16 w - Translate

Skin Aqua Super Moisture UV Gel & Barrier UV Gel🌟

စျေးသက်သက်သာသာနဲ့ sunscreen ကောင်းကောင်းသုံးချင်တယ်ဆိုရင် အရွေးသင့်ဆုံး Japanese sunscreen 2ခုပါ။ Japan မှာလဲ အရမ်းကိုလူကြိုက်များပြီး Global ထိပေါက်တဲ့ sunscreen တွေဖြစ်လို့ အရည်အသွေးပိုင်းကို စိတ်ချလို့ရပါတယ်။

Nyi ကတော့ သူတို့ရဲ့ texture ပိုင်းကို အရမ်းကိုအားရတယ်။ အရင်ကထွက်ခဲ့တဲ့ sunscreen တွေကို Formula ပိုင်း upgrade လုပ်ထားတာဆိုတော့ သုံးရတဲ့အပိုင်းမှာ လတ်ဆက်ခေတ်မှီနေရောပဲ။ အရင်ကထက် အများကြီးပိုပြီး improve ဖြစ်လာပါတယ်။

UV Gel (140g) - သူက Milky consistency လိုမျိုး အရည်အရမ်းကျဲပြီး မျက်နှာပေါ်တင်လိုက်တာနဲ့ စီးကျတဲ့အထိပဲ။ လိမ်းရတာ ရှောရှောရူရူနဲ့ စက္ကန့်ပိုင်းအတွင်း စိမ့်ဝင်တယ်။ စေးကပ်ကပ် ပျစ်ချွဲချွဲကြီး မနေဘူး။ လိမ်းထားရင် မျက်နှာလေးက soft & smooth ဖြစ်နေရော။ နောက်ကနေ makeup လိုက်လိမ်းလို့လဲ ကောင်းပါတယ်။

Barrier UV Gel (100g) - 2ခုယှဉ်ရင် သူက နဲနဲလေးပိုပျစ်ပေမယ့် တချို့ sunscreen တွေထက်တော့ အများကြီးပိုကျဲနေတုံးပဲ။ Essence texture လေးကိုမှ လိမ်းလိုက်ရင် moisture ပြည့်ပြည့်ဝဝပေးတယ်။ Moisturizer ကျော်လိမ်းလို့ရတဲ့ထိ အစိုဓာတ်ဖြည့်ပေးတယ်ပေါ့နော်။ Texture ရဲ့ လိမ်းရတဲ့ခံစားချက်က အိစက်နူးညံ့နေရော။

2ခုလုံးက All skin types သုံးလို့ရပေမယ့် Oily, Combination skin ဆိုရင် UV gel ရွေးပါ။ Normal, Dry skin ဆိုရင် Barrier UV gel ရွေးပါဗျ။

သူတို့ရဲ့ တခုတည်းသော အားနည်းချက်ဆိုရင် လိမ်းတဲ့အခါ Alcohol နံ့လေးတော့ နဲနဲပြင်းပါတယ်နော်။ နောက်ပြီး အဆီထိန်းတဲ့ sunscreen မျိုးမဟုတ်လို့ powder လေးနဲ့ တွဲသုံးဖို့ အကြံပေးပါရစေဗျ။ တဗူးမှာ 100g, 140g ပါပြီး စျေးနှုန်းအားဖြင့် 3သောင်းကျော်ပဲရှိလို့ အရမ်းကိုတန်ပါတယ်နော်။

#crd
#skincarereview

image