Dating Tips for Zodiac (2)
စစချင်းမှာ .. ထပ်ပြောပါမယ် #စစချင်းမှာ အရမ်းအထင်ကြီးလေးစားစရာနဲ့ အစပြုပြီး၊ မင်းသမီး/မင်းသားလေးတွေလို ခံစားချက်မျိုးပေးနိုင်တာ Fire Sign (Aries, Leo, Sagittarius)တွေမှာပဲ ရှိပါတယ်။ သူတို့နဲ့ အတူထိုင်နေရရင်ကို စိတ်ကြီးဝင်စေတာ၊ ခံစားချက် ကောင်းနေတာမျ်ုး ဖြစ်တတ်ပါတယ်။
ပြောစရာမလိုဘဲ ဖုန်းဘေလ်ဖြည့်ပေးတာတို့၊ ဟင်းပန်းကန် အနားတိုးပေးတာတို့၊ ကောင်းမယ်ထင်တာတွေ အလိုက်တသိ ဝယ်ပေးတာတို့၊ သူတို့ ကျွမ်းကျင်ပါတယ်။ ကိုယ့်ဘက်က ဘာလုပ်ဖို့လိုလဲဆိုရင် သူတို့ပြောသမျှကို သေချာနားထောင်ထားဖို့ပါပဲ။ စကားလုံးတွေကို သတိထားပါ။ ဘယ်အချိန်မှာ ဘာအကြောင်းပြောနေတာဆိုတာမျိုး စိတ်ဝင်စားမှုပြပါ။ ပြန်ဆွေးနွေးပါ။ သူတို့အကြောင်းပါလာရင် ချီးကျူးစရာရှိရင် ချီးကျူးပါ။ နာကျင်စရာ ပါလာရင် နှစ်သိမ့်ပါ။ အလွန်အကျူး ပူတူတူးတွေတော့ သွားမလုပ်ပါနဲ့။ ဟင် .. ဘယ်လိုကြီးလဲဆိုပြီး သူတို့ဘက်က စိတ်ထင့်သွားရင် conversation တွေ သိသိသာသာ ပြောင်းသွားပါလိမ့်မယ်။ အလုပ်ကိစ္စပေါ်လာတာတို့၊ ချွေးထွက်လာတာတို့၊ တစ်ယောက်ယောက်ကို ဘယ်လိုဆော်ပစ်လိုက်တာတို့ စတဲ့၊ ဘယ်သူ့ကိုဒေါသထွက်နေမှန်း မသိတာတွေ ပြလာရင် ကိုယ်ကပဲ အလိုက်တသိနှုတ်ဆက်ဖို့ လိုလာပြီဖြစ်ပါတယ်။
Fire တွေက Luxury ဖြစ်တဲ့နေရာတွေကြိုက်ပါတယ်။ အစားချည်းသက်သက်မဟုတ်ဘဲ၊ ဇိမ်ခံစရာ၊ အပန်းဖြေစရာပါတဲ့နေရာမျိုးကို ရွေးချယ်တာ ပိုနှစ်သက်ပါတယ်။ နောက်တစ်ချက်က ပြောပြီးသားတွေ ခဏခဏ ပြန်မပြောပါနဲ့ နားမထောင်ချင်ကြပါဘူး။ ကုတ်ချောင်းချောင်းပုံစံကိုလည်း Fire တွေဟာ ဓာတ်မတည့်လှပါဘူး။ သူတို့တစ်ယောက်တည်း ထိုးထိုးထောင်ထောင်ကြီးဖြစ်ပြီး၊ တစ်ဖက်လူက မဝံ့မရဲဖြစ်နေရင်၊ အချိန်တိုင်း မိုတီပေးနေရရင် မနောပျက်လာမှာပါ။ ဘာဖြစ်လဲ တက်တက်ကြွကြွနေစမ်းပါဆိုတာမျိုးပြောလာရင် စေတနာရှိနေသေးလို့ မှတ်ပါ။
အထူးသတိပြုဖို့ကတော့ Fire တွေဟာ နားပူမခံချင်ကြပါဘူး။ ဂျီကျတတ်ရင် တစ်ခါနှစ်ခါ သည်းခံပေမယ့် များလာပြီထင်လို့ သူတို့ပြန်ရှို့ရင် အကြီးကြီးပြန်လောင်ရတတ်ပါတယ်။ အကယ်လို့ ကိုယ့်ပုံက ယုံကြည်ချက်ရှိတဲ့ပုံပေါ်ပြီး၊ သူတို့ရဲ့ မီးတောက်တွေကို ပိုလောင်စေတဲ့သူမျိုးမဟုတဘဲ၊ လှပတဲ့ မီးလျှံလေးလောက်နဲ့ တောက်ပစေတာမျိုးဆိုရင် အဆင်ပြေပြီလို့ ဆိုနိုင်ပါတယ်။ ကိုယ်က အငိုမင်းသား/မင်းသမီး အကယ်ဒမီများရှင်ဆိုရင်တော့ သူတို့က တစ်ဖန်ပြန်ပြီး မငိုငိုအောင် ငိုစမ်းဟယ် ငိုစမ်းဟယ်ဆိုပြီး ညှင်းတဲ့ဒဏ်ကို ခံရနိုင်တာမို့၊ ကိုယ့်ကိုယ်ကို စိတ်နုတယ်လို့ထင်သူများ Fire Sign တွေကို သွေးတိုးမစမ်းတာ ပိုကောင်းပါကြောင်း …။
ကျန် Signs များ ဆက်ရန် (Earth မနေ့က ရေးပြီးသား ရှာဖတ်ပါ)
#crd
#lunatarot