တွဲဖက်မစားသင့်သော အစားအစာ( ၇၅ ) မျိုး။
===============================
၁။ ဆူးပုတ်ရွက် + ဆိတ်သား { မူးဝေ }
၂။ ကိုကိုး(ဖျော်ရည်)+ ပဲမြစ် { မူးဝေ }
၃။ ဝက်သား+ ဒေါင်းသား { ဝမ်းလျှော }
၄။ ဝက်သား+ ထန်းရည် { ဝမ်းလျှော }
၅။ ဝက်သား + ပေရည်ပေသီး { ဝမ်းလျှော }
၆။ ရှောက်သီး + စောင်းလျှားသီး{ ဝမ်းလျှော}
၇။ ခိုသား + စောင်းလျားသီး { ဝမ်းလျှော }
၈။ ဆီးသီး+ စားတော်ပဲ { ဝမ်းလျှော }
၉။ ဘဲဥ+ ဗျိုင်းသား { ဝမ်းလျှော }
၁၀။ ကျွဲသား + ကြာရိုးကြာစွယ် {ဝမ်းလျှော }
၁၁။ ကြက်သား + ကြက်ဟင်းခါးသီး
{ အော့အန် }
၁၂။ အာလူး+ ကြက်ဟင်းခါးသီး {အော့အန် }
၁၃။ စိမ်းစားဥ + ရှောက်သီး { အော့အန် }
၁၄။ ဘဲဥ + ဖရဲသီး { အော့အန် }
၁၅။ သံပုရာသီး+ ပဲတကော { အော့အန် }
၁၆။ ပျားရည် + ပိန္နဲသီး { အော့အန် }
၁၇။ စိမ်းစားဥ + ချိုချဉ် { အော့အန် }
၁၈။ လဖ္ဘက်သုပ် + မယ်ဇလီရွက်{အော့အန်}
၁၉။ နို့အေးချောင်း + သခွါးသီး { ရင်ကျပ် }
၂၀။ နို့အေးချောင်း + စိမ်းစားဥ { ရင်ကျပ် }
၂၁။ ကြက်သား+ ကြောင်လျှာသီး {အကြောတက်}
၂၂။ ကြက်ဟင်းခါးသီး + မှို {အကြောတက် }
၂၃။ ကြက်ဥ + တမာရွက် { အကြောတက် }
၂၄။ ကင်းပုံရွက် + နှမ်း { အကြောတက် }
၂၅။ ရွှေဖရုံသီး+ ပုစွန် { ဝမ်းကိုက်နာ }
၂၆။ ခိုသား + ငုံးသား { ရင်ပူ }
၂၇။ ဒူးရင်းသီး + အရက် { ရင်ပူ }
၂၈။ ကဏန်း + ခရမ်းသီး { အဆိပ်သင့် }
၂၉။ နွားနို့ + ငါးအစိမ်း { အဆိပ်သင့် }
၃၀။အမဲသား + တရုတ်ကြက်သွန်မိတ် {အဆိပ်သင့်}
၃၁။ မင်းကွတ်သီး + သကြား { သေ }
၃၂။ ရေခဲမုန့် + ဂျင်းသုပ် { သေ }
၃၃။ လဖ္ဘက် + ကျွဲခေါင်းသီး { သေ }
၃၄။ သံပုရာသီး + ကျွဲခေါင်းသီး { သေ }
၃၅။ ဖရုံသီး + ခိုသား { သေ }
၃၆။ ကြောင်လျှာသီး + ငါးသေတ္တာ { သေ }
၃၇။ ကြောင်လျှာသီး+ ပဲဒလက် { သေ }
၃၈။ ကြောင်လျှာသီး + စပါးကြီးမြွေ { သေ }
၃၉။ ချင်း(ဂျင်း) + သဘောင်္သီး { သေ }
၄၀။ ချင်း(ဂျင်း) + ခိုသား { သေ }
၄၁။ ထန်းလျက် + နလင်ကျော် { သေ }
၄၂။ ထန်းလျက် + (၂၇)ပါးဆေး { သေ }
၄၃။ ထန်းလျက် + သပြေသီး { သေ }
၄၄။ ဂွေးသီး + အာတာလွတ်ဥ { သေ }
၄၅။ ဂွေးသီး + နို့အေးချောင်း { သေ }
၄၆။ ပီလောပီနှံ + မျှစ်ချဉ် { သေ }
၄၇။ ပီလောပီနှံ + ပဲကြားလှော် { သေ }
၄၈။ ပီလောပီနှံ + ဒေါင်းသား { သေ }
၄၉။ ကြက်ဆူသီး + ငှက်သား { သေ }
၅၀။ ကျေးသား + ဘူးသီး { သေ }
၅၁။ ဝက်သား + ဗျိူင်းသား { သေ }
၅၂။ ဝက်သား + ထန်းရည်ချို { သေ }
၅၃။ ဝက်သား + ကြာရိုးကြာစွယ် { သေ }
၅၄။ ကျွဲသား + ဆိတ်သား { သေ }
၅၅။ နို့ဆီ+ ကိုးပါးဆေးလျက်ဆား { သေ }
၅၆။ မိုင်လို(အမှုန့်) + ပဲမြစ် { သေ }
၅၇။ ကြံ့သား + ငါးအမျိုးမျိုး { သေ }
၅၈။ ချောကလက် + ပဲမြစ် { သေ }
၅၉။ ချောကလက် + စောင်းလျားသီး { သေ }
၆၀။ သိုးသား + စောင်းလျားသီး { သေ }
၆၁။ တညင်းသီး + ရှိုန်းခို { သေ }
၆၂။ တညင်းသီး + ဒူးရင်းသီး { သေ }
၆၃။ တညင်းသီး + မှို { သေ }
၆၄။ နွားနို့ + မှို { သေ }
၆၅။ ဖားသား + မှို { သေ }
၆၆။ ပျားရည် + အုန်းသီး { သေ }
၆၇။ ပျားရည်+ သြဇာသီး { သေ }
၆၈။ ပျားရည်+ ဥသျှစ်သီး { သေ }
၆၉။ နွားနို့ + သံပုရာသီး { သေ }
၇၀။ လယ်ကဏန်း + မှို { သေ }
၇၁။ ကျွဲကောသီး + သံပုရာသီး { သေ }
၇၂။ ထန်းသီး/ ရည် + ငှက်ပျောသီး { သေ }
၇၃။ ကိုင်းဥ + ပုစွန်ချဉ် { သေ }
၇၄။ အမဲသား + ခရု { သေ }
၇၅။ ယုန်သား + မှို { သေ }
အစားလည်းဆေး ဆေးလည်းအစာ ဆိုပေမယ့် အသက်ကိုဉာဏ်စောင့်ရန် အတွက်ပါ ။
Crd

image
49 ပတ် - ဘာသာပြန်ပါ။

"I'm not like a regular mom, I'm a cool mom."

Check out this partly leucistic female cardinal! Leucism occurs in many types of animals and results in a partial loss of pigmentation, causing white, pale or patchy coloration. It can affect skin, feathers or fur but not eyes.

📷 courtesy of Clare Conoley Bozell

imageimage
49 ပတ် - ဘာသာပြန်ပါ။

Parker ( 2013 )
ဒီဇာတ်ကားမှာ ခေါင်းဆောင်မင်းသား Statham ဟာ သူ့စတန့်အားလုံးကို လူစားမထိုးဘဲ ကိုယ်တိုင်သရုပ်ဆောင်ကြောင်း သိရပါတယ်….

လူဆိုး က သေနတ်နဲ့ပစ်စဉ် အရှိန်ပြင်းစွာမောင်းနှင်နေတဲ့ကားပြတင်းပေါက်ကနေ ဒိုင်ဗင်ထိုးထွက်တဲ့အခန်းဟာ အသက်အန္တရာယ်ရှိပေမဲ့ ဒါရိုက်တာ စိတ်တိုင်း ကျ မဖြစ်မချင်း Jason က ငါးခါ ခြောက်ခါ သရုပ်ဆောင်ပေးခဲ့ပါတယ်…..

ဒါရိုက်တာကြီးHackford ဟာ ‘Parker’ကို သူ့ရဲ့ပထမဆုံး film-noir ဇာတ်ကားဖြစ်အောင် ရိုက်ကူးရလို ရင်ခုန်ကြောင်းဖွင့်ပြောပါတယ်။

Parker ဟာ ထူးဆန်းတဲ့ဇာတ်ကောင်ဖြစ်ပြီး လူ့ခွစာဆန်သူဖြစ်လု့ ၎င်းကို မိမိစိတ်ဝင်စားတာပါလို Hackford က ပြောပါတယ် ။ Parkerကို ဝေဖန်ရေးဆရာ တချိုက ချီးမွမ်းပြီး တချိုက ရှုတ်ချခဲ့ပါတယ်…

Donald Westlake ရဲ့ ပရိသတ်တစ်ဦးဖြစ်တဲ့ စာရေးသူအနေနဲ့တော့ Statham ရဲ့ပရိသတ်တွေ ကျေနပ်မှုရစေမယ့် ဖြေဖျော်ရေးအသားပေး လျှိဝှက်သည်းဖို အက်ရှင်ဇာတ်ကားတစ်ကားလိုပဲ မှတ်ချက်ချချင်ပါတယ်….
#movie

image
49 ပတ် - ဘာသာပြန်ပါ။

Keto ကြက်သောက်စမ်းလေး ချက်ရအောင်
ပါဝင်ပစ္စည်းများ

ဗမာကြက်၄၀သား
ကြက်သွန်ဖြူ၄ဥ
ဂျင်းလက်တဆစ်
စပါးလင်တပင်
ငြုပ်သီးရှည်ခြောက်၆တောင့်
စူကာညွန့် ဖယုံညွန့် မုန်ညှင်းစိမ်း
မှို ၁၀ သား
ပင်စိမ်းတစည်း ရှမ်းနံနံ
သံပုရာသီးတလုံး
ငြုပ်သီးစိမ်းလက်တဆုတ်
ကြက်သွန်နီ၂လုံး

ချက်ပြုတ်နည်း

ကြက်သားကို အတုံးလေးတွေတုံး ရေဆေးပါ
ဂျင်း ကြက်သွန်ဖြူ ငြုပ်ခြောက်ရှည်တောင့်ကိုမညက်တညက်ထောင်းပါ
ပြီးရင် ကြက်သားကို ဆား ဆနွင်းနဲနဲ အရသာမှုန့် ငံပြာရည် ထည့်ပီး ထောင်းထားတာနဲ့ရောသမနယ်ပြီးနှပ်ထားပါ စပါးလင်အရင်းပိုင်းကိုတစောင်းလှီးထားပါ
ဒယ်အိုးတလုံးတွင် ရေတလီတာထည့်ပီးတည်ထားပါ
ရေဆူရင် ကြက်သားလုံးထားတာနဲ့စပါးလင်ကိုထည့်ပီးအဖုံးအုပ်ထားပါ
ဆယ်မိနစ်ကြာလို့ ကြက်သားနူးလောက်ပီဆို
မှို ကြက်သွန်နီလေးစိပ်ခွဲ ငြုပ်သီးစိမ်းထည့်ပီး ထပ်တည်ထားပါ အရသာပေါ့ငန်မြည်းပါ
ပီးရင် အညွန့်အရွက်စုံ ရှမ်းနံနံ ပင်စိမ်းတို့ကိုထည့်ပီးအဖုံးအုပ်ပီးမီးပိတ်လိုက်ပါ ပြီးမှသံပုရာရည်ညှစ်ပီးအသင့်စားလို့ရပါပီး
#သောက်ဆမ်းဟင်းဖြစ်တဲ့အတွက် ဟင်းရည်အကျဲအပြစ်ကို လိုသလောက်ရေနွေးထည့်ပီး စားသုံးနိုင်ပါတယ်
#crd?ရွှေပုလက်ရာ?

image
49 ပတ် - ဘာသာပြန်ပါ။

ဒီကားကတော့ မသိတဲ့သူမရှိသလောက်ကို ရှားပါလိမ့်မယ်…

Your Name (2016)

ကမ္ဘာအနှံအောင်မြင်မှုတွေရခဲ့ပြီး
Your Name ကြောင့် Anime ပရိသတ် ဖြစ်လာကြတဲ့သူတွေဒုနဲ့ဒေးပါပဲ…

ဒါပေမဲ့ အခုထိမကြည့်ရသေးတဲ့သူတွေ ရှိနေနိုင်သေးတာကြောင့် နည်းနည်းလောက် ပြန်ညွှန်းပါရစေ…

ဇာတ်လမ်းအစမှာ သဘာဝလွန်ဖြစ်ရပ်ဆန်းနဲ့ စတယ်…

တိုကျိုမှာနေတဲ့ အထက်တန်းကျောင်းသားလေးတာချီဘာနာ တကိ နဲ့ အိတိုမိုရိ ဆိုတဲ့ နယ်မြိုလေးက မိယမိဇု မိဆုဟ ဆိုတဲ့ ကောင်မလေးတိုဟာ ခန္ဓာကိုယ်ချင်းလဲသွားကြသတဲ့…

အမှန်က ခန္ဓာကိုယ်လဲတယ်ဆိုတာထက် စိတ်ချင်းလဲသွားတယ်ဆို ပိုမှန်ပါတယ်…

ဒါကို သူတိုတွေက အိပ်မက်လို ထင်နေကြပေမယ့် တကယ်ဖြစ်နေမှန်းသိတဲ့အခါမှာတော့သူတိုနှစ်ယောက်လုံး ဒီအဖြစ်ဆန်းကြီးကို အဖြေရှာဖို ကြိုးစားကြပါတော့တယ်..

ဒါပေမဲ့ ပြသနာက ခန္ဓာကိုယ်ချင်း(စိတ်ချင်း)လဲတာတင် မဟုတ်ပဲသူတိုနှစ်ယောက်ရဲ့အချိန်တွေပါ လွဲနေတယ်ဆိုတာကို သိလိုက်ရတဲ့ အခါမှာတော့….

ဒီအချိန်လွဲတယ်ဆိုတဲ့ကိစ္စကြီးက ကြည့်ရတာနည်းနည်းတော့ ရှုပ်နိုင်တယ်…

image
49 ပတ် - ဘာသာပြန်ပါ။

Sometimes the most productive think to do is Rest. 🖤

image
49 ပတ် - ဘာသာပြန်ပါ။

၁၃။ ကြံမဆိုင်ဟင်းချို

ပါဝင်ပစ္စည်းများ
ပုဇွန် သန့်ပြီးသား- ငါးကျပ်သား
ကြံမဆိုင် - ဟင်းပြင်ပန်းကန် တလုံးစာ (အနေတော် လှီးထားပါ)
ဘရော့ကိုလီ - ၃ခက် (အနေတော် လှီးထားပါ)
ပဲပြား - အတုံးသေး ၁၀တုံး
ကြက်သွန်ဖြူ - သုံးမွှာ (အခွံခွာပြီး ဓါးပြားရိုက်ထားပါ)
ကြက်သွန်နီ - တစ်ခြမ်း (အခွံခွာပြီး လေးစိတ်စိတ်ထားပါ)
ချင်း - လက်တစ်ဆစ် (အပြားလေးတွေ လှီးထားပါ)
ပန်းဂေါ်ဖီ - သုံးခက် ( အနေနော် လှီးထားပါ)
မုံလာဥနီ - တစ်ဥ (အတုံးလေးတွေ လှီးထားပါ)
ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်းမောက်မောက်
ဟင်းချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
ရေ - တရုတ်ဟင်းရည်သောက်ပန်းကန် သုံးလုံး

ပြင်ဆင်ပုံ
ပုဇွန်ကို ချင်းပြား ဟင်းချိုမှုန့်နှင့်ဆားထည့်ပြီး ရေအနည်းငယ်ထည့်ကာ ပြုပ်ပေးပါ
ပုဇွန်မာလာတာနဲ့ ရေ တရုတ်ဟင်းရည်သောက် ပန်းကန်လုံး ၂လုံးစာထည့်ပြီး ပါဝင်ပစ္စည်း အားလုံးထည့်ကာ ရေဆူအောင်တည်ပေးပါ
ရေပွက်ပွက်ဆူပြီး အသီးအရွက်များ နူးတာနဲ့ အရသာမြည်း လိုသလိုပြင်ကာ သောက်နိူင်ပါပြီ။

image

Me :အပြင်သွာ:တော့မယ်ဆို ဝတ်စရာအင်္ကျီမရှိဘူ:
Also me

image
49 ပတ် - ဘာသာပြန်ပါ။

ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ

(ဇန်နဝါရီ - ၁၅ ရက်)
#ရွှေဈေး

-ကမ္ဘာ့ရွှေဈေး
တအောင်စ ၂၆၇၂ ဒေါ်လာ

ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း

- အကယ်ဒမီ မီးလင်းရွှေ တကျပ်သား
၅၃၈၀၀၀၀ ကျပ်

ပြင်ပရွှေဈေးနှုန်း

-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၆၆၀၀၀၀၀ ကျပ်
ဝယ်ဈေး ၆၅၆၀၀၀၀ ကျပ်

-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၆၄၀၀၀၀၀ ကျပ်
ဝယ်ဈေး ၆၃၆၀၀၀၀ ကျပ်

“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”

(ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။)

#နိုင်ငံခြားငွေလဲလှယ်နှုန်း

-မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း
အမေရိကန် တဒေါ်လာ - ၂၁၀၀ ကျပ်

ပြင်ပပေါက်စျေး

-အမေရိကန်ဒေါ်လာ‌
ရောင်းဈေး - ၄၇၄၀ ကျပ်
ဝယ်ဈေး - ၄၆၄၀ ကျပ်

-စင်္ကာပူဒေါ်လာ
ရောင်းဈေး - ၃၄၁၀ ကျပ်
ဝယ်ဈေး - ၃၃၁၀ ကျပ်

-ယူရို
ရောင်းဈေး - ၄၉၀၅ ကျပ်
ဝယ်ဈေး - ၄၇၇၃ ကျပ်

-ထိုင်းဘတ်
ရောင်းဈေး - ၁၃၆.၉၉ ကျပ်
ဝယ်ဈေး - ၁၃၃.၃၃ ကျပ်

-မလေးရှားရင်းဂစ်
ရောင်းဈေး - ၁၀၆၅ ကျပ်
ဝယ်ဈေး - ၁၀၂၈ ကျပ်

-တရုတ်ယွမ်
ရောင်းဈေး - ၆၅၀ ကျပ်
ဝယ်ဈေး - ၆၃၂ ကျပ်

-ဂျပန်ယန်း
ရောင်းဈေး - ၃၀.၁၄ ကျပ်
ဝယ်ဈေး - ၂၉.၃၃ ကျပ်

-အိန္ဒိယရူပီး
ရောင်းဈေး - ၅၄.၈၀ ကျပ်
ဝယ်ဈေး - ၅၃.၃၃ ကျပ်

-ကိုရီးယားဝမ်
ရောင်းဈေး - ၃.၂၆ ကျပ်
ဝယ်ဈေး - ၃.၁၇ ကျပ်

-စတာလင်ပေါင်
ရောင်းဈေး - ၅၈၁၀ ကျပ်
ဝယ်ဈေး - ၅၆၅၀ ကျပ်

-ဩစတြေးလျဒေါ်လာ
ရောင်းဈေး - ၂၉၄၇ ကျပ်
ဝယ်ဈေး - ၂၈၆၈ ကျပ်

-ကနေဒါဒေါ်လာ
ရောင်းဈေး - ၃၃၁၆ ကျပ်
ဝယ်ဈေး - ၃၂၂၈ ကျပ်

-ဟောင်ကောင်ဒေါ်လာ
ရောင်းဈေး - ၆၁၂ ကျပ်
ဝယ်ဈေး - ၅၉၆ ကျပ်

-ယူအေအီး
ရောင်းဈေး - ၁၂၉၇ ကျပ်
ဝယ်ဈေး - ၁၂၆၃ ကျပ်

ငွေလဲနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

image
49 ပတ် - ဘာသာပြန်ပါ။

ငါ့စိတ်ကိုဘယ်သူမှနားမလည်ပေးကျဘူး🥲

ငါ့ရဲ့စိတ်:

image