ရှာဖွေပါ။ ပို့စ်များExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ကြက်သားရခိုင်သုပ်
------------------------
ချဉ်ချဉ်စပ်စပ်အရသာလေးနဲ့ ထမင်းမြိန်စေမယ့် အသုပ်လေးတစ်မျိုးပါ။ လုပ်စားကြည့်ကြပါနော်။
ပါဝင်ပစ္စည်းများ
• ကြက်သား - ၂ဝဝ ဂရမ်
• ငရုတ်သီးစိမ်း/နီ - ၁၀ တောင့်
• ကြက်သွန်ဖြူ - ၆ မြွှာ
• သကြား - အနည်းငယ်
• ကြက်သွန်နီ - ၂ လုံး
• သံပရာသီး - ၂ လုံး
• ငံပြာရည် - စားပွဲဇွန်း ၁ ဇွန်း
• စိမ်းစားငါးပိ - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
• ဆား - အနည်းငယ်
• ကြက်သွန်မြိတ် - ၃ ပင်ခန့်
• ခရမ်းချဉ်သီး - ၂ လုံး
• ရှောက်ရွက် - ၇ ရွက်ခန့်
ပြုလုပ်နည်း
ကြက်သွန်နီနှင့် ခရမ်းချဉ်သီးတို့ကို ပါးပါးလှီးထားပါ။ ကြက်သွန်မြိတ်ကို အနေတော် လှီးပြီး ရှောက်ရွက်ကို ပါးပါးလှီးပါ။ သံပရာသီးကို အရည်ညှစ်ရန်အတွက် လှီးထားပါ။ ပြီးလျှင် အိုးကို မီးဖိုပေါ်တင်ပြီး ကြက်သွန်ဖြူနှင့် ငရုတ်သီးစိမ်း/နီတို့ကို အနံ့မွှေးလာသည်အထိ
လှော်ပါ။ လှော်ထားတဲ့ ငရုတ်သီးစိမ်း/နီနှင့် ကြက်သွန်ဖြူတို့ကို ထောင်းပါ။ ထောင်းထားတဲ့ အထဲ စိမ်းစားငါးပိထည့်ပြီး သံပရာရည်ထည့်ပါ။ ဆား၊ သကြား၊ ငံပြာရည်ထည့်ပြီး
နှံ့စပ်အောင် နယ်ပါ။ ပြီးလျှင် ပြုတ်ပြီး ပြင်ထားတဲ့ ကြက်သား၊ ကြက်သွန်နီ၊ ရှောက်ရွက်၊ ကြက်သွန်မြိတ်နှင့် ခရမ်းချဉ်သီးတို့ကို ထည့်ပြီး နှံ့အောင်မွှေထားပါ။ အရသာပြည့်စုံပြီဆိုလျှင် ပန်းကန်မှာပြင်ပြီး သုံးဆောင်နိုင်ပါပြီ။
-----------------------------
စာချုပ်သစ်သည်မန်စီးတီအပေါ် ယုံကြည်မှုကို ဟာလန်သက်သေပြခြင်းဟု ဂွါဒီယိုလာပြော
...............
ကာလရှည်စာချုပ်သစ်ကို ချုပ်ဆိုပြခဲ့တာက မန်စီးတီးအသင်းအပေါ်ယုံကြည်မှုကို ဟာလန်း သက်သေပြခဲ့တာဖြစ်တယ်လို့ နည်းပြ ဂွါဒီယိုလာက ပြောလိုက်ပါတယ်။
မန်စီးတီးအသင်းဟာ နော်ဝေ တိုက်စစ်မှူး ဟာလန်းကို ၂၀၃၄ အထိ သက်တမ်းရှိတဲ့ ၉ နှစ်ခွဲစာချုပ်သစ်ကို ချုပ်ဆိုနိုင်ခဲ့တာဖြစ်ပါ တယ်။မန်စီးတီးအသင်းဟာ လက်ရှိမှာ ပရီးမီးယားလိဂ် ဘဏ္ဍာရေးစည်းကမ်းချိုးဖောက်မှု ၁၁၅ ချက်နဲ့ စွဲချက်တင်ခံထားရပြီး စစ်ဆေးမှုခံနေရတာဖြစ်ပါတယ်။ တကယ်လို့ အပြစ်ရှိခဲ့မယ်ဆိုရင် အမှတ်လျှော့ ပြစ်ဒဏ်အပြင် တန်းဆင်းရတဲ့အထိ ရှိလာနိုင်တာပါ။ ဒီလိုကာလရှည်စာချုပ်မျိုး ချုပ်တယ် ဆိုတာ အသင်းကို ယုံကြည်မှုဘယ်လောက်ရှိလဲဆိုတာ ပြသလိုက်တာပါပဲလို့ ဂွါဒီယိုလာက ပြောသွားခဲ့တာဖြစ်ပါတယ်။ ၂၀၂၂ မှာ ဒေါ့မွန်အသင်းကနေ မန်စီးတီးအသင်းကို ရောက်ရှိလာခဲ့တဲ့ တိုက်စစ်မှူး ဟာလန်းဟာ မန်စီးတီးအတွက် ၁၂၆ ပွဲမှာ ၁၁၁ ဂိုးအထိသွင်းယူပြခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ် ဩဂုတ်လက ချဲလ်ဆီအသင်းနဲ့ ပယ်မာတို့ချုပ်ဆိုခဲ့တဲ့ ၉ နှစ်သက်တမ်းစာချုပ်ကို ကျော်ဖြတ်ပြီး ဟာလန်းရဲ့စာချုပ်သစ်က ပရီးမီးယားလိဂ်ရဲ့ သက်တမ်းအများဆုံး စာချုပ်ဖြစ်လာခဲ့ပါတယ်။ မန်စီးတီးအသင်းနဲ့အတူ နောက်ထပ်နှစ်များစွာ ဖြတ်သန်းခွင့်ရတော့မှာဖြစ်လို့ ပျော်ရွှင်မိပါတယ်လို့ စာချုပ်သစ်ချုပ်ဆိုအပြီးမှာ ဟာလန်းက ပြောသွားခဲ့ပါတယ်။