47 w - Translate

အသပြာကြောင့် ဝေးချင်တယ်ဆိုတဲ့
ဒဏ်ရာတွေထက်
သဘောထားချင်း မတိုက်ဆိုင်လို့
ဝေးရမယ်ဆိုတဲ့ ဒဏ်ရာက ကုသဖို့ ပိုခက်တယ်

သူ့မှာလဲ အပြစ်မရှိ
ကိုယ့်အပြစ်ဟာ ဘာလဲ မသိ
ဘာနဲ့ဖြေပြီး မြည်းရမှန်းမသိတဲ့ အရက်တစ်ခွက်လိုပဲ
မူးရုံကလွဲ တစ်ခြားမရှိဘူး ။

#ဒဿ 2024
-pic crd

image
47 w - Translate

အမာရွတ်

သစ်ပင်တွေက မနုပျိုတော့တာကလွဲရင်
အရင်တုန်းက နာမည်တွေအတိုင်းပဲ
သီးမြဲ ပွင့်မြဲ လှမြဲ စိမ်းမြဲ
စကားပြောရင် အဲဒီတုန်းကလို့ ထည့်ထည့်ပြောရတယ်
တချို့အရာတွေက မရှိတော့ဘူး
မရှိတော့တဲ့အထဲ ကိုယ့်ငယ်ရွယ်မှုပါ ပါသွားတယ်
ရေဆင်းချိုးခဲ့ဖူးတယ် ဆိုတဲ့အဖြစ်နဲ့
ဓားထစ်ပြီး မှတ်သားထားခဲ့တဲ့ မြစ်ရေတွေဟာ
အထစ်အငေါ့မရှိ စီးဆင်းသွားပေါ့
ရေတိုက်စားခြင်းခံရတဲ့ ကမ်းပါးတွေသာ ငေးကျန်ရစ်ခဲ့ ။ ။

-စိုးခိုင်ညိန်း

image
47 w - Translate

Morning 🌞🌞

image

ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးတို့တွေ့ဆုံဆွေးနွေး

Photo News

အောက်တိုဘာ ၂၆၊ နေပြည်တော်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့် မြန်မာနိုင်ငံဆိုင်ရာတရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H.E. Ms. Ma Jia တို့သည် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး၊ ဧည့်ခန်းမ၌ အောက်တိုဘာ ၂၅ ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့ကြသည်ဟု နစက ၏ ထုတ်ပြန်ချက်အရသိရသည်။

နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်း ဆောင်ရွက်မှုများ မြှင့်တင်ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ နယ်စပ်ဒေသ တည်ငြိမ် အေးချမ်းရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးဆိုင်ရာကိစ္စရပ်များ၊ တပ်မတော်နှစ်ရပ် အကြား နည်းပညာ၊ သတင်းအချက်အလက်အပါအဝင် နယ်ပယ်အလိုက် ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း ထုတ်ပြန်ချက်အရသိရသည်။

မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက "ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ တရုတ်ပြည်ခရီးစဥ်သတင်းထွက်ပေါ်နေချိန်မှာ အခုလို တွေ့တာဆိုတော့ ခရီးစဥ်ညှိနှိုင်းမှုတွေအပါအဝင် စစ်ရေးကိစ္စတွေပါပါလောက်တယ်ဟု ပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကလည်း MNDAA ခေါင်းဆောင် ဖုန်တာ့ရွှင်ကို တရုတ်အထူးကိုယ်စားလှယ်တိန့်ရွှီကျင်းက ယူနန်ပြည်နယ်နဲ့ ခေါ်ယူတွေ့ဆုံခဲ့သည်ဟု BBC သတင်း၌ ဖော်ပြခဲ့သည်။

လက်ရှိအချိန်တွက် ရှမ်းမြောက်ဒေသ လားရှိုးမြို့ကို MNDAA တပ်ဖွဲ့က သိမ်းပိုက်ထားကာ တပ်မတော်မှလည်း လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေပြီး တရုတ်အစိုးရက MNDAA ကို လားရှိုးမှ ဆုတ်ခွာရန် ဖိအားပေးနေသည်ဟု သတင်းများ ထွက်ပေါ်နေသည်။

ဓာတ်ပုံ - CINCDS

#centralnewsnaypyitaw

image
47 w - Translate

သခင်ကိုချစ်တဲ့စိတ်ပဲရှိတဲ့နှလုံးသား‌တွေကို မဖျက်ဆီးပါနဲ့💔 #dogknowseverything

image
47 w - Translate

အရင်က ကျွန်တော် စဉ်းစားခဲ့ဖူးတယ်။
ငါတွဲလိုက်တဲ့ လက်တွေက ဘာလို့မမြဲခဲ့တာလဲပေါ့။
ငါ့ကိုကျ ဘာလို့ ငါချစ်သလို
ပြန်ချစ်ပေးမဲ့သူမရှိတာလဲပေါ့။

အခုမှတစ်ဖြည်းဖြည်း ကျွန်တော်သိလာတာက
ကျွန်တော်ပေးတဲ့ ချစ်ခြင်းမေတ္တာတွေဟာ အရမ်းကို limit များသွားတာပါ။
တစ်ဖက်သူဟာ သူ အချစ်ခံနိုင်တဲ့ limit ကို
ကျော်လွန်တဲ့အထိကို ကျွန်တော် ပေးခဲ့မိတာ။

ကျွန်တော့်စိတ်က ချစ်မိရင် ဒီတစ်ယောက်ထဲကိုပဲ
အချိန်ပေးချင်တာ။
ဒီတစ်ယောက်အတွက်ကိုပဲ အချိန်ပြည့်စဉ်းစားနေမိတာ။

ပြီးတော့ ကျွန်ဝော်ချစ်တဲ့သူကိုလည်း
ကြှနျဝောာ့ျလိုခစြျပေးတာမျိုး လိုချင်မိတယ်ပေါ့။

အဲ့ဒီ့မှာတင်ခက်ပြီ။
ကျွန်တော်ချစ်သလိုမျိုး တစ်ဖက်က ပြန်မပေးလာရင်ကို
ကျွန်တော့်စိတ်တွေက အဆင်မပြေတော့ဘူး။
ပြဿနာတွေရှာမိတယ် ။
တစ်ဖက်မှာ ကျွန်တော့်ကြောင့်
စိတ်ရှုပ်နေရလားတောင် ထည့်မတွက်မိတော့ပဲနဲ့ပေါ့။

ကြာလာတော့ ကျွန်တော် ချစ်မိတာတွေက
တစ်ဖက်မှာ ရှုပ်ခြယ်သလိုမျိုး မြင်လာစေတော့တာပါပဲ။
ကျွန်တော် ချစ်လို့ စိတ်ပူမိတာတွေကလည်း
သူ့အတွက် စိတ်ရှုပ်စရာတွေလိုဖြစ်လာတော့တယ်။

" ကိုယ်က ကြောင်လေးတစ်ကောင်ကို ချစ်လွန်းလို့
ကိုယ့်နားကိုဆွဲခေါ်ထားရင်း
ပွတ်သီးပွတ်သပ်လုပ်နေပေမဲ့ ကြောင်လေးကတော့
ကျွန်တော် ချစ်တဲ့ဒဏ်ကို မခံနိုင်ပဲ ဘေးနားကနေ
ထွက်ပြေးချင်သလိုမျိုးပေါ့။"

နောက်ဆုံး ကျွန်တော့်ဘေးနားကနေ
လူတိုင်းထွက်ပြေးကြတယ် ။
ကျွန်တော် ချစ်တဲ့ ဒဏ်ကို မခံနိုင်ကြလို့။

ချစ်ခြင်းမေတ္တာမှာလည်း ပူပေါင်းတစ်လုံးလို
ခံနိုင်ရည်အားတွေရှိလာမှန်း တစ်ဖြည်းဖြည်း
သိလာတယ် ။
အဲ့ဒီ့ခံနိုင်ရည်ကို ကျော်သွားရင်
ပေါက်ကွဲကုန်ပြီပဲ ။

image
47 w - Translate

ရှင်ကလွဲရင်
အားလုံးအပေါ်မေတ္တာထားနိုင်တယ်တဲ့။
ခင်ဗျားတို့သိလား
ရုပ်ဆိုးသူငိုပွဲ ဆိုတာ အဲ့ကနေစတာပဲ။

#ပင်လယ်ဖျံ

image
47 w - Translate

မင်းဒဏ်ရာတွေကို မင်းကိုယ်တိုင်ပဲ ပြင်ရမှာ 🫂

image
47 w - Translate

အချစ်ဆိုတာလေ ပိုင်ဆိုင်လိုစိတ်မဟုတ်ဘူး။
ပိုင်ဆိုင်လိုစိတ်ဆိုတာ ကိုယ့်ကိုကိုယ်ချစ်တဲ့ အတ္တပဲ။
သူ့ကိုရရင် ကိုယ်ပျော်မှာမလို့လေ။

တကယ့်အချစ်က ပေးဆပ်လိုစိတ် ၊ ပံ့ပိုးပေးလိုစိတ် ၊ ကာကွယ်ပေးလိုစိတ်တွေနဲ့ လွှမ်းခြုံထားတာ။
ကိုယ်ချစ်တဲ့သူကို စိတ်ရော ၊ ကိုယ်ရောအနာတရမရှိပဲ ကြည်လင်နေစေချင်တာ။
အဲ့လိုကြည်လင်အောင်လည်း တနည်းနည်းနဲ့စောင့်ရှောက်ပေးတာမျိုးကမှ တကယ့်အချစ်စစ်ဖြစ်တာ။

#ပါရီယာနာ

image
47 w - Translate

ငါ့မှာ ကြွားစရာဆိုလို့
ဒ-ဏ်ရာတွေပဲ ရှိတယ်၊

မပိုင်တော့တဲ့ အိမ်မက်တွေ
မဆိုင်တော့တဲ့ သူတွေ
အဲ့တာတွေပေါ့ ကွာ၊

ဘဝကြီးနဲ့ ရင်းခဲ့တော့လဲ
ငါ့မှာ မျက်ရည်တွေနဲ့ ရယ်ခဲ့ရတာပေါ့၊

တဖက်မှာ နေသာနေပြီး ငါ့ဖက်ကြတော့ မုန့်တိုင်းလို
ခတ်ထန်နေလေရဲ့လား လောကဓံရေ။

#အင်ပေါ်စေပယ်
#crd pic

image