1 နှစ် - ဘာသာပြန်ပါ။

ဂျပန်တစ်မြို့လုံးရဲ့ ရှုခင်းတွေကို helicopter နဲ့ပတ်ကြည့်ခဲ့တဲ့ အေးဝတ်ရည်သောင်း 🚁
သရုပ်ဆောင်အေးဝတ်ရည်သောင်းက ရေခဲတောင်တွေနဲ့ ချမ်းအေးနေတဲ့ ဂျပန်ကို အလည်အပတ်သွားခဲ့တာပါ။ နှင်းကျနေပြီဖြစ်တဲ့ ဂျပန်မှာ နာမည်ကြီး ဖူဂျီတောင်ဆီပါ သွားလည်ပတ်ခဲ့တာပါ။ သူမဟာ ၂၀၂၅ ရဲ့နှစ်သစ်အစမှာပဲ ဂျပန်တစ်မြို့လုံးရဲ့ ရှုခင်းကို ပတ်ကြည့်နိုင်တဲ့ Helicopter ကိုစီးတဲ့ အတွေ့အကြုံလေးရယူခဲ့တာပါ။ အေးဝတ်ရည်သောင်းဟာ ဂျပန်ကပြန်ရောက်ပြီးချိန်မှာပဲ Success Burma Gems ဆိုတဲ့ ကျောက်မြတ်ရတနာဆိုင်ကို ဘန်ကောက်မှာဖွင့်လှစ်ခဲ့တာပါ။

#crd
#celenews

image
1 နှစ် - ဘာသာပြန်ပါ။

Purito Seoul Wonder Releaf Centella Daily Sun Lotion🌟

Purito က sunscreen 2ခုလုံးကတော့ ထိမိနေရောပဲ။ ဒါပေမဲ့ 2ခုယှဉ်လိုက်ရင် Nyi ဒီအစိမ်းလေးကို ပိုသဘောကျမိတယ်။ ဘာလို့လဲဆိုရင် လိမ်းရတာ အရမ်း soothing ဖြစ်ပြီး calming effect သေချာပေးနိုင်လို့ပဲ။

သူက fully Chemical sunscreen အမျိုးအစားပါ။ New generation Chemical UV filters တချို့ရယ် Cica (3%), Niacinamide, Hyaluronic acid 8မျိုး, Glycerin, Licorice, Allantoin, Panthenol, Adenosine အစရှိတဲ့ skin loving ingredients တွေ အများကြီးပါဝင်တယ်။ Fragrance & Essential oil free ဒါပေမဲ့ Alcohol တော့ အနည်းငယ်ပါဝင်ပါတယ်။ Cica (3%) က သူများအမြင်မှာ နည်းသလိုထင်ရပေမယ့် sunscreen တခုမှာဆို အတော်လေးများတဲ့ concentration ပါနော်။

နောက်ထပ် သူ့ရဲ့ key features တွေဆိုရင် skin repair အတွက် ထိရောက်ပြီး အတွေ့ရနည်းတဲ့ Brown Algae extract ပါတယ်။ UV test အနေနဲ့ Korea နဲ့ Italy 2 နိုင်ငံမှာ SPF ပြည့်မှီကြောင်း စစ်ဆေးထောက်ခံချက် ရရှိထားပါတယ်။ Hypoallergenic test complete ဖြစ်ထားတဲ့အပြင် Anti-pollution effect သူ့မှာပါဝင်လို့ မြန်မာပြည်လို ဖုန်ထူတဲ့နိုင်ငံမျိုးနဲ့ အထူးကိုက်ညီတယ်ပေါ့နော်။ နောက်ပြီး ဆန်းဆန်းပြားပြားအနေနဲ့ Fine dust adhesion prevention test ဆိုတဲ့ မျက်နှာပေါ်မှာ ဖုန်မှုန့်လေးတွေ မကပ်ညှိအောင်လဲ စစ်ဆေးထားတာ တွေ့ရပါတယ်။

Texture က gel essence လို့ ပြောလို့ရတယ်။ လိမ်းရတာ အေးအေးလူလူ ပေါ့ပေါ့ပါးပါးနဲ့ refresh ဖြစ်တယ်။ သူ့မှာ အနံ့တော့မပါဝင်ပါဘူး။ အသားထဲကို စိမ့်ဝင်တာမြန်သလို စေးကပ်တာမျိုးလဲ မရှိဘူး။ လိမ်းထားရင် အဆီမပြန် အသားလဲမခြောက်တဲ့ natural finish မျိုး ပေးပါတယ်။ လိမ်းပြီးသွားရင် skin က smooth ဖြစ်နေလို့ makeup ဘာညာ လိုက်လိမ်းလို့ အဆင်ပြေပါလိမ့်မယ်။ Nyi ကတော့ အဓိက soothing & calming ဖြစ်လို့ သဘောကျပါတယ်။

မျက်နှာက sensitive ဖြစ်လို့ ရဲလို့ နီလို့ အဖုထွက်လို့ဆိုရင် ဒီ Purito Seoul centella sunscreen လေး သုံးကြည့်နော်။ UV protection မြင့်ပြီး acne trigger မလုပ်လို့ အရမ်းကြိုက်ပါလိမ့်မယ်ဗျ။ အပြင်တွေ ခဏခဏသွားရတဲ့သူ၊ အလုပ်ကြောင့် နေပူထဲထွက်ရတဲ့သူတွေနဲ့လဲ အထူးသင့်တော်ပါတယ်ခင်ဗျာ။

#crd
#skincarereview

image

ထိုင်းနိုင်ငံသားတွေအပါအဝင် ဓါးစာခံရှစ်ယောက်ကို ဟားမတ်စ်အဖွဲ့ ပြန်လွှတ်ပေး

တဲလ်အဗစ်၊ ဇန်နဝါရီ ၃၁

အစ္စရေးနဲ့ အပစ်အခတ်ရပ်စဲရေး တစိတ်တပိုင်းအဖြစ် ဟားမတ်စ်တို့ဟာ ဖမ်းဆီးထားတဲ့ ဓါးစာခံ ရှစ်ယောက်ကို ပြန်လွှတ်ပေးခဲ့ပါတယ်။

ပြန်လွှတ်ပေးတဲ့သူတွေထဲမှာ အစ္စရေးနိုင်ငံသားသုံးယောက်နဲ့ ထိုင်းနိုင်ငံသားငါးယောက်တို့ ပါဝင်ပါတယ်။ အပြန်အလှန်အားဖြင့် အစ္စရေးဟာ တသက်တကျွန်းပြစ်ဒဏ်ကျသူ ၃၂ ယောက်၊ အရွယ်မရောက်သေးသူ ၃၀ အပါအဝင် ပါလက်စတိုင်းအကျဉ်းသား ၁၀၀ ကို ပြန်လွှတ်ပေးခဲ့ပါတယ်။

ဇန်နဝါရီ ၁၉ ရက်မှာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် သက်ဝင်ပြီးနောက်ပိုင်း ဟားမတ်စ်တို့ဟာ ဓါးစာခံ ၁၅ ယောက်ကို ပြန်လွှတ်ပေးခဲ့ပြီး ၈၂ ယောက်ကို ထိန်းသိမ်းထားဆဲဖြစ်ပါတယ်။ နောက်ထပ် အစ္စရေးအမျိုးသားသုံးယောက်အပါအဝင် ဓါးစာခံတွေ ပြန်လည်လွတ်မြောက်လာဖို့ မကြာခင်ရက်ပိုင်းမှာ ရှိနေပါတယ်။

အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ပထမ ၄၂ ရက်မှာ အစ္စရေးဓါးစားခံ ၃၃ ယောက် ပြန်လွှတ်ပေးဖို့ သဘောတူချက်မှာ ပါဝင်ပါတယ်။ အပစ်ရပ်ဒုတိယအဆင့်ကို လာမယ့်သီတင်းပတ်မှာ စတင်နိုင်တယ်လို့ အစ္စရေး တာဝန်ရှိသူတယောက်ကပြောပါတယ်။

အပစ်အခတ်ရပ်စဲရေး စတင်ပြီးနောက်ပိုင်း ဂါဇာကမ်းမြှောင်ဒေသရှိ ဒေသခံ သုံးသိန်းခုနှစ်သောင်းကျော်ဟာ နေရပ်ကို ပြန်သွားကြပြီဖြစ်ကြောင်း အစ္စရေးက ပြောပါတယ်။ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုဟာ ဖေဖော်ဝါရီ ၂ ရက်မှာ အမေရိကန်သမ္မတဒေါ်နယ်ထရန့်နဲ့ အိမ်ဖြူတော်မှာ တွေ့ဆုံဖို့ရှိနေပါတယ်။

Ref:AFP
Photo:AFP

#သတင်းဟင်းလေးအိုးကြီး

image
1 နှစ် - ဘာသာပြန်ပါ။

စီးပွားရေးကို ပြုပြင်ရန် ဦးစားပေး လုပ်သွားမည်ဟု သက်ဆင်ပြော

ဘန်ကောက်၊ ဇန်နဝါရီ ၃၁

ထိုင်းနိုင်ငံတွင် လာမည့် ၃ နှစ်အတွင်း စီးပွားရေးကို ပြန်လည်အသက်သွင်းရန် ဦးစားပေး လုပ်ဆောင်သွားမည်ဟု ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်(Thaksin Shinawatra) က ကတိပြုပြောကြားခဲ့သည်။

ဖေဖော်ဝါရီ ၁ ရက်တွင် ပြုလုပ်မည့် ဒေသန္တရရွေးကောက်ပွဲ၌ အာဏာရ ဖြူးထိုင်းပါတီ၏ ကိုယ်စားလှယ်လောင်း တစ်ဦးအတွက် မဲဆွယ်သည့်အနေဖြင့် ချင်းရိုင် (Chiang Rai) မြို့ရှိ ဖန်း (Phan)ရပ်ကွက်မှာ ပြုလုပ်သည့် မဲဆွယ် စည်းရုံးပွဲတွင် ၎င်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။

ထိုင်းနိုင်ငံ၏ စီးပွားရေးသည် ဟန်ချက်မညီမျှမှုနှင့် ရင်ဆိုင်နေရကြောင်း သက်ဆင်က ပြောသည်။

“နိုင်ငံတစ်ဝန်းမှာ စီးပွားရေးက ပြိုလဲနေပါတယ်။ လူတွေရဲ့ ဝင်ငွေတွေလည်း လျော့နည်းလာပါတယ်။ ဘဏ် တွေရဲ့ အကျိုးအမြတ်ကလည်း ၁၄ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ဂျီဒီပီ ဖွံ့ဖြိုးတိုးတက်မှု ၃ ရာခိုင်နှုန်းနဲ့ ဆန့်ကျင်နေ ပါတယ်။ ဒါက ဘာကိုပြလဲဆိုတော့ အတိတ်ကာလက စီမံခန့်ခွဲမှု ညံ့ဖျင်းခဲ့တာကြောင့် စီးပွားရေး ဟန်ချက်ပျက် နေတာကို ပြသနေပါတယ်”ဟု ၎င်းက ပြောသည်။

ထိုင်းနိုင်ငံ၏ လက်ရှိစီးပွားရေး အခြေအနေသည် ၁၉၉၇ ခုနှစ် အာရှစီးပွားပျက်ကပ် ကာလက အခြေအနေထက် ပိုမိုဆိုးရွားနေပြီး စီးပွားပျက်ကပ်ကာလက ထိုင်းစီးပွားရေး၏ အပေါ်ပိုင်း အလွှာများကို မထခိုက်စေရန် ထိန်းသိမ်း ထားနိုင်ခဲ့ကြောင်း သက်ဆင်က ပြောသည်။

၎င်း၏ သမီးဖြစ်သူ ဝန်ကြီးချုပ် ပေတုန်တန်(Paetongtarn Shinawatr) သည် သူ့လက်သူ့ခြေဖြင့် နိုင်ငံကို အုပ်ချုပ်နေသော်လည်း စီးပွားရေးကို ပြန်လည် အသက်သွင်းနေသည့် အစိုးရအဖွဲ့၏ အားထုတ်ကြိုးပမ်းမှုများကို မိမိက နောက်ကွယ်မှ အကူအညီပေးခဲ့ကြောင်း သက်ဆင်က ပြောကြားခဲ့သည်။

လာမည့် ၃ နှစ်အတွင်း စီးပွားရေးပြဿနာများကို ဖြေရှင်းရန်၊ ချမ်းသာဝပြောရေးကို ထိန်းသိမ်းရန် ဝန်ကြီးချုပ် အဖြစ် တာဝန်ထမ်းဆောင်ချိန်ကကဲ့သို့ မဆုတ်မနစ် အားထုတ်ကြိုးပမ်းသွားမည်ဟုလည်း သက်ဆင်က ပြောကြားခဲ့သည်။

သက်ဆင်က သူ ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ချိန်က နိုင်ငံ၏ ဘတ်ဂျက်သည် ဟန်ချက်ညီခဲ့ပြီး စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှုန်း မြန်ဆန်ခဲ့ကြောင်း ပြောကြားခဲ့သည်။

စီးပွားရေးကို ပြန်လည်အသက်သွင်းရန် အစိုးရ၏ အားထုတ်ကြိုးပမ်းမှုများတွင် စိုက်ပျိုးမွေးမြူရေး ထုတ်ကုန်များ ကို တရုတ်သို့ တင်ပို့ခြင်းအား ပိုမိုချဲ့ထွင်ရန် အချက်လည်း ပါဝင်နေသည်။

တရုတ်သည် မကြာသေးမီက ထိုင်းနိုင်ငံထံမှ ပီလောပီနံ တန်ချိန် ၃၀၀,၀၀၀ ဝယ်ယူရန် သဘောတူညီခဲ့သဖြင့် ဈေးနှုန်းများ မြင့်တက်စေခဲ့ကြောင်း သက်ဆင်က ပြောသည်။

ဆန်နှင့်ရာဘာ အပါအဝင် အခြားသီးနှံများ၏ ဈေးနှုန်းများကိုလည်း မြှင့်တင်ရန် နည်းလမ်းများ ရှာဖွေသွား မည်ဖြစ်ကြောင်း သက်ဆင်က ပြောကြားခဲ့သည်။

Source: ဘန်ကောက်ပို့စ်

ပုံ - သက်ဆင်ကို တွေ့ရစဉ်

#centralnewsnaypyitaw

image
Khine Su Zin မျှဝေသည်။ ပို့စ်  
1 နှစ်

1 နှစ်

မြန်မာကျောင်းသားတွေကိုဘဲ သီးသန့်ထောက်ပံ့ပေးတဲ့ Brackett Fund လေးစဖွင့်နေပါပြီခဗျာ။ ပညာသင်စရိတ်ခက်ခဲနေတဲ့ကျောင်းသားများအတွက် ရည်ရွယ်ပြီး ပေးထားတာလေးဖြစ်ပါတယ်။ ယခုလက်ရှိကျောင်းတက်နေတဲ့ ကျောင်းသား/သူများ ကိုယ်ရဲ့ အသုံးစရိတ်လေး Cover မိ‌အောင် လျောက်ထားနိုင်ပါတယ်။
‌လျောက်ထားနိုင်တဲ့ သူတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
1. မြန်မာနိုင်ငံသား သို့မဟုတ် မြန်မာနိုင်ငံတွင် မွေးဖွားသော မိသားစုမှ ဖြစ်ရပါမည်။
2. မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံရှိ သို့မဟုတ် ဒုက္ခသည်ကျောင်းများတွင် ပညာရေးမှတ်တမ်းတစ်ခု ရှိသည်။
3. ထိုင်းနိုင်ငံရှိ ကျောင်းတစ်ခုတွင် တက်ရောက်ခွင့်ရပြီး သို့မဟုတ် တက်ရောက်ခွင့် ရနိုင်မှု များ၊ ပညာသင်ဆု ရရှိမီတွင် ကျောင်းတက်ခွင့် ရရှိထားရပါမည်။
4. မြန်မာနိုင်ငံဖွံ့ဖြိုးရေး သို့မဟုတ် မြန်မာဒုက္ခသည် လူ့အသိုင်းအဝိုင်းကို ကူညီဖွံ့ဖြိုးရန် ကိုယ်ပိုင် ရည်မှန်းချက်တစ်ခု ရှိရပါမည်။
5. ထိုင်းနိုင်ငံတွင် ပညာသင်ကြားရန် ဘဏ္ဍာရေးအခက်အခဲရှိကြောင်း သက်သေပြနိုင်ရပါမည်။
Link: https://www.brackettfund.org/application/...

#crd
#education

image
1 နှစ် - ဘာသာပြန်ပါ။

နှလုံးသားက ဘယ်လောက်ချစ်ချစ်
ဦးနှောက်က အနိုင်ရသွားတယ် ဆိုတာ
လူတွေဟာ ကိုယ့်ကိုယ်ကိုယ် ပိုချစ်လို့ပါ ။
နှလုံးသား အရာအားလုံးကို လက်ခံနိုင်ပေမဲ့
ဦးနှောက်ကတော့ အရာအားလုံးကိုလက်မခံနိုင်ပါဘူး ။ ဒီတော့ ဒီလူဟာ ဒီပတ်ဝန်းကျင်မှာ
တစ်ခါ နှစ်ခါ သုံးခါ အပြင် ကိုယ့်ကို အကြိမ်ကြိမ်အခါခါ နာကျင်စေလာပြီဆိုရင် လူတွေဟာ ပြေးထွက်သွားချင်တော့တာပါပဲ ။ ဘာလို့လဲ ဆိုတော့ လူတွေဟာ ကိုယ့်ကိုယ်ကိုယ် ပိုချစ်တတ်ကြလို့ … .အဲ့ဒီလိုပဲ ကိုယ့်ကိုယ်ကိုယ်ထပ် တစ်ခြားသူကို ပိုချစ်တဲ့ သူတွေလဲရှိတယ် ။ ဥပမာ - ငါမရှိရင်ဖြစ်ပါ့မလားဆိုပြီး နာကျင်နေတာတောင် ထွက်မသွားတာမျိုး ။ မရရတဲ့နည်းလေးနဲ့ အဲ့ဒီလူရဲ့ လိုတာတွေကို ဖြည့်စည်းပေးရင်း ကပ်တွယ်နေတာမျိုး ။
#မယ်ညို
#as
#စာရယ်ကဗျာရယ်

မြန်မာကျောင်းသားတွေကိုဘဲ သီးသန့်ထောက်ပံ့ပေးတဲ့ Brackett Fund လေးစဖွင့်နေပါပြီခဗျာ။ ပညာသင်စရိတ်ခက်ခဲနေတဲ့ကျောင်းသားများအတွက် ရည်ရွယ်ပြီး ပေးထားတာလေးဖြစ်ပါတယ်။ ယခုလက်ရှိကျောင်းတက်နေတဲ့ ကျောင်းသား/သူများ ကိုယ်ရဲ့ အသုံးစရိတ်လေး Cover မိ‌အောင် လျောက်ထားနိုင်ပါတယ်။
‌လျောက်ထားနိုင်တဲ့ သူတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
1. မြန်မာနိုင်ငံသား သို့မဟုတ် မြန်မာနိုင်ငံတွင် မွေးဖွားသော မိသားစုမှ ဖြစ်ရပါမည်။
2. မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံရှိ သို့မဟုတ် ဒုက္ခသည်ကျောင်းများတွင် ပညာရေးမှတ်တမ်းတစ်ခု ရှိသည်။
3. ထိုင်းနိုင်ငံရှိ ကျောင်းတစ်ခုတွင် တက်ရောက်ခွင့်ရပြီး သို့မဟုတ် တက်ရောက်ခွင့် ရနိုင်မှု များ၊ ပညာသင်ဆု ရရှိမီတွင် ကျောင်းတက်ခွင့် ရရှိထားရပါမည်။
4. မြန်မာနိုင်ငံဖွံ့ဖြိုးရေး သို့မဟုတ် မြန်မာဒုက္ခသည် လူ့အသိုင်းအဝိုင်းကို ကူညီဖွံ့ဖြိုးရန် ကိုယ်ပိုင် ရည်မှန်းချက်တစ်ခု ရှိရပါမည်။
5. ထိုင်းနိုင်ငံတွင် ပညာသင်ကြားရန် ဘဏ္ဍာရေးအခက်အခဲရှိကြောင်း သက်သေပြနိုင်ရပါမည်။
Link: https://www.brackettfund.org/application/...

#crd
#education

image
1 နှစ် - ဘာသာပြန်ပါ။

A Wounded Fawn (2022)

လေလံပွဲတစ်ခုမှာ ရှေးဟောင်းရုပ်ထုလေလံဆွဲကြတာနဲ့ စတင်ထားပြီးserial killer ဖြစ်တဲ့ဘရုစ်ကဝယ်လက်တွေနဲ့ တိုင်ပင်ပြီး ဈေးအပြိုင်ဆွဲနေပေမယ့် ကိတ်ဆိုတဲ့ အမျိုသမီးက လေလံအောင်သွားပါတယ်။ဘရုစ်ကသူဝယ်တဲ့ဈေးကို နှစ်ဆပေးပြီးဝယ်ချင်ကြောင်းပြောပြီးတော့ ညှိနှိင်းပါတယ်။ဒီလိုနဲ့ ကိတ်အိမ်ထဲရောက်သွားပြီး ဘရုစ်ရဲ့စိတ်တွေဖောက်ပြန်လာပြီး ကိတ်ကို သတ်လိုက်ပါတယ်။ နောက်ပိုင်းဘရုစ်ဟာ အမျိုးသမီးတွေကို တစ်မျိုးပြီး တစ်မျိုး မြူဆွယ်ပြီး လိုက်သတ်ပါတော့တယ်၊စိတ်ရောဂါကနေပြန်လည်သက်သာလာတဲ့ မာရီဒိသ်နဲ့ တွေ့ဆုံပြီး နောက်တစ်ယောက်အကြောင်းတစ်ယောက်သိအောင်လို ဘရုစ်ကမာရီဒိသ်ကိုအပြင်ကိုခေါ်ထုတ်ပြီး သူ့ရဲ့မာယာကျော့ကွင်းထဲကိုရောက်အောင်သိမ်းသွင်းဖို ကြိုးစားတဲ့အခါ ဘာတွေဆက်ဖြစ်သွားမလဲဆိုတာကြည့်ရှုဖို့ညွှန်းလိုက်ပါတယ်ဗျ။
#horror

image
1 နှစ် - ဘာသာပြန်ပါ။

ဝက်ပင်စိမ်း ဝက်ကဖောင်းချက်နည်း
လွယ်လွယ်နဲ့မြန်မြန်ချက်နည်းလေးပါ
ဝက်သား300g(နှစ်ဆယ်သားနီးပါး)
ငရုပ်သီအနီ ရှစ်တောင့်
ကြက်သွန်ဖြူတလုံး
ကြက်သားမုန့်လက်ဖက်ရည်ဇွန်းတဇွန်းမရှိတရှိ
ခရုဆီထမင်းစားဇွန်းတဇွန်း
ပဲငံပြာရည်အကြည်တဇွန်း
ပင်စိမ်းသို့မဟုတ်ကဖောင်းရွက်တို့လိုအပ်ပါတယ်
ဒယ်အိုးထဲမှာဆီပူအောင်တည်ပြီးကြက်သွန်ဖြူ
ငရုပ်သီးထောင်းထာတာကိုဆီသတ်ပါမယ်
ဆီသတ်နံလေးမွှေးလာရင်ဝက်သားတောက်တောက်စင်းထားတာကိုထည့်ပါ
ကြက်သားမုန့် ပဲငံပြာရည်ခရုဆီတို့ကိုထည့်ပါ ရေထမင်းစားဇွန်းနဲ့နှစ်ဇွန်းလောက်ထည့်ပါ
ရေခမ်းပြီးဆီပြန်လာရင်ပင်စိမ်းရွက်သို့မဟုတ်ကဖောင်းရွက်ကိုထည့်မွေပြီးတာနဲ့ ဝက်သားကဖောင်း
လေးရပါပြီဗျ
ဝက်သားနေရာမှာကြက်သား ပုဇွန် ရေဘဝဲအကုန်သုံးလို့ရပါတယ်ဗျ။
#မြိန်မြိန်

image

cute