49 ပတ် - ဘာသာပြန်ပါ။

CNF ခေါင်းဆောင်နှင့် လက်နက်များ မီဇိုရမ်ရဲတပ်ဖွဲ့က ဖမ်းဆီးရမိ

ဇန်နဝါရီ ၁၇

အိန္ဒိယနိုင်ငံ၏ မီဇိုရမ် (Mizoram) ပြည်နယ် ရဲတပ်ဖွဲ့သည် ထောက်လှမ်းရေး အေဂျင်စီတစ်ခုနှင့်အတူ ပူးပေါင်း ပြုလုပ်သည့် အကြီးစား စစ်ဆင်ရေးတစ်ခုအတွင်း ချင်းအမျိုးသားတပ်ဦး(CNF)မှ ခေါင်းဆောင်တချို့ကို လက်နက် ခဲယမ်းများနှင့် ဖမ်းဆီးရမိခဲ့သည်ဟု India Today သတင်းဝက်ဘ်ဆိုက်တွင် ဖော်ပြခဲ့သည်။

မီဇိုရမ်ပြည်နယ်၊ မာမစ်ခရိုင် (Mamit District) အနောက် ဖာအီလန် ရဲစခန်း (West Phaileng Police Station) ၏ တရားစီရင်ပိုင်ခွင့် အောက်တွင်ရှိသည့် ဆေသာ (Saithah) ကျေးရွာ၏ အစွန်အဖျားဒေသများတွင် များပြား သည့် လက်နက်များနှင့် ခဲယမ်းများကို သိမ်းဆည်းရမိခဲ့သည်။

ထိုစစ်ဆင်ရေးသည် မီဇိုရမ်ပြည်နယ်တွင် လက်နက်ခဲယမ်း အများဆုံး တွေ့ရှိခဲ့သည့် စစ်ဆင်ရေးများထဲ၌ တစ်ခု အပါအဝင်ဖြစ်ခဲ့ပြီး ဒေသတွင်း တရားမဝင် လက်နက်မှောင်ခိုကူးသူများကို သတိပေးချက်တစ်ခု ဖြစ်ခဲ့သည်။

ထိုလက်နက်ခဲယမ်းများကို ဖမ်းဆီးရမိမှုကြောင့် ဒေသတွင်း ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအတွက် ကြီးမားသည့် ခြိမ်းခြောက်မှုအား လျော့ပါးသွားစေကြောင်းလည်း မီဇိုရမ်ပြည်နယ်ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

စစ်ဆင်ရေးအတွင်း သိမ်းဆည်းရမိခဲ့သည့် လက်နက်ခဲယမ်းများအနက် AK-47 ရိုင်ဖယ် ၆ လက်၊ AK ကျည်ဆံ အတောင့် ၁၀၀၅၀၊ ကျည်ကဒ် ၁၃ ခုတို့ ပါဝင်ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

ထိုလက်နက်များ သိမ်းဆည်းရမိမှုနှင့်ပတ်သက်ပြီး သံသယရှိသူ ၅ ဦးကိုလည်း ဖမ်းဆီးနိုင်ခဲ့သည်။

ဖမ်းဆီးရမိသူများအနက် မြန်မာနိုင်ငံတွင် အခြေစိုက်သည့် လက်နက်ကိုင်အဖွဲ့ဖြစ်သော ချင်းအမျိုးသားတပ်ဦး (CNF) ၏ ခေါင်းဆောင်တစ်ဦးလည်း ပါဝင်ခဲ့သည်။

ထိုကဲ့သို့ လူသိများသည့် လက်နက်ကိုင် ခေါင်းဆောင်တစ်ဦးကို ဖမ်းဆီးရမိမှုကြောင့် မီဇိုရမ်ပြည်နယ်တွင် သောင်းကျန်းသူ တန်ပြန်စစ်ဆင်ရေးများအတွင်း ကြီးမားသည့် အောင်မြင်မှုတစ်ခုဖြစ်သည်။

ကနဦး စုံစမ်းစစ်ဆေးမှုအရ ထိုလက်နက်ခဲယမ်းများသည် မြန်မာနိုင်ငံမှ CNF နှင့် ဘင်္ဂလားဒေ့ရှ်၏ စစ်တကောင်း တောင်ကြားလမ်းများတွင် လှုပ်ရှားနေသည့် စည်းလုံးသော ပြည်သူ့ဒီမိုကရက်တစ်တပ်ဦး (UPDF-P)တို့အကြား ရောင်းဝယ်မှုများ ပြုလုပ်ရန် စီစဉ်ထားသည့် လက်နက်ခဲယမ်းများဖြစ်ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့ သည်။

ထိုစစ်ဆင်ရေးအရ နိုင်ငံဖြတ်ကျော် တရားမဝင် လက်နက်များ ရောင်းဝယ်မှုများသည် ဒေသတွင် တည်ငြိမ်မှုကို ဆက်လက် ခြိမ်းခြောက်နေကြောင်း ပြသရာရောက်ခဲ့သည်။

မီဇိုရမ်ရဲတပ်ဖွဲ့သည် ယခုအမှုကို အနောက်ဖာအီလန်ရဲစခန်းကို လွှဲပြောင်းပေးခဲ့ပြီး နောက်ထပ် လက်နက်မှောင်ခို ကွန်ရက်ကို ဖျက်ဆီးရန် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။

Source: India Today

ပုံ - မီဇိုရမ်ရဲတပ်ဖွဲ့က ဖမ်းမိခဲ့တဲ့ လက်နက်ခဲယမ်းများကို တွေ့ရစဉ်

#centralnewsnaypyitaw

image
49 ပတ် - ဘာသာပြန်ပါ။

အင်းဝခေတ်မြန်မာ့အနုသုခုမလက်ရာ

image

ကျားဖြန့်နဲ့ အွန်လိုင်းလောင်းကစားတွေ နှိမ်နှင်းရေး အာဆီယံကို တရုတ်တိုက်တွန်း

ပေကျင်း၊ ဇန်နဝါရီ ၁၇

ကျားဖြန့်ငွေလိမ်ဂိုဏ်းတွေနဲ့ အွန်လိုင်းလောင်းကစားတွေကို နှိမ်နှင်းရေးအတွက် ထိရောက်တဲ့အစီအမံတွေလုပ်ဖို့ အာဆီယံနိုင်ငံတွေကို တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီက တိုက်တွန်းလိုက်ပါတယ်။

ထိုင်း-မြန်မာနယ်စပ်မှာ အွန်လိုင်းလောင်းကစားနဲ့ ကျားဖြန့်လုပ်ငန်းတွေကြီးထွားလာနေပြီး လိမ်လည်မှုတွေ ဆက်တိုက်ဖြစ်ပေါ်နေတာပြီးနောက် ဒါဟာ တရုတ်နဲ့ အခြားနိုင်ငံသားတွေကိုပါ ခြိမ်းခြောက်နေတယ်လို့ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနကလည်း ထုတ်ပြန်ပါတယ်။

နိုင်ငံပေါင်းစုံက ခရီးသွားတွေအတွက် ဘေးကင်းလုံခြုံတဲ့ ဝန်းကျင်ဖန်တီးရေးမှာ အာဆီယံနိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ဖို့ကိုလည်း တရုတ်နိုင်ငံက ဆန္ဒရှိတယ်လို့ ဒေသတွင်း သံတမန်တွေနဲ့ တွေ့ဆုံရာမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီက ပြောပါတယ်။

လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ဖို့ တရုတ်နိုင်ငံရဲ့ကမ်းလှမ်းချက်ဟာ အရှေ့တောင်အာရှမှာ ကျားဖြန့်လုပ်ငန်းတွေနဲ့ လူမှောင်ခိုကူးမှုတွေ ကြီးထွားလာတဲ့အပေါ် တရုတ်နိုင်ငံရဲ့ စိုးရိမ်ပူပန်မှုကို ထင်ဟပ်နေတယ်လို့ အကဲခတ်တွေက သုံးသပ်ပါတယ်။

နယ်စပ်ဖြတ်ကျော်မှုခင်းတွေကို ကိုင်တွယ်ဖြေရှင်းရေးမှာ မြန်မာ၊ ထိုင်းအပါအဝင် အာဆီယံနိုင်ငံတွေနဲ့ပူးပေါင်းဆောင်ရွက်မှု အားကောင်းစေဖို့ အရေးတကြီး အကြံပြုချက်သစ်တရပ်ကိုလည်း တရုတ်နိုင်ငံက အကြံပြုခဲ့ပါတယ်။

မကြာသေးမီကလည်း ထိုင်း-မြန်မာနယ်စပ်မှာ တရုတ်သရုပ်ဆောင်တယောက်ကို ကျားဖြန့်ငွေလိမ်ဂိုဏ်းက ဖမ်းဆီးခိုင်းစေမှုကို ပြန်လည်ကယ်ထုတ်နိုင်ခဲ့ပြီးနောက် ကျားဖြန့်လုပ်ငန်းတွေနဲ့ပတ်သက်ပြီး သတိရှိဖို့ တရုတ်နိုင်ငံ သတိပေးထုတ်ပြန်ခဲ့ပါတယ်။

Ref:Asia One
Photo:Bernama

Credit - VOM News Agency

#သတင်းဟင်းလေးအိုးကြီး

image
49 ပတ် - ဘာသာပြန်ပါ။

တစ်နှစ်တာအတွင်း ပုဂံသို့ ခရီးသွားဧည့်သည် (၃.၄)သန်းခန့် ဝင်ရောက်ခဲ့

ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသသို့ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်တစ်နှစ်တာကာလအတွင်း ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည် (၃.၄) သန်းခန့် ဝင်ရောက်ခဲ့ကြောင်း ဟိုတယ်နှင့် ခရီး သွားညွှန်ကြားမှုဦးစီးဌာန (ပုဂံရုံးခွဲ) မှ သိရသည်။

အဆိုပါ ဒေသသို့ ၂၀၂၃ ခုနှစ်တွင် ခရီးသွားဧည့်သည်အရေအတွက် (၂.၄) သန်းဝင်ရောက်ခဲ့ပြီး ကာလတူ နှိုင်းယှဉ်ပါက (၁) သန်းခန့် ပိုမိုဝင်ရောက်ခဲ့ကြောင်း သိရသည်။

ခရီးသွားဧည့်သည်များသည် ပုဂံခရီးစဉ်ဒေသရှိ သမိုင်းဝင် အထင်ကရ ဘုရားများဖြစ်သည့် ရွှေစည်းခုံဘုရား၊ တုရင်တောင်စွယ်တော်မြတ်စေတီ၊ လောကနန္ဒာ စွယ်တော်မြတ်စေတီ၊ ရွှေဆံတော်စေတီတော်မြတ်ကြီး၊ ဓမ္မရံကြီး၊ အာနန္ဒာဘုရားကြီး၊ စူဠာမဏိဘုရား၊ မဟာငှက်ပစ်တောင်ဘုရား၊ ကျောက်ဂူဥမင်၊ မဟာဗောဓိဘုရား၊ ဗူးဘုရား၊ ကန်တော့ပလ္လင်ဘုရား၊ မနုဟာဘုရား၊ ပြဿာဒ်ကြီးဘုရား၊ဓမ္မရာဇကဘုရား၊ အလိုတော်ပြည့်ဘုရား၊ ထီးလိုမင်းလိုဘုရား၊ပြ ဿာဒ်ကြီးဘုရားနှင့် သဗ္ဗညုဘုရားကြီး ဝိနည်းဓိုလ်ဘုရားစု၊ ဆင်ဖြူရှင်အုတ်ကျောင်း ၊ ရင်မနားဘုရားစု၊ ခေမင်္ဂဘုရားစု၊ သစ္စာမဏ္ဍိုင်ဘုရားစု၊ ရွှေနန်းရင်တောအုတ်ကျောင်း တိုက်ဘုရားစု၊ မင်းအိုချမ်းသာဘုရား၊ မြေဘုံသာဘုရားစု၊ လောကထိပ်ပန်ဘုရား၊ လောကအုတ်သျှောင် ဘုရားသို့ သွားရောက်ဖူးမြော်လည်ပတ်ကြကြောင်း သိရသည်။

image
49 ပတ် - ဘာသာပြန်ပါ။

ဗဟိုဘဏ်မှ ဒေါ်လာ (၂၅)သန်း ထပ်မံထုတ်ရောင်းပေးခဲ့

ယမန်နေ့ ဇန်နဝါရီ (၁၅) ရက်တွင် ဗဟိုဘဏ်မှ ဒေါ်လာ (၂၅) သန်း ထပ်မံထုတ်ရောင်းပေးခဲ့ကြောင်း ထုတ်ပြန်ထားသည့်စာရင်းများအရ သိရသည်။

ယခု ဇန်နဝါရီနှစ်ဆန်းပိုင်းမှစတင်ကာ နိုင်ငံခြားငွေလဲလှယ်နှုန်းသည် တက်ရိပ်ပြလာခဲ့ပြီး ဗဟိုဘဏ်အနေဖြင့် နှစ်ပတ်ဆက်တိုက် နိုင်ငံခြားငွေများကို ဆက်တိုက်ထုတ်ရောင်းပေးခဲ့သည်။

ထိုကဲ့သို့ ရောင်းချပေးမှုအနေဖြင့် ဇန်နဝါရီလ (၂) ရက်မှ (၁၅) ရက်အထိ နှစ်ပတ်အတွင်း ဒေါ်လာ (၁၀၈ ဒသမ ၉၁၁) သန်း ရောင်းချပေးခဲ့သလို ထိုင်းဘတ် (၅ ဒသမ ၈၈၅) သန်းနှင့် တရုတ်ယွမ် (၃ ဒသမ ၄၈၃) သန်း ထုတ်ရောင်းပေးထား သည်။

ဗဟိုဘဏ်အနေဖြင့် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဩဂုတ်လ (၁) ရက်မှ နိုဝင်ဘာလ (၂၉) ရက်အထိ လေးလအတွင်း ဒေါ်လာ (၃၃၅) သန်းကျော်၊ ထိုင်းဘတ် (၁ ဒသမ ၂၇၄) ဘီလျံကျော်နှင့် တရုတ်ယွမ် (၅၆) သန်းခန့်အထိ ထုတ်ရောင်းပေးထားသည့်အပြင် ယခုဘဏ္ဍာနှစ် (၇)လအတွင်း စက်သုံးဆီ၊ စားသုံးဆီနှင့် သွင်းကုန်လုပ်ငန်းရှင်များအတွက် ဒေါ်လာ(၁)ဘီလီယံကိုလည်း သီးသန့်ထုတ်ရောင်းပေးထားသည်။

image
49 ပတ် - ဘာသာပြန်ပါ။

ရခိုင်ရှောက်သီးသုပ်
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

"ရခိုင်ရှောက်သီးရှုးရှဲသုပ်"

ရှောက်သီးကိုအခွံခွာပြီး ရှောက်မွှာလေးတွေရအောင်ချွေထားပေးပါ။ မျှင်ငပိနဲ့ငရုတ်သီးစိမ်းကို ကင်ပြီး ထောင်းထားပါ။ ငရုတ်ကောင်းစေ့အနည်းငယ်လည်းထောင်းထားပါ။ အပေါ်မှ အရာအကုန်လုံးကိုထည့် ငံပြာရည်အနည်းငယ် အချိုမှုန့်အနည်းငယ်ထည့်ပြီး အသာလေးနယ်ပေးပါ။ စားကောင်းတဲ့ ရခိုင်ရှောက်သီးရှုးရှဲသုပ်လေးရပါပြီ။ ပုဇွန်ခြောက်မှုန့်လေးထည့်သုပ်ရင်တော့အချဉ်ပေါ့ပါတယ်။

image

အသည်း​အားကောင်းစေတဲ့
#ကနဖော့
အသည်းအားနည်းခြင်း ၊ အရက်သောက်၍ အသည်းပျက်စီး​ခြင်း
၊အသည်းတွင် ပိုးရှိသောရောဂါများတွင် ကနဖော့ပင်ကို ဆန်ဆေးရည်၊ မုန်ညင်းဆီထည့်ပြုတ်ပြီး ဆားအနည်းငယ် ဖြင့် ရောစပ်သောက်သုံးပါကအသည်းအား​ကောင်း​ေစ​သည်။
ကျောက်ကပ် ကျောက်တည်ပါက ကနေဖော့ပြုတ်ရည်ကို သကြား သို့ ပျားရည်နှင့် မှီဝဲနိုင်ပါသည်။
​ရေဖျဥ်းစွဲ၍ ဖောရောင်လျှင် ကနဖော့ကိုပြုတ်၍ စားခြင်း၊ ပြုတ်ရည်ဖြင့် ချွေးအောင်း ပါကသက်သာ ပျောက်ကင်းနိုင်သည်။
ရေကျောက်ရောဂါ အ​​ရေပြားများအတွက်လည်း ကနဖော့ကြိတ်ရည်ကို သောက်သုံးပါက ပျောက်ကင်း၏
ဆီးပူညောင်းကျရောဂါဖြစ်လျှင် အရွက်သတ္တုရည်ကို နွားနို့နှင့်ဖြစ်စေ၊ ဆိတ်နို့နှင့်ဖြစ်စေ ရောစပ်၍ သောက်သုံးခြင်းဖြင့်ပျောက်ကင်း​ေစသည်။
အရေပြားယားယံပါက အပင်ပြုတ်ရည်ဖြင့် ရေချိုးပါကပျောက်ကင်းနိုင်သည်။
ဦးခေါင်းပူပါကနဖော့ရွက်ကိုကြိတ်၍ ဦးခေါင်းငယ်ထိပ်တွင် အုံပေးသော် သက်သာ ပျောက်ကင်းစေနိုင်သည်။
Ref မြန်မာ့ဆေးဝါးပင်များ

imageimage
49 ပတ် - ဘာသာပြန်ပါ။

ဆိုင်နာမည် အသံထွက်လေး မသိလို့ 😆

image