ရှာဖွေပါ။ ပို့စ်များExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ချန်ပီယံလိဂ်ဖလားကို ရယူနိုင်မယ့် အသင်း ၄ သင်းကို ဂွာဒီယိုလာပြော
ဖေဖော်ဝါရီ ၂၁
ရီးရယ်လ်အသင်းကို အရေးနိမ့်ပြီး ချန်ပီယံလိဂ်ပြိုင်ပွဲကနေ မန်စီးတီးအသင်း ထွက်ခွာခဲ့ရပြီးနောက် နည်းပြ ဂွာဒီယိုလာက ဒီရာသီ ချန်ပီယံလိဂ်ဖလားကို ရယူနိုင်မယ့်အသင်း ၄ သင်းကို ပြောခဲ့ပါတယ်။
ဂွာဒီယိုလာက “ရီးရယ်လ်အသင်းက ဆုဖလား ရယူနိုင်ဖို့ ရေပန်းအစားဆုံးဆိုတာ သေချာပါတယ်။ ဒါပေမယ့် တခြားကောင်းမွန်တဲ့ အသင်းတွေလည်းရှိတာကြောင့် စိတ်ဝင်စားစရာကောင်းတဲ့ ချန်ပီယံလိဂ် ရာသီဖြစ်လာမှာ ပါ။ ချန်ပီယံလိဂ် ဆုဖလားနဲ့ပတ်သက်ရင် ရီးရယ်လ်အသင်းက အမြဲတမ်း ရေပန်းအစားဆုံးဖြစ်ပါတယ်။ လီဗာပူးလ်အသင်းက အခုအချိန်ထိ အလွန်ကောင်းမွန်တဲ့ ရာသီတစ်ခုကို ပိုင်ဆိုင်ထားပြီး ဘာစီလိုနာအသင်းရဲ့ စွမ်းဆောင်ရည်ကလည်း အံ့သြစရာကောင်းပါတယ်။ ကျနော့် သူငယ်ချင်း အင်းနရစ် ကိုင်တွယ်နေတဲ့ ပီအက်စ်ဂျီ အသင်းကလည်း အလွန်ကောင်းမွန်ပါတယ်။ ဒါပေမယ့် သေချာတာကတော့ ရီးရယ်လ်အသင်းက ရေပန်းအစား ဆုံးပါ”လို့ ပြောခဲ့တာပါ။
မန်စီးတီးအသင်းဟာ ရီးရယ်လ်အသင်းကို ချန်ပီယံလိဂ် ပလေးအော့ဖ် နှစ်ကျော့ပေါင်း ရလဒ် ၆ ဂိုး-၃ ဂိုးနဲ့ အရေးနိမ့်ပြီး ပြိုင်ပွဲကနေ စောစီးစွာ ထွက်ခွာခဲ့ရတာ ဖြစ်ပါတယ်။
ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ လက်ရှိချန်ပီယံဖြစ်တဲ့ ရီးရယ်လ်အသင်း ၁၆ သင်းအဆင့်ကို တက်နိုင်ခဲ့တာကြောင့် ဂွာဒီယိုလာ အပါအဝင် အများအပြားက ရီးရယ်လ်အသင်း ချန်ပီယံဆုကို ဆက်ထိန်းနိုင်မယ်လို့ သုံးသပ် ထားကြတာပါ။
ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ၁၆ သင်းအဆင့်ကို ရီးရယ်လ်အသင်း အပါအဝင် လီဗာပူးလ်၊ အာဆင်နယ်၊ အက်စတွန်ဗီလာ၊ အသလက်တီကို၊ ဘာစီလိုနာ၊ အင်တာ၊ ဘိုင်ယန်မြူးနစ်၊ လေဗာကူဆင်၊ ဒေါ့မွန်၊ ပီအက်စ်ဂျီ၊ လိုင်လီ၊ ဖီယင်နု၊ ပီအက်စ်ဗွီ၊ ကလပ်ဘရုဂျက်နဲ့ ဘင်ဖီကာအသင်းတို့ တက်နိုင်ခဲ့တာဖြစ်ပါတယ်။
ဒီရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ချန်ပီယံဖြစ်ဖို့ ရေပန်းစားနေတဲ့ အသင်းတွေထဲမှာ လီဗာပူးလ်၊ အာဆင်နယ်၊ ဘာစီလိုနာနဲ့ ပီအက်စ်ဂျီအသင်းတို့လည်း ပါဝင်နေတာပါ။
ချန်ပီယံလိဂ် ၁၆ သင်းအဆင့် မဲခွဲမှုကို ဖေဖော်ဝါရီ ၂၁ ရက်မှာ ပြုလုပ်ပြီး ပွဲစဉ်တွေကို မတ်လ ပထမအပတ်နဲ့ ဒုတိယအပတ်မှာ ကျင်းပသွားမှာဖြစ်ပါတယ်။
Source: Metro
ပုံ - ရီးရယ်လ်အသင်းနဲ့ မန်စီးတီးအသင်း ယှဉ်ပြိုင်နေစဉ်
#ဘောလုံးသတင်းစုံ