ရှာဖွေပါ။ ပို့စ်များExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ဘိန်းစာရွက်ပြုတ်ရည်ကို အုပ်စုဖွဲ့သောက်နေကြသည့် မြန်မာ ၂၆ ဦးကို ထိုင်းဥပဒေအရ အရေးယူရန် ဖမ်းဆီးထား
ဇန်နဝါရီ ၃၁
ဘိန်းစားရွက်ပြုတ်ရည်ကို အုပ်စုဖွဲ့သောက်နေကြသည့် မြန်မာ ၂၆ ဦးကို ထိုင်းဥပဒေအရ အရေးယူရန် ဖမ်းဆီးထားကြောင်း ထိုင်းဒေသတွင်း သတင်းများအရ သိရသည်။
ယမန်နေ့ ဇန်နဝါရီလ ၂၉ ရက် ညနေ ၅ နာရီခွဲခန့်အချိန်တွင် စမွတ်စခွန်ခရိုင် လူဝင်မှုကြီးကြပ်ရေးအဖွဲ့ဦးဆောင်သော ပြည်သူ့ကျန်းမာရေး အုပ်ချုပ်ရေး ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့က လိုက်လံစစ်ဆေးမှုပြုလုပ်စဉ် ဘိန်းစာရွက်ပြုတ်ရည် သောက်နေကြသည့် မြန်မာနိုင်ငံသား အုပ်စုတစ်စုကို တွေ့ရှိသည့်အတွက် ဖမ်းဆီးလိုက်ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းတို့ကို ဘိန်းစားရွက်ပြုတ်ရည်ရောင်းချသူသော စမွတ်ဆာခွန်ခရိုင်၊ ကထုန့်ဘဲင်မြို့နယ်၊ အမှတ် (၆)၊ ခေါင်မဒူကျေး ရွာ၊ ထိုင်းနိုင်ငံသားတစ်ဦး၏တိုက်ခန်းအတွင်းဝင်ရောက် စစ်ဆေးစဉ်တွေ့ရှိခဲ့ခြင်းဖြစ်ပြီး လူ ၃၀ တွင် ၂၆ ဦးက ဘိန်းစာရွက်ပြုတ်ရည်သောက်နေကြကြောင်း သိရသည်။
ထို့ကြောင့် သောက်သုံးကြသည့် ၂၆ ဦးကို ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း၊ ယင်းမြန်မာနိုင်ငံသားလူငယ်များမှာ ထိုင်းနိုင်ငံသို့ တရားဝင်ရောက်ရှိနေသူများ ဖြစ်ကြောင်း၊ သို့သော်လည်း ထိုင်းနိုင်ငံ ဥပဒေကို ချိုးဖောက်သောကြောင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း စမွတ်ဆာခွန်ခရိုင်ပြန်ကြားရေးဌာန၏ ထုတ်ပြန်ချက်ကို ကိုးကား၍ ဒေသတွင်း သတင်းများက ရေးသားကြသည်။
လက်ရှိတွင် ကထုန့်ဘဲင်ရဲစခန်း၌ ဘိန်းစာရွက်ပြုတ်ရည်ရောင်းသော ထိုင်းနိုင်ငံသားနှင့် မြန်မာနိုင်ငံသားတို့ကို ထိန်းသိမ်းထားပြီး ဥပဒေအရ အရေးယူဆောင်ရွက်မည် ဖြစ်ကြောင်းလည်း သိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၁၉ ရက်ကလည်း စမွတ်ဆာခွန်ခရိုင်၊ ကထုန့်ဘဲင်မြို့နယ်၊ အမှတ် (၆)၊ အောင့်နွဲ့ကျေးရွာတွင် ဘိလိယက်ခုံဖြင့် တွဲပြီးဖွင့်ထားသည့် ဈေးဆိုင်တစ်ဆိုင်၌ ဘိန်းစာရွက်ပြုတ်ရည်တမြမြနှင့် ဘိလိယက် ထိုးနေကြသည့် မြန်မာနိုင်ငံသား ၃၀ ကျော် အဖမ်းခံခဲ့ရသေးသည်။
#centralnewsnaypyitaw


+6
ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ
ဇန်နဝါရီ ၃၁
#ရွှေဈေး
-ကမ္ဘာ့ရွှေဈေး
တအောင်စ ၂၇၉၅ ဒေါ်လာ
ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း
- အကယ်ဒမီ မီးလင်းရွှေ တကျပ်သား
၅၄၅၀၀၀၀ ကျပ်
ပြင်ပ အရောင်းအဝယ်ဖြစ်တဲ့ ရွှေဈေးနှုန်း
-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၆၅၀၀၀၀၀ ကျပ်
ဝယ်ဈေး ၆၄၆၀၀၀၀ ကျပ်
-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၆၃၀၀၀၀၀ ကျပ်
ဝယ်ဈေး ၆၂၆၀၀၀၀ ကျပ်
“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”
(ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။)
#နိုင်ငံခြားငွေလဲလှယ်နှုန်း
-မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း
အမေရိကန် တဒေါ်လာ - ၃၅၉၃ ကျပ်
ပြင်ပပေါက်စျေး
-အမေရိကန်ဒေါ်လာ
ရောင်းဈေး - ၄၅၆၀ ကျပ်
ဝယ်ဈေး - ၄၄၆၀ ကျပ်
-စင်္ကာပူဒေါ်လာ
ရောင်းဈေး - ၃၃၇၀ ကျပ်
ဝယ်ဈေး - ၃၂၇၀ ကျပ်
-ယူရို
ရောင်းဈေး - ၄၇၅၅ ကျပ်
ဝယ်ဈေး - ၄၆၃၀ ကျပ်
-ထိုင်းဘတ်
ရောင်းဈေး - ၁၃၆.၀၅ ကျပ်
ဝယ်ဈေး - ၁၃၂.၄၅ ကျပ်
-မလေးရှားရင်းဂစ်
ရောင်းဈေး - ၁၀၃၆ ကျပ်
ဝယ်ဈေး - ၁၀၀၉ ကျပ်
-တရုတ်ယွမ်
ရောင်းဈေး - ၆၃၁ ကျပ်
ဝယ်ဈေး - ၆၁၄ ကျပ်
-ဂျပန်ယန်း
ရောင်းဈေး - ၂၉.၇၃ ကျပ်
ဝယ်ဈေး - ၂၈.၇၄ ကျပ်
-အိန္ဒိယရူပီး
ရောင်းဈေး - ၅၂.၈၀ ကျပ်
ဝယ်ဈေး - ၅၁.၄၀ ကျပ်
-ကိုရီးယားဝမ်
ရောင်းဈေး - ၃.၁၄ ကျပ်
ဝယ်ဈေး - ၃.၀၆ ကျပ်
-စတာလင်ပေါင်
ရောင်းဈေး - ၅၆၈၀ ကျပ်
ဝယ်ဈေး - ၅၅၃၀ ကျပ်
-ဩစတြေးလျဒေါ်လာ
ရောင်းဈေး - ၂၈၄၀ ကျပ်
ဝယ်ဈေး - ၂၇၆၅ ကျပ်
-ကနေဒါဒေါ်လာ
ရောင်းဈေး - ၃၁၆၀ ကျပ်
ဝယ်ဈေး - ၃၀၇၅ ကျပ်
-ဟောင်ကောင်ဒေါ်လာ
ရောင်းဈေး - ၅၈၆ ကျပ်
ဝယ်ဈေး - ၅၇၁ ကျပ်
-ယူအေအီး
ရောင်းဈေး - ၁၂၄၅ ကျပ်
ဝယ်ဈေး - ၁၂၁၂ ကျပ်
ငွေလဲနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။
***သတ်မှတ်ဈေးအတိုင်း အရောင်းအဝယ်မလုပ်ပါက အရေးယူခံရနိုင်သည်။
#သတင်းဟင်းလေးအိုးကြီး
YBS ပေါ်မှာ ဆံပင်ရှည်နဲ့ မိန်းကလေးတွေ အထူးဂရုပြုရမယ့် အဖြစ် (ဆံပင်စည်းထားတာတောင် မရ ရအောင် လုပ်သွားတာပါ)
YBS 129 နဲ့ YBS 33 စီးသည့် မိန်းကလေးများ ဂရုစိုက်ကြပါရှင်။ ဆံပင်ချထားပြီး စီးတာမဟုတ်ပါဘူးရှင်။ ပထမနေ့က သူငယ်ချင်းက ဆံပင်ပီကေကပ်ခံရလို့ သတိပေးပါတယ်။ ကျစ်ဆံမြီး ကျစ်ပြီး ဆံပင်ရှေ့မှာ ထားစီးတာပါ။ သာကေတ ရောက်ခါနီး လူကြပ်တော့ မှတ်တိုင်ဆင်းခါနီး လူတိုးရင်း ဆံပင်ကို ချောကလက်တွေ အရည်ဖျော်ပြီး အဆုပ်လိုက် ကပ်လိုက်တာပါ။
ကိုယ်က ချောကလက်ဆိုတော့ ခေါင်းလျှော်လိုက်လို့ရပါတယ်။ သူငယ်ချင်းက ပီကေကပ်ခံရတော့ ဆံပင်ညှပ်လိုက်ရပါတယ်။ မျက်စိဆံပင်မွှေး စူးအောင်လဲ အသံကျယ်ကျယ် ဆံပင်ဖားလျား ချစီးတာ မဟုတ်ပါဘူးရှင့်။ မေတ္တာပဲ ပို့ပေးလိုက်ပါတယ်။ မိန်းကလေးများ သတိထားကြပါ။
#ရွှေဖရုံသီးမုန့်လုံးကြော်နည်း♡
Chinese Deep Fried Pumpkin Cake
ရွှေဖရုံသီးမုန့်လုံးကိုပဲယိုအစာသွပ်ပြီးကြော်ထားတဲ့ချိုမွေးကြွပ်ရွအရသာရှိလှတဲ့ရွှေဖရုံသီးမုန့်လုံးကြော်လေးဖြစ်ပါတယ်။
ပြုလုပ်ရလွယ်ကူပြီးရွှေဖရုံနဲ့ကောက်ညင်းနှစ်သက်သူများအတွက်လုပ်နည်းလေးမျှဝေပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်း (၁၇ခု)
*********
ရွှေဖရုံသီး - ၅၀၀.ဂရမ်
ကောက်ညင်းမုန့် - ၃၀၀ဂရမ်
ပဲယို - တစ်ပန်းကန်
ပေါင်မုန့် ခြောက် - တစ်ပန်းကန်
ဆီ - ကြော်ရန်
ပြင်ဆင်ပြုလုပ်ပုံ
***********
(၁)ရွှေဖရုံသီးကိုအခွံသင်ပြီးအတုံးသေးသေးတုံးကာနူးအိအောင်ပေါင်းပါ။သို့မဟုတ် မိုက်ခရိုဝေ့တွင်၅မိနစ်ခန့်ထည့်ပါ။
(၂)ရွေဖရုံသီးနူးအိပါကထွက်လာသောရေများကိုသွန်ပစ်ပြီးဇွန်းဖြင့်ကြေအောင်ဖိချေပေးပါ။
(၃)ချေပြီးသားရွှေဖရုံအနှစ်ထဲသို့ကောက်
ညင်းမုန့်ကိုဖြည်းဖြည်းဆီထည့်ပြီးမုန့်လုံးလုံးနိုင်သောအနေထိရအောင်ထည့်နယ်ပါ။
(၄)မုန့်လုံးလုံးနိုင်သောအနေရပါက၁၇လုံးအညီလုံးထားပါ။ပဲယိုကိုလည်းအသင့့်လုံး ထားပါ။
(၅)အားလုံးအသင့်ဖြစ်ပါကကောက်ညင်းလုံးကိုဖိပြားပြီးပဲယိုထည့်လုံးကာသာသာဖိပြားပြီးပေါင်မုန့်ခြောက်ကပ်ပါ။
(၆)မုန့်လုံးအားလုံးအစာသွပ်ပြီးပါကဆီပူအိုးတွင်နှစ်မိနစ်မှသုံးမိနစ်ထိရွှေရာင်ရအောင်ကြော်ပေးပြီးဆယ်ယူဆီစစ်ကပူပူနွေးနွေးတည်ခင်းသုံးဆောင်နိုင်ပါပြီ။
ပဲယိုပြုလုပ်နည်း
*********
ပဲလွန်း - ၂၅ကျပ်သား
ထန်းလျက် ၂၅ကျပ်သား
ဆီ - ၁၅ ကျပ်သား
ဆား - အနည်းငယ်
(၁)ပဲလွန်းကိုရေတညစိမ်ပြီးဆော်ဒါလ္ဘက်ဇွန်းတစ်ဇွန်းထည့်ပြီးပြုတ်ပါ။
(၂)ပဲနူးပါကရေစစ်ထားပြီးကြိတ်စက်ဖြင့်ကြေအောင်ကြိတ်ပါ။
(၃)ထန်းလျက်ကိုရေအနည်းငယ်ဖြင့်ကျိုပြီးအမှိုက်များစစ်ထုတ်ပါ။ပြီးလျှင်ညောင်စေးကျအောင်ပြန်ကျိုထားပါ။
(၄)ပဲယိုထိုးမည့်ဒယ်အိုးတွင်ဆီထည့်ပြီးထန်းလျက်ထည့်ကြော်ပါ။
(၅)မွှေးပြီးထန်းလျက်ပွလာပါကပဲကြိတ်ထားသည်ကိုထည့်ပါ။ဆားအနည်းငယ်ထည့်ပြီးရေခမ်းဆီပြန်လာသည်ထိမွေပေးပါ။
ပဲတွင်ရေကျန်ပါကထန်းလျက်တွင်ရေကျန်ပါကကျိုနေစဉ်တွင်အပူများစင်တတ်ပါတယ်။
(၆)အထားခံရန်ဆီပြန်ပြီးလုံးလာသည်ထိကျိုပေးပါ။ပြီးလျှင်အအေးခံထားကာလိုသလိုအသုံးပြုနိုင်ပါပြီ။
**ပဲယ်ိုကိုစူပါမားကတ်များတွင်အသင့်သုံးအထုပ်များလည်းဝယ်ယူအသုံးပြုနိုင်ပါတယ်။
Crd.ဆိုဖီယာ
စက္ကန့်ပိုင်အတွင်းသက်သာစေမည့်
ဆီးကျင်.. ဆီးအောင့်..ဆီးအဖြူဖတ်
လ္ဘက်ခြောက်နှင့် သကြား စိမ်သောက်ပါ..
- လ္ဘက်ခြောက် ၁ ခါခပ်
- သကြား ထမင်းစားဇွန်းနှင့် ၁ ဇွန်းခွဲ
- ရေ ဖန်ခွက် တဝက်
နာရီဝက် စိမ်ထားပြီးမှ သောက်ပါ..
စက္ကန့်ပိုင်းအတွင်း သက်သာပါမည်..
#အမစိမ်းလဲ့ညို မှ ကျန်းမာရေးဒါနပြုပါသည်။
#ကျောက်ကပ်ကြောင့်
ဆီးများခြင်း ဆီးနည်းခြင်း ဆီးပူ ဆီးနံ ဆီးဝါ ဆီးကျင် ဆီးမသွားနိုင်ခြင်း အားလုံးအတွက်တော့ အညာဖက် ရေရှားတဲ့အရပ်မှာ သဘာဝပေါက်ရောက်တဲ့ ဆူးလေးပင်ကို အပင်လိုက် ၃ခွက် ၁ခွက်တင်ကြိုသောက်ပါ။
သဘာဝတရားကြီးက ရေရှားတဲ့အရပ် ကျောက်ကပ်မကောင်းကြလို့ အဖြစ်များတဲ့ ရောဂါတွေကုသဖို့ အပင်တွေပေါက်ပေးထားပါတယ်။
လူတွေက ဂေဟစနစ်ကို ဖျက်ဆီးပြီး အနာရောဂါတွေ လူကြောင့်ပဲဖြစ်ရတယ်။
#မူရင်းရေးသားသူအားလေးစားစွာဖြင့်
စက္ကန့်ပိုင်အတွင်းသက်သာစေမည့်
ဆီးကျင်.. ဆီးအောင့်..ဆီးအဖြူဖတ်
လ္ဘက်ခြောက်နှင့် သကြား စိမ်သောက်ပါ..
- လ္ဘက်ခြောက် ၁ ခါခပ်
- သကြား ထမင်းစားဇွန်းနှင့် ၁ ဇွန်းခွဲ
- ရေ ဖန်ခွက် တဝက်
နာရီဝက် စိမ်ထားပြီးမှ သောက်ပါ..
စက္ကန့်ပိုင်းအတွင်း သက်သာပါမည်..
#အမစိမ်းလဲ့ညို မှ ကျန်းမာရေးဒါနပြုပါသည်။
#ကျောက်ကပ်ကြောင့်
ဆီးများခြင်း ဆီးနည်းခြင်း ဆီးပူ ဆီးနံ ဆီးဝါ ဆီးကျင် ဆီးမသွားနိုင်ခြင်း အားလုံးအတွက်တော့ အညာဖက် ရေရှားတဲ့အရပ်မှာ သဘာဝပေါက်ရောက်တဲ့ ဆူးလေးပင်ကို အပင်လိုက် ၃ခွက် ၁ခွက်တင်ကြိုသောက်ပါ။
သဘာဝတရားကြီးက ရေရှားတဲ့အရပ် ကျောက်ကပ်မကောင်းကြလို့ အဖြစ်များတဲ့ ရောဂါတွေကုသဖို့ အပင်တွေပေါက်ပေးထားပါတယ်။
လူတွေက ဂေဟစနစ်ကို ဖျက်ဆီးပြီး အနာရောဂါတွေ လူကြောင့်ပဲဖြစ်ရတယ်။
#မူရင်းရေးသားသူအားလေးစားစွာဖြင့်