ယနေ့ ဖေဖော်ဝါရီလ ၂ ရက်မှစတင်၍ ၇၅ ရက်ကြာ ကျင်းပမည့် မန်းရွှေစက်တော်ဘုရားပွဲတော်အတွက် ကြိုတင်ပြင်ဆင်နေမှုမြင်ကွင်းများ
#centralnewsnaypyitaw


+17
ရှာဖွေပါ။ ပို့စ်များExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ယနေ့ ဖေဖော်ဝါရီလ ၂ ရက်မှစတင်၍ ၇၅ ရက်ကြာ ကျင်းပမည့် မန်းရွှေစက်တော်ဘုရားပွဲတော်အတွက် ကြိုတင်ပြင်ဆင်နေမှုမြင်ကွင်းများ
#centralnewsnaypyitaw


+17
မန်စီးတီးကိုနိုင်ရင် ဆုဖလားမျှော်လင့်ချက် ပိုကောင်းနိုင်လို့ အာတီတာပြော
ဖေဖော်ဝါရီ ၂
အာဆင်နယ်အသင်း နည်းပြအာတီတာက မန်စီးတီးအသင်းနဲ့ပွဲမှာ အနိုင်ရလဒ် ရယူနိုင်ခဲ့ရင် သူတို့ရဲ့ ပရီးမီးယားလိဂ် ဆုဖလား မျှော်လင့်ချက် ပိုပြီးအားကောင်းလာမယ်လို့ ပြောခဲ့ပါတယ်။
အာတီတာက “မန်စီးတီးအသင်းကို အနိုင်ရယူနိုင်တာက ကျနော်တို့အတွက် ဆုဖလား ပြေးလမ်းကြောင်းမှာ ကြီးမားတဲ့ အားကောင်းမှုကို ဖြစ်မှာပါ။ ပွဲကြီးပွဲကောင်းတွေကို အနိုင်ရတာက အမြဲတမ်း ထူးခြားတဲ့အရာပါ။ ကျနော်တို့ဟာ ပြိုင်ဘက်အသင်းတွေနဲ့ ပွဲကြီးပွဲကောင်း ကစားတဲ့အချိန်တိုင်း အပိုတစ်ခုခုကို ယူဆောင်လာပါ တယ်”လို့ ပြောခဲ့တာပါ။
အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့ရာသီက မန်စီးတီးအသင်းနဲ့ ၂ မှတ်သာကွာဟပြီး ပရီးမီးယားလိဂ် ဆုဖလားကို လက်လွှတ်ခဲ့ရတာ ဖြစ်ပါတယ်။
မန်စီးတီးအသင်းဟာ ဒီရာသီမှာတော့ ရလဒ်ဆိုးတွေကြောင့် ချန်ပီယံဆုကို ကာကွယ်နိုင်ဖို့ ခက်ခဲသွားပြီး အာဆင်နယ်အသင်းက အမှတ်ပေးဇယားအဆင့် ၂ နေရာမှာ ရပ်တည်ကာ အဆင့် ၁ နေရာက လီဗာပူးလ်အသင်း ကို ဖိအားပေးနိုင်ဖို့ ကြိုးစားနေတာပါ။
မန်စီးတီးနဲ့ အာဆင်နယ်အသင်းတို့ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလမှာ တွေ့ဆုံခဲ့တုန်းက အာဆင်နယ်အသင်းဟာ တစ်ဦးလျော့နဲ့ ကစားခဲ့ရပြီး မိနစ် ၉၀ အထိ အနိုင်ရနေခဲ့ပေမယ့် နာကျင်အချိန်ပိုမှာ ပေးခဲ့ရတဲ့ သွင်းဂိုးကြောင့် ၂ ဂိုးစီ သရေကျခဲ့တာ ဖြစ်ပါတယ်။
အာဆင်နယ်အသင်းဟာ လက်ရှိအချိန်မှာ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၁၃ ပွဲစလုံး ရှုံးပွဲမရှိခဲ့သလို မန်စီးတီးအသင်းကလည်း နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၅ ပွဲမှာ ၄ ပွဲအနိုင်ရပြီး ၁ ပွဲသရေကျခဲ့တာပါ။
အာဆင်နယ်အသင်းရဲ့ အဓိကဂိုးသမားဖြစ်တဲ့ ဒေးဗစ်ရာယာဟာ ကြံ့ခိုင်မှုပိုင်းကြောင့် ပြီးခဲ့တဲ့ ဂျီရိုနာအသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ မပါဝင်နိုင်ခဲ့သလို မန်စီးတီးအသင်းနဲ့ပွဲစဉ်ကို ပါဝင်ဖို့မသေချာဘူးလို့ နည်းပြအာတီတာက ပြောထားပါတယ်။
အာဆင်နယ်အသင်းဟာ ဇန်နဝါရီအပြောင်းအရွှေ့ မပိတ်ခင်အတွင်းမှာ တိုက်စစ်မှူးသစ်တစ်ဦး ခေါ်ယူနိုင်ဖို့ ကြိုးပမ်းနေပေမယ့် အခုအချိန်ထိ အဆင်ပြေမှု မရှိသေးတာဖြစ်ပါတယ်။
ပုံ - မန်စီးတီးအသင်းနဲ့အာဆင်နယ်အသင်း ယှဉ်ပြိုင်နေစဉ်
#ဘောလုံးသတင်းစုံ
ဆာလက်ကို လီဗာပူးလ်မှာ ဆက်ရှိဖို့ အာနီဆလော့ဆန္ဒရှိ
ဖေဖော်ဝါရီ ၂
လီဗာပူးလ်အသင်းနည်းပြ အာနီဆလော့က တိုက်စစ်မှူး ဆာလက်ကို အသင်းမှာဆက်ရှိဖို့ ဆန္ဒရှိနေသလို ဆော်ဒီနိုင်ငံက ဆာလက်ကို စိတ်ဝင်စားတဲ့အပေါ် အံ့သြစရာမရှိဘူးလို့ ပြောခဲ့ပါတယ်။
အာနီဆလော့က “ဆာလက်ကို မလိုချင်ဘူးလို့ တစ်ဦးဦးက ပြောလာခဲ့ရင် ဒါက အံ့သြစရာကောင်းမှာပါ။ သူဟာ နှစ်ပေါင်းများစွာ ကောင်းမွန်စွာလုပ်ခဲ့ပြီး လူတိုင်းက သူ့ကို လိုချင်ကြပါလိမ့်မယ်။ ကျနော်တို့ အပါအဝင် လူတိုင်း က သူ့ကိုလိုချင်ပါတယ်။ ကျနော်တို့ဟာ သူ့ကို သက်တမ်း တိုးစေချင်တယ်ဆိုတာ ရှင်းပါတယ်။ တစ်ဦးဦးက သူ့ကို လိုချင်နေတာက အံ့သြစရာမကောင်းပါဘူး။ သူဟာ သူ့အတွက် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ဖို့နဲ့ ကျနော်တို့ အတွက်လည်း ဆုံးဖြတ်ချက် ချနိုင်ဖို့မျှော်လင့်တယ်”လို့ ပြောခဲ့တာပါ။
လီဗာပူးလ်အသင်းနဲ့ ဒီရာသီအကုန်မှာ စာချုပ်ကုန်ဆုံးမယ့် ဆာလက်က စာချုပ်သစ်အတွက် သဘောတူညီမှု ရရှိဖို့က ဝေးကွာတယ်လို့ ပြောထားပါတယ်။
ဆာလက်ကို ခေါ်ယူဖို့ ဆော်ဒီပရိုလိဂ်က ကာလရှည်ကြာ ချိတ်ဆက်မှုတွေ ပြုလုပ်နေပြီး နိုင်ငံရဲ့ အားကစား ဝန်ကြီးဖြစ်တဲ့ မင်းသားအယ်လ်ဖိုင်ဆဲလ်က ဆော်ဒီပရိုလိဂ်မှာ ဆာလက်ကို မြင်တွေ့ရမှာ နှစ်သက်တယ်လို့ ထုတ်ပြောထားတာပါ။
အသက် ၃၂ နှစ်အရွယ်ရှိ ဆာလက်ဟာ ဒီရာသီမှာ လီဗာပူးလ်အသင်းအတွက် ပြိုင်ပွဲစုံ ၂၃ ဂိုးသွင်းယူထားပြီး အသင်းကို ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ထိပ်ဆုံးနေရာနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ထိပ်ဆုံးနေရာ ရောက်ရှိအောင် ပို့ဆောင်ပေးထားတာ ဖြစ်ပါတယ်။
လီဗာပူးလ်အသင်းဟာ ဆာလက်အပြင် ရာသီအကုန်မှာ စာချုပ်ကုန်ဆုံးမယ့် အသင်းခေါင်းဆောင် ဗန်ဒိုက်နဲ့ ညာနောက်ခံလူ အာနိုးလ်တို့ကိုလည်း စာချုပ်သစ်အတွက် သဘောတူညီမှု မရရှိသေးတာကြောင့် အလွတ်နဲ့ ဆုံးရှုံးရဖွယ်ရှိနေတာပါ။
လီဗာပူးလ်အသင်းဟာ ဖေဖော်ဝါရီ ၁ ရက်မှာ ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် ရလဒ်ကောင်းတွေ ရရှိနေတဲ့ ဘုန်းမောက်အသင်း အိမ်ကွင်းသွားရောက် ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source: ESPN
ပုံ - ဆာလက်ကို တွေ့ရစဉ်
#ဘောလုံးသတင်းစုံ
ရေးမြို့မ ရဲစခန်းတွင် အချုပ်သားများက သေနတ်လုယူ ပစ်ခတ်၊ ထွက်ပြေးသည့် ဖြစ်စဉ် ဖြစ်ပွား
ဖေဖော်ဝါရီ ၂
မွန်ပြည်နယ်၊ ရေးမြို့ မရဲစခန်း တွင် ရေးမြို့မ ရဲစခန်းတွင် အချုပ်သားများက သေနတ်လုယူ ပစ်ခတ်၊ ထွက်ပြေးသည့် ဖြစ်စဉ် ဖေဖော်ဝါရီလ ၁ ရက် နံနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း ကနဦး သတင်း ရရှိသည်။
ဖြစ်စဥ်မှာ ဖေဖော်ဝါရီလ ၁ ရက် နံနက်ပိုင်း ၉ နာရီကျော် အချိန်ခန့်က အချုပ်သားများထံ ထမင်းပုံးများ ပေးနေစဉ် အချုပ်သားများက ရဲတပ်ဖွဲ့ဝင် ၃ ဦးထံက သေနတ်ကို လုယူပစ်ခတ်သောကြောင့် အထက်ပါ တပ်ဖွဲ့ဝင် ၃ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ထို့နောက် ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာ နေ့လည်ပိုင်း ၁၂ နာရီကျော် အချိန်ခန့်တွင် ရဲစခန်း အတွင်း ခုခံ ပစ်ခတ်နေသော အချုပ်သားများက ပြန်လည် အဖမ်းခံခဲ့ပြီး ထွက်ပြေး လွတ်မြောက်သူ အချို့လည်း ရှိခဲ့ကြောင်း ကနဦး သတင်း ရရှိသည်။
“ရဲရဲ့ သေနတ်ကို ယူပြီး ပစ်တယ် ပြောတယ်။ အဲဒီကနေ ဇာတ်လမ်းစတာပါ။ သုံးယောက် လွတ်တယ် ကြားတယ်။ တစ်ယောက်ကိုတော့ အသေမိတယ်လို့ ကြားပါတယ်။ အချိန်အားဖြင့် နှစ်နာရီ ကြာ လောက် အထိ သေနတ်သံတွေ ကြားရတယ်” ဟု ရေးမြို့ခံတစ်ဦးက ဆိုသည်။
အဆိုပါ ဖြစ်စဉ်တွင် မြို့မ ရဲစခန်းမှူး လည်း ဒဏ်ရာရရှိခဲ့သည်ဟု ကနဦး သိရှိရပြီး နောက်ဆက်တွဲ ဖြစ်ရပ်များကို သိရှိရန် အတွက် ထပ်မံ စုံစမ်း မေးမြန်းနေဆဲ ဖြစ်သည်။
#centralnewsnaypyitaw
အာဆီယံဥက္ကဋ္ဌ၏အထူးကိုယ်စားလှယ် မြန်မာနိုင်ငံသို့ လာမည့်သီတင်းပတ်အတွင်း လာရောက်မည်
ဖေဖော်ဝါရီ ၂
အာဆီယံအလှည့်ကျဥက္ကဌအဖြစ်တာဝန်နေသော မလေးရှားဝန်ကြီးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ဖြစ်သူ အိုတာမန်ဟာရှင်သည် လာမည့် သီတင်းပတ်အတွင်း မြန်မာနိုင်ငံသို့ လာရောက်ကာ နစက အဖွဲ့အကြီးအကဲအပါအဝင် မြန်မာ့အရေးတွင် ပါဝင်သူများနှင့် တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း အာဆီယံအဖွဲ့ သံတမန်အသိုင်းအဝိုင်းနှင့်နီးစပ်သူက ပြောသည်။
မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာန၏ ညွှန်ကြားရေးမှူးချုပ်ဟောင်းဖြစ်သူဟာရှင်သည် မြန်မာနိုင်ငံသို့ ဖေဖော်ဝါရီ ၆ ရက်နေ့မှ ဖေဖော်ဝါရီ ၈ ရက်နေ့အထိ သုံးရက်ကြာသွားရောက်မည်ဖြစ်ပြီး နစက အဖွဲ့တာဝန်ရှိသူများနှင့် မြန်မာ့အရေးတွင် ပါဝင်နေသူများနှင့် တွေ့ဆုံဆွေးနွေးမည်ဖြစ်သည်။
အာဆီယံဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်သည် အာဆီယံအထူးကိုယ်စားလှယ်အဖြစ်တာဝန်ယူချိန်အတွင်း အာဆီယံသဘောတူညီချက်ငါးချက်ကိုအကောင်ထည်ဖော်ရေးကို အဓိကထားလုပ်ဆောင်ရမည်ဖြစ်ကြောင်း သိရသည်။
အာဆီယံအလှည့်ကျဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်သည် မြန်မာနိုင်ငံခရီးစဉ်အတွင်း အကြမ်းဖက်မှုများရပ်တန့်ရေး၊ အားလုံးပါဝင်သောနိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲများဖြစ်လာရေး၊ လူသားချင်းဆိုင်ရာစာနာမှုအကူညီပေးရေးအစီအစဉ်များကို အဓိကထားဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။ မလေးရှားအစိုးရက အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူပြီးနောက် မြန်မာငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဦးစားပေးလုပ်ဆောင်မည်ဟု ပြောဆိုထားသည်။
မလေးရှားနိုင်ငံသည် အာဆီယံအလှည့်ကျဥက္ကဌအဖြစ် ၁၉၇၇ ခုနှစ်၊ ၁၉၉၇ ခုနှစ်၊ ၂၀၀၅ ခုနှစ်နှင့် ၂၀၂၅ ခုနှစ်တို့တွင် တာဝန်ယူခဲ့ကြောင်း သိရသည်။
အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ်တာဝန်ယူခဲ့သော ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအိုနိုင်ငံတို့သည် အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ်တာဝန်ယူချိန်အတွင်းမြန်မာအရေးကိုဖြေရှင်းနိုင်ရန် ကြိုးပမ်းခဲ့သော်လည်း အောင်မြင်ခဲ့မှုမရခဲ့သည့်အတွက် ဝေဖန်ပြစ်တင်ခံခဲ့ရကြောင်း သိရသည်။
Ref, Thaipbs
Credit - Myanmar Transparency News Agency
#သတင်းဟင်းလေးအိုးကြီး
စနေညပိုင်းနှင့် တနင်္ဂနွေမနက်ပိုင်း ဘောလုံးပွဲရလဒ်များ
#ဘောလုံးသတင်းစုံ




