1 y - Translate

Merry Christmas Everyone🎄🎁🌲🎉🎄🎊🤍
Coming 2025

image
1 y - Translate

Merry Christmas Everyone🎄🎁🌲🎉🎄🎊🤍
Coming 2025

image
1 y - Translate

Merry Christmas Everyone🎄🎁🌲🎉🎄🎊🤍
Coming 2025

image
image
image
1 y - Translate

Happy Holidays and Merry Christmas to you and your family ❤️✨🎄

image

ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ

ဒီဇင်ဘာ ၂၅
#ရွှေဈေး

-ကမ္ဘာ့ရွှေဈေး
တအောင်စ ၂၆၁၇ ဒေါ်လာ

ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း

- အကယ်ဒမီ မီးလင်းရွှေ တကျပ်သား
၅၂၆၀၀၀၀ ကျပ်

ပြင်ပရွှေဈေးနှုန်း

-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၆၁၀၀၀၀၀ ကျပ်
ဝယ်ဈေး ၆၀၆၀၀၀၀ ကျပ်

-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၅၉၀၀၀၀၀ ကျပ်
ဝယ်ဈေး ၅၈၆၀၀၀၀ ကျပ်

“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”

(ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။)

#နိုင်ငံခြားငွေလဲလှယ်နှုန်း

-မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း
အမေရိကန် တဒေါ်လာ - ၂၁၀၀ ကျပ်

ပြင်ပပေါက်စျေး

-အမေရိကန်ဒေါ်လာ‌
ရောင်းဈေး - ၄၄၅၀ ကျပ်
ဝယ်ဈေး - ၄၃၈၀ ကျပ်

-စင်္ကာပူဒေါ်လာ
ရောင်းဈေး - ၃၃၁၅ ကျပ်
ဝယ်ဈေး - ၃၂၅၅ ကျပ်

-ယူရို
ရောင်းဈေး - ၄၆၅၀ ကျပ်
ဝယ်ဈေး - ၄၅၆၀ ကျပ်

-ထိုင်းဘတ်
ရောင်းဈေး - ၁၃၀.၇၂ ကျပ်
ဝယ်ဈေး - ၁၂၈.၂၁ ကျပ်

-မလေးရှားရင်းဂစ်
ရောင်းဈေး - ၉၉၅ ကျပ်
ဝယ်ဈေး - ၉၇၅ ကျပ်

-တရုတ်ယွမ်
ရောင်းဈေး - ၆၁၃ ကျပ်
ဝယ်ဈေး - ၆၀၀ ကျပ်

-ဂျပန်ယန်း
ရောင်းဈေး - ၂၈.၄၂ ကျပ်
ဝယ်ဈေး - ၂၇.၈၇ ကျပ်

-အိန္ဒိယရူပီး
ရောင်းဈေး - ၅၂.၄၂ ကျပ်
ဝယ်ဈေး - ၅၁.၄၁ ကျပ်

-ကိုရီးယားဝမ်
ရောင်းဈေး - ၃.၀၅ ကျပ်
ဝယ်ဈေး - ၂.၉၉ ကျပ်

-စတာလင်ပေါင်
ရောင်းဈေး - ၅၆၀၅ ကျပ်
ဝယ်ဈေး - ၅၄၉၅ ကျပ်

-ဩစတြေးလျဒေါ်လာ
ရောင်းဈေး - ၂၇၈၅ ကျပ်
ဝယ်ဈေး - ၂၇၃၀ ကျပ်

-ကနေဒါဒေါ်လာ
ရောင်းဈေး - ၃၁၀၅ ကျပ်
ဝယ်ဈေး - ၃၀၄၅ ကျပ်

-ဟောင်ကောင်ဒေါ်လာ
ရောင်းဈေး - ၅၇၅ ကျပ်
ဝယ်ဈေး - ၅၆၄ ကျပ်

-ယူအေအီး
ရောင်းဈေး - ၁၂၁၅ ကျပ်
ဝယ်ဈေး - ၁၁၉၀ ကျပ်

ငွေလဲနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Credit - VOM News Agency

#သတင်းဟင်းလေးအိုးကြီး

image
1 y - Translate

ငါးရံ့ နဲ့ သရက်သီးဟင်း
************************
ငါးရံ့ကို အကြေးထိုး,ဆားကြမ်းနဲ့ အချွဲစင်အောင် နာနာပွတ်,
အကွင်းကွင်း, ရေစင်အောင် ဆေးပီးရင်
နနွင်း,ဟင်းခပ်မှုန့်,ငံပြာရည် နဲ့ ဆုပ်နယ်ထားပေးပါ။

မခ်စ္စု သရက္သီး ဝင်းပြင်းကို အတုံးတုံးထားပါ။( အခြံ မနွှာရပါ။ )

နံနံပင်,ငရုတ်သီးစိမ်း အသင့်ပြင်ထားပါ။

______________________________________________________

စ ချက်ပါမယ်။

ကြက်သွန်ဖြူ/နီ,ငရုတ်သီး အစိမ်းမှုန့် ရွလာအောင် ဆီသတ္ပီး
သရက္သီး အတုံးလေးများ အောက်က ခံပါ။
ငါးကို သရက်သီးတုံးများပေါ်တင်ထားပါ။
ရေနွေးပူပူ ၂ ဖန်ခွက်ထည့်ပါ။ ( အဖုံး မအုပ်ရ။ မမွှေရပါ။ )
အိုးကို အသာအယာ လှုပ် လှုပ်ပေးပါ။
သရက္သီး နူးခါနီးရင် ငရုတ်သီးစိမ်းထည့်ပါ။
သရက်သီးနူးရင် နံနံပင်အုပ်ပီး အိုးချစားသုံးနိုင်ပါပီ။

______________________________________________________

မကျည်းရည်ထည့်ဖို့ မလိုပါ။
သရက္သီးက ဝင်းပြင်းချက်မှ စေးစေးပိုင်ပိုင်နဲ့ စားကောင်းတာပါ။
သရက်သီးနုရင် ချဉ်တော့ စားမကောင်းပါဘူး။

တစ္ကယ္လို့ ဆီသတ်မချက်ပဲ လုံးချက်လည်း စားကောင်းပါတယ်။

( လုံးချက် နည်း )
*****************
ဆီလေး ထမင်းစားဇွန်း ၂ ဇွန်းထည့်ပါ။
ငရုတ်သီး အစိမ်းမှုန့်ထည့်ပါ။
ကြက်သွန်ဖြူ/နီ ထောင်းထားတာထည့်ပါ။
သရက္သီး အတုံးများခင်းပါ။
ငါးကို သရက္သီး အတုံးပေါ်တင်ပါ။
ရေနွေး ပူပူထည့်ပီး လုံးချက်ရုံပါပဲ။
ခ်ခါနီး ငရုတ်သီး အစိမ်းတောင့်,နံနံပင် အုပ္ခ်ပါ။

အညှော်မခံလိုသော အိမ်ရှင်မများအတွက်
လုံးခ်က္က အဆင်ပြေပါတယ်။

ဘယ်ငါးပဲ ချက်ချက် ရပါတယ်။

က်မကေတာ့ အရိုးနည်းပီး ညှီနံ့ကင်းတဲ့ ငါးရံ့ကို ပိုကြိုက်လို့
ငါးရံ့နဲ့ ချက်စားတာပါ။

image
1 y - Translate

ခရစ္စတီယာနို ရော်နယ်ဒို နှင့်လီယွန်နယ်မက်ဆီတို့ရဲ့ 2024 ခုနှစ်စွမ်းဆာင်ရည်မှတ်တမ်း

✅ရော်နယ်ဒိုဟာ ကလပ်နှင့် နိုင်ငံအတွက် ဂိုးတွေသွင်းယူ ပေးထားသလို မက်ဆီဟာလည်း ကလပ်နှင့်နိုင်ငံအတွက် ဂိုးဖန်တီးမှု 18ကြိမ်ပြုလုပ်ပေးထားပါတယ်။

image
1 y - Translate

စက်သုံးဆီများကို လိုအပ်သလောက်ဝယ်ယူနိုင်မည့် MPTA FM Application အား ဇန်နဝါရီ ၁ ရက်မှစတင်အသုံးပြုနိုင်ပြီဖြစ်

မည်သည့် စက်သုံးဆီအမျိုးအစားကိုမဆို လို အပ်သလောက်ဝယ်ယူနိုင်မည့် MPTA FM Application အား ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်မှစတင်၍ အသုံးပြုနိုင်ပြီဖြစ်ကြောင်း သိရသည်။

MPTA FM Application အား မှန်ကန်မြန်ဆန်စေရေးဗဟိုကော်မတီ၏ ဦးဆောင်မှုဖြင့် စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ မြန်မာနိုင်ငံစက်သုံးဆီတင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်း(MPTA)နှင့်ပူးပေါင်း၍ ရေးဆွဲခဲ့ခြင်းဖြစ်သည်။

အဆိုပါ Application အား ပြည်သူများအနေဖြင့် ဖုန်းအသုံးပြု၍ နီးစပ်ရာ မည်သည့်စက်သုံးဆီအရောင်းဆိုင်များတွင် မည်သည့်စက်သုံးဆီအမျိုးအစားများကို မည်သည့်စျေးနှုန်းများဖြင့် လိုအပ်သလောက်ဝယ်ယူဖြည့်တင်းနိုင်ခြင်း ရှိ/မရှိသိရှိနိုင်ရန်အတွက် ရေးဆွဲခဲ့ခြင်းဖြစ်သည်။

ယင်း Application ၌ နိုင်ငံတစ်ဝှမ်းရှိ စက်သုံးဆီအရောင်းဆိုင်များတည်နေရာ၊ ဆိုင်ဖွင့်ချိန်/ပိတ်ချိန်၊ ရရှိနိုင်သည့် စက်သုံးဆီအမျိုးအစားနှင့် အရောင်းစျေးနှုန်း သတင်းအချက်အလက်များကို ထည့်သွင်းထားသည်။

ထို့ကြောင့် ၎င်း Application အား Android Version ဖုန်းများဖြင့် Google Play Store တွင် Download ပြုလုပ်ကာ စတင်အသုံးပြုနိုင်ပြီး IOS Version ဖုန်းများဖြင့် F Store မှတစ်ဆင့် Download ပြုလုပ်အသုံးပြုနိုင်ရန်လည်း ဆက် လက်ဆောင်ရွက်လျက်ရှိသည်။

image
1 y - Translate

မိုင်းဆတ်မြို့တွင် ၂ ရက်တိုင်ကျင်းပမည့် မိုင်းဖုန်းဆရာတော်ကြီး၏မွေးနေ့အကြိုအလှူတော်

ရှမ်းပြည်နယ်၊ မိုင်းဆတ်မြို့၌ မိုင်းဖုန်းဆရာ တော်ကြီး၏မွေးနေ့အကြိုအလှူတော်အား ဒီဇင် ဘာ ၃၀ ရက်နှင့် ၃၁ ရက်တို့၌ ၂ ရက်တိုင်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

မိုင်းဖုန်းဆရာတော်ကြီး၏မွေးနေ့အကြိုအလှူတော်အား မိုင်းဆတ်မြို့၊ မွေတော်ဟိုလင်းမင်္ဂ လာစုမ့်မိန်းစေတီတော်ရှိ ကမ္မဌာန်းကျောင်းတိုက် ၌ ဆင်ယင်ကျင်းပသွားမည်ဖြစ်၍ လှုဖွယ်ဝတ္တုပစ္စည်းများ၊ ဆွမ်းနှင့် စတုတိသာများပါဝင်လှူဒါန်းနိုင်ကြောင်း သိရသည်။

မိုင်းဖုန်းဆရာတော်ကြီးသည် သက်တော်(၆၁)နှစ်ပြည့်တော်မူမည်ဖြစ်ကာ ဝိဇာတမွေးနေ့ပွဲအား တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း(က)ကျေးရွာ အုပ်စုရှိ လွန်းလိန်းသာသနာ့နယ်မြေတွင် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်မှ ၆ ရက်အထိ ဆင်ယင်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ဝိဇာတမွေးနေ့ပွဲသို့လာရောက်မည့် အနယ်နယ်အရပ်ရပ်မှ ဧည့်ပရိသတ်များအား စတုဒိသာများကျွေးမွေးလှူဒါန်းသွားမည်ဖြစ်ကာ ဆရာ တော်ကြီးမှလည်း နှီးဘုရားကြီးအနီးရှိ တရား ဟောစင်တွင် တရားရေအေးများတိုက်ကျွေးသွားမည်ဖြစ်ကြောင်း သိရသည်။

image
1 y - Translate

ရုရှားကုန်သင်္ဘောတစ်စင်း ပေါက်ကွဲန-စ်မြုပ်

Ursa Major အမည်ရ ရုရှားကုန်တင်သင်္ဘောတစ်စင်းသည် စပိန်နိုင်ငံ နှင့် အယ်ဂျီးရီယားနိုင်ငံအကြား မြေထဲပင်လယ်ရေပြင်တွင် စက်ခန်းပေါက်ကွဲမှုဖြစ်ပွားကာ န-စ်မြုပ်ခဲ့ကြောင်းနှင့် သင်္ဘောသားနှစ်ဦး ပျောက်ဆုံးနေကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၂၄ ရက်တွင် ပြောကြားခဲ့သည်။

၂၀၀၉ ခုနှစ်တွင် တည်ဆောက်ခဲ့သော အဆိုပါသင်္ဘောသည် ရုရှားကာကွယ်ရေးဝန်ကြီးဌာန စစ်ဘက်တည်ဆောက်ရေးလုပ်ငန်း၏ အစိတ်အပိုင်းဖြစ်သော Oboronlogistika ကုမ္ပဏီက စီမံထိန်းချုပ်ပြီး သင်္ဘောသည် ရုရှားအရှေ့ဖျား ဗလာဒီဗော့စ်တော့ ဆိပ်ကမ်းသို့ သွားရာလမ်းကြောင်းတွင်ရှိနေကာ သင်္ဘောပေါ်တွင် ဆိပ်ကမ်းသုံး ဧရာမကရိန်းကြီးနှစ်ခု တပ်ဆင်ထားသည်ဟု ပြောဆိုထားခဲ့သည်။

သင်္ဘောသား ၁၆ ဦးအနက် ၁၄ ဦးကို ကယ်ဆယ်နိုင်ခဲ့ကာ စပိန်နိုင်ငံသို့ ပို့ဆောင်ထားခဲ့သော်လည်း နှစ်ဦးသည် ပျောက်ဆုံးနေဆဲဖြစ်သည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။ စက်ခန်းပေါက်ကွဲရသည့် အကြောင်းရင်းကိုမူ ပြောဆိုခဲ့ခြင်းမရှိပေ။

ယခင်က Sparta III ဟု ခေါ်တွင်သည့် အဆိုပါကုန်သင်္ဘောသည် ဗလာဒီမာဗော့စ်တော့ဆိပ်ကမ်းတွင် တပ်ဆင်မည့် ဆိပ်ကမ်းသုံး ကရိန်းကြီးများနှင့် ရေခဲခွဲသင်္ဘောသစ်များအတွက် အစိတ်အပိုင်းများကို တင်ဆောင်လာခြင်းဖြစ်သည်ဟု သင်္ဘော၏ နောက်ဆုံးပိုင်ရှင်ဖြစ်သော Oboronlogistika က ဒီဇင်ဘာ ၂၀ ရက်က ထုတ်ပြန်ချက်တွင် ပြောဆိုထားခဲ့သအဆိုပါသင်္ဘောသည် ရုရှားနိုင်ငံ စိန့်ပီတာစဘတ်ဆိပ်ကမ်းမှ ဒီဇင်ဘာ ၁၁ ရက်တွင် ထွက်ခွာသွားခြင်းဖြစ်ပြီး တနင်္လာနေ့ ဂရင်းနစ်စံတော်ချိန် ၂၂၀၄ နာရီတွင် အယ်ဂျီးရီးယားနှင့် စပိန်နိုင်ငံကြား ရေပြင်မှနေ၍ နောက်ဆုံးအချက်ပေးမှုထုတ်လွှင့်ခဲ့သည်ဟု သင်္ဘောလမ်းကြောင်းခြေရာခံ LSGE က ဖော်ပြခဲ့သည်။

image