ရှာဖွေပါ။ ပို့စ်များExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ထိုင်းမြန်မာနယ်စပ် ထိုင်းတပ်နဲ့မူးယစ်လက်နက်ကိုင်တွေအကြား တိုက်ပွဲဖြစ်
ဇန်နဝါရီ ၁၃
ထိုင်းမြန်မာ နယ်စပ် ချင်းရိုင်ခရိုင် မဲဖါလွမ် မြို့နယ် Ban Pang Mahan ဘန့် ပန်မဟန် ကျေးရွာအနီး မြန်မာ နယ်စပ်နဲ့ မီတာ ၆၀၀ သာကွာဝေးတဲ့ တောင်ကြားမှာ မူးယစ်ဆေးဝါးသယ်ဆောင်လာတဲ့ လက်နက်ကိုင် ၂၀ ဦးနဲ့ ထိုင်း နယ်ခြားစောင့် တပ်ဖွဲ့အကြားဇန်နဝါရီလ ၁၃ ရက်နေ့ ည ၁၀ နာရီကျော်အချိန်မှာ တဘက်နဲ့တဘက် နာရီဝက် ခန့် အပြန်အလှန် ပစ်ခတ်ခဲ့တာပါ။
ပစ်ခတ်မှုဖြစ်ပြီး မူးယစ်လက်နက်ကိုင်တွေဟာ မြန်မာနိုင်ငံဘက်ကို ပြန်လည် ဆုတ်ခွာသွားခဲ့ကြပြီး ဇန်နဝါရီ ၁၄ ရက်မနက်ပိုင်းမှာတော့ တိုက်ပွဲဖြစ်တဲ့ နေရာကို ထိုင်းနယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေက သွားရောက်ရှင်းလင်းခဲ့ရာမှာတော့ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ တောင်ကြားလမ်းနေရာမှာ မူးယစ်လက်နက်ကိုင်တွေရဲ့ အလောင်း (၄) လောင်းနဲ့ ice မူးယစ်စိတ်ကြွဆေး ထည့်ယူသယ်ဆောင်လာတဲ့ ကျောပိုးအိတ် ၃၅ လုံးကိုတွေ့ခဲ့ရတယ်လို့ ထိုင်းနယ်ခြားစောင့်တပ်ကဆိုပါတယ်။
ဒီအိတ်တွေအတွင်းမှာ Ice မူးယစ်ဆေး ကီလို တစ်ထောင်ကျော် ၁၁၅၅ kilogram သိမ်းဆီးရမိခဲ့တယ်လို့ ချင်းရိုင်ခရိုင် နယ်ဖမောင် နယ်ခြားစောင့်တပ်ဖွဲ့ ကသတင်းထုတ်ပြန်ထားပါတယ်။ အခုတကြိမ်ဟာ ၂၀၂၅ ခုနှစ် နှစ်သစ်ကာလ အတွင်း ပထဆုံးအကြိမ် အများဆုံး ဖမ်းမိနိုင်ခဲ့တာဖြစ်ပါတယ်။
ထိုင်းဘတ်ငွေ သန်းပေါင်း တထောင်ကျော်တန်ဖိုးရှိတဲ့ နဂါးတံဆိပ် ICE မူးယစ်ဆေးတွေဟာ မြန်မာနိုင်ငံ တိုင်းရင်းသား လက်နက်ကိုင် နယ်မြေတွေကနေ ထုတ်လုပ်ပြီး ထိုင်းကတဆင့် တတိယ နိုင်ငံတွေဆီ ပို့ဆောင်နေကြတာလို့လည်း ထုတ်ပြန်ခဲ့ပါတယ်။
အခုလို မူးယစ်ဆေးဝါးတွေ ပိုမို တင်းသွင်းလာတဲ့ ဖြစ်ရပ်နဲ့ပါတ်သက်ပြီး ထိုင်းရဲချုပ် ဆမ်ရမ် နွမ်မား Pol. Lt. Gen. Samran Nuanma က ထိုင်းဘာသာနဲ့ အခုလို ပြောဆိုသွားခဲ့ပါတယ်။
"မူးယစ်ဆေးဝါးတွေ တိုင်းပြည်အတွင်းမှာ ပြန့်ပွားမသွားအောင် ပိတ် ဆို့ ဖမ်းဆီး လုပ်ဆောင်နေပါတယ်။ မူးယစ် ဂိုဏ်းတွေဟာ တကြိမ်ဖမ်းမိသွားတာနဲ့ နောက်ထပ် ပိုပြီး တိုးပြီးသယ်ဆောင်လာနေတာ တွေရပါတယ်" လို့ ထုတ်ဖေါ်ပြောဆိုသွားပါတယ်။
ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ အတွင်းကလည်း ထိုင်းအလယ်ပိုင်း အယုဒ္ဓယ ခရိုင်မှာ ထိုင်းလူငယ်တစ်ဦးသယ်ဆောင်လာတဲ့ စိတ်ကြွဆေးပြား ၁၅သန်း ပါတဲ့ ကုန်တင်ကားတစီးကို ထိုင်းရဲတပ်ဖွဲ့တွေက ကြားဖြတ် ဖမ်းဆီးနိုင်ခဲ့ပါတယ်။
Credit - Voice of America
#သတင်းဟင်းလေးအိုးကြီး
