တရုတ်ရေနံကုမ္ပဏီ CNPC နဲ့ ဖက်စပ် GPOC က ရေနံလုပ်သားတွေ လိုက်ပါလာတဲ့ လေယာဥ် တောင်ဆူဒန်မှာ ပျက်ကျလို့ လိုက်ပါလာသူ ၂၁ ဦးမှာ ၁ ဦးသာ အသက်ရှင်

ဇန်နဝါရီ ၃၀

တောင်ဆူဒန်နိုင်ငံမှာ တရုတ်နိုင်ငံပိုင် CNPC နဲ့ ဖက်စပ် GPOC က ရေနံလုပ်သားတွေလိုက်ပါလာပြီး နိုင်ငံ​မြောက်ပိုင်းက ရေနံလုပ်ငန်းဆီ အမြဲပျံသန်းနေတဲ့ စင်းလုံးငှား လေယာဉ်တစ်စင်းပျက်ကျရာမှာ လိုက်ပါလာသူ ၂၁ ဦးအနက် ၁ ဦးသာ အသက်ရှင်ခဲ့တဲ့ဖြစ်ရပ် ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

တောင်ဆူဒန်နိုင်ငံ မြောက်ပိုင်း Unity State က ရေနံလုပ်ကွက်တွေအတွင်း ဇန်နဝါရီ ၂၉ ရက် ဒေသစံတော်ချိန် ၁၀ နာရီခွဲခန့်က လေယာဉ်တစ်စင်း ပျက်ကျခဲ့မှုမှာ လူ ၂၀ ထက်မနည်း သေဆုံးခဲ့ပြီး အသက်ရှင် ကျန်ရစ်သူ တစ်ဦးသာ ကျန်ရစ်ခဲ့တယ်လို့ တောင်ဆူဒန် Unity State ရဲ့ ပြန်ကြားရေးဝန်ကြီး Gatwech Bipal က ဗုဒ္ဓဟူးနေ့နှောင်းပိုင်းမှာ အတည်ပြု ပြောကြားခဲ့သလို လေယာဉ်ဟာ ရေနံလုပ်ကွက်ကနေ ပျံတက်ကာ မြို့တော် ဂျူဘာဆီ ဦးတည် ထွက်ခွာပြီး မကြာမီ ပျက်ကျခဲ့တာလို့ သိရပါတယ်။

“လေယာဉ်ဟာ လေဆိပ်ကနေ မီတာ ၅၀၀ (ပေ ၁၆၀၀) အကွာမှာ ပျက်ကျခဲ့တာပါ”လို့ Gatwech Bipal က ပြောကြားခဲ့သလို “လူ ၂၁ ဦး လိုက်ပါလာတယ်၊ အခုချိန်မှာတော့ အသက်ရှင် ကျန်ရစ်သူ တစ်ယောက်ပဲ ရှိတယ်။”လို့ ဆက်လက် ပြောခဲ့ပါတယ်။

ဒီဖြစ်ရပ်မှာ အသက်ရှင်ကျန်ရစ်သူ တစ်ဦးအပါအဝင် လေယာဉ်ပေါ်ပါ လူ ၂၁ ဦးစလုံးဟာ တရုတ်အမျိုးသား ရေနံကော်ပိုရေးရှင်း (CNPC) နဲ့ တောင်ဆူဒန် နိုင်ငံပိုင် Nile Petroleum Corporation တို့ အကျိုးတူလုပ်ငန်းစုဖြစ်တဲ့ Greater Pioneer Operating Company (GPOC) နံလုစုက ဝန်ထမ်းတွေဖြစ်ပြီး သေဆုံးသူတွေထဲ တရုတ်နိုင်ငံသား ၂ ဦး၊ အိန္ဒိယနိုင်ငံသား ၁ ဦးနဲ့ တောင်ဆူဒန်နိုင်ငံသား ၁၆ ဦးနဲ့ စိစစ်ဆဲတစ်ဦး သေဆုံးခဲ့ပါတယ်။

သေဆုံးသူတွေထဲမှာ အင်ဂျင်နီယာတွေနဲ့ နည်းပညာဝန်ထမ်းတွေပါဝင်တယ်လို့ တောင်ဆူဒန်သမ္မတ Salva Kiir က ပြောကြားခဲ့သလို အသက်ရှင်လျက် လွတ်မြောက်လာတဲ့ တောင်ဆူဒန်အင်ဂျင်နီယာတစ်ဦးကိုလည်း Unity State ရဲ့ မြို့တော် Bentiu ဆေးရုံမှာ အရေးပေါ် ကုသမှုခံယူနေတယ်လို့ သိရပါတယ်။

ဒီဖြစ်ရပ်အပေါ် တောင်ဆူဒန်သမ္မတရုံးက CNPC နဲ့ GPOC က သေဆုံးရသူ လူ ၂၀ အတွက် ဝမ်းနည်းပူဆွေးရပါကြောင်းနဲ့ လေယာဥ်ပျက်ကျရမှုဖြစ်စဥ်အသေးစိတ်ကို စိစစ်ဖို့ ပို့ဆောင်ရေးဝန်ကြီးဌာနနဲ့ သက်ဆိုင်ရာအာဏာပိုင်တွေကို ညွှန်ကြားထားကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

Ref, Reuters AFP

#centralnewsnaypyitaw

imageimage
+7

ကျွဲတပ်ဆုံ X-rayဂိတ်မှာ စစ်ဆေးမှုကြန့်ကြာလို့ ကားတွေပိတ်မိမှု အခြေအနေပိုဆိုးလာနေ

ဇန်နဝါရီ ၃၀

မန္တလေးတိုင်း ၊ သာစည်မြို့နယ်ရှိ သာစည် - ကလောလမ်းပိုင်းပေါ်က ကျွဲတပ်ဆုံ စစ်ဆေးရေးဂိတ်မှာ စစ်ဆေးမှုတွေတင်းကြပ်ပြီး ကြန့်ကြာမှုတွေရှိနေတာကြောင့် နေ့စဥ်နဲ့အမျှကားတွေ အများအပြားပိတ်မိပြီး အခြေအနေကပိုဆိုး လာနေ တယ်လို့သိရပါတယ်။

ကျွဲတပ်ဆုံဂိတ်က ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ မန္တလေးတိုင်းကို ဆက်သွယ်ထားတဲ့ သာစည် - ကလောလမ်းပေါ်က စစ်ဆေးရေးဂိတ်ဖြစ်တာကြောင့် စစ်ဆေးမှု ကြန့်ကြာတာဟာ ကုန်စည်စီးဆင်းရေးကို နှောင့်နှေးကြန့်ကြာပြီး သီးနှံတွေပျက်စီးမှုရှိသလို ခရီးသွားတွေအတွက်လည်းအချိန်ကြန့်ကြာမှုတွေဖြစ်ပြီး ဒုက္ခရောက်နေ တယ်လို့သိရပါတယ်။

ကျွဲတပ်ဆုံဂိတ်မှာ ကားတွေအချိန်ကြာမြင့်စွာဆောင့်ဆိုင်းရတာကြောင့် ကားတွေပိတ်ဆို့နေတဲ့အခြေအနေက တနေ့ထက်တနေ့ပိုဆိုးလာတယ်လို့သိရပါတယ်။

" ကျွဲတပ်ဆုံဂိတ်မှာက နေ့တိုင်းကားပိတ်ပါတယ်။ကုန်ကားတွေလည်း ပိတ်မိသလိုအိမ်စီးကားတွေလည်းပိတ်မိတယ်။ကုန်ကားတွေက ကုန်စိမ်းသီးနှံတွေများတယ်။တချို့ကုန်စိမ်းတွေဆိုပျက်စီးတဲ့အထိရှိကြတယ်။ခုတောင်အခြေအနေကဆိုးနေတာ ရှေ့လျှောက်နေကပြင်းလာပြီဆိုတော့ခုလိုသာ ဆက်ပိတ်မိနေရင်ကုန်ကားတွေပိုဒုက္ခရောက်မှာ။သူတို့က ဂိတ်ရောက်ရင် လုံခြုံရေးအရဆိုပြီး ကုန်စိမ်း ကားတွေ ရော အိမ်စီးကား တွေကိုပါ ဂိတ်မှာ X-R+ray စက်နဲ့ အစစ်အဆေးခံရတယ်။ ကားပေါ်မှာ ပါတဲ့သူတွေက လမ်းလျှောက်ပြီး အစစ်ခံရတယ်။ဒါအခုသူတို့လက်ရှိစစ်ဆေးနေတဲ့ပုံပါ။X-ray စက်ကြီးရှိရက်နဲ့ကြန့်ကြာနေတာ သိပ်တော့နည်းမကျဘူး။" လို့ ရှမ်းတောင်ကနေ ကုန်စည်ပို့နေသူ ကပြောပြပါတယ်။

ကျွဲတပ်ဆုံဂိတ်မှာ စစ်ဆေးမှုကြန့်ကြာတာကြောင့် ကုန်တင်ကားတွေက အချိန်တရက် ကနေ နှစ်ရက်လောက်အထိ ဂိတ်မှာပိတ်မိတတ်ပြီး အိမ်စီးကတွေကတော့ အနည်းဆုံး၂နာရီကနေ၇ နာရီလောက်အထိစောင့်ဆိုင်းရတဲ့အတွက် ညပိုင်းဂိတ်ပိတ်ချိန်ရောက်ပါကညအိပ်ပြီးစောင့်ဆိုင်းရတယ်လို့သိရပါတယ်။

ဒါကြောင့် ကုန်ကားတွေအနေနဲ့ ရှမ်းပြည်နယ်ထွက် သီးနှံတွေကို သယ်ယူပို့ဆောင်ရာမှာ လတ်ဆတ်ပြီးလမ်းခရီးကြန့်ကြာမှုဒဏ်ခံနိုင်တဲ့သီးနှံတွေကိုသာအဓိက တင်ပို့နေကြရတယ်လို့သိရပါတယ်။

" စောင့်ရတဲ့ ကားကများတော့ အကြာ ကြီးကို စောင့်ရတယ်။ ဂိတ် ပိတ်ချိန်ကလည်း မမှန်တဲ့အပြင် ကား အရေအတွက် အပေါ် မူတည်ပြီး စောင့်ရတော့ ကြာချိန်က တယောက်နဲ့တယောက်တော့မတူနိုင်ဘူး။ကျွန်တော်မနေ့ကပြန်လာတာ ၇ နာရီလောက်စောင့်ခဲ့ရပါတယ်။သူတို့က ရှမ်းပြည်ဘက်သွားတဲ့ကားဆိုရင်သိပ်မစစ်ဘဲလွှတ်တယ်။ရှမ်းပြည်ဘက်ကဆင်းတဲ့ကားကိုတော့ တော်တော်လေးစစ်တာတွေ့ရတယ်။" လို့ ကျွဲတပ်ဆုံဂိတ်ကိုဖြတ်ပြီးပြန်လာတဲ့နောက်ထပ် ခရီးသွားပြည်သူ ကပြောပါတယ်။

ကျွဲတပ်ဆုံဂိတ်ကို ဖြတ်သန်းသွားလာမယ့် ခရီးသွားတွေအနေနဲ့ စားစရာနဲ့သောက်ရေသန့်တွေယူဆောင်သွားကြဖို့ ခရီးသွားအချင်းချင်းအကြံပြုမှုတွေရှိနေ ပါတယ်။

အဆိုပါကျွဲတပ်ဆုံဂိတ်မှာတော့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလနောက်ဆုံးပတ်လောက်ကတည်းက စစ်ဆေးမှုတင်းကြပ်မှုကြောင့် ကားတွေကြန့်ကြာမှုတွေရှိလာကာ အချိန်ကြာမြင့်စွာဆောင့်ဆိုင်းရပြီးကားပိတ်ဆို့မှုတွေရှိနေတာဖြစ်ကြောင်း၊ ခုထိလည်းကားပိတ်ဆို့မှုကလျော့မသွားတဲ့အပြင်ပိုဆိုးလာနေတာဖြစ်တယ်လို့သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ တုန်းကလည်းကျွဲတပ်ဆုံ X- ray ဂိတ်မှာ စစ်ဆေးမှုကြန့်ကြာလို့ ကားတွေအများအပြားပိတ်မိမှုကြောင့် ဒုက္ခရောက်ခဲ့ရပါတယ်။

Photo - CJ

#သတင်းဟင်းလေးအိုးကြီး

image
image
image

ဇောက်ပြဿနာရှာမည့်အချိန် ငါ့ဦးနှောက် :

image

ကြာသပတေးနေ့ မနက်ပိုင်း ဘောလုံးပွဲရလဒ်များ

#ဘောလုံးသတင်းစုံ

image
image
image

ဇန်နဝါရီ ၃၀ ရက်နေ့ စက်သုံးဆီစျေးနှုန်းများ

#centralnewsnaypyitaw

image

ဇန်နဝါရီ ၃၀ ရက်နေ့ စက်သုံးဆီစျေးနှုန်းများ

#သတင်းဟင်းလေးအိုးကြီး

image

ဒုတိယ အိမ်လေး (𝗦𝗲𝗰𝗼𝗻𝗱 𝗛𝗼𝗺𝗲)
မကြာခင် နေရတော့မဲ့ အိမ်လေး 😍

image
U Hla Soe changed his profile picture
1 y

image