ရှာဖွေပါ။ ပို့စ်များExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
(၁၁-၁-၂၀၂၅) ရက်နေ့မှာ YBS အစီးရေ ထွက်ရှိမှု လျော့နည်းမည်၊ အလုပ်ကနေ အိမ်ကို စောစောပြန်ကြပါ၊
(၁၁-၁-၂၀၂၅) ရက်နေ့ စနေနေ့မှာ သဘာဝဓာတ်ငွေ့ပိုက်လိုင်းတွေ ပြုပြင်မှာ ဖြစ်တာကြောင့် စီအန်ဂျီဆိုင်တချို့ ပိတ်မယ်လို့ သိရပါတယ်။ အဲဒါကြောင့် YBS များ အစီးရေထွက်ရှိမှု နည်းမှာ ဖြစ်ပါတယ်။ မှတ်တိုင်မှာ လူများ စုပုံနိုင်ချေ ရှိတာကြောင့် ရရာကားကို အချိန်မစောင့်ဘဲ စီးနင်းကြပါလို့ အသိပေးလိုက်ပါတယ်။ ညနေ ၆ နာရီနောက်ပိုင်း ကားမရှိသလောက် ဖြစ်နိုင်ပါတယ်။
အာလူးရှမ်းထောင်း
အီမ်မှာ အလွယ်တကူ ချက်စားနိင်တဲ.
အာလူးရှမ်းထောင်း လုပ်စားကြည်.ကြရအောင် ✌ ✌
အာလူးတွေကိုပြုတ်ပြီး အသင်.ပြင်ထားပါ။၇ပြီဆိုရင်
ငရုတ်ဆုံမှာ ငရုတ်သီးစိမ်း ၊ ကြက်သွန်ဖြူ လေးတွေကို ရောထောင်းပါ။
ပြီးရင် စောနက ပြုတ်ထားတဲ. အာလူးတွေ ရောထောင်းပါ ။ ကြက်သားမှူန်. အနည်းငယ်ထည်.ပါ ။
ပြီးရင် ရှမ်းချဉ် အနည်းငယ် ထပ်ထည်.ထောင်းပေးပါ ။
နောက်ဆုံးမှာ ပဲဆီ ၂ ဇွန်း ငရုတ်ဆုံထဲ ထပ်ထည်.ပြီး
အသာလေးမွှေပေးပြီး လက်နဲ. အာလူးရှမ်းထောင်းကို အသင်.ပြင်ပြီး အပေါ်ကနေ ငရုတိသီးကြော်လေးဖြူး စားလို.ရပြီ ။
ကြိုက်ရင် တို.ဖူးကြော်လေးနဲ.ပါ တွဲဖက် စားနိင်ပါတယ် ။
အာလူးရှမ်းထောင်းစားဖို. ရှမ်းပြည်ရောက်မှ စားတော.မယ်လို. အားခဲ မနေပါနဲ.
အိမ်မှာ အလွယ်တကူ လုပ်စားကြည်.နိင်ပါတယ်ဗျ
#မြိန်မြိန်
နေမာကို ခေါ်ယူဖို့ ပြောဆိုမှုတွေကို မာရှေယာနိုပယ်ချ
ဇန်နဝါရီ ၁၁
အင်တာမိုင်ယာမီ အသင်းနည်းပြ မာရှေယာနိုက ဘာစီလိုနာ အသင်းဖော်ဟောင်းတွေဖြစ်တဲ့ မက်ဆီ၊ ဆွာရက်ဇ်တို့နဲ့အတူ တွဲကစားဖို့ နေမာအသင်းထံ ရောက်ရှိလာနိုင်တယ်ဆိုတဲ့ ပြောဆိုမှုတွေကို ပယ်ချခဲ့ပါတယ်။
မာရှေယာနိုက “ကျနော်တို့မှာ ဘာမှမရှိတဲ့အတွက် နေမာအကြောင်းကို ပြောလို့မရပါဘူး။ နေမာဟာ အလွန် ကောင်းမွန်တဲ့ ကစားသမားတစ်ဦးပါ။ ကမ္ဘာပေါ်မှာရှိတဲ့ နည်းပြတိုင်းက သူ့ကိုလိုချင်ပေမယ့် လစာနဲ့ ပတ်သက်တဲ့ မေဂျာလိဂ်ရဲ့ စည်းမျဉ်းတွေကို ခင်ဗျားတို့ သိပါတယ်။ ဒါကြောင့်လည်း ဒီအချိန်မှာ ကျနော်တို့ဟာ သူ့အကြောင်း ကို ကြိုးစားပြီး တွေးကြည့်ဖို့တောင် မဖြစ်နိုင်ဘူး”လို့ မီဒီယာသမားတွေကို ပြောခဲ့တာပါ။
နေမာဟာ မက်ဆီ၊ ဆွာရက်ဇ်တို့နဲ့အတူ ဘာစီလိုနာအသင်းမှာ တွဲဖက်ပြီး အောင်မြင်မှုတွေ အများအပြား ရယူနိုင်ခဲ့ပေမယ့် ၂၀၁၇ ခုနှစ်မှာ ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ပီအက်စ်ဂျီအသင်းထံ ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။
ဆော်ဒီကလပ် အယ်လ်ဟီလယ်အသင်းနဲ့ ဒီရာသီကုန်ရင် စာချုပ်ကုန်ဆုံးမယ့် နေမာဟာ မကြာသေးခင်က CNN နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ မက်ဆီ၊ ဆွာရက်ဇ်တို့နဲ့ ထပ်ပြီး တွဲကစားခွင့်ရရင် မယုံနိုင်စရာ ကောင်းမယ်လို့ ပြောခဲ့ တာပါ။
ဒါပေမယ့် အင်တာမိုင်ယာမီ အသင်းနည်းပြ မာရှေယာနိုကတော့ မေဂျာလိဂ်ရဲ့ လစာစည်းမျဉ်းတွေကြောင့် နေမာကို ခေါ်ယူဖို့ မဖြစ်နိုင်ဘူးလို့ ပြောခဲ့တာဖြစ်ပါတယ်။
ထွက်ခွာခဲ့တဲ့ နည်းပြမာတီနိုရဲ့ နေရာမှာ နည်းပြသစ်အဖြစ် အစားထိုး ဝင်ရောက်ခဲ့တဲ့ မာရှေယာနိုဟာ အင်တာမီယာအသင်းရဲ့ လေ့ကျင့်ခန်း အစီအစဉ်တွေကို စတင်ဦးဆောင်နေပြီ ဖြစ်ပါတယ်။
အင်တာမိုင်ယာမီအသင်းဟာ ပြီးခဲ့တဲ့ရာသီက မေဂျာလိဂ်ပြိုင်ပွဲမှာ ထိပ်ဆုံးနေရာ ရပ်တည်ပြီး Supporters' Shield ဖလား ရယူနိုင်ခဲ့ပေမယ့် မေဂျာလိဂ်ဖလား ပြိုင်ပွဲမှာတော့ ပထမအဆင့်ကနေ ထွက်ခွာခဲ့ရပါတယ်။
အင်တာမိုင်ယာမီအသင်းဟာ ၂၀၂၅ ခုနှစ် ရာသီသစ် မစတင်ခင်မှာ ခြေစမ်းပွဲတွေ ကစားဖို့ စီစဉ်ထားပြီး ဇန်နဝါရီ ၁၈ ရက်မှာ ကလပ်အမေရိက၊ ဖေဖော်ဝါရီ ၁၄ ရက်မှာ အော်လန်ဒိုစီးတီးအသင်းတို့နဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source: CNA
ပုံ - နေမာ၊မက်ဆီနဲ့ ဆွာရက်ဇ်တို့ကို တွေ့ရစဉ်
#centralnewsnaypyitaw
ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ
ဇန်နဝါရီ ၁၁
#ရွှေဈေး
-ကမ္ဘာ့ရွှေဈေး
တအောင်စ ၂၆၈၉ ဒေါ်လာ
ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း
- အကယ်ဒမီ မီးလင်းရွှေ တကျပ်သား
၅၄၀၀၀၀၀ ကျပ်
ပြင်ပရွှေဈေးနှုန်း
-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၆၄၂၀၀၀၀ ကျပ်
ဝယ်ဈေး ၆၃၈၀၀၀၀ ကျပ်
-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၆၂၂၀၀၀၀ ကျပ်
ဝယ်ဈေး ၆၁၈၀၀၀၀ ကျပ်
“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”
(ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။)
#နိုင်ငံခြားငွေလဲလှယ်နှုန်း
-မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း
အမေရိကန် တဒေါ်လာ - ၂၁၀၀ ကျပ်
ပြင်ပပေါက်စျေး
-အမေရိကန်ဒေါ်လာ
ရောင်းဈေး - ၄၆၀၀ ကျပ်
ဝယ်ဈေး - ၄၅၂၀ ကျပ်
-စင်္ကာပူဒေါ်လာ
ရောင်းဈေး - ၃၂၈၅ ကျပ်
ဝယ်ဈေး - ၃၂၂၅ ကျပ်
-ယူရို
ရောင်းဈေး - ၄၆၅၅ ကျပ်
ဝယ်ဈေး - ၄၅၆၅ ကျပ်
-ထိုင်းဘတ်
ရောင်းဈေး - ၁၃၁.၅၈ ကျပ်
ဝယ်ဈေး - ၁၂၉.၀၃ ကျပ်
-မလေးရှားရင်းဂစ်
ရောင်းဈေး - ၁၀၁၀ ကျပ်
ဝယ်ဈေး - ၉၉၀ ကျပ်
-တရုတ်ယွမ်
ရောင်းဈေး - ၆၂၀ ကျပ်
ဝယ်ဈေး - ၆၀၈ ကျပ်
-ဂျပန်ယန်း
ရောင်းဈေး - ၂၈.၈၃ ကျပ်
ဝယ်ဈေး - ၂၈.၂၇ ကျပ်
-အိန္ဒိယရူပီး
ရောင်းဈေး - ၅၂.၇၂ ကျပ်
ဝယ်ဈေး - ၅၁.၇၀ ကျပ်
-ကိုရီးယားဝမ်
ရောင်းဈေး - ၃.၀၈ ကျပ်
ဝယ်ဈေး - ၃.၀၂ ကျပ်
-စတာလင်ပေါင်
ရောင်းဈေး - ၅၅၄၅ ကျပ်
ဝယ်ဈေး - ၅၄၄၀ ကျပ်
-ဩစတြေးလျဒေါ်လာ
ရောင်းဈေး - ၂၇၉၅ ကျပ်
ဝယ်ဈေး - ၂၇၄၀ ကျပ်
-ကနေဒါဒေါ်လာ
ရောင်းဈေး - ၃၁၅၀ ကျပ်
ဝယ်ဈေး - ၃၀၉၀ ကျပ်
-ဟောင်ကောင်ဒေါ်လာ
ရောင်းဈေး - ၅၈၄ ကျပ်
ဝယ်ဈေး - ၅၇၃ ကျပ်
-ယူအေအီး
ရောင်းဈေး - ၁၂၄၀ ကျပ်
ဝယ်ဈေး - ၁၂၁၅ ကျပ်
ငွေလဲနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။
Credit - VOM News Agency
#သတင်းဟင်းလေးအိုးကြီး
Virgo ♍️, Aries ♈️, Cancer ♋️, Capricorn ♑️, Libra ♎️, Sagittarius ♐️, Gemini ♊️
ဖောင်းနေတဲ့မျက်နှာလေး ၃လအတွင်းV shape ဖြစ်ချင်လား၊fasting တွေလုပ်စရာမလိုပဲနေ့စဉ်ရက်ဆက်ထမင်းမစားနိုင်ဖြစ်ချင်လား၊ဒါမှမဟုတ် ညမအိပ်ရလိူ့ ပိန်ကျသွားတာလိုချင်လား ။ချဖို့ခက်ခဲနေတဲ့ဝိတ်တွေကို ၁၀ပေါင်လောက်အသာလေးကျသွားစေမယ် ခါးပါသွယ်သွားတာနော်တို့ဆို🙂↕️
ထွေထူးလုပ်စရာမလ်ူဘူး အပေါ်ကကောင်တွေနဲ့တွဲကြည့်လိုက်”)အပိုမပြောဘူးကိုယ်တွေ့နော်🥲
#lunatarot
#crd
Sully
2016
ငှက်တွေကြောင့် ပျက်စီးသွားတဲ့ လေယာဉ်ကို ကယ်တင်ခဲ့တဲ့ လေယာဉ််မှုးကြီးရဲ့ ဖြစ်ရပ်မှန်ရုပ်ရှင်ဒီဇာတ်ကားက ၂၀၀၉ ခုနှစ် တစ်လပိုင်းက ဖြစ်ပျက်ခဲ့တဲ့ မြစ်ထဲကို လေယာဉ်ပျက်ကျမှုဖြစ်ရပ်မှန်ကို ပြန်လည်ရိုက်ကူးထားတာပါ။ ထူးခြားမှုကတော့ လေယာဉ်ပေါ်က လူ ၁၅၅ ယောက်လုံးအသက်ရှင်နိုင်ခဲ့တာပါပဲ။ ဒီဇာတ်ကားမှာ မင်းသားကြီး တွမ်ဟန့်ခ်က အမေရိကန်ရဲ့ သူရဲကောင်းတစ်ယောက်ဖြစ်လာတဲ့ ပိုင်းလော့ကြီးနေရာကနေ သရုပ်ဆောင်ထားပါတယ်။ မြစ်ထဲကို လူအသေအပျောက်မရှိထိုးဆင်းနိုင်ခဲ့လို တကယ်ချီးကျူးစရာဖြစ်ခဲ့သလို ၂၄ မိနစ်အတွင်း သင်္ဘောတွေ လေယာဉ်တွေနဲ့ ကယ်ဆယ်ရေး လူ၁၀၀၀ ကျော်စုစည်းပြီး အားလုံးကို ကယ်တင်နိုင်ခဲ့တဲ့ နိုင်ငံရဲ့စီမံခန့်ခွဲမှုကလည်း အံသြစရာတစ်ခုလို ပြောသင့်တယ်ထင်ပါတယ်။
IMDb rating 7.8 ရထားတဲ့ဒီဇာတ်လမ်းမှာ အားလုံးက သူရဲကောင်းလိုသတ်မှတ်ထားတဲ့ ပိုင်းလော့ကြီးရဲ့ လေယာဉ်ဆင်းသက်ခဲ့ပြီး နောက်ဆက်တွဲပြဿနာနဲ့ လေယာဉ်ပေါ်က အကြောင်းအရာတွေကို ပေါင်းစပ်ပြီးပြသထားတာပါ။ ပြဿနာကတော့ လေယာဉ်ကိုစစ်ဆေးတဲ့ အင်ဂျင်ပိုင်းဆိုင်ရာ ပညာရှင်တွေနဲ့ ကွန်ပြူတာအချက်အလက်တွေက လေယာဉ်ဟာ မြစ်ထဲထိုးဆင်းစရာမလိုဘဲ လေဆိပ်ကိုအရောက်ပျံသန်းနိုင်တယ်လို ညွှန်ပြပြီး ပိုင်းလော့ကို အာမခံကုမ္မဏီက တရားခံရှာဖိုကြိုးစားလာတာပါပဲ။ ဆူလီဟာ သူရဲကောင်းတစ်ယောက်လား အားလုံးကိုအန္တရာယ်ကျရောက်စေတဲ့ ဆုံးဖြတ်ချက်မှားယွင်းသူလား? ဆူလီတစ်ယောက် သူ့အတွေ့အကြုံနဲ့ဆုံးဖြတ်ချက်ဟာ ကွန်ပြူတာတွေ ပညာရှင်တွေရဲ့ သီအိုရီတွေထက် ပိုမှန်ကန်လားဆိုတာ သက်သေပြနိုင်ဖို……ဆက်လက်ကြည့်ရှုလိုက်ပါအုံးနော်
#movie
JB Gold
မှတ်ချက်ကိုဖျက်ပါ။
ဤမှတ်ချက်ကို ဖျက်လိုသည်မှာ သေချာပါသလား။