နှင်းဆီနီနီတွေရဲ့ အဓိပ္ပါယ်ကတော့ရိုးရှင်းပါတယ်
" ကိုယ်မင်းကို သိပ်ချစ်တယ် "တဲ့လေ...❤️❤️❤️
#flowers




Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
နှင်းဆီနီနီတွေရဲ့ အဓိပ္ပါယ်ကတော့ရိုးရှင်းပါတယ်
" ကိုယ်မင်းကို သိပ်ချစ်တယ် "တဲ့လေ...❤️❤️❤️
#flowers




ဒေါဂူကို ဆက်ထိန်းသိမ်းဖို့ အစီအစဉ်ရှိကြောင်း ယူနိုက်တက်ကို လက်ချီပြော
ဇန်နဝါရီ ၂၃
လက်ချီအသင်းဥက္ကဋ္ဌ ဒါမီယာနီက ဒေါဂူရဲ့ အပြောင်းအရွှေ့အတွက် ယူနိုက်တက် ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံခဲ့ ပေမယ့် သူတို့ရဲ့နောက်ခံလူကို ဆက်ထိန်းသိမ်းဖို့ အစီအစဉ်ရှိကြောင်း ပြောခဲ့ပါတယ်။
ဒါမီယာနီက “ကျနော်တို့ ယူနိုက်တက်နဲ့ တွေ့ဆုံခဲ့ပြီး ဒေါဂူ အပါအဝင် ကျနော်တို့ရဲ့ အဓိက ကစားသမားတွေကို ဆက်ထိန်းသိမ်းဖို့ အစီအစဉ်ရှိတဲ့အကြောင်း သူတို့ကို ပြောခဲ့ပါတယ်။ ဒေါဂူအတွက် ယူနိုက်တက်အသင်းက ကမ်းလှမ်းမှု ပြုလုပ်တာကို ဝမ်းသာပေမယ့် စီးရီးအေမှာ ဆက်ရှိချင်တဲ့ ကျနော်တို့ရဲ့ပစ်မှတ်က အရေးကြီးပါ တယ်” လို့ Sky Sports ကို ပြောခဲ့တာပါ။
ယူနိုက်တက်အသင်းဟာ ဘယ်တောင်ပံ နောက်တန်းနေရာကို ပိုပြီးအားကောင်းစေဖို့အတွက် ဈေးကွက်ထဲမှာ ရွေးချယ်စရာတွေကို ရှာဖွေမှုတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။
ယူနိုက်တက်အသင်းဟာ ဒီနေရာအတွက် ဒါလော့၊ မက်ဇရာအူရီနဲ့ မာလာစီယာတို့ကို အသုံးပြုနေပေမယ့် သူတို့တွေဟာ နည်းပြအာမိုရင်ရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ခြင်း မရှိသလို အဓိကဘယ်နောက်ခံလူ လုပ်ခ်ရှောကလည်း ဒဏ်ရာကြောင့် အနားယူနေရတာပါ။
အဲဒါကြောင့် ယူနိုက်တက်အသင်းဟာ လက်ချီအသင်း ဘယ်တောင်ပံနောက်ခံလူ ဒေါဂူကို ခေါ်ယူနိုင်ဖို့ ပစ်မှတ်ထား ကြိုးပမ်းနေတာ ဖြစ်ပါတယ်။
ဒေါဂူဟာ ဒီရာသီ စီးရီးအေပြိုင်ပွဲမှာ အထင်ကြီးစရာကောင်းတဲ့ စွမ်းဆောင်ရည်တွေကို ပြသထားတာကြောင့် ဘယ်ဘက်အခြမ်းကနေ တိုက်စစ်နဲ့ ခံစစ်စွမ်းရည်ကို လိုချင်နေတဲ့ နည်းပြအာမိုရင်ရဲ့ နည်းဗျူဟာပိုင်းမှာ ပြီးပြည့်စုံတဲ့သူအဖြစ် သတ်မှတ်ခံနေရတာပါ။
ယူနိုက်တက်အသင်း အကြီးအကဲတွေဟာ ဒေါဂူရဲ့ အပြောင်းအရွှေ့အတွက် လက်ချီအသင်းနဲ့ ဆွေးနွေးမှုပြုလုပ်ဖို့ အီတလီနိုင်ငံကို သွားရောက်ခဲ့ကြပါတယ်။
ယူနိုက်တက်အသင်းဟာ ဒေါဂူအတွက် အပိုဆုကြေး အပါအဝင် ကနဦး ကမ်းလှမ်းထားတဲ့ ယူရိုသန်း ၃၀ ကို တိုးပြီးပေးဖို့ ဆန္ဒရှိနေတာပါ။
လက်ချီအသင်းဟာ ဒေါဂူအတွက် ယူရိုသန်း ၄၀ လိုချင်နေပြီး ယူရို ၃၅ သန်းနဲ့ ထပ်တိုးပေးချေမှုတွေနဲ့ ကမ်းလှမ်း ရင် ယူနိုက်တက်အသင်းရဲ့ အပြောင်းအရွှေ့ ဖြစ်လာနိုင်ပါတယ်။
ဒါပေမယ့် လက်ချီအသင်း အကြီးအကဲကတော့ ဒေါဂူကို ဆက်ပြီး ထိန်းသိမ်းချင်တဲ့ အကြောင်းကို ယူနိုက်တက် အသင်းနဲ့ တွေ့ဆုံချိန်မှာ ပြောခဲ့တာပါ။
ယူနိုက်တက်အသင်းဟာ ဇန်နဝါရီအပြောင်းအရွှေ့ မပိတ်ခင်မှာ ဒေါဂူကို ခေါ်ယူနိုင်ဖို့ ဆက်ကြိုးပမ်းဖွယ်ရှိနေပြီး နောက်ထပ် ပစ်မှတ်အချို့ကိုလည်း ရှာဖွေမှုတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။
ပုံ - ဒေါဂူကို တွေ့ရစဉ်
#ဘောလုံးသတင်းစုံ
Tin & Tina (2023)
............................
သရဲကားအသစ်
စိတ်ဒဏ်ရာဖြင့် ကိုယ်ဝန်ပျက်ကျပြီးနောက်
Lola နှင့် သူမ၏ခင်ပွန်း Adolfo တို့သည် သန့်ရှင်းသောကျမ်းစာစကားများကို အနက်ပြန်ဆိုနိုင်စေသည့် အလွန်တရာသော
ကက်သလစ်ပညာရေးဖြင့် ချစ်စရာကောင်းသော albino ညီအစ်ကိုနှင့်ညီမဖြစ်သူ Tin and Tina ကို မွေးစားခဲ့သည်
မွေးစားလိုက်တဲ့ကလေးနှစ်ယောက်ကဘာတွေလဲ
သူတို့လင်မယားဘာတွေဆက်ဖြစ်မလဲဆိုတာကြည့်ရှု့ရမှာဖြစ်ပါတယ်။
#horror
Tin & Tina (2023)
............................
သရဲကားအသစ်
စိတ်ဒဏ်ရာဖြင့် ကိုယ်ဝန်ပျက်ကျပြီးနောက်
Lola နှင့် သူမ၏ခင်ပွန်း Adolfo တို့သည် သန့်ရှင်းသောကျမ်းစာစကားများကို အနက်ပြန်ဆိုနိုင်စေသည့် အလွန်တရာသော
ကက်သလစ်ပညာရေးဖြင့် ချစ်စရာကောင်းသော albino ညီအစ်ကိုနှင့်ညီမဖြစ်သူ Tin and Tina ကို မွေးစားခဲ့သည်
မွေးစားလိုက်တဲ့ကလေးနှစ်ယောက်ကဘာတွေလဲ
သူတို့လင်မယားဘာတွေဆက်ဖြစ်မလဲဆိုတာကြည့်ရှု့ရမှာဖြစ်ပါတယ်။
#horror
Tin & Tina (2023)
............................
သရဲကားအသစ်
စိတ်ဒဏ်ရာဖြင့် ကိုယ်ဝန်ပျက်ကျပြီးနောက်
Lola နှင့် သူမ၏ခင်ပွန်း Adolfo တို့သည် သန့်ရှင်းသောကျမ်းစာစကားများကို အနက်ပြန်ဆိုနိုင်စေသည့် အလွန်တရာသော
ကက်သလစ်ပညာရေးဖြင့် ချစ်စရာကောင်းသော albino ညီအစ်ကိုနှင့်ညီမဖြစ်သူ Tin and Tina ကို မွေးစားခဲ့သည်
မွေးစားလိုက်တဲ့ကလေးနှစ်ယောက်ကဘာတွေလဲ
သူတို့လင်မယားဘာတွေဆက်ဖြစ်မလဲဆိုတာကြည့်ရှု့ရမှာဖြစ်ပါတယ်။
#horror
Tin & Tina (2023)
............................
သရဲကားအသစ်
စိတ်ဒဏ်ရာဖြင့် ကိုယ်ဝန်ပျက်ကျပြီးနောက်
Lola နှင့် သူမ၏ခင်ပွန်း Adolfo တို့သည် သန့်ရှင်းသောကျမ်းစာစကားများကို အနက်ပြန်ဆိုနိုင်စေသည့် အလွန်တရာသော
ကက်သလစ်ပညာရေးဖြင့် ချစ်စရာကောင်းသော albino ညီအစ်ကိုနှင့်ညီမဖြစ်သူ Tin and Tina ကို မွေးစားခဲ့သည်
မွေးစားလိုက်တဲ့ကလေးနှစ်ယောက်ကဘာတွေလဲ
သူတို့လင်မယားဘာတွေဆက်ဖြစ်မလဲဆိုတာကြည့်ရှု့ရမှာဖြစ်ပါတယ်။
#horror
Tin & Tina (2023)
............................
သရဲကားအသစ်
စိတ်ဒဏ်ရာဖြင့် ကိုယ်ဝန်ပျက်ကျပြီးနောက်
Lola နှင့် သူမ၏ခင်ပွန်း Adolfo တို့သည် သန့်ရှင်းသောကျမ်းစာစကားများကို အနက်ပြန်ဆိုနိုင်စေသည့် အလွန်တရာသော
ကက်သလစ်ပညာရေးဖြင့် ချစ်စရာကောင်းသော albino ညီအစ်ကိုနှင့်ညီမဖြစ်သူ Tin and Tina ကို မွေးစားခဲ့သည်
မွေးစားလိုက်တဲ့ကလေးနှစ်ယောက်ကဘာတွေလဲ
သူတို့လင်မယားဘာတွေဆက်ဖြစ်မလဲဆိုတာကြည့်ရှု့ရမှာဖြစ်ပါတယ်။
#horror




ရုပ်ရှင်မင်းသားကျော်သူပါဝင်တဲ့ ခြေဆယ့်တစ်လှမ်းရုပ်ရှင် ဇာတ်ကား ရုံတင်ရက်သတ်မှတ်ပြီးမှ ပြသခွင့်ဆိုင်းငံ့ခံရ
ဇန်နဝါရီ ၂၃
ရုပ်ရှင်သရုပ်ဆောင် ကျော်သူ ပါဝင်သရုပ်ဆောင်ထားတဲ့ "ခြေဆယ့်တစ်လှမ်းရုပ်ရှင်"ပြသခွင့် ဆိုင်းငံ ခံရတယ်လို့ သိရပါတယ်။
ခြေဆယ့်တစ်လှမ်းရုပ်ရှင်က လာမယ့်ဇန်နဝါရီ၂၄ ရက်နေ့မှာ ရန်ကုန်အပါအဝင် တနိုင်ငံလုံးကရုပ်ရှင်ရုံတွေမှာတပြိုက်နက်တည်း ရုံတင်ပြသခွင့်ရရှိထားပြီးမှ ရုပ်ရှင်ပြသခွင့်ကို ပြန်ကြားရေးဝန်ကြီးဌာနက ပြသခွင့်ရပ်ဆိုင်းလိုက်တာဖြစ်တယ်လို့ သိရပါတယ်။
ရုပ်ရှင်ပြသခွင့်ဆိုင်းငံခံရတာနဲ့ပတ်သက်ပြီး အဆိုပါရုပ်ရှင်ဇာတ်ကားကြီးရဲ့ ဇာတ်ညွှန်းဆရာမ မေခိုင်ကလည်း" ကျမရဲ့ ခြေ ၁၁ လှမ်း ရုပ်ရှင်ကား မပြဖြစ်တော့တဲ့ အတွက် ကျမဖိတ်ကြားထားသူ အားလုံးကိုအားနာပါတယ်။"လို့ သူရဲ့လူမှုကွန်ယက်ကနေအသိပေးထားပါတယ်။
ရုပ်ရှင်ထဲမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်သရုပ်ဆောင် အလင်းရောင်ကလည်း
" ခြေဆယ့်တစ်လှမ်းရုပ်ရှင်ကားကြီး မပြဖြစ်တော့လို့ ဒီနေ့ဖိတ်ကြားသူများအားလုံးကို အားနာရပါတယ်ခင်ဗျာ။"လို့ ပြောထားပါတယ်။
အလားတူ ခြေဆယ့်တစ်လှမ်းရုပ်ရှင် အမည်ရှိလူမှုကွန်ယက်စာမျက်နှာကနေလည်း
" premiere show ပျက်ပါတယ်။ ရုံတင်ရက်လည်းပျက်ပြယ်သွားပါပြီ။ ဖိတ်ကြားထားသူများအားလုံးကိုတောင်းပန်တယ်ဆ်ိုတာကလွဲပြီး တခြားပြောစရာမရှိတော့ပါဘူး။ အားလုံးကိုတောင်းပန်ပါတယ်" ဆိုပြီး အသိပေးထားပါတယ်။
အဆိုပါ ခြေဆယ့်တစ်လှမ်းရုပ်ရှင်မှာ ရုပ်ရှင်သရုပ်ဆောင် ကျော်သူ၊ မင်းသူ ၊အလင်းရောင်၊ ခင်ဝင့်ဝါ၊ မေပန်းချီတို့နဲ့အတူ တခြား အနုပညာရှင်တွေပါဝင်သရုပ်ဆောင်ထားတယ်လို့သိရပါတယ်။
ခုလို ရုပ်ရှင်ပြသခွင့်ရပ်ဆိုင်းခံရတဲ့အပေါ် ရုပ်ရှင်နဲ့ ဗီဒီယိုထုတ်လုပ်ရေးလုပ်ကိုင်သူက
" ကျွန်တော်တို့ထင်တာတော့ ကျော်သူပါလို့ဆိုင်းငံ့လိုက်သလားပဲ။ အခုကရုံးငှားစနစ်နဲဲပြနေကြတာလေ။ ဒီကားကလည်းရိုက်ထားတာကြာပြီ။ အခုမှပြသဖို့ရက်ရတာကို ခုလို ဆိုင်းငံ့ခံလိုက်ရတာပေါ့။ပြန်ပြခွင့်ပေးမပေး မပြောနိုင်ပါဘူး။ " လို့မှတ်ချက်ပြုပြောပါတယ်။
ခြေဆယ့်တစ်လှမ်းရုပ်ရှင်ကားကြီးဟာ သရုပ်ဆောင် ကျော်သူ မြန်မာနိုင်ငံထဲမှာနေထိုင်ချိန် ၂၀၂၀ ခုနှစ် မတိုင်ခင်ကတည်းက ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ ရုပ်ရှင်မင်းသားကျော်သူဟာ နစကတာဝန်ယူပြီးချိန်ကတည်းက ပြည်ပကို ထွက်ခွာပြောင်းရွှေ့နေထိုင်နေတယ်လို့ သိရပါတယ်။
Credit - Voice of Myanmar
#centralnewsnaypyitaw

၁နှစ်အတွင်း မြန်မာနိုင်ငံကို နိုင်ငံပေါင်း၃၁နိုင်ငံကတရားမဝင် ဝင်ရောက်လာသူတွေ ငါးသောင်းကျော်ရှိ
ဇန်နဝါရီ ၂၃
မြန်မာနိုင်ငံအတွင်းသို့ ပြည်ပနိုင်ငံပေါင်း ၃၁နိုင်ငံကနေ တရားမဝင် ဝင်ရောက်လာသူတွေဟာ ၁နှစ်ကျော်အတွင်းမှာ အရေအတွက် ၅၅၇၁၁ ဦးရှိနေတာကို စီစစ်ဖော်ထုတ်နိုင်ခဲ့ကြောင်း လဝက စာရင်းတွေအရ သိရပါတယ်။
အဆိုပါ တရားမဝင်ဝင်ရောက်လာတဲ့ပြည်ပနိုင်ငံသားတွေကို သက်ဆိုင်ရာ လူဝင်မှုကြီးကြပ်ရေးဌာနက စီစစ်ဖော်ထုတ်တာတွေ ဆောင်ရွက်ရာမှာ အများစုဟာထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်းကာ မြန်မာနိုင်ငံ နယ်နိမိတ်အတွင်းကို ကိုယ်ကျိုးစီးပွားအတွက် အလုပ်လုပ်ကိုင်ရန် တရားမဝင် ဝင်ရောက်လာကြသူများဖြစ်ကြောင်း တွေ့ရှိရတယ်လို့ ဆိုပါတယ်။
မြန်မာပြည်ကို တရားမဝင်ဘဲ ဝင်ရောက်လာသူတွေအနေနဲ့ Online လိမ်လည်မှုများ၊ Online လောင်းကစားမှုများကို မြန်မာနိုင်ငံအတွင်း နေထိုင်ကာကျူးလွန်နေကြသူတွေအများစုဖြစ်တယ်လို့စစ်ဆေးတွေ့ရကာ နယ်စပ်ဒေသများဖြစ်တဲ့ လောက်ကိုင်၊ မူဆယ်၊ တာချီလိတ်၊ မြဝတီ မြို့များနဲ့နယ်စပ်မြို့တွေကနေဖမ်းမိကြတာဖြစ်ကြောင်း သိရပါတယ်။
" တရားမဝင်ဘဲ မြန်မာကိုဝင်လာတဲ့ပြည်ပနိုင်ငံသားတွေအများဆုံးလုပ်တဲ့ Online လိမ်လည်မှု ဆိုတာ အခု နာမည်ကြီးနေတဲ့ ကျားဖြန့်လုပ်ငန်းအမျိုးအစားတွေပါ။ ငွေကိုလိမ်တာတွေအပြင် လူကိုအသက်အန္တရာယ်ပေးတဲ့အထိ ဖြစ်စေတဲ့မကောင်းမှုလုပ်ငန်းတွေပေါ့။ အဲ့ဒီ့ကျားဖြန့် လုပ်ငန်းတွေက လူမှုကွန်ယက်အသုံးပြုမှုတွေကနေတဆင့် လိမ်လည်နေတာပါ။ ဂိမ်းပုံစံ၊စတော့ပုံစံ မျိုးတွေနဲ့ လိမ်လည်ကြတာပါ။ ပထမတော့သူတို့က ဂိမ်းစဆော့တာနဲ့ ငွေရသလို မက်လုံးတွေပေးထားပြီးနောက်မှ ကိုယ့်ပိုက်ဆံကိုလိမ်ယူတာမျိုးတွေအစုံပါပဲလို့ ကျားဖြန့်လုပ်ငန်းအကြောင်းသိရှိသူတယောက်က ပြောပါတယ်။
၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၅ ရက်မှ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ လ ၁၃ ရက်အထိ ၁နှစ်ကျော်ကာလအတွင်း မြန်မာကိုတရားမဝင်ဝင်ရောက်လာသူ ပြည်ပနိုင်ငံသားတွေ အနေနဲ့တရုတ်နိုင်ငံမှ ၅၃၃၈၈ ယောက်၊ ထိုင်းနိုင်ငံမှ၆၄၈ ယောက်၊ ကိုရီးယားနိုင်ငံက ၂၀ ၊လာအို၂၂ ယောက်၊ ဗီယက်နမ်နိုင်ငံ ၁၁၄၉ ယောက်၊ ဖိလစ်ပိုင်နိုင်ငံသား ၁၉ ယောက်၊ မလေးရှားနိုင်ငံမှ ၁၄၂ ယောက်၊ ထိုင်ဝမ်မှ၂၁ ယောက်၊ စင်္ကာပူနိုင်ငံမှ ၂ယောက်၊ ပိုလန်နိုင်ငံမှ ၁ ယောက်၊ စပိန်နိုင်ငံမှ၁ ယောက်၊ ရုရှား နိုင်ငံမှ၁၃ ယောက်၊ အင်ဒိုနီးရှားနိုင်ငံမှ၃၈ ယောက်၊ ယူဂန်ဒါနိုင်ငံမှ၃ ယောက်၊ အီဂျစ်နိုင်ငံမှ၂ ယောက်၊ ကမ္ဘောဒီးယားနိုင်ငံမှ၃ ယောက်၊ အိန္ဒိယနိုင်ငံမှ ၉၆ ယောက်၊ မော်ရိုကိုနိုင်ငံမှ၁၃ ယောက်၊ အီသီယိုး ပီးယားနိုင်ငံမှ၂၉ ယောက်၊ နီပေါနိုင်ငံမှ ၂၆ယောက်၊ ပါကစ္စတန်နိုင်ငံမှ ၃ ယောက်၊ မြောက်အိုင်ယာ လန်နိုင်ငံမှ၂ ယောက်၊ ကာဇက်စတန်နိုင်ငံမှ၁ ယောက်၊ ကင်ညာနိုင်ငံမှ၂ ယောက်၊ သီရိလင်္ကာနိုင်ငံမှ၆၀ ယောက်၊ တောင်အာဖရိကနိုင်ငံမှ၁ ယောက်၊ ဟောင်ကောင်မှ၁ ယောက်၊ ဆီရီယာလီယွန်နိုင်ငံမှ ၂ ယောက်၊ ဂါနာနိုင်ငံမှ ၁ ယောက်၊ ဘူရွန်ဒီနိုင်ငံမှ ၁ ယောက်၊ တာ့ခ်မင်နစ္စတန်နိုင်ငံမှ၁ ယောက် စုစုပေါင်း ၅၅၇၁၁ ယောက် က ပြည်ပနိုင်ငံတွေကနေ မြန်မာကိုတရားမဝင် ဝင်ရောက်လာကြတယ်လို့ သိရပါတယ်။
ယင်းပြည်ပမှ တရားမဝင် ဝင်ရောက်သူများကို အစိုးရအနေနဲ့ လူသားချင်းစာနာထောက်ထားမှုနဲ့ နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုတို့ကို ရှေးရှုပြီးတရားဥပဒေနဲ့အညီ စစ်ဆေးကာ သက်ဆိုင်ရာနိုင်ငံေတွဆီ ပြန်လည် လွှဲပြောင်းပေးလျက်ရှိနေတယ်လို့ သိရှိရပါတယ်။
Photo- Cj
Credit - VOM News Agency
#သတင်းဟင်းလေးအိုးကြီး


