ရှာဖွေပါ။ ပို့စ်များExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
မြေမြုပ်မိုင်းကြောင့် သေဆုံးမှုနှုန်း အမြင့်ဆုံးနိုင်ငံတွေထဲ မြန်မာ နံပါတ် ၁ ချိတ်
နိုဝင်ဘာ၂၂
၂၀၂၃ခုနှစ်အတွင်း မြန်မာနိုင်ငံဟာ တကမ္ဘာလုံးမှာ မြေမြုပ်မိုင်းကြောင့်သေဆုံးရမှုက ထိပ်ဆုံးအဆင့်ထိရောက်ရှိလာတဲ့ အခြေအနေမျိုးဖြစ်နေတယ်လို့ မြေမြှုပ်မိုင်းများ တားဆီးရေး နိုင်ငံတကာ လှုပ်ရှားမှုအဖွဲ့ (ICBL)ကနေ ထုတ်ပြန်လိုက်ပါတယ်။
ကမ္ဘာပေါ်က စစ်ပွဲနဲ့ပဋိပက္ခ ဖြစ်ပွားနေတဲ့နိုင်ငံအများကြားမှာ မြန်မာနိုင်ငံဟာ ပြီးခဲ့တဲ့ကာလတွေကထက် မြေမြုပ်မိုင်းကြောင့်သေဆုံးရသူဦးရေ ဆတိုးပွားများလာရာ ၂၀၂၃ခုနှစ်အတွင်း မှာ သေဆုံးသူအရေအတွက် ၁၀၀၃ဦးအထိ ရှိလာတယ်လို့ ICBL ရဲ့ အခုလနိုဝင်ဘာ၂၀ရက်ကထုတ်ပြန်တဲ့စစ်တမ်းစာရင်းမှာဖော်ပြလာပါတယ်။
ဒါ့အပြင် အခုနှစ်မှာ ကမ္ဘာတစ်ဝှမ်း မြေမြှုပ်မိုင်းနဲ့ပေါက်ကွဲစေတတ်သော စစ်ပွဲအကြွင်းအကျန်တွေကြောင့် သေဆုံး ဒဏ်ရာရသူ (၅၇၅၇) ဦးထက်မနည်း ရှိခဲ့ရာမှာ မြန်မာနိုင်ငံအနေနဲ့ ယခင်က စစ်ပွဲများအပြင်းအထန်ဖြစ်ပွားနေတယ်လို့ နာမည်ကြီးခဲ့တဲ့ ဆီရီးယားနိုင်ငံထက်ကို လူပေါင်း၇၀ကျော်ပမာဏထိ အရေအတွက်ပိုတဲ့ထိခိုက်သေဆုံးမှုတွေကို ကြုံတွေ့နေရတာလို့လည်းဆိုပါတယ်။
" မြေမြုပ်မိုင်းတွေကြောင့် ထိခိုက်မှုနဲ့သေဆုံးမှုတွေ အတွက်အရေအတွက်တွေဟာ ICBL ရဲ့သိရှိရသလောက် အရေအတွက်နဲ့အခြေအနေတွေကိုသာမှတ်တမ်းတင်ထားတာဖြစ်လို့ မသိရှိနိုင်တဲ့ စစ်ပွဲဒေသတွေက ဖြစ်စဉ်တွေလည်း ရှိနိုင်သေးကြောင်းနဲ့အခုနှစ်အစီရင်ခံစာထဲမှာ မြေမြှုပ်မိုင်းကြောင့် ကလေးငယ် အပါအဝင် အရပ်သားသေဆုံးမှု တုန်လှုပ်စရာ အရေအတွက်ကို မှတ်တမ်းတင်ထားတယ်လို့" ICBL ညွှန်ကြားရေးမှူး Tamar Gabelnick က လည်းပြောထားပါတယ်။
တိုင်းရင်းသားဒေသတွေမှာ အရပ်သားတွေဟာ ထိခိုက်မှုဒဏ်ကို ယနေ့အထိဆက်လက် ခံစားနေကြရပြီး၊ မှတ်တမ်းတွေ အရ (၈၄) ရာခိုင်နှုန်းဟာ အရပ်သားတွေ ဖြစ်ကြပြီး၊ ကလေးတွေအရေအတွက်ဟာ အရပ်သား သေဆုံးမှုအားလုံးရဲ့ သုံးပုံတပုံကျော်ထိ ရှိပါတယ်။
မြန်မာတနိုင်ငံလုံး အတိုင်းအတာအရ မြေမြုပ်မိုင်းကြောင့်ပြည်သူတွေ ထိခိုက်ဒဏ်ရာရရှိမှု အများဆုံး ဒေသတွေအနေနဲ့ စစ်ကိုင်းတိုင်းမှာ ၃၅ရာခိုင်နှုန်းနဲ့အများဆုံးဖြစ်ပြီး ရှမ်းပြည်နယ်ကတော့ ၁၂ရာခိုင်နှုန်းနဲ့ဒုတိယအများဆုံးဖြစ်သလို နိုင်ငံတွင်းမှာ ရှိတဲ့ မြို့နယ်ပေါင်း ၃၃၀အနက်၁၆၈မြို့နယ်မှာ မြေမြုပ်မိုင်း အန္တရာယ်ကြုံနေရတာဖြစ်ပြီး အဲ့ဒီ့အရေအတွက်ဟာ၂၀၂၀ခုနှစ်ကထက်၆၈မြို့နယ်ထပ်တိုးလာတာ လို့ သိရပါတယ်။
" ပြီးခဲ့တဲ့လေးလလောက်ကဆို ဒီဘက်မှာ စစ်လက်နက် RPG ကျည်ဆံကို ကိုင်ပြီးခေါက်ကြည့်ရင်းပေါက်ကွဲလို့သားအမိ သုံးယောက် နေရာမှာတင်သေတာရှိခဲ့တယ်။တခြားဖြစ်စဉ်တွေအနေနဲ့လည်း တောထဲထင်းသွားရှာတာ၊လမ်းဘေးအပေါ့အပါးသွားတာတွေကနေလည်း ထောင်ထားတဲ့ မြေမြုပ်မိုင်း တွေနင်းမိလို့ ထိခိုက်ဒဏ်ရာရသေဆုံးရတာတွေလည်းရှိတယ်လို့" စစ်ကိုင်းတိုင်း ကောလင်းမြို့အနီးရှိရွာက ဒေသခံတယောက်ကပြောပါတယ်။
မြန်မာ၊ ရုရှားနဲ့ နိုင်ငံတချို့အနေနဲ့ မြေမြှုပ်မိုင်းတွေကို ဆက်လက်အသုံးပြုနေပြီး မြေမြှုပ်မိုင်းအသုံးပြုမှုကို တားမြစ်ထားတဲ့ နိုင်ငံတကာ သဘောတူညီချက်ကို လိုက်နာဖို့ အရေးပေါ် လိုအပ်နေတယ်လို့လည်း ICBL အစီရင်ခံစာမှာ ဖော်ပြပါတယ်။
မြန်မာနိုင်ငံဟာ မြေမြှုပ်မိုင်းဆိုင်ရာတားမြစ်ချက် ကုလသမဂ္ဂရဲ့ သဘောတူညီချက်တရပ်မှာ ပါဝင်လက်မှတ်ရေးထိုးထားတဲ့နိုင်ငံမဟုတ်သေးပေမယ့် နိုင်ငံတွင်းက လက်နက်ကိုင်အဖွဲ့ပေါင်းစုံရဲ့ ယခင်ငြိမ်းချမ်းရေးစကားဝိုင်းဆွေးနွေးပွဲတွေမှာ မြေမြုပ်မိုင်းရှင်းလင်းရေးဆွေးနွေးတာတွေရှိခဲ့ပေမယ့် သေချာလိုက်လုပ်နိုင်တာတွေမရှိခဲ့ကြောင်း နဲ့ မြေမြုပ်မိုင်းတွေကို စစ်ရေးတင်းမာနေတဲ့ဒေသတွေမှာ အပြန်အလှန်အသုံးပြုဆဲဖြစ်နေကြောင်းဒေသတွင်းသတင်းတွေကတဆင့်သိရပါတယ်။
မြေမြုပ်မိုင်းကြောင့်ထိခိုက်သေဆုံးမှုICBLကစာရင်းတွေအရ မြန်မာမှာ သေဆုံးသူအရေအတွက် ၁၀၀၃ ယောက် ဆီးရီးယားမှာ သေဆုံးသူအရေအတွက် ၉၃၃ ယောက်၊ အာဖဂန်နစ္စတန်တွင် ၆၅၁ ယောက်၊ ယူကရိန်းမှာ ၅၈၀ ရှိနေတယ်လို့ မြေမြုပ်မိုင်းစောင့်ကြည့်ရေးအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
Photo - Crd# CJ
Credit - VOM News Agency
#သတင်းဟင်းလေးအိုးကြီး
ICC က အစ္စရေးဝန်ကြီးချုပ်နှင့် ဟားမာ့စ်တပ်မှူးကို ဖမ်းဝရမ်းထုတ်
CNI International News
သည်ဟိဂ်၊ နိုဝင်ဘာ ၂၂
နိုင်ငံတကာ ရာဇဝတ်မှုဆိုင်ရာခုံရုံး (ICC) သည် အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု (Benjamin Netanyahu) ၊ အစ္စရေး ကာကွယ်ရေးဝန်ကြီးဟောင်း ယိုအက်ဗ် ဂဲလန့် (Yoav Gallant) နှင့် ဟားမာ့စ်အဖွဲ့တပ်မှူး မိုဟာမက် ဒီအစ်ဖ်တို့ကို ဖမ်းဝရမ်း ထုတ်လိုက်ကြောင်း ဘီဘီစီမှ ဖော်ပြခဲ့သည်။
၎င်းတို့ ၃ ဦးအား ဂါဇာစစ်ပွဲအတွင်း စစ်ရာဇဝတ်မှုများ၊ လူသားမျိုးနွယ်ကို ဆန့်ကျင်သည့် ရာဇဝတ်မှုစွဲချက်များ အတွက် ပြစ်မှုဆိုင်ရာ တာဝန်ရှိကြောင်း အထောက်အထားများ တွေ့ရှိခဲ့သည်ဟု တရားသူကြီးများက ပြောကြားခဲ့ သည်။
ဟားမာ့စ်တပ်မှူး ဒီအစ်ဖ်သည် ဇူလိုင်လအတွင်းက ဂါဇာတွင် အစ္စရေး၏ လေကြောင်း တိုက်ခိုက်မှုအတွင်း သေဆုံးခဲ့ကြောင်း အစ္စရေးစစ်တပ်က ပြောကြားခဲ့သည့်တိုင် ICC က ဒီအစ်ဖ်ကို ဖမ်းဝရမ်း ထုတ်ခဲ့ခြင်းဖြစ်သည်။
ICC ကမူ ဒီအစ်ဖ်သည် အမှန်တကယ် သေဆုံးခြင်း ဟုတ်/မဟုတ် အတည်မပြုနိုင်သဖြင့် ဖမ်းဝရမ်း ထုတ်ခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ICC ၏ အဖွဲ့ဝင် ၁၂၄ နိုင်ငံအနေဖြင့် နေတန်ယာဟု၊ ဂဲလန့်နှင့် ဒီအစ်ဖ်တို့ကို ဖမ်းဆီးရေးအတွက် လွတ်လပ်စွာ ဆုံးဖြတ်ပိုင်ခွင့်ရှိသည်။
မေလအတွင်းကလည်း ICC ရှေ့နေ ကာရင်ခမ်း(Karim Khan) သည် နေတန်ယာဟု၊ ဂဲလန့်၊ ဒီအစ်ဖ်နှင့် အခြား ဟားမာ့စ်ခေါင်းဆောင် ၂ ဦးကို ဖမ်းဝရမ်းများထုတ်ရန် ကြိုးပမ်းခဲ့သည်။
ထိုဟားမာ့စ်ခေါင်းဆောင် ၂ ဦးမှာ အစ္စမေးလ် ဟာနီယာ (Ismail Haniyeh) နှင့် ယာယာဆင်ဝါ (Yahya Sinwar) တို့ဖြစ်ပြီး ၎င်းတို့ ၂ ဦးစလုံးမှာ အစ္စရေး၏ တိုက်ခိုက်မှုများအတွင်း သေဆုံးခဲ့ပြီးဖြစ်သည်။
နေတန်ယာဟု၊ ဂဲလန့်တို့သည် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၇ ရက်က စတင်ဖြစ်ပွားခဲ့သည့် ဂါဇာစစ်ပွဲအတွင်း စစ်ရာဇဝတ်မှုများ၊ လူသားမျိုးနွယ်ကို ဆန့်ကျင်သော ရာဇဝတ်မှုများကို ကျူးလွန်ခဲ့သည်ဟု ခမ်းက ပြောသည်။
ထို့ပြင် ဟားမာ့စ် ခေါင်းဆောင်များသည်လည်း လူသတ်မှု၊ ပြန်ပေးဆွဲဖမ်းဆီးမှု၊ အဓမ္မပြုကျင့်မှု၊ ညှင်းပန်းနှိပ်စက်မှု များ အပါအဝင် စစ်ရာဇဝတ်မှုများ၊ လူသားမျိုးနွယ်ကို ဆန့်ကျင်သည့် ရာဇဝတ်မှုများကို ကျူးလွန်ခဲ့သည်ဟု ခမ်း က ပြောကြားခဲ့သည်။
Source: ဘီဘီစီ
ပုံ - နေတန်ယာဟု၊ ယိုအက်ဗ်ဂဲလန့်နှင့် ဟားမာ့စ်တပ်မှူး မိုဟာမက် ဒီအစ်ဖ်တို့ကို တွေ့ရစဉ်
#centralnewsnaypyitaw
တချို့ရင်ခွင်တွေများ သိပ်ကျယ်တာပဲ နှစ်ယောက် ၊ သုံးယောက် ဆံ့တယ် ။
ကျွန်တော့် ရင်ခွင်များ သိပ်ကျဥ်းတာပဲ တစ်ယောက်ထဲထည့်တာတောင် ပြန်ပြန် ပြီးထွက်တယ် .....။
#ကြည်ရွှန်းခ
နတန်ယာဟု၊ ဂါးလန့်နဲ့ မိုဟာမက်ဒီယက်ဘ်တို့ကို ICC က ဖမ်းဝရမ်းထုတ်
နိုဝင်ဘာ ၂၂
နိုင်ငံတကာရာဇဝတ်တရားရုံး (ICC) က အစ္စရေးဝန်ကြီးချုပ်ဘင်ဂျနင်နတန်ယာဟု၊ အစ္စရေးကာကွယ်ရေးဝန် ကြီးဟောင်း ယူအက်ဂါးလန့်နဲ့ ဟားမတ်စ်စစ်ရေးခေါင်းဆောင် မိုဟာမက်ဒီယက်ဘ်အီဘရာဟင် အယ်လ်မာ ဆရီတို့ကို ကြာသပတေးနေ့ (နိုဝင်ဘာ ၂၁ ရက်နေ့) က ဖမ်းဝရမ်းထုတ်လိုက်ပါတယ်။
တရားရုံးရဲ့ တရားစီရင်ရေးနဲ့ပတ်သက်ပြီး အစ္စရေးနိုင်ငံရဲ့ တောင်းဆိုချက်တွေကို တရားရုံးက ပယ်ချခဲ့ပြီး နောက် အခုလို နတန်ယာဟုနဲ့ ဂါးလန့်တို့ကို ဖမ်းဝရမ်းထုတ်လိုက်တာဖြစ်ပါတယ်။
ဟားမတ်စ်စစ်ရေးခေါင်းဆောင် မိုဟာမက်ဒီယက်ဟာ ဇူလိုင်လအတွင်းက ဂါဇာဒေသလေကြောင်းတိုက်ခိုက်မှု မှာ သေဆုံးသွားပြီဖြစ်ကြောင်း အစ္စရေးက ပြောကြားထားပေမဲ့ မိုဟာမက်ဒီယက်ကိုလည်း ဖမ်းဝရမ်းထုတ်ခဲ့တာ ဖြစ်ပါတယ်။
အစ္စရေး-ဟားမတ်စ် စစ်ပွဲအတွင်း စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအ တွက် အဆိုပါပုဂ္ဂိုလ်သုံးဦးမှာ တာဝန်ရှိတယ်ဆိုတာကို ခိုင်မာတဲ့အထာက်အထားတွေရှိကြောင်း ICC တရား သူကြီးတွေက ပြောပါတယ်။
“နတန်ယာဟုနဲ့ ဂါးလန့်ဟာ စစ်ဆင်ရေးနည်းလမ်းတစ်ခုအနေနဲ့ အငတ်ဘေးကြုံကြိုက်အောင် စစ်ရာဇဝတ်မှု ကျူးလွန်ခြင်းနဲ့ လူသားမျိုးနွယ်ကိုသတ်ဖြတ်ခြင်း၊ ညှင်းပန်းနှိပ်စက်ခြင်းနဲ့ တခြား လူမဆန်တဲ့ရက်စက်မှုတွေကို ကျူးလွန်ခြင်း” များဆောင်ရွက်ခဲ့မှုအတွက် တာဝန်ရှိကြောင်း ကြာသပတေးနေ့က ICC ထုတ်ပြန်ချက်ထဲမှာဖော် ပြထားပါတယ်။
“ဟားမတ်စ်ခေင်းဆောင် မိုဟာမက်ဒီယက်ဟာ လူသတ်မှု၊ ညှင်းပန်းနှိပ်စက်မှု၊ ဓားစာခံတွေဖမ်းဆီးမှု၊ မုဒိန်းမှုနဲ့ တခြား လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေ ကျူးလွန်မှုအတွက်” တာဝန်ရှိကြောင်း ICC ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
နတန်ယာဟုနဲ့ ဂါးလန့်ကို အခုလို ဖမ်းဝရမ်းထုတ်လိုက်တာဟာ အရေးကြီးတဲ့သမိုင်းဝင်ဆုံးဖြတ်ချက်တစ်ရပ်ကို ချလိုက်တာဖြစ်ကြောင်း ဟားမတ်စ်အဖွဲ့ကပြောပေမဲ့ အစ္စရေးဝန်ကြီးချုပ်နတန်ယာဟုကတော့ “ICC ရဲ့ ဆုံး ဖြတ်ချက်ဟာ “ဂျူးလူမျိုးဆန့်ကျင်ရေး” ဆုံးဖြတ်ချက်ဖြစ်တယ်လို့ ပြောဆိုရင်း ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချ လိုက်ပါတယ်။
ဒီဖမ်းဝရမ်းရဲ့ အကျိုးသက်ရောက်မှုက တစ်စိတ်တစ်ပိုင်းအားဖြင့် အစ္စရေးနဲ့ အဓိကမဟာမိတ် အမေရိကန်ပြည် ထောင်စုတို့ မပါဝင်တဲ့ ICC အဖွဲ့ရဲ့ အဖွဲ့ဝင် ၁၂၄ နိုင်ငံဟာ အဲဒီအမိန့်ကို အာဏာတည်အောင်ဆောင်ရွက်မ လား / မဆောင်ရွက်ဘူး ခလားဆိုတဲ့အပေါ် မူတည်နေပါတယ်။
အမေရိကန်အစိုးရကတော့ ICC တရားရုံးဆုံးဖြတ်ချက်ကို ပယ်ချလိုက်ကြောင်း အိမ်ဖြူတော်က ပြောပါတယ်။ ဒါပေမဲ့ ဥရောပနိုင်ငံ လေးငါးနိုင်ငံကတော့ ICC တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို လေးစားကြောင်း ထုတ်ဖော်ပြော ကြားခဲ့ပါတယ်။
နိုင်ငံတကာရာဇဝတ်တရားရုံး (ICC) ဟာ ရောမစာချုပ်အဖွဲ့ဝင်နိုင်ငံတွေမှာ လူမျိုးတုံးသတ်ဖြတ်မှု၊ လူသားမျိုး နွယ်အပေါ် ရာဇဝတ်မှုကျူးလွန်မှုနဲ့ စစ်ရာဇဝတ်မှုကျူးလွန်မှုတွေအတွက် သက်ဆိုင်ရာကျူးလွန်သူတွေကို တရားစွဲဆိုခွင့်ရှိပါတယ်။
Ref: Arrest warrants issued for Netanyahu, Gallant and Hamas commander over alleged war crimes
#သတင်းဟင်းလေးအိုးကြီး