မန်ချက်စတာစီးတီးအသင်းတိုက်စစ်မှူး ကိုင်လ် ဝေါ်လ်ကာက အီတလီနာမည်ကြီးလိဂ်ဆီပြောင်းရွှေ့ကစားဖို့အတွက် အေစီမီလန်အသင်းမှာခန္ဓာကိုယ်ဆေးစစ်မှူခံယူဖို့အတွက်ပြင်ဆင်နေပါတယ်။
မန်ချက်စတာစီးတီးအသင်းကစားသမား ကိုင်ဝေါ်လ်ကာက ပြီးခဲ့တဲ့အင်္ဂါနေ့တုန်းက အီတလီကိုသွားရောက်ခဲ့ပြီး အီတလီစီးရီးအေနာမည်ကြီးလိဂ်ကလပ်အေစီမီလန်အသင်းဆီပြောင်းရွှေ့ကစားဖို့အတွက်ဖြစ်ပါတယ်။
အဆိုပါအဂ်လန်လက်ရွေးစင်ညာနောက်ခံကစားသမားဟာ ပုဂ္ဂိုလ်ရေးဆိုင်ရာအရရောပြီးခဲ့တဲ့လပိုင်းလောက်တုန်းက ကစားသမားဘ၀မှာပါ ခက်ခဲဒုက္ခရောက်တဲ့အချိန်ကာလတွေရင်ဆိုင်ခဲ့ရပြီးလက်ရှိမှာတော့ သူ့အနေနဲ့မန်ချက်စတာစီးတီးအသင်းကနေပြောင်းရွှေ့ထွက်ခွာဖို့အဆင်သင့်ဖြစ်ပုံရပါတယ်။
ကိုင်လ်ဝေါ်လ်ကာအနေနဲ့ ခန္ဓာကိုယ်ဆေးစစ်ဆေးမှုခံယူဖို့ပြင်ဆင်နေပြီး အေစီမီလန်အသင်းဆီ ၂ နှစ်ခွဲစာချုပ်နဲ့အတူပြောင်းရွှေ့ကစားဖို့စာချုပ်လက်မှတ်ရေးထိုးဖွယ်ရှိတယ်လို့ Daily Mail သတင်းကဖော်ပြခဲ့ပါတယ်။မန်ချက်စတာစီးတီးအသင်းကလည်း အဆိုပါအဂ်လန်နောက်ခံကစားသမားကိုလက်လွှတ်ဖို့အဆင်သင့်ဖြစ်နေပါတယ်။
လက်ရှိမှာတော့ ကိုင်လ်ဝေါ်လ်ကာဟာ အသက် ၃၄ နှစ်ရှိပြီး ဒီရာသီကာလမှာ လျင်မြန်မှုအတော်လေးကျဆင်းလာခဲ့တာဖြစ်ပါတယ်။
#ဘောလုံးသတင်းစုံ
