး - ၂၈၀၀ ကျပ်

-ကနေဒါဒေါ်လာ
ရောင်းဈေး - ၃၁၆၅ ကျပ်
ဝယ်ဈေး - ၃၀၈၅ ကျပ်

-ဟောင်ကောင်ဒေါ်လာ
ရောင်းဈေး - ၅၇၆ ကျပ်
ဝယ်ဈေး - ၅၆၁ ကျပ်

-ယူအေအီး
ရောင်းဈေး - ၁၂၂၀ ကျပ်
ဝယ်ဈေး - ၁၁၉၀ ကျပ်

ငွေလဲနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

48 w - Translate

မြန်မာနိုင်ငံ ရေခဲတောင်ရှိရာအရပ်ဒေသ
ပူတာအိုမှာ ပွင့်တဲ့ပန်း🌺🇲🇲

🏔ရေခဲတောင်ပေါ်က
နှင်းပန်း ( ရေခဲပန်း ) လေးတွေဖူးပွင့်တဲ့အချိန်ပေါ့🌸

❄️ရေခဲတွေ အရည်ပျော်ချိန်လေးမှာ ပေါ့ နှင်းတောင်ကနေ ပန်းတောင် ( ပန်းမြို့တော် ) လို့တောင် ထင်မှားအောင်ကို နှင်းတောင် (ရေခဲ​တောင် ) တစ်တောင်လုံးကို အရမ်းကိုလှပါ့တဲ့ ပန်းအမျိူးမျိုး ပန်းမျိုးစုံတို့က လှပစွာ တန်ဆာ ဆင်နေပါ တယ်

🌺ဒီပန်းအမျိုးစာ၊းတွေထဲမှာ သင်တို့မမြင်ဖူးတဲ့ပန်းလည်းပါမယ်ထင်ပါတယ်

image
48 w - Translate

မြန်မာနိုင်ငံ ရေခဲတောင်ရှိရာအရပ်ဒေသ
ပူတာအိုမှာ ပွင့်တဲ့ပန်း🌺🇲🇲

🏔ရေခဲတောင်ပေါ်က
နှင်းပန်း ( ရေခဲပန်း ) လေးတွေဖူးပွင့်တဲ့အချိန်ပေါ့🌸

❄️ရေခဲတွေ အရည်ပျော်ချိန်လေးမှာ ပေါ့ နှင်းတောင်ကနေ ပန်းတောင် ( ပန်းမြို့တော် ) လို့တောင် ထင်မှားအောင်ကို နှင်းတောင် (ရေခဲ​တောင် ) တစ်တောင်လုံးကို အရမ်းကိုလှပါ့တဲ့ ပန်းအမျိူးမျိုး ပန်းမျိုးစုံတို့က လှပစွာ တန်ဆာ ဆင်နေပါ တယ်

🌺ဒီပန်းအမျိုးစာ၊းတွေထဲမှာ သင်တို့မမြင်ဖူးတဲ့ပန်းလည်းပါမယ်ထင်ပါတယ်

image