လာမယ့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ဖြေဖို့ စာရင်းပေးထားသူ ယခင်နှစ်ကထက် သိသိသာသာမြင့်တက်လာ

ဒီဇင်ဘာ ၂၄

လာမယ့် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲကို ဝင်ရောက်ဖြေဆိုဖို့ စာရင်းပေးသွင်းထားသူဟာ ယမန်နှစ်ကထက် သိသိသာသာမြင့်တက်လာခဲ့တယ်လို့ ပညာရေးဝန်ကြီးဌာနမှ သိရပါတယ်။

အဲဒီ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ဖြေဆိုဖို့ စာရင်းပေးသွင်းထားတဲ့ ကျောင်းသား၊ ကျောင်းသူအရေအတွက်ဟာ လက်ရှိအချိန်ထိ ၂၂၀၀၀၀ ဝန်းကျင်ရှိနေပြီး ယမန်နှစ်က စာရင်းပေးသွင်းသူဟာ တစ်သိန်း လေးသောင်းကျော်သာ ရှိခဲ့တာဖြစ်ပါတယ်။

အဆိုပါ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို လာမယ့် မတ်လ ၁၇ ရက် ကနေ ၂၂ ရက်ထိ မိမိတို့ ယူထားတဲ့ ဘာသာတွဲအလိုက် ပိတ်ရက်မရှိ ဖြေဆိုရမှာဖြစ်တယ်လို့ သိရပါတယ်။

#centralnewsnaypyitaw

image

စည်းကမ်းလိုက်နာတဲ့ YBS ယာဥ်မောင်းတွေကို စံ​ပြယာဥ်​​မောင်းဆုနဲ့ ပြည်သူချီးကျူးဆုတွေ ပေးမယ်

ဒီဇင်ဘာ ၂၄

YBS ယာဥ်မောင်းတွေကို စံပြယာဥ်မောင်းဆု၊တာဝန်သိယာဥ်မောင်းဆုနဲ့ လူမှုကွန်ရက်မှာခရီးသွားပြည်သူတွေရဲ့ချီးကျူးခြင်းခံရတဲ့ ယာဥ်မောင်းဆုဆိုပြီး ချီးမြှင့်ပေးသွားမယ်လို့
ရန်ကုန်တိုင်းဒေသကြီး၊ ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ(YRTC)ကသိရပါတယ်။

"စံပြယာဥ်မောင်းဆုကတော့ ယာဥ်လိုင်းတွေကနေ စံပြယာဥ်မောင်းဆုတွေတင်လာတဲ့အပေါ် စည်းကမ်းချက်မှတ်တမ်းတွေပြန်ကြည်ပြီးရွေးမှာပေါ့။တာဝန်သိယာဥ်မောင်းဆုဆိုတာက ကားပေါ်မှာ ခရီးသည်တွေကပစ္စည်းတွေဘာတွေကျန်တယ်လေ။ပစ္စည်းတွေပြန်လည်ပေးအပ်တဲ့ယာဥ်မောင်းတွေပေါ့။နောက်တခုက လူမှုကွန်ယက်မှာခရီးသည်တွေချီးကျူးခံရတဲ့ယာဥ်မောင်းတွေပါမယ်။တကယ်လည်းဖြစ်ရမယ်။ဖေ့စ်ဘုတ်မှာလာတဲ့ဟာတွေကြည့်တယ်။" လို့ YRTCအတွင်းရေးမှူးဦးလျန်ကျင့်မန်က ပြောပါတယ်။

အဆိုပါ ဆုတွေအားလုံးကို စည်းကမ်းသတ်မှတ်ချက်ဖောက်ဖျက်ခြင်းမရှိတဲ့ ယာဥ်မောင်းတွေကိုရွေးချယ်ပေးမှာဖြစ်ကြောင်းနဲ့ ဆုတွေပေးဖြစ်တဲ့အဓိကရည်ရွယ်ချက်မှာ YBS ယာဉ်မောင်းတွေ အနေနဲ့ ခရီးသွားပြည်သူအပေါ် တာဝန်သိစွာ ဆောင်ရွက်စေရန်နဲ့ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနဲ့အညီ ဘေးအန္တရာယ်ကင်းရှင်းစွာ မောင်းနှင်စေဖို့ဖြစ်တယ်လို့ သိရပါတယ်။

ဆုပေးစနစ်ရှိသလို စည်းကမ်းဖောက်ဖျက်တဲ့ယာဥ်လိုင်းတွေကိုလည်းအရေးယူမှုတွေလုပ်နေတယ်လို့သိရပါတယ်။

လက်ရှိမှာ YBS ယာဉ်မောင်း တွေ စည်းကမ်းဖောက်ဖျက်လို့ တိုင်ကြားတဲ့အမှုပေါင်း ၅၅၀၀၀ လောက်ရှိထားပြီး ဖောက်ဖျက်တဲ့ယာဥ်မောင်းတွေကို ဒဏ်ငွေရိုက်ခြင်း၊ ယာဥ်မောင်းနှင်ခွင့်ပိတ်သိမ်းအရေးယူခဲ့တယ်လို့ သိရပါတယ်။

ရန်ကုန်မှာဆိုရင် ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁ ရက်ကနေဒီဇင်ဘာ ၁၅ ရက်အထိဆိုရင် YBS ယာဉ်မတော်တဆမှုပေါင်း အကြိမ် ၇ဝ ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၃၆ ယောက်ရှိခဲ့ကာ ထိခိုက်ဒဏ်ရာရသူ ၁၃၆ ယောက်အထိရှိခဲ့တယ်လို့ သိရပါတယ်။

Photo:CJ

Credit - VOM News Agency

#သတင်းဟင်းလေးအိုးကြီး

image
1 y - Translate

Professional Boxing ပြိုင်ပွဲ နိုင်ငံကိုယ်စားပြုဝင်ရောက် ယှဉ်ပြိုင်ကစားခွင့် သုံးဦး ရွေးချယ်ခံရ

လာမည့် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလအတွင်း ဂျပန်နိုင်ငံ၊ အိုဆာကာမြို့တွင် ကျင်းပမည့် Professional Boxing ပြိုင်ပွဲတွင် နိုင်ငံကိုယ်စားပြုဝင်ရောက်ယှဉ် ပြိုင်ကစားခွင့်အတွက် မြန်မာ့လက်ဝှေ့သမား (၃)ဦး ရွေးချယ်ခံရကြောင်း သိရသည်။

ထိုသို့ ကစားခွင့်ရရှိခြင်းသည် မြန်မာဘောက်ဆင်သမိုင်း တလျှောက် ပထမဆုံးအကြိမ် နိုင်ငံတကာ Professional Boxing ပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ခွင့်ရရှိခြင်းဖြစ်သည်ဟု ယနေ့တွင် မြန်မာဘောက်ဆင်ကော်မရှင်(MBC) က အသိပေးထားသည်။

ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိရေးအတွက် Myanmar Boxing Commission(MBC)နှင့် Japan Boxing Commission(JBC)တို့ ညှိနှိုင်းခဲ့ရာမှခွင့်ပြုချက်ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Professional Boxing ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် ကစားသမား (၃)ဦး၏ အမည် နှင့် ဝင်‌ရောက်ယှဉ်ပြိုင်မည့် ဝိတ်တန်းများကို မကြာမီထပ်မံအသိ‌ပေးကြေညာသွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာ့ဘောက်ဆင်ကော်မရှင်အနေဖြင့်ကမ္ဘာ့ဘောက်ဆင်ကော်မရှင်(WBC)အဖွဲ့ဝင်အနေဖြင့် ပါဝင်နိုင်ရန်လည်း စီစဉ်လျက်ရှိသည့်အပြင် ကမ္ဘာ့ဘောက်ဆင်ကော်မရှင် (WBC) ၏ အသိအမှတ်ပြု ချန်ပီယံခါးပါတ်များတွင်လည်း မြန်မာကိုယ်စားပြု နိုင်ငံတော်အလံအား ထည့်သွင်းသွားနိုင်ရန် စီစဉ်လျှက်ရှိသည်ဟု သိရသည်။

လက်ရှိတွင် WBC အသိအမှတ်ပြု ချန်ပီယံခါးပါတ်များ၌ နိုင်ငံပေါင်း (၁၈) နိုင်ငံ၏ နိုင်ငံအလံများထည့်သွင်းထားပြီး၊ မြန်မာနိုင်ငံအနေဖြင့် အဖွဲ့ဝင်နိုင်ငံအဖြစ် ပါဝင်ရန် ဆောင်ရွက်လျှက်ရှိကာ ဝင်ခွင့်ချက်ရပါက နိုင်ငံ့အလံအားထည့်သွင်းသွားမည်ဖြစ်ကြောင်း သိရသည်။

WBC အဖွဲ့ဝင်ခွင့်အား ၂၀၂၅ ခုနှစ်ကုန် သို့မဟုတ် ၂၀၂၆ ခုနှစ်အတွင်း နောက်ဆုံးထား၍ အဖွဲ့ဝင်နိုင်ငံဖြစ်ရန် ဆောင်ရွက်လျက်ရှိပြီး MBCသည် နိုင်ငံတကာပြိုင်ပွဲများတွင် ကစားသမားများ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ပြုသည့် တစ်ခုတည်းသောအဖွဲ့အစည်းဖြစ်ကြောင်း တရားဝင်အသိပေးထားသည်။

imageimage

image
1 y - Youtube

1 y - Translate

Christmas and New Year coming without money be like :

image
1 y - Translate

လီဗာပူးနှင့် စာချုပ်သက်တမ်းတိုးရန် သဘောတူညီမှုရသည့်သတင်း ဆာလာ ငြင်းဆို

လီဗာပူးနဲ့ စာချုပ်သက်တမ်းတိုးဖို့ သဘောတူညီမှု ရရှိပြီဆိုတဲ့သတင်းတွေကို တောင်ပံတိုက်စစ် ကစားသမား မိုဆာလာက ငြင်းဆိုသွားပါတယ်။

စပါးအသင်းကို ၆ ဂိုး ၃ ဂိုးနဲ့ အနိုင်ရတဲ့ပွဲစဉ်အပြီးမှာ စာချုပ်သက်တမ်းတိုးတဲ့ကိစ္စအပေါ် ဆာလာက ပွင့်ပွင့်လင်းလင်း ဖြေကြားသွားခဲ့တာပါ။

အသင်းနဲ့ စာချုပ်သစ်ရေးထိုးဖို့ သဘောတူညီမှုရပြီလားဆိုတဲ့ မေးခွန်းအပေါ် ဆာလာက မဟုတ်မှန်ကြောင်း ပြန်လည်ဖြေကြားခဲ့တာပါ။

ဆာလာဟာ စပါးနဲ့ပွဲမှာ ၂ ဂိုးထပ်သွင်းခဲ့တာကြောင့် လီဗာပူးအသင်း သမိုင်းတလျှောက် စတုတ္ထမြောက် ဂိုးသွင်းအများဆုံးကစားသမား ဖြစ်လာခဲ့ပါတယ်။

အခုနှစ်ရာသီအကုန်မှာ စာချုပ်သက်တမ်းကုန်ဆုံးမယ့် ဆာလာကို ပီအက်စ်ဂျီ အပါအဝင် ဆော်ဒီကလပ်တွေကလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေကြပါတယ်။
DVB

image
1 y - Translate

ကျွန်တော်တို့ရဲ့ တစ်နှစ်တာမှာဆိုရင် ပျော်ပွဲရွှင်ပွဲတွေ၊ အထိမ်းအမှတ်ပွဲတွေ လစဉ်လတိုင်း ရှိတတ်ကြပါတယ်ခင်ဗျာ။🎉
ဒီပွဲတွေထဲကမှ Christian ဘာသာဝင်များအတွက် အင်မတန်မှ အရေးပါတဲ့ အထိမ်းအမှတ်ပွဲကတော့ Christmas ပွဲတော်ပဲ ဖြစ်ပါတယ်ခင်ဗျာ။🎄
ဒီတော့ ကျွန်တော်က ဒီနေ့မှာ "Invincible Glory"ပရိတ်သတ်ကြီးတို့ကို Christmas ပွဲ‌တော်လေးအကြောင်း ဗဟုသုတအနေနဲ့ မျှဝေပေးသွားမှာပဲ ဖြစ်ပါတယ်ခင်ဗျာ။🙆🏻‍♂️
Christmas ပွဲတော်နေ့ ဟာဆိုရင် Christian ဘာသာဝင်‌တွေရဲ့ ယေရှုခရစ်တော် ဖွားမြင်တဲ့ နေ့ကို အထိမ်းအမှတ်ပြုတဲ့ နေ့ထူးနေ့မြတ်တစ်နေ့ ဖြစ်ပါတယ်။ ယ‌နေ့ခေတ်မှာတော့ Christmas ပွဲတော်ကို နှစ်စဉ် ဒီဇင်ဘာလ ၂၅ ရက်နေ့တွင် ကျင်းပပြုလုပ်‌လေ့ ရှိကြပါတယ်။ Christmas ပွဲတော်ကျင်းပတဲ့ရက်နဲ့ ပတ်သက်ပြီးတော့ ခရစ်တော် ကွယ်လွန်ပြီးနောက် နှစ်ပေါင်း ၃၀၀ အတွင်း Christian တို့အချင်းချင်း သဘောထား ကွဲလွဲမှုများ ရှိခဲ့ကြပါတယ်။
ရှေးဦးစွာအနေနဲ့ Christmas ပွဲတော်ကို မေလမှာ ကျင်းပပြုလုပ်ခဲ့ကြပါတယ်။ အဲ့ဒီနောက်မှာ ဧပြီလတွင် ကျင်းပခဲ့ပြန်ပါတယ်။ ထိုမှတဖန် ဇန်နဝါရီလမှာလည်း ကျင်းပခဲ့သေးတယ်။ အေဒီ ၃၀၀ ပြည့်နှစ်ကျမှသာ ဒီဇင်ဘာလ ၂၅ ရက်နေ့ကို ပွဲတော်နေ့အဖြစ် အတည်တကျ သတ်မှတ်ခဲ့ကြတာပဲဖြစ်ပါတယ်။ အဲ့ဒီအချိန်မှစပြီးတော့ Christmas ပွဲတော်ကို ဒီဇင်ဘာလမှာ စတင် ကျင်းပလာခဲ့ကြပါ‌တော့တယ်ခင်ဗျာ။👏🏻
Christmas ပွဲတော်ဟာ Christian များရဲ့ အထွတ်အမြတ်အထားဆုံး ပွဲတော်တစ်ခုဖြစ်ပါတယ်။Christian နိုင်ငံ အသီးသီးမှာဆိုရင် Christmas ပွဲတော်ကို ကျင်းပတဲ့အခါမှာ မိမိတို့နိုင်ငံ၊ မိမိတို့လူမျိုးနဲ့ဆိုင်‌တဲ့ ဓလေ့ထုံးစံများအတိုင်း ကျင်းပခဲ့ကြပါတယ်။ ပွဲတော်နေ့တွင် ယောက်ျား၊ မိန်းမ၊ လူကြီးလူငယ်မရွေး မိမိတို့ရဲ့ လုပ်ငန်းများကို ရပ်ပြီး‌တော့ ပျော်ပွဲရွှင်ပွဲ၊ စားသောက်ပွဲများကို တခမ်းတနား ကျင်းပပြုလုပ်ကြပါတယ်။ Christian နိုင်ငံတိုင်းလိုလိုပင် Christmas သီချင်းများကို ပျော်‌ပျော်ပါးပါး သီဆိုလေ့ရှိကြပါတယ်။ ပွဲတော်မှာ အရေးပါတဲ့ ခရစ္စမတ်သစ်ပင်ကိုလည်း အလှဆင်မီးများနဲ့ လှပစွာ အဆန်းတကြယ် တန်ဆာဆင်လေ့လည်းရှိကြပါတယ်။🎄
Christmas ပွဲတော်နေ့တွင် Christian လူမျိုးများဟာ မိမိတို့ခင်မင်သော မိတ်ဆွေများ၊ ဆွေမျိုးများဆီကို လက်ဆောင်များ ပေးပို့တဲ့အလေ့အထလည်းရှိပါသေးတယ်ခင်ဗျာ။ ဒီလိုအလေ့အထဟာဆိုရင် ရှေးရောမခေတ်က‌နေ အစပျိုးခဲ့တဲ့ အလေ့အထတစ်ခုဖြစ်ပါတယ်။🎁
Christian ကလေးများဟာ ပွဲတော်အခါတွင် သူတို့ကို Santa Claus က လက်ဆောင်ပစ္စည်းများ လာရောက်ပေးကြတယ်ဆိုပြီး ယုံကြည်ကြပါတယ်။ Santa Claus ဆိုတာကတော့ကက်သလစ် Christian ဘုန်းကြီးတစ်ဦးဖြစ်သူ Saint Nicholas ပဲဖြစ်ပါတယ်။ 🎅🏻
ဗြိတိန်နဲ့ အမေရိကန်ပြည်ထောင်စုတွင်ရှိသော ကလေးငယ်များဟာ Christmas အကြိုညတွင် Santa Claus လာပြီး လက်ဆောင်ထည့်နိုင်ဖို့အတွက် ခြေအိတ်ရှည်များကို အလွတ်ချိတ်ဆွဲထားလေ့လည်းရှိကြပါတယ်။ ပြင်သစ်နိုင်ငံတွင်လည်း ကလေးငယ်များဟာ လက်ဆောင်များကို ခံယူဖို့အတွက် သစ်သားဖိနပ်များကို မီးဖိုပေါ်တွင် တင်ထားလေ့ရှိကြပါတယ်။ နော်ဝေးနိုင်ငံမှာ‌တော့ ကလေးသူငယ်များဟာ လက်ဆောင်၊ ကစားစရာများကို အိမ်တွင်းအိမ်ပြင်များတွင် တပျော်တပါး လိုက်လံရှာဖွေ တတ်ကြပါသေးတယ်ခင်ဗျာ။ 🫶🏻
ဒီလောက်ဆိုရင်တော့ "Invincible Glory" ပရိတ်သတ်ကြီးတို့လည်း Christmas နေ့ရဲ့ ဖြစ်ပေါ်လာပုံတွေ၊ ပွဲတော် ကျင်းပကြပုံနဲ့ Christian လူမျိုးတွေရဲ့ ဓလေ့ထုံးတမ်းများကို သိရှိသွားလိမ့်မယ်လို့ မျှော်လင့်ပါတယ်ခင်ဗျာ။🙆🏻‍♂️
Credit

image