Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
"အားမလျှော့နဲ့"
🛑 နောင်မှာ ဖြစ်မလာမှာကို ကြိုတွေးပြီး ရပ်တန့်မနေပါနဲ့၊ အခုဘာလုပ်ရမလဲကိုပဲ တွေးပါ။
🚶ကောင်းသာလမ်းကို စပြီးရင် အလွယ်တကူ လှည့်ထွက်ခွင့် မပြုမိပါစေနဲ့။
🌹နှင်းဆီပန်းကို ခူးချင်တယ်ဆိုရင် ဆူးစူးမှာကို မကြောက်ပါနဲ့။
🏁အတားအဆီးတွကိုပဲ မြင်နေမယ်ဆိုရင် အောင်မြင်မှု ပန်းတိုင်ကို လျှောက်လှမ်းနိုင်မှာ မဟုတ်ပါဘူး။
✨ဒီစာလေးတွေကို ဖတ်ပြီး စိတ်မှာခွန်အားတွေရကာ အတွေးမှာ အလင်းတွေပွင့်ပြီး မိတ်ဆွေတို့ရဲ့ အောင်မြင်မှုပန်းတိုင်သို့ အရောက်လှမ်းနိုင်ကြပါစေ။
"Shine your heart, Bright your life."
#lifecoach_chithninwaiwai_coaching
#goal #fear #quit #think
#crd
"အာလူးပူရီ" သည်ပြုလုပ်ရ လွယ်ကူစေသလို အရသာမှာလည်း အထူးကောင်းမွန်ပါတယ်
✅အာလူးပူရီ
---------------
ပါဝင်ပစ္စည်းများ(၅ ယောက်စာ)
---------------
1- အာလူးအနေတော် -၅လုံး
2- ဂျူံ မှုန့် - ၂၅ ကျပ်သား
5-ခရမ်းချဉ်သီး -၁လုံး
4-ကြက်သွန်နီ -၂လုံး
5-ကြက်သွန်ဖြူ - ၃မွာ
6-ဂျင်း - လက်တစ်ဆစ်
7-ဆီ- ၁၀ကျပ်သား
8-ဆား - အနည်းငယ်
9-နန္နင်းမှုန့် -အနည်းငယ်
10- သကြား ဟင်းစားဇွန် - ၁ဇွန်း
11-အရသာမှုန့် -အနည်းငယ်
12-ငရုတ်ကြမ်းမှုန့် ဟင်းစားဇွန်း -၂ဇွန်း
13- ပျဉ်းတော်သိမ်ရွက် -၃ညွန့်
14- ကရဝေးရွက် - ၃ရွက်
15-ဇီယာစေ့ - အနည်းငယ်
16-မဆလာ - အနည်းငယ် တို့လိုအပ်ပါတယ်
ပြုလုပ်နည်းအဆင့်ဆင့်
---------------
ပူရီကြော်ပြုလုပ်နည်း
---------------
ပူရီ ပြုလုပ်ရန်အတွက် ဂျုံကို ဆားသကြား ဆီအနည်းငယ်တို့နဲ့ေ ရာပြီး ရေနွေးနွေးကို ဖြေးဖြေးချင်း လောင်းထည့်ပါ။ နယ်ပေးပါ။ နယ်ထားသောဂျုံလုံးများကို အဝတ်ရေစွတ်ပြီး ၁၀မိနစ်ခန့်အုပ်ထားပါ
နယ်ထားဂျူံများကို အလုံးလေးတွေ လုပ်ထားပြီး နောက်ထပ်ရေစိုဝတ်နဲ့ ၁၅ မိနစ်ခန့် ထပ်အုပ်ပြီးရင် ဂျုံလှိမ့်တဲ့ ဒလိမ့်တုံးနဲ့ ပါးနေအောင် လှိမ့်ပေးပါ
ပူရီကြော်လို့ရ ပြီ ဖြစ်ပါတယ်
ဆီများများထည့်ထားတဲ့ အိုးထဲ ထည့်ကြော်ပါ
မုန့် က ပွလာရင် နောက်တစ်ဖက်သို့လှန်ပေးပါ ၂ဖက်လုံး ဖောင်းလာရင် ဆယ်ယူပြီး အအေးခံထားပါ
ပူရီဟင်းအနှစ် ပြုလုပ်နည်း
---------------
ဂျင်း ကြက်သွန်နီ / ဖြူ အခွံသင် ကျေညက်စွာထောင်းထားပါ။
ခရမ်းချဉ်သီး ရေဆေး အစေ့များဖယ် ထုပ်ပြီး ရေစင်အောင် ဆေးကြောပြီး နုပ်နုပ်စင်းထားပါ။ ကရဝေးရွက် ပျဉ်းတော်သိမ်ရွက် များအားရေစင်အောင်ဆေးကြောပြီး လှီးဖြတ်ထားပါ။ ဇီယာစေ့ အားညက်အောင်ထောင်းထားပါ။ အားလူး ကိုရေစင်အောင်ဆေး အခွံခွာ ၍ အတုံးသေးလေးများတုံးထားပါ။
ဆီသတ်ဖို့ အတွက် အိုးဇောက်နက်နက် ထဲကို ဆီထည့်
ဆနွင်းမှုန့် ကုလားဝေးရွက်များထည့် ပြီးဆီသတ်ပါ
ထို့နောက် ကြက်သွန်နီ ထည့် ကြက်သွန်နွမ်းပါက ဇီယာနှင့် ပျဉ်းတော်သိမ်ရွက် ငရုတ်ကြမ်းမှုန့်တို့ကိုပါထည့်၍ဆီသတ်ပါ။
ကြက်သွန် အရောင်နဲနဲ ညိုလာရင် ဂျင်းကြက်သွန်ဖြူ
ထည့်ပါ။ ဆီသတ်ပြီး မွှေးလာရင် ခရမ်းချဉ်သီး အာလူးတို့ကို ရောပြီး ထည့်ပါ။ အာလူးနူးအိလာသည်အထိ ရေထည့်ပြီး မီးအေးအေးနှင့်တည်ထားပါ။ ဆား အရသာမှုန့် မဆလာ တို့ထည့်ပြီး စိတ်ကြိုက်ပြင်ဆင်ပါ
ပူရီနဲ့ စားဖို့ မဆလာနံ့သင်းတဲ့ အာလူးဟင်းရပြီ ဖြစ်ပါတယ်
#မြိန်မြိန်