မနာကြ၊င်ချင်ရင်
ကိုယ်ကဦးအောင် ဖော၊က်ပြန်

image
43 w - Translate

လူငယ်စာဖတ် ပရိသတ်တွေကြားမှာ နာမည်ကြီးတဲ့ စာရေးဆရာကြီး သိုးဆောင်းရဲ့ 'အကြင်သူသည်"စာအုပ်ကို ရုပ်ရှင်ရိုက်ကူးသွားမယ် ထူးအံ့လွင်

တချိန်က ရွှေကြိုပြိုင်ပွဲဝင်တယောက်ဖြစ်ခဲ့ပြီး အနုပညာအလုပ်တွေအပေါ် ကြိုးစားချင်စိတ်ရှိတဲ့ ထူးအံ့လွင်ကတော့ ND တယောက်အဖြစ် ပရိသတ်ခိုင်ခိုင်မာမာရရှိလာချိန်မှာ မင်းသားတယောက်အနေနဲ့လည်း ကမ်းလှမ်းမှုတွေ ရရှိနေခဲ့တာပါ။

ဒီအချိန်မှာတော့ ထူးအံ့လွင်ဟာ 2025 ခုနှစ်ရဲ့ ဒုတိယပရောဂျက်ကို ချပြလာခဲ့ပြီး အမျိုးသားလူငယ်ပရိသတ်တွေရဲ့ အသည်းစွဲ 'အကြင်သူသည်' စာအုပ်ကိုမှ ရုပ်ရှင်အဖြစ် ပြန်လည်ရိုက်ကူးဖို့ အစီအစဉ်ရှိနေတာကြောင့် လူငယ်တွေကြားမှာ ပွဲဆူနေခဲ့တာလည်း ဖြစ်ပါတယ်။

ဒီဇာတ်လမ်းဟာ လူတကာ ရုန်းမထွက်နိုင်လောက်အောင် စွဲလမ်းစရာကောင်းတဲ့ မိန်းကလေးတယောက်ရဲ့ အထိအတွေ့ကို ပဓာနမထားဘဲ ဖြူစင်စွာ ချစ်ပြနိုင်ခဲ့တဲ့ အမျိုးသားလေးတယောက်ရဲ့ အချစ်ကို တင်ဆက်ပြထားခဲ့တာဖြစ်ပြီး အဓိကဇာတ်ဆောင်နေရာမှာ ထူးအံ့လွင် ကိုယ်တိုင် ဝင်ရောက်သရုပ်ဆောင်သွားမှာလား ၊ ထုတ်လုပ်သူအဖြစ် စီစဉ်ရိုက်ကူးသွားမှာလားဆိုတာကိုတော့ အတိအကျ မသိရနိုင်သေးတာလည်း ဖြစ်ပါတယ်။

#updatenews

image
43 w - Translate

ဝေဖန်ခံနေရပေမဲ့ ဖြူစင်သော စိတ်ထားလေးကြောင့် တောရွာဘက်ကအလှူပွဲတွေမှာ သွားရောက် ဖျော်ဖြေနေရတဲ့ ပရဟိတမင်းသမီးလေး ဖြူဖြူထွေး💛💛💛

ကြော်ငြာတွေလည်း မနားတန်းဆိုသလို ရိုက်နေရတဲ့ ဖြူဖြူထွေးလေး😍

ဖြူဖြူထွေးလေး ဒီထက်မကအောင်မြင်ပါစေ🙏

#updatenews

image
image
image
image

အင်္ဂလိပ်စာ အမြန်တတ်နည်း 🤌🏿

image

မှတ်တောင်မမှတ်မိတော့ဘူး😁

image

ရွှေသောင်ယံ မကျီးဇင်ရွာမှာ တိုက်ပွဲငြိမ်သက်ပေမယ့် စစ်ရှောင်သူ တိုးလာ​နေ၊ ငွေဆောင်၊ ချောင်းသာလမ်း မပိတ်သေး

ဇန်နဝါရီ ၁၂

ဧရာ၀တီတိုင်း၊ ပုသိမ်မြို့နယ်၊ ရွှေသောင်ယံမြို့ ၊ မကျီးဇင် ကျေးရွာမှာ မနေ့ကစပြီး ဒီနေ့ဇန်နဝါရီ ၁၂ ရက်မှာတော့ လက်နက်ကြီးပစ်ခတ်သံတွေ ရပ်သွားပြီး တိုက်ပွဲဖြစ်ပွားမှုမရှ်ဘဲ ပစ်ခတ်သံတွေငြိမ်နေတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

" မကျီးဇင်မှာမနေ့ကရော ဒီနေ့ရောတိုက်ပွဲဖြစ်တာမရှိပါဘူး။မကျီးဇင်မှာ လက်နက်ကြီးသံမကြားရတော့ဘူး။အပစ်ခတ်ရပ်နေတယ်။တဖက်အဖွဲ့တွေလည်းပြန်ဆုတ်သွားပြီလို့မြေပြင်ရှိတဲ့သူတွေဆီက သိရတယ်။ " လို့ ဒေသခံကပြောပါတယ်။

လက်ရှိမကျီးဇင်ရွာဘက်မှာ ပစ်ခတ်မှုငြိမ်နေပေမယ့် အရင်ရက်တွေတုန်းက မကျီးဇင်ရွာမှာ AAနဲ့နစကတပ်တွေအကြားတိုက်ပွဲတွေပြင်းထန်ခဲ့တဲ့အခြေအနေ ကြောင့် မကျီးဇင်ရွာ ဒေသခံတွေ အရေးပေါ်စစ်ဘေးရှောင်ခဲ့ကြရသလို အနီးရှိ ဘောမိ၊မီးလောင်ချိုင်မှပြည်သူတွေလည်း ကြိုတင်ပြီးစစ်ဘေးရှောင်ကြရ တယ်လို့သိရပါတယ်။

မကျီးဇင်ဘက်မှာ နယ်မြေအေးချမ်းမှုမရှိဘဲ စစ်ရှောင်လာသူတွေရှိပေမယ့် ရွှေသောင်ယံအပါအဝင် ချောင်းသာကမ်းခြေ၊ ငွေဆောင်ကမ်းခြေ၊ဝက်သေ ၊သဖော့ကန်၊ သဲကျင်း ၊ပိုးလောင်း ၊ကျွန်းချောင်း၊မာ့သာ၊ မီးလောင်ချိုင်၊တောင်နီမော် ၊ဘောမိတလျောက် မှာတော့
အခြေအနေအေးဆေးငြိမ်သက်ပြီးပုံမှန်အတိုင်းသွားလာမှုရှိနေတယ်လို့ဒေသခံတွေပြောပြချက်အရ သိရပါတယ်။

" မကျီးဇင် ၊ ဘောမိဘက်ကရှောင်တိမ်းလာကြသူတွေရှိသလို တိုက်ပွဲမဖြစ်သေးပေမယ့်
ပိတ်မိမှာစိုးလို့ ရှောင်တိမ်းလာကြသူတွေရှိတယ်။ဒါပေမယ့်ခုထိ ချောင်းသာ နဲ့ ငွေဆောင်ဖက်မှာလာရောက်လည်ပတ်သူတွေ ရှိသလိုပြန်သွားကြသူတွေ လည်းရှိတယ်။အခြေအနေ အေးချမ်းငြိမ်သက်နေပါတယ်။ဟိုတယ်တွေ ပိတ်ခိုင်းနေတယ်ဆိုတာနဲ့ ဟိုတယ်တွေ ပိတ်မယ်ဆိုတာလည်းသတင်းမမှန်သလို လက်ရှိဖွင့်နေတဲ့ဟိုတယ်တွေလည်း ဒီရက်ပိုင်းမှ ပိတ်လိုက်တာမရှိသေးပါဘူး။" လို့ ရွှေသောင်ယံ ဒေသခံကပြောပါတယ်။

လက်ရှိအထိ ချောင်းသာ ၊ ငွေဆောင် ၊
ရွှေသောင်ယံ၊ ဝက်သေ ၊သဖော့ကန်ဖက်အသွား
ကားလမ်းကို ပိတ်ထားခြင်းလည်းမရှိသလို ဇန်နဝါရီ ၁၃ ရက်ကနေ၁၅ ရက်အထိကားလမ်းပိတ်မယ်ဆိုတဲ့သတင်းကလည်းကောလဟာလသာဖြစ်ကြောင်း၊ ကားလမ်းပိတ်မယ့်ညွှန်ကြားချက်လည်း မရှိသေးကြောင်း အုပ်ချုပ်ရေးပိုင်းနဲ့ရင်းနှီးတဲ့ဒေသခံကပြောပါတယ်။

တိုက်ပွဲဖြစ်ပွားခဲ့တဲ့ ရွှေသောင်ယံမြို့နယ်၊မကျီးဇင်ရွာ နဲ့ ချောင်းသာကမ်းခြေ၊ငွေဆောင်ကမ်းခြေတို့က ခရီးစဥ်လမ်းကြောင်းအရ မဝေးတဲ့ခရီးဖြစ်တဲ့အတွက် ဒေသခံအချို့ကတော့ ခုချိန်မှာအပျော်ခရီးတွေမသွားသင့်ဘူးလို့ အကြံပြုပြောဆိုကြပါတယ်။

" မကျီးဇင်က ပုသိမ်နဲ့ အတော်နီးနေပါပြီ။
၆ နာရီခရီးလောက်ပေါ့။ လမ်းတော့ နည်းနည်းကြမ်းမယ်။ မ ကျီးဇင်ကနေ တောင်ဘက်ကိုဆက်လာလိုက်ရင် ဘောမိဆိုတဲ့ရွာကြီးရှိတယ်။
ရခိုင်ကလာတဲ့ ကမ်းခြေပတ်လမ်းဟာ အဲ့ဘောမိရွာမှာ ဆုံးပါတယ်။ ဘောမိတဖက်ကမ်းကို ကူးပြီးသွားပြီဆိုရင် ဒီဘက် ချောင်းသာငွေဆောင်ဆိုတာ ဘာဝေးလို့တုန်း။ " ဒေသခံနောက်ထပ်တယောက်ကပြောပါတယ်။

AAနဲ့နစက တပ်တွေအကြား ဂွမြို့နယ်အစပ်ရှိကျေးရွာတွေမှာတိုက်ပွဲဖြစ်ပွားရာကနေ ဧရာဝတီ တိုင်း ပုသိမ်မြို့နယ်၊ မကျီးဇင်ရွာအထိ တိုက်ပွဲကူးစက်လာခဲ့တာဖြစ်ကြောင်း၊အဲဒီနောက် AA က မကျီးဇင်ရဲစခန်းကိုသိမ်းပိုက်ခဲ့တယ်ဆိုပြီးသတင်းတွေလည်းထွက်ပေါ်ခဲ့ပါတယ်။

မကျီးဇင်ရွာက ချောင်းသာကမ်းခြေ၊ငွေဆောင်ကမ်းခြေတွေနဲ့ ခရီးမဝေးတော့တာကြောင့် ဒေသခံတွေကတိုက်ပွဲကူးစက်လာမှာစိုးရိမ်နေကြသလို အချို့လည်းကြိုပြီးစစ်ရှောင်တာမျိုးရှိနေတယ်လို့သိရပါတယ်။

Photo - ဒေသခံ

Credit - VOM News Agency

#သတင်းဟင်းလေးအိုးကြီး

image
image
image

မနက် ၅ နာရီအိပ်ယာထတယ် = မီးမလာဘူး
မနက် ၈ နာရီ ရုံးသွားတယ် = မီးလာမနေသေးဘူး
ညနေ ၅ နာရီ ရုံးကနေအိမ်ပြန်ရောက်တယ် = မီးလာမနေပြန်ဘူး
ညဘက် ၁၀ နာရီ အိပ်ယာထဲသော်ကေသွားတယ် = မီးမလာဘူး
နောက်နေ့ မနက် ၅ နာရီ ငါ အိပ်ယာပြန်ထလာပြန်တယ် = မီးမလာနေပြန်ဘူး
ငါ နဲ့ အိမ်ကမီးနဲ့မတွေ့ရတာ ၂ရက် (၄၈ နာရီ) ကျော်ပြီ
အမေ ပြောတာတော့ နေ့ခင်းနင်ရုံးသွားနေတဲ့အချိန်နဲ့ နင် ညဘက်အိပ်ပျော်ချိန်တွေတော့လာတယ်ပြောတယ်။ ငါ အံ့ဩလိုက်တာ 🥹

Crd

image
43 w - Translate

ဆွဲပြီ 🤤🤤

image
43 w - Translate

Yummy ☺️

image

ငါတို့အိမ်က ရေခဲသေတ္တာ...

image