ရှာဖွေပါ။ ပို့စ်များExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ဆွန်ဟောင်မင်ကို စပါးအသင်း စာချုပ်သက်တမ်းတိုး
----------------------
စပါးအသင်းဟာ အသင်းခေါင်းဆောင် ဆွန်ဟောင်မင်ကို (၂၀၂၆)ခုနှစ်အထိ စာချုပ်သက်တမ်း တိုးနိုင်ခဲ့ပြီလို့ ဇန်နဝါရီလ(၇)ရက်နေ့မှာ ပရိသတ်တွေကို တရားဝင်ကြေညာခဲ့ပါတယ်။ ဆွန်ဟောင်မင်ဟာ စပါးအသင်းနဲ့ အခုဘောလုံးရာသီအပြီးမှာ စာချုပ်သက်တမ်းကုန်ဆုံးမှာ ဖြစ်ပေမယ့် စာချုပ်ထဲမှာ (၁)နှစ်သက်တမ်းတိုးခွင့် ပါရှိတာကြောင့် စပါးအသင်းဘက်က စာချုပ်သက်တမ်းတိုးဖို့ ဆုံးဖြတ်ခဲ့တာပါ။
အသက်(၃၂)နှစ်အရွယ်ရှိနေ ပြီဖြစ်တဲ့ ဆွန်ဟောင်မင်ဟာ စပါးအသင်းကို လေဗာကူဆင်အသင်းကနေ (၂၀၁၅) ခုနှစ်မှာ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး အသင်းမှာ(၁၀)နှစ်ကြာ ကစားနေခဲ့တာဖြစ်ပါတယ်။ ဆွန်ဟောင်မင်ဟာ အသင်းအတွက် အရေးပါတဲ့ ကစားသမားတစ်ယောက်ဖြစ်တာကြောင့် အခုလိုစာချုပ်သက်တမ်းတိုးနိုင်ခဲ့တဲ့အပေါ် ပျော်ရွှင်မိတယ်လို့ နည်းပြ ပိုစတီကော့ဂလူက ပြောပါတယ်။
သူ့အနေနဲ့ ဆွန်ဟောင်မင်ကို စပါးအသင်းနဲ့အတူ ဆုဖလားတစ်လုံးရဖို့အတွက် မျှော်လင့်မိတယ်လို့လည်း နည်းပြ ပိုစတီကော့ဂလူက ပြောပါတယ်။ ဆွန်ဟောင်မင်ဟာ စပါးကစားသမားဘဝမှာ ပြိုင်ပွဲစုံ(၄၃၁)ပွဲအထိကစားထား ပြီး (၁၆၉) ဂိုးအထိသွင်းယူပေးနိုင်ခဲ့ပါတယ်။
ရုရှားနိုင်ငံက မြန်မာနိုင်ငံကို Su-30SME အမျိုးအစား ဘက်စုံသုံးတိုက်လေယာဉ် နှစ်စီး ထပ်မံလွှဲပြောင်း
ဇန်နဝါရီ ၈
ရုရှားနိုင်ငံသည် ပြီးခဲ့သော ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်နေ့တွင် မြန်မာနိုင်ငံကို Su-30SME အမျိုးအစား ဘက်စုံသုံးတိုက်လေယာဉ် နှစ်စီး ထပ်မံလွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံက၂၀၁၈ ခုနှစ်တွင် အမေရိကန်ဒေါ်လာ သန်း ၄၀၀ တန်ကြေးရှိ ရုရှားနိုင်ငံထုတ် Su-30SME အမျိုးအစားတိုက်လေယာဉ် ၆ စင်း ဝယ်ယူရန် စာချုပ်ချုပ်ဆိုခဲ့ပြီး စာချုပ်စည်းကမ်းများအတိုင်း ရုရှားနိုင်ငံက မြန်မာနိုင်ငံကို လွှဲပြောင်းပေးရန် နောက်ဆုံးကျန်ရှိနေသော တိုက်လေယာဉ်နှစ်စီးကို လွှဲပြောင်းပေးခဲ့ခြင်းဖြစ်သည်။
ရုရှားနိုင်ငံမှ ထပ်မံ လွှဲပြောင်းပေးခဲ့သော Su-30SME အမျိုးအစား တိုက်လေယာဉ် နှစ်စီးသည် ဒီဇင်ဘာလအတွင်းကျင်းပခဲ့သည့် ၇၇ နှစ်မြောက် တပ်မတော်(လေ)အခမ်းအနားတွင် တပ်တော်ဝင်ခဲ့ကြောင်း သိရသည်။
ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂေးရှိုဂူးသည် ၂၀၁၈ ခုနှစ် ဇန်နဝါရီလတွင် မြန်မာနိုင်ငံကို ချစ်ကြည်ရေးခရီးလာရောက်ခဲ့ပြီး Su-30SME အမျိုးအစား တိုက်လေယာဉ် အရောင်းအ ဝယ်စာချုပ် သဘောတူညီခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံသည် ရုရှားအစိုးရထံက မှာယူထားသော Su-30SME အမျိုးအစား တိုက်လေယာဉ် ၆ စီးထဲမှ ပထမနှစ်စီးကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာလတွင် စတင်လက်ခံရရှိခဲ့ပြီး၂၀၂၃ ခုနှစ် ဒီဇင်ဘာလတွင် ထပ်မံပြီး နှစ်စီးလက်ခံရရှိခဲ့ကာ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင် ကျန်ရှိနေသော နှစ်စီးကို ထပ်မံလက်ခံရရှိခဲ့ခြင်းမျိုးဖြစ်ကြောင်း သိရသည်။
ရုရှားသည် တိုက်လေယာဉ်များလွှဲပြောင်းပေးရာတွင် တိုက်လေယာဉ်များအပြင် လေ့ကျင့်ရေးနှင့် နည်းစနစ်ပိုင်းဆိုင်ရာအဖွဲ့တွေပါ ပူးတွဲလိုက်ပါလာခဲ့ပြီး ရုရှားထုတ်တိုက်လေယာဉ်များကို နေပြည်တော် လေတပ်စခန်းတွင် အခြေစိုက်ထားကြောင်း သိရသည်။ Su-30SME အမျိုးအစား တိုက်လေယာဉ်များသည် မြန်မာစစ်တပ်၏လေတပ်စွမ်းရည်ပိုင်း ပိုမိုကောင်းမွန်စေရန်အတွက် အဓိကအခန်းကဏ္ဍမှ ပါဝင်လာဖွယ်ရှိနေကြောင်းသိရသည်။
#centralnewsnaypyitaw
“နှစ်ယောက်တည်း တောက်ပမယ်” အချစ်သီချင်းသစ်လေးက ပရိသတ်အကြိုက်စကားလုံးတွေ ဖန်တီးပေးတဲ့ ကိုဟဲလေးကြောင့်ပေါက်သွားတာပါဆိုတဲ့ ဝိုင်းစုခိုင်သိန်း
ဇန်နဝါရီ ၈
သရုပ်ဆောင်ပိုင်းကနေ အနုပညာလောကထဲဝင်ရောက်ခဲ့ပြီး ဂီတလမ်းကြောင်းမှာ မှတ်တိုင်များစွာ စိုက်ထူနိုင်ခဲ့တဲ့ အဆိုတော် ဝိုင်းစုခိုင်သိန်းက “နှစ်ယောက်တည်း တောက်ပမယ်” အချစ်သီချင်းသစ်လေးက ပရိသတ်အကြိုက်စကားလုံးတွေ ဖန်တီးပေးတဲ့ ကိုဟဲလေးကြောင့် ပေါက်သွားတာပါလို့ ဆိုပါတယ်။
“အဓိကတော့ ကိုဟဲ ဖန်တီးထားတဲ့ သီချင်းလေးပါ။ စာသားတွေရော သံစဉ်တွေကအစပေါ့နော်။ ကိုဟဲနဲ့ ဖုန်းဆက်ရင်း မထင်မှတ်ဘဲ တို့တောက်ပကြမယ်ဆိုတဲ့ စကားလုံးထည့်သုံးဖြစ်ကြတယ်လေ။ ဝိုင်းစုကိုယ်တိုင်ကလည်း အချစ်သီချင်းချိုချိုလေးတွေ ဆိုတာနည်းတယ်လို့ ပြောလို့ရတယ်။ ဝိုင်းစုမှာ အချစ်သီချင်းဆိုတာ ရှားတယ်လေ။ တကယ်တော့ ပရိသတ်တွေကြည်နူးကြမယ့် အချစ်သီချင်းလေးပါ။ ချစ်သူရည်းစားမှာ အတိုက်အခိုက်တွေ ရှိကြတယ်လေ။ လက်တွဲမဖြုတ်ဘူး ဂရုစိုက်မစိုက်ဘဲသွားမယ်ဆိုတဲ့ ပုံစံလေးပါ”လို့ အဆိုတော် ဝိုင်းစုခိုင်သိန်းက ပြောပါတယ်။
သူမကတော့ အဆိုတော် ဟဲလေးနဲ့အတူ စုံတွဲသီချင်းမထွက်ဖြစ်တာ ဆယ်စုနှစ် တစ်ခုကျော်လောက်ရှိလာပြီမို့ နှစ်ယောက် သီချင်းသစ်တစ်ပုဒ်ကို ထွက်ရှိလိုက်တာလို့လည်း သိရပါတယ်။ ဝိုင်းစုခိုင်သိန်းနဲ့ ဟဲလေးကတော့ တေးသီချင်းတွေ သီဆိုဖျော်ဖြေကြတဲ့ ပွဲတိုင်းလိုလို နှစ်ယောက်က အများဆုံး ဆုံတွေ့ဖြစ်တယ်လို့ သိရပါတယ်။
“တချို့ပွဲတွေဆိုရင် ပရိသတ်က မှားပြီနော် သီချင်းပဲတောင်းကြတာများလို့လေ။ ပရိသတ်တွေကို နည်းနည်း တောက်ပကြမယ် သီချင်းလေးကို နားထောင်စေချင်လို့ အသစ်ဖန်တီးဖြစ်ကြတာပါ။ အတွဲလည်း ညီကြတာဆိုတော့ ပံ့ပိုးပေးကြတာပါ။ စကားလုံးတွေကလည်း ခေတ်နဲ့အညီ စကားလုံးလေးတွေပေါ့။ ပရိသတ်တွေ အကြိုက်တွေ့စေတာပါ။ ကိုဟဲရေးတဲ့ စကားလုံးတွေက ကောင်းတာမို့ ပေါက်တာပါ”လို့ သူမက ဆက်ပြောပါတယ်။
သူမက Melo Application က ပေးဆုအနေနဲ့ Melo Most Played 2024 အသည်းကွဲရက်ရာဇာ သီချင်းနဲ့ ဒီနှစ်ရရှိခဲ့သူလည်းဖြစ်ပါတယ်။ အဆိုတော်ဟဲလေးကလည်း နှလုံးသားရဲ့ နေရာတိုင်းမှာ၊ ချစ်တိုင်းလည်းမညား သီချင်း ၂ ပုဒ်နဲ့ Melo Most Played 2024 ဆုကို ရရှိထားပါတယ်။ ဟဲလေးနဲ့ ဝိုင်းစုခိုင်သိန်း စုံတွဲအနေနဲ့ မှားပြီနော်၊ ငါ့အိပ်မက်နဲ့ ဟဲလေးရဲ့ တစ်ကိုယ်တော်ခွေထဲက တစ်ပုဒ်အပြင် နှစ်ယောက်တည်းတောက်ပမယ် သီချင်းကတော့ ၄ ပုဒ်မြောက်အတွဲ သီဆိုခဲ့ကြတာလည်းဖြစ်တယ်လို့ ဆိုပါတယ်။
Credit - Myanmar Transparency News Agency
#သတင်းဟင်းလေးအိုးကြီး


