1 နှစ် - ဘာသာပြန်ပါ။

ပုပ္ပားတောင် ပရဆေးဥယျာဉ်အနီး မြန်မာ့ရွှေသမင်များအား လာရောက် လေ့လာနိုင်

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ၊ ကျောက်ပန်းတောင်းမြို့နယ်၏ အရှေ့မြောက်ဘက် (၁၁)မိုင်ခန့်အကွာတွင် ကမ္ဘာကျော် မီးငြိမ်းတောင်ဖြစ်သည့် ပုပ္ပားတောင်ပရဆေး ဥယျာဉ်အနီး ရွှေသမင်ဘေးမဲ့တော ဥယျာဉ်တွင် ရွှေသမင်များ လာရောက်လေ့လာနိုင်ကြောင်း သိရသည်။

အဆိုပါ ရွှေသမင်ဘေးမဲ့တောဥယျာဉ်ကို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ သဘာဝပတ်ဝန်းကျင်နှင့် သားငှက်တိရစ္ဆာန် ထိန်းသိမ်းရေးဌာနက ထိန်းသိမ်းကာကွယ်ခြင်းများ ဆောင်ရွက်နေသည့် နေရာဖြစ်ပြီး ရွှေသမင်များ၊ ဆတ်များ ကျင်လည်ကျက်စားနေကြောင်း သိရသည်။

ထို့ပြင် ယင်းနေရာတွင်ပင် (၁၇)ဧကခန့် ကျယ်ဝန်းသည့် စန္ဒကူးတောနှင့် ရွှေသမင်များ၊ ဆတ်များ၊ စန္ဒကူးတို့အား စိုက်ပျိုးထိန်းသိမ်းထားရှိထားကြောင်း သိရသည်။

မြန်မာ့ရွှေသမင်များထားရှိရာ စန္ဒကူးတောသို့ ပုပ္ပားကျေးရွာမှ တောင်ကလပ်သို့ သွားရာလမ်း ပုပ္ပားတောင်ဥယျာဉ်အဝင်ဝမှ စတင်ဝင်ရောက်နိုင်ပြီး ပရဆေးဥယျာဉ်အနီးတွင် တည်ရှိကြောင်း၊ ဘေးမဲ့တောဥယျာဉ်ထဲတွင် ရွှေသမင်အမ (၁၁)ကောင်၊ အထီး (၄)ကောင်နှင့် ဆတ်အထီး (၁)ကောင်နှင့် အမ (၄)ကောင်တို့ရှိပြီး ရွှေသမင်များနှင့် ဓာတ်ပုံရိုက်ကူးနိုင်ကြောင်း သိရသည်။

ထို့ပြင် ရွှေသမင်များအား ဖွဲနု၊ မယားနင်းရွက်၊ ကြောင်ထောက်ရွက် (ကြောင်ရှာပင်မျိုးနွယ်)၊ ငှက်ပျောသီးတို့ကိုလည်း အစာပြေဖြစ်စေ၊ အဝဖြစ်စေ ဘူဖေးကျွေးမွေးနိုင်ပြီး ဘူဖေးတစ်ခါကျွေးလျှင် ကျပ် (၅၀၀၀၀)နှုန်းဖြင့် ကျွေးမွေးနိုင်ကြောင်းလည်း သိရသည်။

image
1 နှစ် - ဘာသာပြန်ပါ။

ဂျပန်စာပေ ဘာသာပြန်ပြိုင်ပွဲ ကျင်းပမည်

မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးသည် မြန်မာနိုင်ငံ ဂျပန်ပြန်ပညာသင်ဟောင်းအသင်း (MAJA)၊ ဂျပန်ဖောင်ဒေးရှင်း (ရန်ကုန်) ဂျပန်ယဉ်ကျေးမှုစင်တာတို့နှင့် ပူးပေါင်း၍ ဂျပန်စာပေ ဘာသာပြန်ပြိုင်ပွဲ ကျင်းပမည် ဖြစ်ကြောင်း သိရသည်။

ဂျပန်စာပေ ဘာသာပြန်ပြိုင်ပွဲသည် အကြိမ် (၂၀) မြောက် အဖြစ် ကျင်းပခြင်းဖြစ်ကာ ဘာသာပြန်ပညာရှင်အဆင့်ကို ရည်မှန်း၍ ဂျပန်ဘာသာကို အဆင့်မြင့်လေ့လာနေသူများအတွက် ရည်ရွယ်ကာ ကျင်းပခြင်း ဖြစ်သည်ဟု သိရသည်။

ပြိုင်ပွဲကို “ကျွမ်းကျင်အဆင့်” ဂျပန်စာပေဘာသာပြန်ပြိုင်ပွဲနှင့် ဂျပန်ဘာသာ အရည်အချင်း N3 အဆင့်ရှိ အခြေခံအဆင့်ဂျပန်ဘာသာလေ့လာနေသူများအတွက် “အငယ်တန်း အဆင့်” ဂျပန်စာပေဘာသာပြန်ပြိုင်ပွဲ ဟူ၍ ခွဲခြားကျင်းပသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

ပြိုင်ပွဲတွင်ဆုရရှိသူများကို ဂုဏ်ပြုလွှာနှင့်အတူ ဆုလက်ဆောင်များချီးမြှင့်ပေးအပ်သွားမည့် အပြင် သတ်မှတ်ချက်များနှင့်ကိုက်ညီပါက ဂျပန်နိုင်ငံသို့ ဖိတ်ကြားခြင်းအစီအစဉ်များတွင်လည်း ပါဝင်ခွင့်ရရှိနိုင်ရန် စီစဉ်ထားသည်ဟုလည်း သိရသည်။

ပါဝင်ယှဉ်ပြိုင်လိုသူများအနေဖြင့် ဇန်နဝါရီလ (၃၁)ရက်နောက်ဆုံးထား၍ ဂျပန်စာပေဘာသာပြန်ပြိုင်ပွဲ (ကျွမ်းကျင်အဆင့်)https://forms.gleQGQuQoW5jwFgfytY7 ဂျပန်စာပေဘာသာပြန်ပြိုင်ပွဲ (အငယ်တန်းအဆင့်)https://forms.gle/65qVKDjKGGMpdzJE8 တို့တွင် အချက်အလက်များကို ဝင်ရောက်ဖတ်ကြည့်ရှုပြီး လျှောက်ထားနိုင်သည်ဟု သိရသည်။

image
1 နှစ် - ဘာသာပြန်ပါ။

ကြက်စွပ်ပြုတ် ပူပူလေး

ကိုယ်ခံအားရှိအောင် ကြက်စွပ်ပြုတ်ကို ချဉ်စပ်အရသာလေး ချက်စားဖြစ်ပါတယ်..

ချက်ရတာ အင်မတန် လွယ်ကူလှတာမို့ ကိုယ်ချက်စားဖြစ်တဲ့အတိုင်းချက်နည်းလေးပါ ထဲ့ရေးပေးထားပါတယ်..

ကြက်အသားအရိုးများကို ဆေးကြောသန့်စင်ထားပါ..

စပါးလင် တစ်ပင်ကို ခပ်ဖွဖွထုထောင်းပြီး အစည်းစည်းကာ ချက်မည့်အိုးအောက်ခြေတွင်ထဲ့ပါ
ဂျင်း လက်တစ်ဆစ်စာလောက်ကို ခပ်ဖွဖွထုထောင်းပြီးထဲ့ပါ
​နံနံပင် အမြှစ်အနည်းငယ်ထဲ့ပါ ( မထဲ့လည်းရ)
ကြက်သွန်ဖြူ ဥသေးတလုံးကို အခွံအကုန်မခွာပဲ ခပ်ဖွဖွထုထောင်းကာ ထဲ့ပါ.,
ကြက်သားထဲ့ပါ
ငါးငံပြာရည် အနည်း ဆားလိုသလောက် ခန့်မှန်းထဲ့ပေးပါ..
ရေကို ကြက်သားဖုံးအောင်ထဲ့ပြီး မိနစ် ၂၀ ခန့် အဖုံးဖုံးပိတ်ပြီး ချက်ပါ.. ချက်တဲ့အခါ မြေအိုးကို သုံးတာက အသားတွေကို ပိုမိုနုညံ့စေပါတယ်..
​အနေတော်လှီးထားတဲ့ မုန်လာဥနီ အာလူး ကြက်သွန်နီဥကို ၈ စိတ်စိတ်ပြီး ထဲ့ပေးပါ..
ရေနွေးထပ်ထဲ့ကာနောက်ထပ် ၁၀ မိနစ်ခန့် အိုးအဖုံးပိတ်ပြီး ချက်ပေးပါ..
အရသာ အပေါ့အငံမြည်းပြီး မီးခွင်ပေါ်မှာပဲ ဆက်တည်ထားပေးပါ..
မြေအိုး သုံးထားတာဆိုရင် မီးခွင်အပူချိန် အိုးအပူရှိနက်တင် အသားတွေကို ပိုမိုနူးအိစေပါတယ်..

ငရုပ်သီးအစိမ်း/အနီတောင့်ရောပြီး ဆားအနည်းငယ် ပုဇွန်ခြောက်မှုန့် အနည်းငယ်ဖြင့် မညှက်တညှက်ထောင်းထားပါ..

စားပွဲပြင်နည်း

ကြက်သားစွပ်ပြုတ်ပူပူလေးကို စားမည့်ခွက်တွင် ထဲ့ပြီး ထောင်းထာတဲ့ ငရုပ်သီးကို ကိုယ်စားနိုင်မည့် အစပ်ပမာဏ ရအောင်ထဲ့ပါ..
နံနံပင် ကြက်သွန်မိတ် ထဲ့ပါ.
သံပုရာရည် ညှစ်ထဲ့ပါ..

ဒါဆိုရင်တော့ ကြက်စွပ်ပြုတ် ချဉ်စပ်အရသာ ရပါပြီးရှင်..

ချဉ်စပ် မစားချင်သူတွေက ငရုပ်သီး မထဲ့ပဲ နံနံပင်လေး ထဲ့ကာ အချိုအရသာ သုံးဆောင်နိုင်ပါတယ်..
ကြက်စွပ်ပြုတ်မှာ ဘာအရသာမှုန့် အချိုမှုန့်မှ မသုံးပဲ အချိုဓါတ်ရရှိပါတယ်နော်..

image
1 နှစ် - ဘာသာပြန်ပါ။

အမူအမောပြေ 😁

image
1 နှစ် - ဘာသာပြန်ပါ။

နင်တို့အတွဲ ဘယ်အချိန်တည့်လဲ ??
မိမိတို့ :

image
1 နှစ် - ဘာသာပြန်ပါ။

RAPID TEETH WHITENING in 1 minute! 👇

image
1 နှစ် - ဘာသာပြန်ပါ။

"ကြိုးစားရင်း" အဆင်ပြေတဲ့
ရက်လည်း ရှိမယ်
"မပြေတဲ့" ရက်လည်း ရှိမယ် "ဒီလိုပါပဲ"
နောက်ထပ်လဲ အများကြီး ရင်ဆိုင်
သွားရပါအုံးမယ် ။

image
1 နှစ် - ဘာသာပြန်ပါ။

■ ဆာလာကို တစ်နှစ်လစာပေါင်(၆၅)သန်းဖြင့် ကမ်းလှမ်းရန် အယ်လ်ဟီလာအသင်း စီစဉ်နေ

ဆော်ဒီကလပ် အယ်လ်ဟီလာအသင်းသည် လီဗာပူးလ်အသင်းမှ အီဂျစ်တိုက်စစ်ကစားသမား ဆာလာကို တစ်နှစ်လစာပေါင်(၆၅) သန်းဖြင့် ကမ်းလှမ်းရန် စီစဉ်နေကြောင်း သိရသည်။

ဆာလာ(၃၂ နှစ်)သည် လာမည့်နွေရာသီတွင် လီဗာပူးလ်အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး လမ်းခွဲရန် အလားအလာ များနေသည်။

အသက်(၃၀)ကျော်ပြီဖြစ်သော်လည်း အကောင်းဆုံး ခြေစွမ်းပြနေဆဲဖြစ်သည့် ဆာလာက (၃)နှစ်သက်တမ်းတိုးလိုပြီး လီဗာ ပူးလ်အသင်းက (၂)နှစ်သာ သက်တမ်းတိုးလိုသည့်အတွက် အဆင်မပြေဖြစ်နေခြင်းဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ခေါ်ယူနိုင်မည့် ဆာလာကို အယ်လ်ဟီလာအသင်းက မြင့်မားသည့် လစာနှုန်းထား ဖြင့် ကမ်းလှမ်းသွားရန် စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။

အယ်လ်ဟီလာအသင်းသည် နေမာနှင့် လမ်းခွဲရန် နီးစပ်နေသည့်အတွက် ဆာလာအား ပြန်လည်အစားထိုးခေါ်ယူရန် ကြိုးပမ်းနေ ခြင်းဖြစ်ကြောင်းလည်း သိရသည်။

ဆာလာသည် လီဗာပူးလ်အသင်းတွင် တစ်နှစ်လစာ ပေါင်(၁၈) သန်းဝန်းကျင်သာ ရရှိနေသည့်အတွက် အယ်လ်ဟီလာအသင်း ပေးချေမည့် လစာနှုန်းထားမှာ မက်မောဖွယ်ဖြစ်နေသည်။

အယ်လ်ဟီလာအသင်းသည် ဆာလာကို တစ်နှစ်ပေါင်(၆၅)သန်းနှုန်းဖြင့် (၂)နှစ်စာချုပ် ချုပ်ဆိုရန် စီစဉ်ထားခြင်းဖြစ်ကြောင်း သိရသည်

image
1 နှစ် - ဘာသာပြန်ပါ။

အမေရိကန်တွင် TikTok သုံးမရတော့

TikTok ကိုပိုင်ဆိုင်သည့် ByteDance ကုမ္ပဏီက ၎င်းတို့၏ဝန်ဆောင်မှုများကို “ခေတ္တရပ်ဆိုင်း‌ကြောင်း” ကြေညာပြီးနောက် အမေရိကန်ရှိ TikTok အသုံးပြုသူ သန်း ၁၇၀ တို့သည် နာမည်ကြီးဗီဒီယိုမျှဝေသည့်အက်ပ်ကို သုံး၍မရတော့ချေ။

ယမန်နေ့ည ၁၁ နာရီ မတိုင်မီတွင် "ဆောရီး TikTok ကို သုံး၍ မရနိုင်‌တော့ပါ" ဟူသည့် မက်ဆေ့ချ်ဖြင့် အမေရိကန်အသုံးပြုသူများကို နှုတ်ဆက်ခဲ့ပြီးနောက် TikTok ဝက်ဘ်ဆိုက်သို့ ဝင်ရောက်၍မရတော့ခြင်းဖြစ်သည်။

ထို့အပြင် Apple နှင်က Google တို့ကလည်း သူတို့၏ App Store များမှနေ၍ အမေရိကန်နေပြည်သူများ download လုပ်၍မရစေရန် TikTok အက်ပ်ကို ဖယ်ရှားခဲ့ကြသည်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က တိကျသေချာသည့် အာမခံချက်မပေးလျှင် ဇန်နဝါရီ ၁၉ရက် တနင်္ဂနွေနေ့တွင် အမေရိကန်ရှိ သုံးစွဲသူ သန်း ၁၇၀ အတွက် ဝန်ဆောင်မှုများကို ယာယီရပ်ဆိုင်းမည်ဟု TikTok က သောကြာနေ့က ကြေညာခဲ့သည်။

ဘိုင်ဒင် ၏ အစိုးရအဖွဲ့က နိုင်ငံတစ်ဝန်းတွင် ရေပန်းစားသော TikTok ဗီဒီယိုပလက်ဖောင်းကို တားမြစ်ရန် ရည်ရွယ်သည့် ဥပဒေကို ချက်ချင်းပြဋ္ဌာန်းမည် မဟုတ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သော်လည်း TikTok မှ ယင်းကြေညာချက်ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

၂၀၂၄ ခုနှစ် ဧပြီလအတွင်းက ဂျိုးဘိုင်ဒင် သည် အခြေအမြစ်မရှိသော အမျိုးသားလုံခြုံရေးဆိုင်ရာ စိုးရိမ်မှုများကို ကိုးကားပြီး ရက်ပေါင်း ၂၇၀ အတွင်း ByteDance ကုမ္ပဏီ၏ TikTok အက်ပ်ကို အမေရိကန်ကုမ္ပဏီတစ်ခုသို့ ရောင်းချရန် လိုအပ်သည့် ဥပဒေကြမ်းကို လက်မှတ်ရေးထိုးခဲ့သည်။

အကယ်၍ ကုမ္ပဏီက လိုက်နာရန် ပျက်ကွက်ပါက Apple နှင့် Google ကဲ့သို့သော အက်ပ်စတိုးအော်ပရေတာများသည် ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁၉ရက် မှစ၍ ၎င်းတို့၏ ပလက်ဖောင်းများမှ TikTok ကို ဖယ်ရှားရန် အဆိုပါ ဥပဒေကြမ်းတွင် ပြဌာန်းထားသည်။

ယင်းဥပဒေကြမ်းကို ဘိုင်ဒင်အစိုးရအဖွဲ့က မပြဌာန်းသေးဟုဆိုသော်လည်း သောကြာနေ့အစောပိုင်းတွင်၊ အမေရိကန်တရားရုံးချုပ်သည် TikTok ၏ ပိုင်ရှင်ဖြစ်သည့် ByteDance ကုမ္ပဏီအနေဖြင့် အဆိုပါအက်ပ်ကိုအမေရိကန်ကုမ္ပဏီတစ်ခုထံရောင်းချရန်နှင့် ထိုသို့မရောင်းချပါက ByteDance ကုမ္ပဏီသည် ရွေးကောက်ခံသမ္မတ Donald Trump ၏ကျမ်းသစ္စာမကျိန်ဆိုမှုမတိုင်မီတစ်ရက်အလို တနင်္ဂနွေနေ့မှ စတင်ကာ TikTok အား အမေရိကန်နိုင်ငံတစ်ဝှမ်းတားမြစ်ပိတ်ပင်မှုကို ရင်ဆိုင်ရလိမ့်မည်ဖြစ်ကြောင်း သတိပေး‌ကြေညာခဲ့သည်။

ထို့နောက် TikTok နှင့်ပတ်သက်သည့် ကိစ္စအဝဝကို နောက်တက်လာမည့် သမ္မတ ထရမ့်၏ အစိုးရလက်သို့ လွှဲပြောင်းပေးခဲ့မည်ဖြစ်ကြောင်းပြောကြားခဲ့သည်။

ထရမ့်၏ သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုပွဲသို့ TikTok ၏ CEO လည်း တက်ရောက်မည်ဖြစ်သည်။

image
1 နှစ် - ဘာသာပြန်ပါ။

ဆားအရသာပါတဲ့ လျှပ်စစ်ဇွန်းကို ဂျပန်တီထွင်၊ ဟင်းထဲမှာ ဆားမပါပဲ ချက်လို့ရပြီ။

ဆားဆိုတာ ဟင်းခတ်အမွေအနှစ်ရဲ့ အခြေခံအုတ်မြစ်ပါ။ ဆိုဒီယမ် ဆိုတဲ့ ဒီဆားဟာ များများစားရင်တော့ မကောင်းလို့ ဆရာဝန်တွေက လျှော့စားခိုင်းကြပါတယ်။ ဒီလိုနဲ့ ပေါ့ရှပ်ရှပ်ကြီး ဖြစ်နေလို့ စားမကောင်းရင် အစားအရသာကို လေးပင်စေမယ့် လျှပ်စစ်ဆားဇွန်း ပေါ်လာပါပြီ။
ဆိုဒီယမ် (ဆား) အစား တခြားသတ္တု ဒါမှမဟုတ် ဟင်းခတ်အမွှေးအကြိုင် တခုခုအစားထိုးမယ့်အစား ကီရင် အမည်ရှိ ဂျပန်ကုမ္ပဏီက သင့်လျှာကို ဆားထိတဲ့ ခံစားချက်ရဖို့ လျှပ်စစ်ဓာတ်ကို အသုံးပြုတဲ့ ဇွန်းကို တီထွင်ခဲ့ပါတယ်။ အားသွင်းရတဲ့ ဘက်ထရီနဲ့ လျှပ်စစ်ဆားဇွန်း ဖြစ်ပါတယ်။
အငန်အဆင့်လေးဆင့်ထဲက တခုကို ရွေးပြီး ဇွန်းကိုကိုင် ကြိုက်တာ ခပ်စားရုံပါပဲ။ ဒီဇွန်းနဲ့ ခပ်စားတဲ့ အစားအစာဟာ အမှန်တကယ်ထက် ဆားပိုငန်တယ်လို့ ထင်မြင်စေမှာ ဖြစ်ပါတယ်။

#ဆား
#လျှပ်စစ်ဇွန်း

image